en
Feedback
Bioscope Vibes

Bioscope Vibes

Closed channel

Well

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel Bioscope Vibes

Channel Bioscope Vibes is an active participant. Currently, the community unites 15 361 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 361 subscribers.

According to the latest data from 26 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 784 over the last 30 days and by 5 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.07%. Within the first 24 hours after publication, content typically collects 1.59% reactions from the total number of subscribers.
  • Post reach: On average, each post receives 933 views. Within the first day, a publication typically gains 244 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 1.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Well”

Thanks to the high frequency of updates (latest data received on 27 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

15 361
Subscribers
+524 hours
+1337 days
+78430 days
Posts Archive
အနောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ အရိပ်မဲကြီး.. C+a-p+t-u+r-e+d (2026) "Views တွေ များဖို့အတွက်နဲ့ ကိုယ့်အသက်ဝိညာဉ်ကိုပါ ရင်းရဲကြလား..." J-Horror ပရိသတ်တွေနဲ့ Found Footage / Paranormal ဇာတ်ကား ကြိုက်သူတွေအတွက် ကျောချမ်းစရာ ဂျပန်သရဲကားသစ်လေးတစ်ကား လာပါပြီ။ ဆာတို မီဆာကီဆိုတာ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူလေးတစ်ယောက်။ တစ်ကိုယ်တည်းသမား မိခင်ကို ငွေရေးကြေးရေး ဝန်မပိစေချင်လို တက္ကသိုလ်ဆက်မတက်တော့ဘဲ ဇာတိမြို့လေးမှာ အချိန်ပိုင်းအလုပ်လုပ်ဖို ဆုံးဖြတ်ထားတဲ့ ရိုးရိုးအေးအေး ကောင်မလေးပေါ့။ ဒါပေမဲ့ သူ့သူငယ်ချင်း ဆတ်ဆုကီကတော့ Social Media ခေတ်ကြီးမှာ Fame ရဖိုနဲ့ တက္ကသိုလ်တက်ဖိုကိုပဲ အာရုံစိုက်နေသူပါ။ တစ်နေ့မှာတော့ မီဆာကီတစ်ယောက် သူငယ်ချင်းရဲ့ တိုက်တွန်းမှုနဲ့ ရိုက်ထားတဲ့ Vlog တစ်ခုထဲမှာ ထူးဆန်းတဲ့ သရဲပုံစံအရိပ်မည်းကြီး ပါသွားရာကနေ ဗီဒီယိုက အွန်လိုင်းမှာ Viral အကြီးအကျယ် ဖြစ်သွားပါတော့တယ်။ ဒီကနေ Fame တက်လာပြီး အရသာတွေ့သွားတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ Follower တွေ၊ Views တွေတိုးဖိုအတွက် သရဲခြောက်သလိုလို ပရလောက ဗီဒီယိုအတုတွေကို ဆက်တိုက်ဖန်တီးပြီး တင်ဖို့လုပ်ပါတော့တယ်။ ဒါပေမဲ့ "လောဘ" က အတောမသတ်နိုင်တော့ ပိုပြီးသည်းထိတ်ရင်ဖိုဖြစ်မဲ့ Content မျိုး ရဖိုအတွက် သရဲခြောက်တယ်လို နာမည်ကြီးတဲ့ စွန့်ပစ်အဆောက်အအုံဟောင်းကြီးဆီကို သွားရောက် စူးစမ်းကြပါလေရော။ အဲဒီနေရာမှာတော့ သူတို ထင်သလို အတုအယောင်မဟုတ်ဘဲ တကယ့်ကို ကြောက်မက်ဖွယ်ရာ သဘာဝလွန် ဖြစ်ရပ်အစစ်အမှန်ကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရပါတော့တယ်။ ဒီဘုရားကျောင်းကနေ ပြန်အလာမှာ မီဆာကီနောက်မှာ ကီမိုနိုဝတ်စုံနဲ့ မျက်နှာဖုံးကြီးနဲ့ အရိပ်ကြီးက ဘယ်သွားသွား တကောက်ကောက်လိုက်နေပြီး ဒီအရိပ်ကြီးကို ဆတ်ဆုကီက မမြင်ရဘဲ မီဆာကီကပဲ မြင်နေရတာပါ။ Online Fame နောက်လိုက်ရင်း အရိပ်ကြီးက ကိုယ့်နောက်ပြန်လိုက်လာတဲ့အခါ သူငယ်ချင်းနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/449

အနောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ အရိပ်မဲကြီး..
အနောက်ကို တစ်ကောက်ကောက်လိုက်နေတဲ့ အရိပ်မဲကြီး..

မိုးကြိုးပစ်ခံရပြီးအစွမ်းတွေရသွားတဲ့ကားတကားလုံးခွီနေရတာ🤣 Th*un*de*rs*tr*u*ck C*op (2025)

မိုးကြိုးပစ်ခံရပြီးအစွမ်းတွေရသွားတဲ့ကားတကားလုံးခွီနေရတာ🤣 Th*un*de*rs*tr*u*ck C*op (2025) ဖခင်တာဝန်နဲ့ ရဲ-အရာရှိအလုပ်တွေကို ည
မိုးကြိုးပစ်ခံရပြီးအစွမ်းတွေရသွားတဲ့ကားတကားလုံးခွီနေရတာ🤣 Th*un*de*rs*tr*u*ck C*op (2025) ဖခင်တာဝန်နဲ့ ရဲ-အရာရှိအလုပ်တွေကို ညီမျှအောင် ထမ်းဆောင်နေရတဲ့ မင်ဟျွန်းဂျွန်း ကို သမီးဖြစ်သူ မင်ဟယ်ရီဟာ ကိစ္စတစ်ခုကြောင့် စကားမပြောဆိုခဲ့ ၅ နှစ်ဆိုတဲ့ အချိန်တစ်ခု ရှိနေပါပြီ။ တစ်နေ့မှာတော့ မင်ဟျွန်းဂျွန်းတစ်ယောက် စိတ်ရှုပ်ထွေးမှုတွေကို ဖြေဖျောက်ဖိုအတွက် ခေါင််မိုးပေါ်တက်ဆေးလိပ်သောက်ရင်း မိုး-ကြိုးအပ-စ်ခံလိုက်ရကာ အစွမ်းတစ်ခုရလာတဲ့အခါ... သူ့လိုပဲ အစွမ်းတွေရသွားတဲ့သူတွေကို လိုက်လံရှာဖွေကာ ရာဇ-ဝ-တ်သားတွေကို ဘယ်လိုရင်ဆိုင်သွားမှာလဲ...

အမုန်းတရားနဲ့ ကလဲ့စားချေမှုတွေကို ကြမ်းတမ်းရက်စက်စွာ ပုံဖော်ထားတဲ့ ၂၀၂၄ တူရကီ Revenge/Thriller ဇာတ်ကားကြီး 🩸⚔️👁 Saýara (2024) IMDb Rating (5.6) ဆာယာရာက ရွှေ့ပြောင်းအခြေချမိန်းကလေးတစ်ယောက်ဖြစ်ပြီး မစ္စတန်ဘူလ်က အားကစားခန်းမတစ်ခုမှာ သန့်ရှင်းရေးအဖြစ် အလုပ်ဝင်နေပါတယ်။ တစ်နေ့တော့ သူ့အစ်မဟာ အားကစားခန်းမပိုင်ရှင် ဘာရစ်ခ်နဲ့သူ့အပေါင်းအပါသုံးဦးရဲ့အဓမ္မကျင့်သတ်ဖြတ်ခြင်းကို ရက်စက်စွာခံလိုက်ရပါတယ်။ ဒါပေမယ့် ဘာရစ်ရဲ့အဖေက ဩဇာကြီးတဲ့ လွှတ်တော်အမတ်တစ်ယောက်ဖြစ်နေတာကြောင့် တရားဥပဒေရဲ့အကာအကွယ်နဲ့ကျူးလွန်သူတွေအားလုံးပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ တရားဥပဒေက တရားမျှတမှုကို မဖော်ဆောင်နိုင်တဲ့နောက်မှာတော့ဖခင်ဖြစ်သူ သင်ပေးခဲ့ပြီး သူအကျွမ်းကျင်ဆုံးပညာရပ်လည်းဖြစ်တဲ့ ဆမ်ဘို(Sambo ) ကိုယ်ခံပညာနဲ့ဆာယာရား ကိုယ်တိုင် အစ်မဖြစ်သူအတွက် အဆုံးစွန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီက ပရိသတ်တွေနဲ့မစိမ်းတဲ့ Baskin 2015 တို့ The Turkish Coffee Table 2025 တို့လို နာမည်ကျော် Horror ဇာတ်ကားတွေရဲ့ ဖန်တီးရှင် Can Evrenol ရဲ့လက်ရာဖြစ်ပါတယ်။ ဟော်ရာတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာဖြစ်ပေမယ့် Revenge action အမျိုးအစားကိုလည်း ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်လက်စွမ်းပြထားပါတယ်။ ပြီးတော့ သူ့ရဲ့မူမပျက် အရိုးကျိုးအသားစုတ်ပြတ်သွားတာမျိုးတွေကို အကြမ်းပတမ်းသွေးထွက်သံယိုကွက်တွေနဲ့ပီပီပြင်ပြင်ပုံဖော်ထားပြီး ဇာတ်သိမ်းပိုင်းလှည့်ကွက်ကြီးဆိုရင် ကြမ်းချက်ပါပဲ။ ဇာတ်လမ်းသဘောအရ ဝတ်လစ်စလစ် ဇာတ်ဝင်ခန်းတစ်ချို့ပါဝင်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/758

အမုန်းတရားနဲ့ ကလဲ့စားချေမှုတွေကို ကြမ်းတမ်းရက်စက်စွာ ပုံဖော်ထားတဲ့ ၂၀၂၄ တူရကီ Revenge/Thriller ဇာတ်ကားကြီး 🩸⚔️👁 Sa*ýa*ra (2
အမုန်းတရားနဲ့ ကလဲ့စားချေမှုတွေကို ကြမ်းတမ်းရက်စက်စွာ ပုံဖော်ထားတဲ့ ၂၀၂၄ တူရကီ Revenge/Thriller ဇာတ်ကားကြီး 🩸⚔️👁 Sa*ýa*ra (20*24)

The Apartment Job (2026) စ/ဆုံး The Judge Returns နဲ့ အမြင့်ဆုံးကြည့်ရှုနှုန်း 13.6% အထိ စံချိန်တင်ခဲ့တဲ့ မင်းသား Ji Sung ကတော့ အခုတစ်ခါမှာလည်း ပရိသတ် အသည်းစွဲစေမဲ့ အမိုက်စား ဒရမ်မာသစ်လေးနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ Undercover Miss Hong ထဲက မင်းသမီး Ha Yoon-Kyung, Hyper Knife ထဲက မင်းသား Park Byung-Eun နဲ့ When Life Gives You Tangerines ထဲက မင်းသမီး Moon So-Ri တို့ကလည်း ပါဝင်အားဖြည့်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဘတ်ဟယ်ဂန်း (Ji Sung) ကတော့ အိုအေစစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ဂန်နမ်မှာ ထိပ်တန်းအဆင့် VIP တွေအတွက် တရားမဝင် လောင်းကစားရုံကို ဖွင့်လှစ်ထားသူပါ။ ဒါပေမဲ့ ယုံကြည်ထားခဲ့တဲ့ ရဲအရာရှိရဲ့ သစ္စာဖောက်မှုကြောင့် လောင်းကစားရုံလည်း တစ်ရက် တစ်မနက်တွင်းချင်းမှာတင် ပြိုလဲသွားခဲ့ပြီး ဖခင်အရင်းလို လေးစားလိုက်နာခဲ့သူကပါ အဖမ်းခံလိုက်ရတာမို့ ဟယ်ဂန်းဟာ အခုချက်ချင်း ဝမ် ၁၀ ဘီလီယံ လိုအပ်နေတဲ့ အခြေအနေထဲ ကျရောက်သွားရပါတော့တယ်။ အဲဒီအချိန်မှာ ဟယ်ဂန်း မျက်စိကျမိသွားတာကတော့ True Value State တိုက်ခန်းရဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေ ဝမ် ၁၇.၈ ဘီလီယံပါပဲ။ ပိုက်ဆံတွေကို အရယူဖို့အတွက် ဟယ်ဂန်းလည်း တိုက်ခန်းနေထိုင်သူများအသင်းရဲ့ ဥက္ကဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့ အစီအစဉ်တွေက ဆက်တိုက်ဆိုသလို ရှုပ်ထွေးလာပြီး မထင်မှတ်ဘဲ တိုက်ခန်းရဲ့ မသမာမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ဟယ်ဂန်းတစ်ယောက် တိုက်ခန်းနေထိုင်သူတွေရဲ့ သူရဲကောင်းကြီးပဲ ဖြစ်လာမလား... နဂိုပန်းတိုင်အတိုင်း ငွေနောက်ပဲ ဆက်လိုက်မလားဆိုတာကိုတော့ အပတ်စဉ် စောင့်ကြည့်အားပေးကြပါဦးနော်။ ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/burmasubmov/3728

T*h*e A*p*a*r*t*m*e*n*t J*o*b 2026
T*h*e A*p*a*r*t*m*e*n*t J*o*b 2026

Rainbow on Mars (2026) "Pelangi di Mars (Rainbow on Mars)" ဆိုတာ အင်ဒိုနီးရှားဘာသာနဲ့ "အင်္ဂါဂြိုဟ်ပေါ်က သက်တံ" လို့ အဓိပ္ပာယ်ရပြီး၊ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး Virtual Production (XR နည်းပညာ) ကို အပြည့်အဝအသုံးပြုကာ ရိုက်ကူးထားတဲ့ Sci-Fi / Family Adventure ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းက အနာဂတ်ကာလ ကမ္ဘာဂြို-ဟ်ကြီးမှာ ပတ်ဝန်းကျင်ပျ-က်စီ-းသွားပြီးတဲ့နောက် လူသ-ားတွေဟာ အင်္ဂါဂြို-ဟ် (Mars) ပေါ်ကို ပြောင်းရွှေ့အခြေချ နေထိုင်နေကြရတဲ့ခေတ်ကို နောက်ခံထားထားတာပါ။ ဇာတ်လိုက်မလေး ပီလန်ဂီ (Pelangi) ဟာ အင်္ဂါဂြို-ဟ်ပေါ်မှာပဲ မွေးဖွားကြီးပြင်းလာခဲ့ရသူဖြစ်လို့ ကမ္ဘာဂြိုဟ်ရဲ့ သဘာဝအလှတရားတွေ၊ သစ်ပင်ပန်းမန်တွေနဲ့ "သက်တံ" ဆိုတာကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ပီလန်ဂီနဲ့ သူ့သူငယ်ချင်းစက်ရုပ်တစ်စုဟာ အင်္ဂါဂြိုဟ်ရဲ့ တ-င်းကျ-ပ်တဲ့ စ-ည်းက-မ်းတွေကြားထဲကနေ အာကာသစွန့်စားခန်းတွေ၊ အခ-က်အ-ခဲတွေကို ရင်ဆိုင်ရင်း ကမ္ဘာဂြိုဟ်ဟောင်းဆီက သဘာဝတရားရဲ့ ရောင်စုံအလှတရားတွေနဲ့ မျှော်လင့်ချက်ကို ပြန်လည်ရှာဖွေကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ XR နည်းပညာသုံး Visual တွေကို ကြည့်ချင်သူတွေ၊ ကလေးတွေနဲ့အတူ မိသားစုလိုက် ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက် သင့်တော်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/441

R-a-i-n-b-o-w o-n M-a-r-s (2-0-2-6)
R-a-i-n-b-o-w o-n M-a-r-s (2-0-2-6)

အမေ ပြင်ဆင်ပေးတဲ့ ထမင်းကို စားလိုက်တိုင်း မျက်စိရှေ့မှာ လျော့လျော့သွားတဲ့ Countdown နံပါတ်တွေ N-u-m-b-e-r O-n-e (2026) ===================== IMDB ⭐️ 6.6/10 Parasite ထဲက ဝူရှစ်တို့သားအမိရဲ့ နောက်ထပ် ရင်ကိုစွဲကျန်စေမဲ့ ဇာတ်ကားလေး.. အမေ ပြင်ဆင်ပေးတဲ့ ထမင်းကို စားလိုက်တိုင်း မျက်စိရှေ့မှာ လျော့လျော့သွားတဲ့ Countdown နံပါတ်တွေ.. ဒါဟာ ကိုယ့်ကို ကျွေးမွေးခဲ့တဲ့ အမေနဲ့ နောက်ဆုံးအချိန်ကို ရေတွက်နေတဲ့ သေမင်းရဲ့ အရိပ်အယောင် ဖြစ်နေမလား.. ထမင်းတစ်ခါ စားတိုင်း အမေ့ရဲ့ သက်တမ်းကို ကိုယ်တိုင် လျှော့ချနေမိသလို ခံစားချက်မျိုးနဲ့ အမေချက်တဲ့ ထမင်းတွေကို ဝေးဝေးရှောင်ခဲ့ရတဲ့ သားတစ်ယောက်ရဲ့ နာကျင်မှု.. ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကြား သူ ရှောင်လွှဲချင်ခဲ့တဲ့ အမှန်တရားနဲ့ ထိပ်တိုက်တွေ့လိုက်ရတဲ့အခါ.. ပရိသတ်ကြီးက သာမန် Family Drama တစ်ခုထက် ပိုပြီး အမေနဲ့သား ကြားက သံယောဇဉ်ကို Fantasy Element နည်းနည်း ရောစပ်ပြီး ရင်ထဲ ထိရှသွားစေတဲ့ ဇာတ်လမ်းကောင်းတွေကို သဘောကျတဲ့သူလား.. ဒါဆိုရင်တော့ မျက်ရည်ဝဲစေမဲ့ ရင်နင့်စရာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အပေါ်ယံကြည့်ရင် အေးချမ်းတဲ့ မိသားစုကမ္ဘာလေးတစ်ခုလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ငယ်စဉ်ကတည်းက မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ Countdown နံပါတ်တွေကြောင့် အမေဖြစ်သူနဲ့ ဝေးဝေးနေထိုင်ပြီး ဘဝကို အမြဲတမ်း စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဟာမင်း.. မင်းသား Choi Woo Shik နဲ့ အမေအဖြစ် သရုပ်ဆောင်တဲ့ ဝါရင့်မင်းသမီးကြီး Jang Hye Jin ရဲ့ နှစ်ယောက်ကြားက စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ Chemistry က ဇာတ်ကားတစ်ကားလုံးကို ပို အသက်ဝင်စေခဲ့ပြီး ဟာမင်းရဲ့ ချစ်သူ ယောအွန်းအဖြစ် ပါဝင်ထားတဲ့ Perfect Crown ထဲက မယ်မယ် Gong Seung Yeon ကလည်း ဇာတ်လမ်းရဲ့ အေးစက်စက် အလွမ်းဓာတ်ခံကြားမှာ နွေးထွေးတဲ့ Vibe တစ်ခုကို သယ်ဆောင်လာပေးခဲ့ပါတယ်။ ဒီကားကြည့်ပြီးရင် "အမေက အမြဲငါးဟင်းပဲ ချက်နေလို့ အမေ့လက်ရာကြီး မစားချင်ဘူး" ဆိုတဲ့သူတွေ အတွေးတစ်မျိုး ပြောင်းလဲသွားမလားဆိုတာနဲ့ အမေဆိုတာ သက်ရှိထင်ရှားရှိနေပေးရုံနဲ့ ကျေးဇူးတင်ရမဲ့ တည်ရှိမှုလေးလို့ နွေးထွေးစွာ ခံစားရစေမှာမို့ ၁နာရီခွဲစာလောက် အတူလိုက်ပါစီးမျောဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1479

အမေ ပြင်ဆင်ပေးတဲ့ ထမင်းကို စားလိုက်တိုင်း မျက်စိရှေ့မှာ လျော့လျော့သွားတဲ့ Countdown နံပါတ်တွေ
အမေ ပြင်ဆင်ပေးတဲ့ ထမင်းကို စားလိုက်တိုင်း မျက်စိရှေ့မှာ လျော့လျော့သွားတဲ့ Countdown နံပါတ်တွေ

H-I-G-U-M-A T-h-e K-i-l-l-e-r B-e-a-r (2025)

HIGUMA: The Killer Bear (2025) ********* ဒီဇာတ်ကားကတော့ Survival Thriller ကြိုက်တဲ့ပရိသတ်တွေအတွက် ဒါရိုက်တာ Eisuke Naito ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Fuku Suzuki ၊ Wan Marui နဲ့ Takashi Ukaji တို့အဓိက ပါဝင်ထားပါတယ်။ ဆိုရာဟာ ဂိမ်းကို အရမ်းဝါသနာကြီးပြီး ကိုယ်တိုင်လည်း ဂိမ်းတစ်ခုဖန်တီးထားတဲ့ ၁၈နှစ်အရွယ် ကျောင်းသားလေးဖြစ်ပါတယ်။ ဆိုရာ တက္ကသိုလ်ဝင်ခွင့်ရကြောင်း သိရပြီး နောက်တစ်နေ့မှာ ဆိုရာ့အဖေက အလိမ်ခံလိုက်တဲ့ အွန်လိုင်းအကြွေးတွေကြောင့် သတ်သေသွားခဲ့ပါတယ်။ ဆိုရာ့အမေဟာ ဆိုရာ့ကို တက္ကသိုလ်ပို့နိုင်ဖို့အပြင် ယောက်ျားရဲ့အကြွေးတွေကိုပါ ဆပ်ပေးရဖို့ ရှိနေပါတယ်။ စိတ်ဓာတ်ကျနေတဲ့ဆိုရာဟာ ပိုက်ဆံရှာဖို့အတွေးပေါ်လာပြီး အွန်လိုင်းမှာ တွေ့လိုက်တဲ့ ပစ္စည်းသွားပို့တဲ့ တရားမဝင် အလုပ်ကို စပြီးလုပ်မိသွားပါတယ်။ ငွေပေးနှုန်းတိုးလာလေ အလုပ်တာဝန်ပိုခက်ခဲလေပါ။ နောက်ဆုံး သူလက်ခံမိတဲ့အလုပ်က ပြန်ပေးဆွဲလာတဲ့မိန်းကလေးကို တောထဲခေါ်သွား သတ်ပစ်ပြီး အဲဒီမိန်းကလေးဆီက ပြောင်ခေါင်းစိမ်းကျောက်ကို အလုပ်ရှင်ဆီ ပြန်အပ်ရမှာဖြစ်ပါတယ်။ ဆိုရာတို့ လူငယ်လေးတွေ လူမသတ်ရဲဘဲ တွန့်ဆုတ်နေကြချိန် ဧရာမဝက်ဝံကြီး ရုတ်တရက်ပေါ်လာကာ လူတွေကို လိုက်လံသတ်ဖြတ်ပါတော့တယ်။ အသက်ဘေးကနေ လွတ်အောင် ပြေးရင်း အတူပူးပေါင်းမိသွားတဲ့ ဆိုရာနဲ့အဲဒီမိန်းကလေးတို့ လူသတ်ဝက်ဝံကြီးလက်က လွတ်အောင်ထွက်ပြေးရင် ပြောင်ခေါင်းစိမ်းကျောက်ကို အလုပ်ရှင်ဆို ပေးအပ်နိုင်ပါ့မလားဆိုတာ...

H-I-G-U-M-A T-h-e K-i-l-l-e-r B-e-a-r (2025)
H-I-G-U-M-A T-h-e K-i-l-l-e-r B-e-a-r (2025)

သိုင်းလောကရဲ့ အမုန်းသင်္ချေ Sakra 2023 ဒီနေ့မှာတော့ အသစ်စက်စက် ထွက်ရှိထားတဲ့ Donnie Yan ရဲ့ သိုင်းကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ။ မင်းသမီးလေးကလဲ ချန်ယွီချီ (yukee chen) ဖြစ်တာမို့ သရုပ်ဆောင်တွေနဲ့တင် ကြည့်ရတာ တကယ်တန်နေစေမှာပါ ။ ဇာတ်လမ်းအကျဥ်း - မြောက်ပိုင်း စုန့်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ချောင်ဖုန်းဟာ သူရဲကောင်းတစ်ယောက်အဖြစ် သိုင်းလောကမှာ ကျော်ကြားခဲ့ပါတယ် ။ ဒါပေမဲ့ တစ့်နေမှာတော့ ရုတ်တရက်ဆိုသလို ချီတန်းမြောက်ပိုင်းတရုတ်နိုင်ငံရဲ့ လူမျိုးစုတစ်ခု) အဖြစ်စွပ်စွဲခြင်းခံရတဲ့အပြင် သစ္စာဖောက်အဖြစ် သိုင်းလောက လူတိုင်းက သတ်မှတ်ခဲ့ပါတော့တယ် ။ အမှန်တရားကို ရှာဖွေဖို့ သူတောင်းစားဂိုဏ်းကနေ ထွက်လာခဲ့ပြီး ခရီးလမ်းတစ်လျှောက်မှာ အညှိုးအတေးများကို ချောင်ဖုန်းတစ်ယောက် လက်စားချေခဲ့ပါတော့တယ် အဲ့ဒီခရီးလမ်းမှာပဲ မုရုံအိမ်တော်မှ မိန်းမလှလေး အားကျူးနဲ့ မေတ္တာမျှကာ အတူတူ သိုင်းလောကမှာ ကျဥ်လည်ခဲ့ပါတယ် ။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ခံလိုက်တဲ့ အခါမှာတော့ - ချောင်ဖုန်းတစ်ယောက် အဲ့ဒီအလှည့်အပြောင်းကို ဘယ်လိုရင်ဆိုင်မှာလဲ? သူ့ရဲ့ ချစ်ရသူ မိန်းကလေး အားကျူးရဲ့ နောက်ကွယ်မှာ ဘယ်လိုအရာတွေ ရှိနေဦးမှာလဲ? သစ္စာဖောက်အဖြစ် ခံယူထားရတဲ့ ချောင်ဖုန်းတစ်ယောက် သူကိုယ်တိုင်ရဲ့ တရားမျှတမှုကို ပြန်လည်ရှာဖွေ နိုင်ပါ့မလားဆိုတာ ? ကြည့်ရှုလိုက်ရအောင်ပါရှင် ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/4315958829/435

သိုင်းလောကရဲ့ အမုန်းသင်္ချေ
သိုင်းလောကရဲ့ အမုန်းသင်္ချေ

ရှေးဟောင်းပစ္စည်းဆိုင်ကမှန်တချပ်ကိုခိုးသူတိုင်း ပျောက်ဆုံးသွားပြီးနော် သူခိုးတစ်ကောင်က အဲ့ဒီမှန်ပေါ်ကအဝတ်စကိုဆွဲဖယ်လိုက်မိပြီး မှန်ထဲကတစ္ဆေတစ်ကောင်လွတ်မြောက်လာသောအခါ E*d*g*a*r A*l*l*a*n P*o*e's T*h*e O*v*a*l Portrait (2025) IMDB (5.1/10) Grayson ဆိုတဲ့ လူတစ်ယောက်က Ambrose Whitlock ရဲ့ ရှေးဟောင်းပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ပန်းချီကားတစ်ချပ်ကို ခိုးယူဖို့ သူခိုးတွေကို ငှားရမ်းခဲ့ပါတယ် ဒါပေမဲ့ အဲဒီရှေးဟောင်းပစ္စည်းဆိုင်ထဲက ပန်းချီကားကို ခိုးဖို့သွားတဲ့ သူခိုးတိုင်း ပြန်မလာနိုင်ဘဲ ပျောက်ကွယ်သွားကြပါတယ် အကြောင်းရင်းကတော့ သူခိုးတစ်ယောက်က အဲဒီအသက်မဲ့နေတဲ့ ပန်းချီကားကို ဖုံးအုပ်ထားတဲ့ ပုဝါကိုဖယ်လိုက်ချိန်မှာ ကြောက်စရာကောင်းတဲ့ တစ္ဆေတစ်ကောင် လွတ်မြောက်လာတာကနေ စပြီး ကျူးကျော်သူတွေအားလုံးကို လိုက်သတ်နေတာပါပဲ တစ်ဖက်မှာလည်း Ava ဆိုတဲ့ ကောင်မလေးက ရည်းစားထားသွားတာ ခံခဲ့ရပြီးတဲ့နောက် အလုပ်ပါ အဖြုတ်ခံခဲ့လိုက်ရတဲ့ ပန်းချီဝါသနာရှင်တစ်ယောက်ပါ သူ့ရဲ့ဝါသနာကို စွန့်လွတ်ဖို့ လက်မခံတဲ့ Ava က ပန်းချီပြန်ဆွဲဖို့ စိတ်ကူးရာကနေ Ambrose Whitlock ရဲ့ ရှေးဟောင်းပစ္စည်းဆိုင်လေးဆီ ရောက်သွားပြီး Ambrose နဲ့ ခင်မင်ရင်းနှီးလာခဲ့ပါတယ် Ava က Ambrose Whitlock ရဲ့ ရှေးဟောင်းပစ္စည်းဆိုင်က ပစ္စည်းတွေရဲ့ အလှကို စိတ်ဝင်စားနေချိန် ပန်းချီကား တစ္ဆေရဲ့ အသက်အန္တရာယ်ရှိတဲ့ ခြောက်လှန့်မှုတွေရဲ့ သားကောင်ဖြစ်လာပြီး ဒီပန်းချီကားနဲ့ Ambrose Whitlock ရဲ့ ဆက်စပ်မှုက ဘာလဲ Ava ကရော ဒီဆက်စပ်မှုတွေကြားမှာ နောက်ထပ်ဒုက္ခသည်တစ်ယောက် ဖြစ်လာမလား ဒါမှမဟုတ် ဒီခြောက်လှန့်နေတဲ့ အရာအားလုံးကို အဆုံးသတ်ပေးနိုင်မလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့် Horror ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/432

ရှေးဟောင်းပစ္စည်းဆိုင်ကမှန်တချပ်ကိုခိုးသူတိုင်း ပျောက်ဆုံးသွားပြီးနော် သူခိုးတစ်ကောင်က အဲ့ဒီမှန်ပေါ်ကအဝတ်စကိုဆွဲဖယ်လိုက်မိပြီ
ရှေးဟောင်းပစ္စည်းဆိုင်ကမှန်တချပ်ကိုခိုးသူတိုင်း ပျောက်ဆုံးသွားပြီးနော် သူခိုးတစ်ကောင်က အဲ့ဒီမှန်ပေါ်ကအဝတ်စကိုဆွဲဖယ်လိုက်မိပြီး မှန်ထဲကတစ္ဆေတစ်ကောင်လွတ်မြောက်လာသောအခါ E*d*g*a*r A*l*l*a*n P*o*e's T*h*e O*v*a*l Portrait (2025)

Mag Mag (2026) ဂျပန် Horror ကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းဖွယ်ရာတွေ ရို့မန့်စ်တွေနဲ့ အမုန်းတရားကို ပေါင်းစပ်ထားတဲ့ ကားသစ်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Yuriyan Retriever ရိုက်ကူးတင်ဆက်ပုံဖော်ထားပြီး မင်းသမီးချော Minami Sara နဲ့ မင်းသား Maeda Oshiro တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ .. မြို့ပြရဲ့ ကြောက်စရာကောင်းလှတဲ့ ဒဏ္ဍာရီတစ်ခုနဲ့အတူ စတင်လာတဲ့ "မာဂါမာဂါ" လို့ခေါ်တဲ့ ကလဲ့စားချေစိတ် စွဲနေတဲ့ ဝိညာဉ်ဆိုးမလေး ရှိခဲ့တယ်။ သူမရဲ့ ချစ်ခြင်းကို ရရှိသွားသူတိုင်းဟာ သေခြင်းတရားနဲ့ပဲ အဆုံးသတ်ရလေ့ရှိပါတယ်။ ဆာနာအဲဆိုတဲ့အမျိုးသမီးဟာ သူ့ချစ်သူကို မာဂါဆိုတဲ့ ဝိညာဉ်ဆိုးက ရက်ရက်စက်စက် သတ်ဖြတ်တယ်လို့ သိလိုက်ရတဲ့အခါ... သူမက ချစ်သူအတွက် လက်စားချေဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ မာဂါမာဂါ ဝိညာဉ်ဆိုး သရဲမကို လက်စားချေဖို့ လိုက်လံစုံစမ်းရင်းနဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ပိုမို ကြောက်စရာကောင်းပြီး မှောင်မိုက်လှတဲ့ အမှန်တရားကြီးကို ဖော်ထုတ်မိသွားတဲ့အခါ... မထင်မှတ်ထားတဲ့ ဇာတ်ရှိန် အပြောင်းအလဲတွေကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့ရမဲ့ ဇာတ်ကားလေးမို့လို့ ညွှန်းဆိုလိုက်ပါတယ်နော် ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1470