en
Feedback
Bioscope Vibes

Bioscope Vibes

Closed channel

Well

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel Bioscope Vibes

Channel Bioscope Vibes is an active participant. Currently, the community unites 15 468 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 468 subscribers.

According to the latest data from 27 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 659 over the last 30 days and by 40 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.66%. Within the first 24 hours after publication, content typically collects 1.76% reactions from the total number of subscribers.
  • Post reach: On average, each post receives 873 views. Within the first day, a publication typically gains 272 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 1.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Well”

Thanks to the high frequency of updates (latest data received on 28 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

15 468
Subscribers
+4024 hours
+1817 days
+65930 days
Posts Archive
I Fell, It's Fine (2026) -------------- ဖိလစ်ပိုင် ရုပ်ရှင်/ဇာတ်လမ်းတွဲ လောကမှာ The Rich Man's Daughter နဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ Glaiza နဲ့ Rhian တို့ရဲ့ အတွဲညီညီ သရုပ်ဆောင်ချက်တွေကို ပြန်လည်ကြည့်ရှုရမဲ့ Romance / Drama ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းကတော့ စည်းကမ်းကြီးပြီး မိမိရဲ့ စိတ်ခံစားချက်တွေကို အမြဲတမ်း ထိန်းချုပ်ကာ လူသူနဲ့ စည်းခြားထားတတ်တဲ့ အပန်းဖြေစခန်းပိုင်ရှင် "အန်း" အကြောင်းကနေ စတင်ထားတာပါ။ အန်းဟာ သူမရဲ့ ဘဝကို အရာရာ စနစ်တကျ ရှိနေအောင် ဖန်တီးထားပေမဲ့... အတွင်းစိတ်မှာတော့ မသိစိတ် ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူမရဲ့ အပန်းဖြေစခန်းဆီကို "ချစ်ခ်စ်"လို့ အမည်ရတဲ့ လွတ်လပ်စွာ နေထိုင်တတ်တဲ့ အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပါတယ်။ ချစ်ခ်စ်ရဲ့ ထူးခြားတဲ့ အပြုအမူတွေကြောင့် အန်းရဲ့ ထိန်းချုပ်ထားတဲ့ ဘဝစည်းဝိုင်းတွေဟာ တဖြည်းဖြည်း ပြိုပျက်လာခဲ့ရပါတော့တယ် .. ဒီလိုမျိုး ပြိုလဲသွားခြင်းဟာ အန်းအတွက် နာကျင်စရာ မဟုတ်ဘဲ... အတိတ်က စိတ်ဒဏ်ရာတွေကို ကုစားပေးပြီး စစ်မှန်တဲ့ မေတ္တာတရားနဲ့ မထင်မှတ်ထားတဲ့ ဘဝသစ်ဆီကို ဦးတည်သွားပုံကို ကြည့်ရမှာ ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/3774947924/807

I F-e-l-l, I-t's F-i-n-e (2026)
I F-e-l-l, I-t's F-i-n-e (2026)

စစ်ပွဲ၏ ရက်စက်မှုအောက်တွင် ကြောက်ရွံ့မှုကို အနိုင်ယူပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့သည့် လူငယ်တစ်ယောက်၏ သမိုင်းဝင် စစ်ဒရမ်မာ 🎖💥✨ W*a*r S*m*o*k*e N*o*t Y*e*t Cl*e*ar*e*d (2026) အဆုံးမသတ်နိုင်သော ယမ်းငွေ့များ

စစ်ပွဲ၏ ရက်စက်မှုအောက်တွင် ကြောက်ရွံ့မှုကို အနိုင်ယူပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့သည့် လူငယ်တစ်ယောက်၏ သမိုင်းဝင် စစ်ဒရမ်မာ 🎖💥✨ War Smoke Not Yet Cleared (2026) အဆုံးမသတ်နိုင်သော ယမ်းငွေ့များ ဇာတ်လမ်းနောက်ခံကတော့ ၁၉၃၈ ခုနှစ် အစောပိုင်း ဂျပန်တပ်မတော် Shanxi ဒေသဆီ ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ သမိုင်းဝင် အချိန်ကာလတစ်ခု ဖြစ်ပါတယ် စိတ်ဓာတ်ပျော့ညံ့ပြီး ကြောက်ရွံတတ်တဲ့ တပ်သားသစ် Fu Guiren ဟာ စစ်ပွဲရဲ့ သေရေးရှင်ရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် စစ်ပွဲရဲ့ ဖိအားကြောင့် စိတ်ဓာတ်ပြိုလဲပြီး တပ်ပြေးတစ်ယောက် အဖြစ် ထွက်ပြေးဖို ကြိုးပမ်းခဲ့စဉ်မှာပဲ စစ်ဘေးဒုက္ခသည်တွေရဲ့ ယုံကြည်အားကိုးမှု တပ်မှူးဟောင်းတွေရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ရဲဘော်ရဲဘက်တွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကြောင့် သူရဲ့ စိတ်ဓာတ်ဟာ အစွန်းဆုံးအထိ နိုးထလာခဲ့ပါတော့တယ်... နောက်ဆုံးမှာတော့ သူဟာ ကြောက်ရွံမှုကို ကျော်ဖြတ်ကာ ရန်သူတွေကို တိုက်ခိုက်ရင်း တပ်ပြေးဘဝကနေ စစ်သည်တော်စစ်စစ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး Eighth Route Army တပ်ဖွဲဆီ ရဲရင့်စွာ ဝင်ရောက်သွားခဲ့ပါတယ် စစ်ပွဲရဲ့ ရက်စက်မှုတွေကြားထဲကနေ ရဲရင့်လှတဲ့ လူငယ်တစ်ယောက်ရဲ့ သမိုင်းဝင် တိုက်ပွဲဝင်သွားမလဲဆိုတာ ......

စစ်ပွဲ၏ ရက်စက်မှုအောက်တွင် ကြောက်ရွံ့မှုကို အနိုင်ယူပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့သည့် လူငယ်တစ်ယောက်၏ သမိုင်းဝင် စစ်ဒရမ်
စစ်ပွဲ၏ ရက်စက်မှုအောက်တွင် ကြောက်ရွံ့မှုကို အနိုင်ယူပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့သည့် လူငယ်တစ်ယောက်၏ သမိုင်းဝင် စစ်ဒရမ်မာ 🎖💥✨ W*a*r S*m*o*k*e N*o*t Y*e*t Cl*e*ar*e*d (2026) အဆုံးမသတ်နိုင်သော ယမ်းငွေ့များ

🌱အေးချမ်းနေတဲ့ရွာလေးကို လူစိမ်းတဦးဝင်ရောက်လာပီး လူသတ်မှုတွေဆက်တိုက်ဖြစ်ပေါ်လာသောအခါ… T*h*e W*a*i*l*i*n*g (2016) IMDB (7.5/10
🌱အေးချမ်းနေတဲ့ရွာလေးကို လူစိမ်းတဦးဝင်ရောက်လာပီး လူသတ်မှုတွေဆက်တိုက်ဖြစ်ပေါ်လာသောအခါ… T*h*e W*a*i*l*i*n*g (2016) IMDB (7.5/10) တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာတည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်..ထိုရွာလေးနာမည်ကတော့ Goksung တဲ့ ထိုမြို့လေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့..တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ်ချောင်းအင်းအိုင်လေးတွေလည်းရှိတော့ ပိုအေးချမ်းတာပေါ့ ဒါပေမယ့် ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ် မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ..မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/493

T*h*e T*y*r*a*n*t (2024) ဇာတ်လမ်းအကျဉ်း.... Tyrant လို့ခေါ်တဲ့ Program ရဲ့ နောက်ဆုံးနမူနာဟာ တစ်နေရာကိုပို့ဆောင်ရင်း မတော်တဆ ပ
T*h*e T*y*r*a*n*t (2024) ဇာတ်လမ်းအကျဉ်း.... Tyrant လို့ခေါ်တဲ့ Program ရဲ့ နောက်ဆုံးနမူနာဟာ တစ်နေရာကိုပို့ဆောင်ရင်း မတော်တဆ ပျောက်ဆုံးသွားပါတော့တယ်။ ဒါရိုက်တာ ချွဲ (Kim Sun-Ho)ကတော့ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ဗျူရိုဒါရိုက်တာဖြစ်ပေမဲ့ ဒီ Tyrant program ကို တရားမဝင်ခွဲခြမ်းစိတ်ဖြာနေတဲ့သူပါ။ အင်ဆန်း (Cha Seung-Won) ကတော့ အေးဂျင့်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ Tyrant Program နဲ့ ပတ်သတ်တဲ့သူမှန်သမျှကို လိုက်ရှင်းပစ်နေတဲ့သူပေါ့။ Paul (Kim Kang-Woo)ကတော့ နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီတစ်ခုရဲ့ အေးဂျင့်တစ်ဦးဖြစ်ပြီး Tyrant Program ရဲ့ နောက်ဆုံးနမူနာကို ဖျက်ဆီးပစ်ဖို့အတွက် အမိန့်ရထားတဲ့သူပါ။ ဒီလိုနဲ့ ပျောက်ဆုံးသွားတဲ့ Tyrant Program ကို မတူညီတဲ့ရည်ရွယ်ချက်အသီးသီးနဲ့ ပြန်လည်ရယူဖို့ကြိုးစားရင်း အချင်းချင်း ဘယ်လိုဘယ်ပုံ ရင်ဆိုင်တိုက်ခိုက်သွားကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားလင့်ခ်👇👇👇 https://t.me/burmasubmov/3798

ဒေါသသားကောင် (怒杀) The Ghost Killer 2026 အက်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်သော ရုပ်ရှင်ပါပဲ 🤙 ဇာတ်လမ်းအကျဉ်း 📝 မန်ချူးခေတ်အာဏာပိုင်တွေ လေ့ကျင့်ပေးထားတဲ့ လုပ်ကြံသတ်ဖြတ်သူဟောင်းဖြစ်တဲ့ Lao Wu ဟာ အတိတ်က အဖြစ်အပျက်တွေကို မေ့ဖျောက်ပြီး ဆေးဆိုင်လေးမှာ အမည်ဝှက်နဲ့ အေးချမ်းစွာ ပုန်းအောင်းနေထိုင်ခဲ့ပါတယ် ဒါပေမဲ့ သူ့ဘဝထဲကို ရောက်ရှိလာတဲ့ မေတ္တာမျှစရာ သားအမိနှစ်ယောက်ဖြစ်တဲ့ ရှောင်ရှန်းနဲ့ အီအီတို့ကို ကာကွယ်ဖို့အတွက် လူမိုက်တွေကို ထုတ်ဖော်တိုက်ခိုက်လိုက်ရရာကနေ သူ့ရဲ့ ပုန်းကွယ်နေတဲ့ ဇစ်မြစ်ပေါက်ကြားသွားခဲ့ရပါတယ် ဂိုဏ်းချုပ်ကြီး ဖြစ်သူ သခင်သောင် က လက်ရုံးဖြစ်သူ ကို စေလွှတ်ပြီး ရှောင်ရှန်းတို့ သားအမိနှစ်ဦးကို ဖမ်းဆီးကာ Lao Wu ကို အမိအရ မျှားခေါ်ခဲ့ပါတော့တယ် Lao Wu တစ်ယောက် ကယ်တင်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ ဒဏ်ရာအပြင်းအထန် ရရှိကာ ဖမ်းဆီးခံခဲ့ရပြီး သားအမိနှစ်ဦးလည်း သေဆုံးခဲ့ရပါတယ် နောက်ဆုံးမှာတော့ သူ့ကို ချစ်ခင်ရတဲ့ ဆေးဆိုင်ပိုင်ရှင်က အသက်နဲ့လဲပြီး လာရောက်ကယ်တင်ခဲ့ပေမဲ့ သူမပါ သေနတ်ဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့ရပြန်ပါတယ် သူ့ဘဝရဲ့ အရမ်းအရေးပါတဲ့ အမျိုးသမီးနှစ်ယောက်လုံး သူ့ကြောင့် အသက်စွန့်သွားရတဲ့ သွေးပျက်စရာ ခံစားချက်နဲ့အတူ အနှစ် ၁၀ စာ သည်းခံခဲ့သမျှကို စွန့်လွှတ်လိုက်ပြီး လက်စားချေမှုအဖြစ် ပြောင်းလဲလိုက်ချိန်မှာတော့..... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1527

ဒေါသသားကောင် (怒杀) T*h*e G*h*o*s*t K*i*l*l*e*r 2026
ဒေါသသားကောင် (怒杀) T*h*e G*h*o*s*t K*i*l*l*e*r 2026

Samurai Vengeance (2026) *** ဆာမူရိုင်းကားကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဇာတ်အိမ်ခိုင်ပြီး ဇာတ်လမ်းအဆုံးသတ်အထိ ဆွဲခေါ်သွားပေးမဲ့ ဇာတ်ကားလေး လာပါပြီ။ ၁၈၁၀ ပြည့်နှစ်ပိုင်း ဂျပန်ခေတ်ဟောင်း အဲဒိုခေတ်ရဲ့ နယ်မြေအသေးစားလေးတစ်ခုမှာ အဂတိလိုက်စားပြီး ဩဇာအာဏာကြီးမားလှတဲ့ အမတ်ချုပ်ကြီး တာကီဂါဝါရဲ့ ငွေခိုးမှု သက်သေမှတ်တမ်းစာအုပ် ပေါ်ပေါက်လာရာမှ ဇာတ်လမ်းစတင်ခဲ့တာပဲဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်ရေးနဲ့ မိသားစုမျိုးရိုးကို ကာကွယ်ဖို့အတွက် အုပ်ချုပ်သူ သခင်ကြီး ဆဲအိဇာအဲမွန်နဲ့ သူ့ရဲ့ သစ္စာရှိ အစေခံ ဆာခုဘဲတို့ဟာ မိမိတို့ကိုယ်တိုင် အသေခံမဲ့ သွေးထွက်သံယို လျှို့ဝှက်ပြဇာတ်ကြီးတစ်ခုကို အကွက်ချ ဇာတ်တိုက်ခဲ့ကြပါတယ်။ ဖခင်ဖြစ်သူ ဆဲအိဇာအဲမွန်ရဲ့ မတရားသေဆုံးမှုအတွက် သားဖြစ်သူ ဆာမူရိုင်းလူငယ် ကီကုနိုစုကဲဟာ တရားဝင် ကလဲ့စားချေခွင့်ရရှိကာ ခရီးထွက်လာခဲ့ရပါတယ်။ သို့သော် ဆာမူရိုင်းတို့ရဲ့ သွေးအေးရက်စက်လှတဲ့ ကျင့်ဝတ်စည်းကမ်းတွေအရ ကီကုနိုစုကဲဟာ ငယ်ငယ်ကတည်းက အတူနေထိုင်ခဲ့ကြတဲ့ မိမိရဲ့ အသက်သခင်ကျေးဇူးရှင် ဆာခုဘဲကို ပြန်လည်သတ်ဖြတ်ပြီးမှသာ ကလဲ့စားချေပွဲ အောင်မြင်မှာပဲဖြစ်ပါတယ်။ ၁၇ နှစ် သားငယ်အတွက် မိခင်ဖြစ်သူမှာ မခံမရပ်နိုင်ဖြစ်ပြီး ဆာမူရိုင်းဘဝကို စွန့်လွှတ်ထားတဲ့ ပြဇာတ်ရေးဆရာကြီး ရှိနိုဒါ ကင်ဂျီ ထံမှာ သားဖြစ်သူရဲ့ အသက်ကို ကယ်တင်ပေးဖို့ တောင်းပန်ခဲ့ပါတော့တယ်။ ဓားကို စွန့်လွှတ်ပြီး ကလောင်ကို ကိုင်စွဲထားတဲ့ ပြဇာတ်ရေးဆရာကြီး ကင်ဂျီဟာ ဆာမူရိုင်းကျင့်ဝတ်များရဲ့ အဓိပ္ပာယ်မဲ့မှုကို တော်လှန်ဖို့အတွက် ဘယ်သူ့အသက်မှ သေဆုံးသွားခြင်းမရှိစေဘဲ .. အန္တရာယ်ကြီးလှတဲ့ ရန်သူများနဲ့ တစ်လောကလုံးရှိ အာဏာပိုင်များကို မျက်စိမှောက်သွားစေမဲ့ “ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာလှည့် ပြဇာတ်အတုကြီး” ကို မိုရီတာဇာ ပြဇာတ်ရုံကြီးမှာ စတင်ခင်းကျင်းလိုက်ပါတော့တယ်။ ဒီဇာတ်ကားဟာ ကြည့်ရင်းကြည့်ရင်းနဲ့ ကြည့်ရှုသူပါ လိုက်လံ အဖြေရှာချင်မဲ့ ဇာတ်ကားမျိုးဖြစ်ပြီး နောက်ဆုံးအဆုံးသတ်ရောက်တဲ့ အချိန်ကျမှ "လှည့်ကွက်" ကြီးကို ဟာခနဲ မြင်ရမှာပဲဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/487

S-a-m-u-r-a-i V-e-n-g-e-a-n-c-e (2026)
S-a-m-u-r-a-i V-e-n-g-e-a-n-c-e (2026)

S-i-n-g-u-l-a-r (2025) +++++++++++++++++++ လူသားတွေရဲ့ စိတ်ကူးအိပ်မက်တွေကို ပြောင်းလဲစပ်ب နိုင်လောက်တဲ့ အားအင်သတ္တဝါ နည်းပညာနဲ့ပတ်သက်မှု တစ်ခုဖြစ်တဲ့ သုတေသနပညာရှင်အဖွဲ့ကို လိုက်၍စွာ membahasအကြောင်းပြန်ခဲ့ပါတယ်။ ဒီပွေအဲ့ အသိစိတ်သပ်မှု ဟာ သဘာဝတရားရဲ့ နီယာမတွေအတွက် သွားရောက် သိနိုင်ခွင့်ကိုလက်သိုဖို့ ဖြစ်ညှာသူနှံပါတယျ။ အောင်မြင်မှုနှုန်းအကွတ် ကပ်ပီလာတကာတွေ မ မေ့လွတ်ခဲ့တဲ့အတွေး "အမောင်ထု" တစ်ခွန်းပြီး AI သုတေသနပညာရှင် "ကုဒေဝါနာ" ကတော့ ကလေး ဆွဲညှနဲ့ရတဲ့ အတတဆတိုက်ကို နှစ်ပေါင်းများစွာ ရှင်းနိုင် နေရာ : ဥ ၂ နှင့် အကြံအကြံမှာ အရင်ယောက်ကျိုး "မာတင်" ရဲ ရေကာနတေအေအမ်ဟာ တာဝန်တေအလေးလုပ်ရပ်အဖြစ် တွေဆုံးို ညှန်းခဲ့ပြီးပြတယျ လမ်းအခြေခံမှာ ပိုင်ယနာဟာ လိုင်းမမ်တို့တေတေထေးမှုာ မတေတကဆချစ်ပြီးပြီးှ ပတ်လည်နေ့တေအချိန် မာတင် ရောက်လာခဲ့ပြီး အမေလေဆိကို ခေါ်သွားခဲ့ပါတယျ အသိစိတ်မှာ သုတေတို့ ရဲ့အနက်ကို အမှတ်တရစေမဲ လိုက်ရပ် ဆန့်ဘဲ လျှတ်တစချောက်ပေလော်ပြီး သုတေရ် သပ် ကို မမေ့လွတ်ခဲ့တဲ့အတွေး အဖြစ်အပျာကတွေ ပြောင်းလဲ ခဲ့ပါတယ် ပိုင်ယနာကတော့ သူ့ မြို့တေနေတေအရာတွေက တကယ်ပဲလား ဒါမှမဟုတ် နည်းပညာနဲ့ ပတ်သက်နေ တဲ့ လျှိုက်ချိုက်တေတစ်ဥလာဆဘတော စတင်ဖော်မစရေးရ တွေတယျ။ အမှန်တရားကို ရှာဖွေသွားရင်း AI နည်းပညာ၊ လူသား ရဲ့ မှတ်တမ်းတွေ၊ အသိစိတ် ဆိုရသူမှုကြားက ကမ္ဘာကြီး တစ်စုံပြီး ပြောင်းပြန်လှန်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်လောက်ရတဲ့ အခါ... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/796

S-i-n-g-u-l-a-r (2025)
S-i-n-g-u-l-a-r (2025)

D-a-r-k (2026) အမှောင်

Dark(2026) အမှောင် တငွေ့ငွေ့နဲ့ ဆွဲခေါ်သွားမယ့် တမီလ်စိတ္တဇသည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်ပါတယ်။ သဘာဝလွန်ကိစ္စတွေကိုမယုံကြည်ဘဲ
Dark(2026) အမှောင် တငွေ့ငွေ့နဲ့ ဆွဲခေါ်သွားမယ့် တမီလ်စိတ္တဇသည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်ပါတယ်။ သဘာဝလွန်ကိစ္စတွေကိုမယုံကြည်ဘဲ လက်တွေ့မှ လက်ခံတတ်တဲ့ ဘာသာမဲ့ ဂရက်ဖစ်ဒီဇိုင်နာ ဗီဂ်နက်ရှ်။ ဗီဂ်နက်ရှ်ဟာ မြို့တက်ပြီးအလုပ်လုပ်ဖို့အတွက် အိမ်ငှားရှာရင်း အိမ်မရတဲ့အတွက် သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်ကြီးတစ်အိမ်ကို ဈေးသက်သက်သာသာနဲ့ငှားခဲ့ပါတယ်။ အဲဒီအိမ်ကြီးဟာ သရဲခြောက်ရုံတင်မကဘဲ အရင်က လူသ-တ်မှုတွေလည်းဖြစ်ခဲ့ဖူးတာပါ။ ဗီဂ်နက်ရှ်တစ်ယောက် အဲဒီအိမ်မှာနေရင်း ပုံမှန်မဟုတ်တာတွေ ဆက်တိုက်ကြုံလာရရင်း ရာဇဝတ်မှုကြီးတစ်ခုပါ ဖြစ်ပျက်သွားတဲ့အခါ...။

The Stain (2026) ပရန် အဖြစ် Apo Nattawin မာလီ အဖြစ် Engfa Waraha အာဆာနိုင်း အဖြစ် Jes Jespipat နမ်ဆိုင် အဖြစ် Freen Sarocha တစ်ညတာရဲ့အမှား... တစ်သက်စာ ကျန်ရစ်မယ့် အမည်းစက်... အတိတ်ဆိုးတွေ ဖုံးလွှမ်းနေတဲ့ မာလီတစ်ယောက် ကံကြမ္မာရဲ့စေစားမှုကြောင့် ကလေးဘဝက ခြောက်ခြားစရာ အမှတ်တရတွေကို မဖြစ်မနေ ပြန်လည်ရင်ဆိုင်ရမယ့် တိုက်ခန်းတစ်ခုဆီ ရောက်ရှိလာတဲ့အခါ ထိုင်းပန်းလက်ဖက်ရည် Brand တစ်ခုကို တည်ထောင်ထားတဲ့ ရုက္ခဗေဒပညာရှင်လည်းဖြစ် လက်ဖက်ရည်ဖျော်စပ်တဲ့နေရာမှာ ဆရာတစ်ဆူလည်းဖြစ်တဲ့ ပရန်နဲ့ အဲဒီတိုက်ခန်းမှာ ဆုံတွေ့ချိန် မြှုပ်နှံထားတဲ့အမှတ်တရတွေ အချစ်တွေနဲ့ တဖြည်းဖြည်း ပေါ်ထွက်လာတဲ့ လျှို့ဝှက်ချက်တွေကြားမှာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်း နက်ရှိုင်းလာခဲ့ပေမဲ့ သူတို့ကမ္ဘာလေးထဲကို နောက်ထပ် လူနှစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့…. လှပပြီး အေးချမ်းလှပါတယ်ဆိုတဲ့ အပေါ်ယံ အသွင်အပြင်တွေရဲ့အောက်မှာ... အချစ် ကြောက်ရွံ့မှု မလုံခြုံမှုနဲ့ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ စိတ်ဒဏ်ရာတွေဟာ တစ်လွှာချင်းစီ ပေါ်ထွက်လာရင်း နောက်ဆုံးမှာ အတိတ်က လျှို့ဝှက်ချက်တွေအားလုံး အမှောင်ခွင်းပြီး ပေါ်ပေါက်လာတဲ့အခါ... ကြက်သီးထစရာကောင်းတဲ့ သေဆုံးမှုတစ်ခုနဲ့အတူ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပွေလီလှတဲ့ဆက်ဆံရေးတွေနဲ့ စိတ်ဒဏ်ရာတွေကို ထွင်းဖောက်ပြသမယ့် သည်းထိတ်ရင်ဖို ရိုမန်တစ် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ အခုပဲ Ash Channel မှာ ကြည့်ရှူ့ခံစားလိုက်ပါနော် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1519

" T*h*e S*t*a*i*n " (2026)
" T*h*e S*t*a*i*n " (2026)

အလောင်းကောင်သရဲ T-h-e C-o-r-p-s-e 2 (2026) ===================== IMDB ⭐️ 4.1/10 ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Corpse ရဲ့ Prequel ဇာတ်လမ်းဖြစ်ပြီးတော့ မင်နူရဲ့ အတိတ်က နက်နဲလှတဲ့ ကျိန်စာဆိုးတွေနဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြသသွားမဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ မိသားစုရဲ့ စွန့်ပစ်ခြင်းကို ခံရပြီး အိမ်ကနေ နှင်ထုတ်ခံခဲ့ရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်တဲ့ မင်နူတစ်ယောက် အကြောင်းကိစ္စတစ်ခုကြောင့်နဲ့ မိသားစုအိမ်လေးဆီကို ပြန်ရောက်လာခဲ့ပါတော့တယ်။ မင်နူတို့ မိသားစုဟာ မျိုးရိုးအစဉ်အဆက် အထည်ဆေးဆိုးလုပ်ငန်း လုပ်ကိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။ အိမ်ကို ပြန်လာရတဲ့အကြောင်းကတော့ မင်နူရဲ့ ညီမလေးဖြစ်သူ မီငေါ့ဟာ စိတ်ကျန်းမာရေး ထိခိုက်နေတဲ့အတွက် ညီမဖြစ်သူကို စိတ်မချတာနဲ့ လာရောက်ကြည့်ရှုခြင်းဖြစ်ပါတယ်။ မင်နူတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့နောက်မှာ ကြောက်မက်ဖွယ်ရာ သဘာဝလွန်ဖြစ်ရပ်ဆိုးတွေက ပြန်လည်ဖြစ်ပွားလာခဲ့တဲ့အချိန်မှာတော့ ......... ခြောက်လှန့်မှုများရဲ့ နောက်ကွယ်မှာ သူ့မိခင်သေဆုံးမှုရဲ့ နောက်ကွယ်က အကြောင်းတွေကိုပါ သိလိုက်ရတဲ့ မင်နူတစ်ယောက် ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းရုန်းကန်သွားမလဲ ......... သူ့အပေါ်မှာ မြင်နေတဲ့ မိသားစုရဲ့ အမြင်တွေရော ပြောင်းလဲသွားနိုင်မလား .... ဆိုတာတွေကို ဗီယက်နမ်ရဲ့ ရှေးဟောင်းအထည်ဆေးဆိုးလုပ်ငန်းခွင် နောက်ခံနဲ့ ရိုးရာယုံကြည်မှုတွေကို သွေးထွက်သံယို ကြောက်လန့်စရာမြင်ကွင်းတွေနဲ့အတူ ပုံဖော်တင်ဆက်ထားတာဖြစ်လို့ Horror Fan တွေအတွက်တော့ အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/479

အလောင်းကောင်သရဲ
အလောင်းကောင်သရဲ

မကောင်းဆိုးဝါးကို မြှုပ်နှံခြင်း B_u-r_y t-h_e D_e-v_i-l (2-0-2-6) ========================== IMDB ⭐️ 6.5/10 "မြေကြီးအောက်မှာ အပြီးတိုင် မြှုပ်နှံထားလိုက်ရုံနဲ့... အရာရာတိုင်းက ထာဝရ ပြီးဆုံးသွားပြီလို့ မထင်လိုက်နဲ့..." ကဲ... Thriller/Horror ခပ်ကြမ်းကြမ်းနဲ့ ကျောချမ်းစရာ ဇာတ်ကားကောင်းလေးတွေ ရှာကြည့်ချင်နေတဲ့ ဘော်ဒါတွေအတွက်၂၀၂၆ ခုနှစ်ထွက် သည်းထိတ်ရင်ဖို ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ ဒီဇာတ်ကားလေးဟာ လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်ထားတဲ့ အတိတ်ဆိုးတွေနဲ့အတူ လူတွေရဲ့ ခြောက်ခြားဖွယ်ရာ ဇာတ်ကွက်တွေကို သွေးပျက်စရာကောင်းလောက်အောင် ဖော်ကျူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့... လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ၊ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို ဘယ်သူမှမသိအောင် အပြီးတိုင် မြှုပ်နှံဖျောက်ဖျက်ပစ်လိုက်ချင်ကြတာ သဘာဝပါပဲ။ ဒီလိုပဲ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာလည်း ဒီလျှို့ဝှက်ချက်ကြီးကို မြေကြီးထဲမှာ အပြီးတိုင် မြှုပ်နှံခဲ့ကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျ ထာဝရ ပျောက်ကွယ်သွားတာမဟုတ်ဘဲ အချိန်တန်တဲ့အခါ ပိုပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ အဲဒီအတိတ်ဆိုးကြီးက ပြန်လည် နိုးထလာတဲ့အခါ… သူတို့ ဖုံးကွယ်ချင်ခဲ့တဲ့ မကောင်းဆိုးဝါးကြီးက ဘယ်လို အကျိုးဆက်တွေ ပြန်ပေးမလဲ... ထွက်ပေါက်မရှိတဲ့ အကြောက်တရားတွေနောက်ကို ဘယ်လိုတွေ တကောက်ကောက် လိုက်လံခြောက်လှန့်မလဲ။ လျှို့ဝှက်ချက်တွေနဲ့အိမ်ကြီးမှာ သူနာပြု လူနာစောင့်လာလုပ်ရာကနေ ဒီပြဿနာထဲမှာ ဂျူလီယာတစ်ယောက် ဘယ်လိုကြားညှပ်ပြီးပါသွားမလဲ။ သူကိုယ်တိုင်ရော ဒီပြဿနာထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဇာတ်ရှိန်မြှင့်တင်သွားမဲ့ကားမျိုးလေးဖြစ်လို့ Thriller ဖန်တွေ ညဘက် မီးလေးမှိတ်ပြီး အားရပါးရ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/788