en
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Open in Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Channel Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) is an active participant. Currently, the community unites 27 002 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 27 002 subscribers.

According to the latest data from 20 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -5 629 over the last 30 days and by 6 706 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 3.75%. Within the first 24 hours after publication, content typically collects 4.05% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 012 views. Within the first day, a publication typically gains 1 094 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Thanks to the high frequency of updates (latest data received on 21 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

27 002
Subscribers
+6 70624 hours
+3 2837 days
-5 62930 days
Posts Archive
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါ
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ် ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို ‌တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့ တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့... ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ဇာတ်ကားလင့်🔽🔽🔽 https://t.me/htethtet8616/863 #Credit

အိမ်မက်ထဲက ပစ္စည်းတွေကို အပြင်ကို ထုတ်ယူ၍ ရလာသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪ ဒီတစ်ခါတော့ နက်ဖလစ် က မေလ ၈ ရက်နေ့ ထုတ်လွှင့်သွားတဲ့
အိမ်မက်ထဲက ပစ္စည်းတွေကို အပြင်ကို ထုတ်ယူ၍ ရလာသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪ ဒီတစ်ခါတော့ နက်ဖလစ် က မေလ ၈ ရက်နေ့ ထုတ်လွှင့်သွားတဲ့ တရုတ် စိတ်ကူးယဉ်ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ …..စန်းယွီဟာ မိဘမဲ့ဖြစ်ပြီး မွဲတေနေတဲ့ ဇာတ်ညွှန်းရေးဆရာလေး တစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ အိပ်လိုက်တိုင်း အိပ်မက်ဆိုးတွေပဲ မက်ပြီး အိပ်မက်နဲ့ လက်တွေ့ ဘဝ မကွဲတော့သလို ကြောင်တောင်တောင်လည်း ဖြစ်လာနေပါပြီ။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့အိပ်မက်ထဲမှာ တွေ့သမျှ၊ သူ ဖတ်ဖူးမြင်ဖူးရေးဖူးသမျှအရာတွေကို အိပ်မက်ထဲကနေ အပြင်လောကကို တကယ်ယူလာနိုင်တာကို သူသိလိုက်ရပါတော့တယ်။ ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေ ရှားပါးပစ္စည်းတွေကို အိပ်မက်ထဲကနေ သွားယူပြီး ရောင်းချရင်း ချမ်းသာလာပါတော့တယ်။ ဒါပေမယ့် ဒီအစွမ်းရဲ့နောက်ဆက်တွဲ ပေးဆပ်ရတာတွေ၊ အပြင်လောကမှာပါ မှောင်ခိုဂိုဏ်းနဲ့အရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ…. ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/464

A*ll Wi*sh*es Co*me Tr*ue (2026) ဇာတ်လမ်းအကျဉ်း မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ
A*ll Wi*sh*es Co*me Tr*ue (2026) ဇာတ်လမ်းအကျဉ်း မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ မဟာပင်လယ်ကြီးကို ဖြတ်သန်းပြီး စွန့်စားခန်းထွက်ကြရပါတယ်။ ခရီးစဉ်အတွင်းမှာ မိစ္ဆာအန္တရာယ်များ၊ သဘာဝလွန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး မိမိတို့ရဲ့ ကိုယ်ပိုင် အစွမ်းထက် တန်ခိုးပြိုင်ပစ္စည်း တွေကို အသုံးပြုကာ ညီညွတ်စွာ တိုက်ခိုက်ရင်း ဆုတောင်းများ ပြည့်ဝစေဖို့ ကြိုးပမ်းကြရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/462

Repost from N/a
A*ll Wi*sh*es Co*me Tr*ue (2026) ဇာတ်လမ်းအကျဉ်း မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ
A*ll Wi*sh*es Co*me Tr*ue (2026) ဇာတ်လမ်းအကျဉ်း မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ မဟာပင်လယ်ကြီးကို ဖြတ်သန်းပြီး စွန့်စားခန်းထွက်ကြရပါတယ်။ ခရီးစဉ်အတွင်းမှာ မိစ္ဆာအန္တရာယ်များ၊ သဘာဝလွန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး မိမိတို့ရဲ့ ကိုယ်ပိုင် အစွမ်းထက် တန်ခိုးပြိုင်ပစ္စည်း တွေကို အသုံးပြုကာ ညီညွတ်စွာ တိုက်ခိုက်ရင်း ဆုတောင်းများ ပြည့်ဝစေဖို့ ကြိုးပမ်းကြရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/c/3893036281/1620

S-h-u-t-t-e-r (2025) +++++++++++ IMDb Rating (6.9) ပခုံးပေါ်က ချစ်သူကို ပြန်သတိရစေမယ့် "Shutter" (2025) အင်ဒိုနီးရှား Remake
S-h-u-t-t-e-r (2025) +++++++++++ IMDb Rating (6.9) ပခုံးပေါ်က ချစ်သူကို ပြန်သတိရစေမယ့် "Shutter" (2025) အင်ဒိုနီးရှား Remake ၂၀၀၄ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ထိုင်းသရဲကား "Shutter" ကို မှတ်မိကြသေးလား။ ရုပ်ရှင်ကြည့်ပြီးတာတောင် ကိုယ့်ပခုံးပေါ် တစ်ခုခုများ ခွစီးနေသလားဆိုပြီး လည်ပင်းတွေနာ၊ ကျောတွေချမ်းခဲ့ရတဲ့ အဲဒီ Masterpiece သရဲကားကြီးကို အခု အင်ဒိုနီးရှားကနေ ပြန်လည်အသက်သွင်းလိုက်ပြီနော်။ ဒီ ၂၀၂၅ ခုနှစ်မှာ ထွက်လာတဲ့ Shutter (Indonesian Version) ကလည်း မူရင်း ဇာတ်လမ်းသွားအတိုင်းပါပဲ။ ဓာတ်ပုံဆရာတစ်ယောက်က သူရိုက်လိုက်တဲ့ ပုံတွေထဲမှာ ထူးဆန်းတဲ့ အရိပ်မည်းတွေ၊ ရှင်းပြလို့မရတဲ့ သရဲရိပ်တွေ စတွေ့လာရတယ်။ အစပိုင်းမှာတော့ ကင်မရာပျက်တာလား၊ အလင်းပြန်တာလားပေါ့။ ဒါပေမဲ့ ကြာလာတော့ အဲဒီအရိပ်တွေက ဓာတ်ပုံထဲမှာတင်မဟုတ်တော့ဘဲ သူ့အပြင်ဘဝထဲအထိပါ ခြောက်လှန့်လာပါတော့တယ်။ ဘာလို့ သူ့ကိုမှ ရွေးပြီး ခြောက်နေတာလဲ? အတိတ်က ဘယ်လို အမှောင်ကျတဲ့ လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားခဲ့လဲ? ဆိုတာကို အသည်းယားယားနဲ့ စိတ်လှုပ်ရှားစွာ ဆက်ကြည့်ရမယ့် ဆိုက်ကိုသည်းထိတ်ရင်ဖို သရဲကားပါပဲ။ အခုနောက်ပိုင်း အင်ဒိုနီးရှား သရဲကားတွေက အသံပေးတာရော၊ Jump Scare တွေရော တော်တော်လေး ကြမ်းလာတာ သိကြမှာပါ။ အဲဒီတော့ မူရင်းထိုင်း Shutter တုန်းက ဇာတ်ကွက်တွေကို အင်ဒိုနီးရှားစတိုင်နဲ့ ဘယ်လောက်တောင် ပိုပြီး ကြက်သီးထစရာကောင်းအောင် ရိုက်ပြထားမလဲဆိုတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း အင်ဒိုနီးရှားက နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Vino G. Bastian နဲ့ Anya Geraldine တို့ ပါဝင်ထားပါတယ်။ ညဘက် မီးလေးမှိတ်၊ အသံကျယ်ကျယ်ဖွင့်ပြီး စောင်ခြုံထဲကနေ အသည်းတယားယားနဲ့ ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ ရုပ်ရှင်ပြီးသွားရင်တော့ ကိုယ့်ပခုံးကိုယ် ပြန်စမ်းကြည့်ဖို့ မမေ့ပါနဲ့ဦး။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/340 Genre…. Horror,Mystery,Thriller

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါ
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ် ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို ‌တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့ တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့... ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/357 #Credit

Sanak (2021) ဗီရွဒ်၊ နီဟား ဇာတ်လမ်းက ဆေးရုံတစ်ရုံမှာ အဓိကအခြေခံထားပါတယ်။ အကြမ်းဖက်သမားတွေက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး လူတွ
Sanak (2021) ဗီရွဒ်၊ နီဟား ဇာတ်လမ်းက ဆေးရုံတစ်ရုံမှာ အဓိကအခြေခံထားပါတယ်။ အကြမ်းဖက်သမားတွေက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားချိန်မှာ၊ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီဗန် (Vivaan) ဟာ အဲဒီဆေးရုံထဲမှာ ပိတ်မိနေတဲ့ သူ့ရဲ့ဇနီးသည်နဲ့ တခြားသူတွေကို ကယ်တင်ဖို့ အပြင်ကရဲတွေရဲ့ အကူအညီမပါဘဲ တစ်ယောက်တည်း အသက်စွန့်ပြီး ဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ ဟောလိဝုဒ်က Die Hard ဇာတ်ကားစတိုင်မျိုး ဆေးရုံထဲမှာ အကြမ်းဖက်သမားတွေနဲ့ တစ်ယောက်တည်း ချတဲ့ကားမျိုးပါပဲ။ အိန္ဒိယ အက်ရှင်မင်းသား Vidyut Jammwal က ခေါင်းဆောင်ပါဝင်ထားပြီး Rukmini Maitra၊ Neha Dhupia နဲ့ Chandan Roy Sanyal တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/htethtet8616/856

The Gentleman Thief (2026) +++++++++++++++++ ဒီတစ်ခေါက်မှာတော့ လှည့်ကွက်တွေနဲ့ ရင်ခုန်စရာကောင်းတဲ့ Action Thriller ရုပ်ရှင်ကာ
The Gentleman Thief (2026) +++++++++++++++++ ဒီတစ်ခေါက်မှာတော့ လှည့်ကွက်တွေနဲ့ ရင်ခုန်စရာကောင်းတဲ့ Action Thriller ရုပ်ရှင်ကားသစ် တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသားကြီး John Travolta က အနားယူထားတဲ့ ဝါရင့်အနုပညာပစ္စည်းသူခိုးကြီး မေဆန် (Mason) အဖြစ် ပါဝင်ထားပြီး၊ သူ့ညီဖြစ်သူရဲ့ စည်းရုံးမှုကြောင့် မိုင်ယာမီက ဇိမ်ခံရွက်လှေပေါ်မှာ ဒေါ်လာသန်း ၁၀၀ တန် ပန်းချီကားတစ်ချပ်ကို ခိုးယူဖို့ နောက်ဆုံးမစ်ရှင်တစ်ခုကို လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်းပဲ ထင်ခဲ့တဲ့ ဒီခိုးယူမှုကြီးက တကယ်တော့ ကလဲ့စားချေချင်နေတဲ့ ရာဇဝတ်ဂိုဏ်းချုပ်ကြီးတစ်ခုရဲ့ သေတွင်းထောင်ချောက် ဖြစ်နေတဲ့အခါမှာတော့ တစ်ကွက်ချင်းစီ ပြန်လည်အနိုင်ယူရမယ့် စိတ်လှုပ်ရှားစရာ ကစားပွဲကြီး စတင်ပါတော့တယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ အလှည့်အပြောင်းတွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ မေဆန်တစ်ယောက် သူ့အဖွဲ့သားတွေကို ကယ်တင်ပြီး ရန်သူတွေကို ဘယ်လိုပညာသားပါပါ တန်ပြန်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Lukas Haas၊ Quavo နဲ့ DJ Khaled တို့လို နာမည်ကြီးအနုပညာရှင်တွေလည်း အများကြီးပါဝင်ထားလို့ Action, Crime နဲ့ Heist ဇာတ်လမ်းပုံစံ ကြိုက်တတ်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/457

The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ် T*h*e D*e*v*i*l's M*o*u*t*h (2026) ဇူလိုင်လ ၂၉ ရက်နေ့မ
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ် T*h*e D*e*v*i*l's M*o*u*t*h (2026) ဇူလိုင်လ ၂၉ ရက်နေ့မှာ Amazon Prime Video ကနေ ထွက်ရှိလာတဲ့ Survival Thriller / Shark Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားပြီး Kathryn Newton, Lana Condor, Gavin Casalegno နဲ့ Nico Hiraga တို့လို လူငယ်သရုပ်ဆောင်တွေ အဓိက ပါဝင်ထားပါတယ်။ ကျောင်းပြီးလို့ လူငယ်ဘဝကနေ လူကြီးဘဝကို မကူးပြောင်းခင် နောက်ဆုံးအမှတ်တရ ခရီးစဉ်အဖြစ် ကောလိပ်သူငယ်ချင်း ၅ ယောက် ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။ အဓိကဇာတ်ဆောင်မလေး Sara (Kathryn Newton) က ဆုံးပါးသွားပြီဖြစ်တဲ့ သူမရဲ့အဖေ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ ထိုင်းကမ်းရိုးတန်းက မိစ္ဆာခံတွင်း လို့ခေါ်တဲ့ ရေမြုပ်ဂူကြီးထဲကို သူငယ်ချင်းတွေနဲ့အတူ ရေငုပ်လည်ပတ်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။ ဒါပေမဲ့ ပျော်စရာခရီးစဉ်ကနေ ရေအောက်ဂူထဲမှာ ပိတ်မိသွားတဲ့အခါ ငရဲခန်းစတင်ပါတော့တယ်။ ပိုဆိုးတာက ဂူထဲမှာ လတ်ဆတ်တဲ့ရေချိုနဲ့ ရေငန်နှစ်မျိုးလုံးမှာ ကျင်လည်နိုင်ပြီး အလွန်သောင်းကျန်း ကြမ်းတမ်းတဲ့ Bull Shark (ကျွဲငါးမန်း) တစ်ကောင်နဲ့ သွားတိုးမိတာပါပဲ။ အမှောင်ထုထဲမှာ အောက်ဆီဂျင်ကလည်း ကုန်လာ၊ အပြင်ထွက်ပေါက်ကလည်း ပျောက်၊ ဘေးကလည်း ငါးမန်းက အချိန်မရွေး ကိုက်သတ်ဖို့ ချောင်းနေတဲ့အခါ သူတို့အုပ်စုကြားမှာ ကြောက်ရွံ့မှုတွေ စတင်စိမ့်ဝင်လာပါတယ်။ ဘဝဆက်ရှင်သန်ဖို့ ရုန်းကန်ရင်း သူငယ်ချင်းအချင်းချင်းကြားက အရင်က ဖုံးဖိထားခဲ့တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေပါ ပေါက်ကွဲထွက်လာပြီး အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ကြိုးစားကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပုံမှန် ငါးမန်းကားတွေလို ငါးမန်းကိုပဲ အဓိကမထားဘဲ သူငယ်ချင်းတွေကြားက Toxic ဖြစ်နေတဲ့ ဆက်ဆံရေးနဲ့ စိတ္တဇဆန်ဆန် ဖိအားတွေကိုပါ သေချာပုံဖော်ထားတာ တွေ့ရပါတယ်။ ရေအောက်ဂူထဲ ပိတ်မိနေတဲ့ Claustrophobic (နေရာကျဉ်း ကြောက်စိတ်) ခံစားချက်နဲ့ ငါးမန်းရန်ကို ပါပေါင်းလိုက်တော့ ကြည့်ရှုသူတွေကို တောက်လျှောက် ရင်ဖိုစေမှာပါ။ ကြောက်လိုက်ကြပါဦး။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/335

Raju Gari Gadhi 2 (2017) ___ ကောလိပ် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ အက်ရ်ှဝင်း ကီရှောနဲ့ ပရာဗင်းတို့သုံးယောက်ဟာ အပန်းဖြေဟေ
Raju Gari Gadhi 2 (2017) ___ ကောလိပ် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ အက်ရ်ှဝင်း ကီရှောနဲ့ ပရာဗင်းတို့သုံးယောက်ဟာ အပန်းဖြေဟော်တယ်၊တည်းခိုခန်း လုပ်ငန်းကို အတူလုပ်ကိုင်ကြတယ်။ အစပိုင်းမှာ ချောမွေ့နေပေမယ့် သူတို့ပိုင်ဆိုင်တဲ့ အပန်းဖြေစခန်းမှာ သဘယဝ နယ်လွန် ဖြစ်ရပ်ဆန်းတွေ ဖြစ်လာတယ်။ သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ကိစ္စတွေမို့ အနီးအနား ချက်ကျောင်းက ဖာသာကို ခေါ်ပြီး အပန်းဖြေစခန်းမှာ ခိုကပ်နေတဲ့ အမှောင့်ပယောဂတွေကို ဖယ်ရှားစေပါတယ်။ ဖာသာလည်း မနိုင်တော့ ပယောဂဆရာလည်းဖြစ်၊ စိတ်ရောဂါကုဆရာဝန်လည်းဖြစ်တဲ့ ရူဒရာ့ကို ခေါ်ပြီး အဲ့ဒီအိမ်မှာ ခိုကပ်နေတဲ့ ပယောဂကို ရှင်းခိုင်းပါတယ်။ ရူဒရာဆိုတာက ဝိညာဉ်တွေကို ခေါ်ပြီး ဆက်သွယ် စကားပြောဆိုနိုင်တဲ့ အစွမ်းရှိရုံတင်မက မုသားဖော်ပေးတဲ့သူအဖြစ် ရဲဌာနကိုပါ အကျိုးပြုနေတဲ့သူပါ။ တကယ့် အဖြေကို ရှာလိုက်တော့ အပန်းဖြေစခန်းမှာ အမ်ရူသာဆိုတဲ့ ဝိညာဉ်ချောချောလေး ရှိနေတာပါ။ သူသေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို သိချင်နေတဲ့ အမ်ရူသာ့ကို ရူဒရာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့နောက်တော့. . . အမ်ရူသာဟာ ဘယ်လိုမိန်းကလေးမျိုးလဲ. . . ဘယ်လိုခါးသီးတဲ့ အတိတ်ကြောင့် သေဆုံးသွားခဲ့ပြီး အပန်းဖြေစခန်းမှာ ခိုကိုးရာမဲ့ ကပ်တွယ်နေရတာလဲ. ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/352 #Crd

အိုင်ပီမန်း (၂၀၂၆) ကွန်ဖူးဇာတ်ကားသစ်ကြီး စ/ဆုံး ရပါပြီ ကြည်တောက်ရှင်း ーーーーーーーーーーーーーーーーーーー ဖော်ရှန်းကနေ ဟောင်ကောင်ကိုရောက်လာပြ
အိုင်ပီမန်း (၂၀၂၆) ကွန်ဖူးဇာတ်ကားသစ်ကြီး စ/ဆုံး ရပါပြီ ကြည်တောက်ရှင်း ーーーーーーーーーーーーーーーーーーー ဖော်ရှန်းကနေ ဟောင်ကောင်ကိုရောက်လာပြီး အခြေချခါစ သိုင်းခန်းမစဖွင့်ဖို့ကြိုးစားနေတဲ့အချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျင့်ဝတ်မရှိတဲ့ အနောက်တိုင်းကုန်သည်တစ်ယောက်က အနောက်တိုင်းလက်ဝှေ့ရုံဖွင့်ဖို့အတွက် ဒေသခံသိုင်းသင်တန်းကျောင်းတွေ ဆိပ်ကမ်းတွေကို အတင်းအဓမ္မသိမ်းယူဖို့ ကြိုးစားနေပါတယ်။ အနိုင်ကျင့်ခံရတဲ့ ဒေသခံအလုပ်သမားတွေနဲ့ သိုင်းဆရာကြီးတွေဘက်ကနေပြီး ယဲ့ဝမ့်က မတရားမှုကိုအပြင်းအထန်ရင်ဆိုင်ကာကွယ်ပေးခဲ့တာကြောင့် အနောက်တိုင်းအတွက်ယဲ့ဝမ့်ဟာ ပစ်မှတ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ လူသတ်မှုနဲ့ မတရားထောင်ချောက်ဆင်ပြီး စွပ်စွဲပြီးထောင်ချလိုက်ပါတယ်။ ထောင်နံရံရဲ့နောက်ကွယ်မှာ မြေအောက်ဂိုဏ်းကစေလွှတ်တဲ့ ကြေးစားလူသတ်သမားတွေရဲ့ အန္တရာယ်အမျိုးမျိုးကိုပါ ယဲ့ဝမ့်ဟာ ရင်ဆိုင်လာရပါတယ်။ သိုင်းအဖွဲ့သားတွေရဲ့စည်းလုံးမှုနဲ့အတူ ယဲ့ဝမ့်ရဲ့ ယုံချွင်းလက်သီးသိုင်းပညာနဲ့ အနောက်တိုင်းသားကိုပြန်လှန်မယ့်ဇာတ်လမ်းပဲဖြစ်ပါတယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/453

J"""ab H"""ar"""ry m""et S""ej""al [2017] မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး အနွတ်ရ်ှကာရှားမားတို့က ခေါင်းဆောင် ပါဝင်ထားတာဖြစ်ပြ
J"""ab H"""ar"""ry m""et S""ej""al  [2017] မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး   အနွတ်ရ်ှကာရှားမားတို့က ခေါင်းဆောင်  ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ  ခံစားကြည့်ရှုရမှာပါ။ ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြဿနာလေးတစ်ခု စပါတော့ တယ်။ ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဉ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/349

M"a:n wi_th N*o Pa++st (2/0/2/5) Ryder ဟာ နယူးယောက်မြို့လယ်ခေါင်မှာ ဒဏ်ရာအပြည့်နဲ့ နိုးလာခဲ့ပါတယ်။ ထူးခြားတာက သူ့မှာ ဘယ်သူဘယ်
M"a:n wi_th N*o Pa++st (2/0/2/5) Ryder ဟာ နယူးယောက်မြို့လယ်ခေါင်မှာ ဒဏ်ရာအပြည့်နဲ့ နိုးလာခဲ့ပါတယ်။ ထူးခြားတာက သူ့မှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အမှတ်သညာ (Memory) တစ်ခုမှ မရှိတော့တာပါ။ ဒါပေမဲ့ သူ့ကို လာရောက်တိုက်ခိုက်တဲ့ လူမိုက်တွေကိုတော့ တုန့်ပြန်မှု အလွန်မြန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ သုတ်သင်ပစ်နိုင်နေပါတယ်။ သူဘယ်သူလဲဆိုတာကို လိုက်လံစုံစမ်းရင်းနဲ့ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ အစိုးရရဲ့ လျှို့ဝှက်စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလာတဲ့ "Perfect Soldier" (ပြီးပြည့်စုံတဲ့ စစ်သား) တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတဲ့အခါ သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပြီး လူသတ်လက်နက်တစ်ခုလို အသုံးချခဲ့တဲ့ အဖွဲ့အစည်းကို တစ်ယောက်တည်း ရင်ဆိုင်ပြီး လက်စားချေမယ့် အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld2/449

The Teacher (2022) The Teacherဇာတ်ကားမှာတော့ အားကစားဆရာမတစ်ဦးဖြစ်တဲ့Devikaဟာ ယောကျာ်းဖြစ်သူ Sejihနဲ့အတူ ဘဝကို ငြိမ်းငြိမ်းချမ
The Teacher (2022) The Teacherဇာတ်ကားမှာတော့ အားကစားဆရာမတစ်ဦးဖြစ်တဲ့Devikaဟာ ယောကျာ်းဖြစ်သူ Sejihနဲ့အတူ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနေသူဖြစ်တယ်။ အိမ်ထောင်သက်လေးနှစ်ကြာတာတောင် ကလေးမရတဲ့ Devikaတစ်ယောက် ရုတ်တရတ်ကြီးကိုယ်ဝန်ရှိလာခဲ့ပေမဲ့ အားကစားပြိုင်ပွဲနေ့ညနေကဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် Devikaတစ်ယောက် ကလေးကိုမွေးရ မမွေးရဝေခွဲမရဖြစ်နေခဲ့ပါတယ်။စိတ်ရှင်းသွားအောင်လို့ အားကစားပြိုင်ပွဲနေ့ညနေက အကြောင်းကို Devikaတစ်ယောက် စုံစမ်းခဲ့တဲ့အချိန်မှာတော့ ကျောင်းသားတစ်ဖွဲ့က သူမကိုဆေးခတ်ကာ အဓမ္မကျင့်ခဲ့ကြောင်းကို Devikaတစ်ယောက်သိသွားခဲ့ရပါတယ်။Devikaတစ်ယောက် ကလေးကိုဖျက်ချဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာတော့ ယောကျာ်းဖြစ်သူ Sejihက ကိုယ်ဝန်အကြောင်းကို သိသွားခဲ့ပါတယ်။ အဓမ္မကျင့်ခံရရင် နစ်နာသူကို အပြစ်တင်တဲ့လူပတ်ဝန်းကျင်ကြောင့် ရဲတိုင်ဖို့လဲ မလုပ်နိုင်တဲ့အပြင် ယောကျာ်းဖြစ်သူကိုပါ မပြောပြနိုင်ခဲ့တာကြောင့် Devikaတစ်ယောက် ဒီကျောင်းသားအဖွဲ့ကို ဘယ်လိုလက်တုံပြန်မလဲဆိုတာကို ကြည့်ရှုကြပါအုံး။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/346 Credit.

Raangi (2022) ----------------------- IMDb 6.1/10 Thaiyal Nayagi ဆိုတာအမျိုးသမီးတွေရဲ့ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ပါ နာမည်နဲ့လိ
Raangi (2022) -----------------------               IMDb 6.1/10 Thaiyal Nayagi ဆိုတာအမျိုးသမီးတွေရဲ့ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ပါ နာမည်နဲ့လိုက်အောင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့သတင်းထောက်မလေး မတရားတာတွေကိုလက်ပိုက်ကြည့်မနေဘဲ ဖြေရှင်းပေးတတ်သူ သူတင်တဲ့သတင်းတိုင်းက မပေါက်တာမရှိတဲ့လူပေါ့ ဒါကြောင့်ပဲ ဇာတ်လမ်းစစချင်းမှာ FBI တွေက သူ့နာမည်ကိုမေးပြီး အပူတပြင်းလိုက်ရှာနေကြတယ် ဘာကိစ္စကိုဘယ်လိုပတ်သက်မိလို့ FBI ကအစပါဝင်နေလဲသူလည်းမသိခဲ့ဘူး ဒီအဖွဲ့အစည်းကပါလို့ပြောပြီး သူ့ကိုနေရာတစ်နေရာဆီဆွဲခေါ်သွားကြတယ် ဒီအကြောင်းကိုသတင်းရေးရင် သေသလားရှင်သလားပြည်သူတွေမသိအောင် လူပျောက်စာရင်းဖွင့်မယ်လို့လည်း ခြိမ်းခြောက်ထားကြတာပေါ့ ... ဒီဇာတ်လမ်းတွေရဲ့အစက သူ့တူမ စုရှ်မီသာကစပါတယ် သူ့နာမည်နဲ့ သူ့ပုံပါတဲ့ Facebook က ယောကျာ်းလေး ၁၈ယောက်နဲ့ Sex Chat ထားပြီး အဲဒီ၁၈ယောက်တည်းကတစ်ယောက်ကခြိမ်းခြောက်လေတော့ သိုင်ရယ်လည်းမနေနိုင် ဝင်ဖြေရှင်းရပါတော့တယ် ဒီလိုနဲ့ သူ့တူမနာမည်နဲ့အကောင့်ထဲဝင်လိုက်ရင်း ထင်မထားတဲ့ဓာတ်ပုံကိုတွေ့ပြီး မီဒီယာမှာတင်လိုက်မိရာက.... သူ့ဘဝတစ်ဆစ်ချိုးဘယ်လိုပြောင်းလဲသွားမလဲ စိတ်ဝင်စားစရာတွေတစ်ပုံကြီးနဲ့ ကြည့်ရှုရမဲ့ကားဖြစ်တာကြောင့် အခုပဲကြည့်လိုက်ကြပါတော့နော် ဇာတ်ကားလင့်🔽🔽🔽 https://t.me/htethtet8616/847

Saleme's Lot [2024] ဒီရုပ်ရှင်ထဲက မိစ္ဆာတွေကတော့ သွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက သွေးစုပ်ဖုတ်ကောင်တွေက တကယ် က
Saleme's Lot [2024] ဒီရုပ်ရှင်ထဲက မိစ္ဆာတွေကတော့ သွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက သွေးစုပ်ဖုတ်ကောင်တွေက တကယ် ကြောက်ဖို့ကောင်းတဲ့ ခေတ်ဟောင်းဗားရှင်းဖြစ်ပြီး ဒရာမာတွေ၊ ခေတ်ပေါ်နည်းပညာတွေ ထည့်ထားတဲ့ ဗားရှင်းတွေမဟုတ်ပါဘူး။ ပြီးတော့ စတီဖင်ကင်းရဲ့ ထုံးစံအတိုင်း ကလေးတွေ အများကြီး ဒုက္ခရောက်တာတွေ ကလေးတွေထဲကပဲ သူရဲကောင်းပေါ်လာတာတွေ ထည့်သွင်းထားပါတယ်။ဇာတ်လမ်းအကျဉ်းဆေလမ်စ်လော့ ဆိုတဲ့မြို့ကလေးကို ငယ်ငယ်က စိတ်ဒဏ်ရာတွေနဲ့ စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူရောက်လာပြီးမကြာခင်မှာပဲ ကလေးတစ်ယောက် ပျောက်ဆုံး၊ သေဆုံးသွားရာကနေ ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါကိုပဲ ကျောင်းဆရာတစ်ယောက်၊ မြို့ခံကောင်မလေးတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ သတ္တိရှိတဲ့ကလေးတစ်ယောက်နဲ့ စာရေးဆရာတို့ ပူးပေါင်းပြီး အဖြေရှာဖို့ ကြိုးစားတဲ့အခါ မြို့ထဲကို သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရောက်နေပြီး တစ်မြို့လုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာကို သိလိုက်ရတဲ့အခါ သူတို့တွေ ဘယ်လိုတားဆီးဖို့ ကြိုးစားကြမလဲ၊ ဘယ်သူတွေ အသက်ရှင်ကျန်မလဲ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/327

Kappu Bilupina Naduve (2024) “အဖြူနဲ့အမည်း” ဒီတစ်ခါတော့ လှုပ်လှုပ်ရှားရှားလေးမှကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ကိုအခြ
Kappu Bilupina Naduve (2024) “အဖြူနဲ့အမည်း” ဒီတစ်ခါတော့ လှုပ်လှုပ်ရှားရှားလေးမှကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သည်းထိတ်ရင်ဖို-ဒရာမာဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာ သရဲကားလိုလိုဘာလိုပေမဲ့ တကယ်တမ်းတော့ အလင်းနဲ့အမှောင်၊ အ‌ဖြူနဲ့အမည်း၊ အကောင်းနဲ့အဆိုးကြားက လွန်ဆွဲပွဲကို လူသားတွေနဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေအပေါ် အခြေခံပြီးပုံဖော်ပေးထားတာလည်း ဖြစ်ပါတယ်။ဝေးလံခေါင်သီတဲ့အရပ်က လမ်းလည်းမပေါက် မီးလည်းမရှိတဲ့ ဒေဗာဂီရိဆိုတဲ့ရွာလေးတစ်ရွာဟာအရမ်းသရဲခြောက်တယ်လို့ နာမည်ကြီးပါတယ်။နေပိုင်းမှာပုံမှန်လှုပ်ရှားသွားလာကြပေမဲ့ ညဘက်နေ၀င်တာနဲ့ ဘယ်သူမှလမ်းမထွက်ရဲကြပါဘူး။အဓိကကတော့ လမ်းမီးလည်းမရှိတဲ့ ရွာအ၀င်တောလမ်းပါ။ တစ်နေ့တော့ သရဲမုဆိုးများအဖွဲ့လို့ နာမည်ကြီးနေတဲ့ ယူကျူဘာ ဗစ်ရှ်နူနဲ့သူ့အဖွဲ့၀င်သုံးယောက်ဟာ အဲဒီဒေဗာဂီရိ‌ရွာလေးကိုသွားရောက်ဖို့ အကြောင်းဖန်လာပါတယ်။အဓိကကတော့ အရမ်းသရဲခြောက်ကြမ်းတယ်လို့နာမည်ကြီးနေတဲ့ အဲဒီရွာမှာ သရဲအကြောင်းသွား‌ရောက်ရိုက်ကူးဖို့ပါပဲ။ဒီလိုနဲ့ ဗစ်ရှ်နူတို့အဖွဲ့ ဒေဗာဂီရိကိုရောက်တဲ့အခါ ခပ်ကြမ်းကြမ်းသရဲကို ဘယ်လိုရင်ဆိုင်မလဲ၊ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆို၊ နောက်ဆုံးမှာ အဖြူအမည်းသဲကွဲပါ့မလားဆိုတာကို ‌အသည်းတအေးအေး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/342

Bastar: The Naxal Story (2024) ========================= IMDB - 6.3/10 ဇာတ်လမ်းကတော့..... အိန္ဒိယနိုင်ငံ ချဟာတစ်ဂါ (Chhattisg
Bastar: The Naxal Story (2024) ========================= IMDB - 6.3/10 ဇာတ်လမ်းကတော့..... အိန္ဒိယနိုင်ငံ ချဟာတစ်ဂါ (Chhattisgarh) ပြည်နယ်၊ ဘတ်စတာ (Bastar) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မာအိုဝါဒီ (Naxalite) သူပုန်တွေရဲ့ အကြမ်းဖက်မှု ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ နိုင်ငံရေး အက်ရှင် ဒရာမာ ဇာတ်ကားကြီး ဖြစ်ပါတယ်။ နာမည်ကြီး "The Kerala Story" ဇာတ်ကားကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာနဲ့ အဖွဲ့ကပဲ ဆက်လက်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ သတ္တိခဲ ရဲအရာရှိမကြီး နီရာဂျာ မာဒဗန် (Adah Sharma) ဟာ ဘတ်စတာ ဒေသက ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ Naxal သူပုန်တွေကို အမြစ်ပြတ် နှိမ်နင်းဖို့ တာဝန်ပေးခံရပါတယ်။ သူပုန်တွေဟာ အပြစ်မဲ့ ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြပြီး၊ နိုင်ငံရေးသမားတချို့နဲ့ အတုအယောင် လူ့အခွင့်အရေး လှုပ်ရှားသူတချို့ကလည်း သူပုန်တွေကို ကွယ်ရာကနေ ထောက်ပံ့ပေးနေကြပါတယ်။ ဒီလို ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ သစ္စာဖောက်မှုတွေနဲ့ အင်အားကြီးမားတဲ့ ရန်သူတွေကြားထဲကနေ နီရာဂျာ တစ်ယောက် သူမရဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ ရက်စက်တဲ့ သူပုန်တွေကို တောတွင်းစစ်ဆင်ရေးမှာ ဘယ်လို အသက်စွန့် တိုက်ခိုက်နှိမ်နင်းသွားမလဲ ဆိုတာကို အကြမ်းစား ရိုက်ကူးထားတာပါ။ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေး ပြဿနာတွေကို အရှိကိုအရှိအတိုင်း ပီပြင်စွာ ဖော်ပြထားပြီး၊ အက်ရှင် ဇာတ်ကွက်တွေနဲ့ သွေးထွက်သံယို မြင်ကွင်းတွေကို အသည်းယားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/340

House of Lies (2024) ========================= IMDB - 5.5/10 ဇာတ်လမ်းကတော့..... ZEE5 ကနေ အသစ်ထွက်ရှိထားတဲ့ ဘောလိဝုဒ် လူသတ်မှု
House of Lies (2024) ========================= IMDB - 5.5/10 ဇာတ်လမ်းကတော့..... ZEE5 ကနေ အသစ်ထွက်ရှိထားတဲ့ ဘောလိဝုဒ် လူသတ်မှု စုံထောက် (Murder Mystery Thriller) ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဟာ သူ့ရဲ့အိမ်ထဲမှာပဲ လျှို့ဝှက်ဆန်းကြဲစွာ အသတ်ခံလိုက်ရပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ထက်မြက်တဲ့ စုံထောက် အယ်လ်ဘတ် ပင်တို (Sanjay Kapoor) ရောက်လာတဲ့အခါ ဇာတ်လမ်းစတင်ပါတယ်။ စုံထောက်ကြီး စစ်ဆေးကြည့်တဲ့အခါမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေ အားလုံးမှာ လူသတ်ချင်စရာ အကြောင်းပြချက် (Motive) တွေ ကိုယ်စီရှိနေကြတာကို တွေ့ရပါတယ်။ လူတိုင်းက ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့အတွက် လိမ်လည်ထွက်ဆိုနေကြပြီး မိသားစုတစ်ခုလုံးက လိမ်လည်မှုတွေ (House of Lies) နဲ့ ပြည့်နှက်နေတာပါ။ ဘယ်သူက တကယ့် လူသတ်သမား အစစ်ဖြစ်မလဲ၊ လူတိုင်းရဲ့ နောက်ကွယ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာကို စုံထောက်ကြီးက အကွက်ကျကျ ဘယ်လို ဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် လိုက်ပါခံစားရမယ့် Whodunit စုံထောက်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/338

C-r-i-m-s-o-n S-h-a-d-o-w-s (2026) ကောင်းကင်မှာ သွေးရောင်လမင်းကြီးပေါ်ထွက်လာပြီး တစ္ဆေပွဲတော်ညကျင်းပဖို့နီးလာတဲ့အချိန်မှာ ရှန
C-r-i-m-s-o-n S-h-a-d-o-w-s (2026) ကောင်းကင်မှာ သွေးရောင်လမင်းကြီးပေါ်ထွက်လာပြီး တစ္ဆေပွဲတော်ညကျင်းပဖို့နီးလာတဲ့အချိန်မှာ ရှန်ဟိုင်းမှာနေထိုင်တဲ့မိန်းကလေးအန်းယွင်မန့်ဟာ သူ့ရဲ့ဇာတိရွာလေးကို အရေးတကြီးပြန်ရောက်လာခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့အစ်ကိုနှစ်ယောက်ဟာ ရှေ့ဆင့်နောက်ဆင့်ပဲ အလောင်းကောင်တွေသတ်ဖြတ်သွားတာကိုခံလိုက်ရပါတယ်။ အဖေဖြစ်သူကတော့ မိသားစုရဲ့ကပ်ဘေးဆိုးကြီးတွေအားလုံးက သူ့ရဲ့အငယ်ဆုံးသမီးလေးကြောင့်ဆိုပြီးတော့သာ ပုံချလို့နေပါတယ်။ မိသားစုတစ်စုလုံး အန္တရာယ်တွေနဲ့ကြုံနေရချိန်မှာ ဆရာကြီးခွေဟာ ကူညီဖို့ရောက်လာခဲ့ပါတယ်။ ဆရာကြီးခွေဟာ ဒီညီအစ်ကိုနှစ်ယောက်သေဆုံးသွားတာ သာမန်မဟုတ်ပဲ နောက်ကွယ်ကနေစေခိုင်းသူရှိလိမ့်မယ်ဆိုတာကို သံသယဝင်လာပါတယ်။ တစ္ဆေပွဲတော်ညရောက်လာတဲ့အချိန်မှာတော့ သေခြင်းတံခါးကြီးပွင့်လာပြီး အမှောင်ဓာတ်တွေလွှမ်းမိုးသွားပါတော့တယ်။ ဆရာခွေဟာ အန်းမိသားစုကိုကယ်နိုင်ပါ့မလား..... ဒီအမှောင်ထုရဲ့နောက်ကွယ်မှာ ဘယ်လိုရက်စက်တဲ့အမှန်တရားတွေကဖုံးကွယ်နေမလဲ...... ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/322