en
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Open in Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Channel Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) is an active participant. Currently, the community unites 27 085 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 27 085 subscribers.

According to the latest data from 20 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -5 629 over the last 30 days and by 6 706 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 3.75%. Within the first 24 hours after publication, content typically collects 4.05% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 012 views. Within the first day, a publication typically gains 1 094 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Thanks to the high frequency of updates (latest data received on 21 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

27 085
Subscribers
+6 70624 hours
+3 2837 days
-5 62930 days
Posts Archive
" Our House " (2025) ဝင်းအဖြစ် Alek Teeradetch Metawarayut ဖတ်အဖြစ် Gotchabell Sarunrat Puagpipa "အိမ်မက်ထဲက အိမ်လေးက... အိပ်
" Our House " (2025) ဝင်းအဖြစ် Alek Teeradetch Metawarayut ဖတ်အဖြစ် Gotchabell Sarunrat Puagpipa "အိမ်မက်ထဲက အိမ်လေးက... အိပ်မက်ဆိုးတွေရဲ့ အစ ဖြစ်နေတဲ့အခါ..." ထိုင်း Horror / Thriller အကြမ်းစားလေးတွေ မျှော်နေတဲ့ ပရိသတ်တွေအတွက် အသစ်စက်စက် ထွက်ရှိထားတဲ့ ထိုင်းပရိသတ်အချစ်တော် မင်းသားကြီး Alek ရဲ့ "Our House"ဆိုတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ The Pool တို၊ Slice တိုကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Kongkiat Khomsiri က ဖန်တီးထားတာဖြစ်လို Quality ပိုင်းကတော့ ပြောစရာမလိုအောင် ရှယ်ပါပဲ။ ဇာတ်လမ်းလေးကတော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အရောင်းအရာရှိလေးနဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်တို နှစ်ယောက် ဘဝသစ်စဖိုအတွက် သူတိုရဲ့ အိမ်မက်ထဲက အိမ်လေးကို ပြောင်းရွှေ့လာရာကနေ စတင်ပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးသည်လေးနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်မယ်လို မျှော်လင့်ထားပေမဲ့... တကယ်တမ်းကျတော့ သူတိုရွေးချယ်လိုက်မိတဲ့ အိမ်လေးက သူတိုထင်သလို သာယာချမ်းမြေ့စရာ မကောင်းနေခဲ့ပါဘူး။ ထူးဆန်းတဲ့ အသံတွေ၊ ခြောက်ခြားစရာ အဖြစ်အပျက်တွေနဲ့အတူ... အဆိုးဆုံးကတော့ သူတိုအိမ်နဲ့ ကပ်လျက် ဘေးအိမ်ကြီးဆီကနေ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တွေ၊ သဘာဝလွန် ပတ်သက်မှုတွေကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာရတဲ့အခါမှာတော့… ဘေးအိမ်က မမြင်ရတဲ့ အန္တရာယ်တွေက ဘာတွေလဲ။ ကိုယ်ဝန်ဆောင်သည် ဇနီးသည်ကို ကာကွယ်ရမဲ့ ဖခင်တစ်ယောက်ရဲ့ ရုန်းကန်မှုတွေကရော ဘယ်လောက် သည်းထိတ်ရင်ဖိုစရာ ကောင်းမလဲဆိုတာကိုတော့........ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/205

𝐀 𝐏𝐫𝐚𝐲𝐞𝐫 𝐁𝐞𝐟𝐨𝐫𝐞 𝐃𝐚𝐰𝐧 (𝟐𝟎𝟏𝟕) ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနို
𝐀 𝐏𝐫𝐚𝐲𝐞𝐫 𝐁𝐞𝐟𝐨𝐫𝐞 𝐃𝐚𝐰𝐧 (𝟐𝟎𝟏𝟕) ဒီဇာတ်ကားကတော့ တစ်ကယ့်အဖြစ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ ထိုင်းနိုင်ငံရဲ့ထောင်တွေထဲမှာရိုက်ကူးထားတာဖြစ်ပါတယ် ထိုင်းထောင်ထဲက အကျဉ်းသားတွေရဲ့ဘဝ ကို သနားစဖွယ်တွေ့မြင်ရမှာပါ။ ဘီလီမိုးဟာဆေးစွဲနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ ရာမ လို့ခေါ်ကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကိုအကြီးအကျယ်စွဲလန်းနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါတစ်ရက် ရဲဝင်ဖမ်းရာကနေ ဘီလီမိုးတစ်ယောက် ထိုင်းအကျဉ်းထောင်ထဲကို ရောက်သွားပါတော့တယ်။ အဲ့က်နေစလို့ ထိုင်းစကားတောင်ရေလည်မတက်တဲ့ ဆေးသမား နိုင်ငံခြားသားတစ်ယောက် ထိုင်းထောင်ထဲမှာ ဒုက္ခ အကြီးကျယ်ရောက်ပါတော့တယ် ဆေးသုံးချင်စိတ်ကတစ်မျိုး ထိုင်းလူမိုက်တွေကတစ်မျိုးနဲ့ပေါ့။တစ်ရက် ဘီလီတစ်ယောက် လက်ဝှေ့လေ့ကျင့်ရေးမှာ ဝင်လေ့ကျင့်ခွင့်ရသွားရာကနေ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ကိုသင်ယူနိုင်ခဲ့ပါတယ်။ ထောင်ထဲက လက်ဝှေ့ပွဲမှာ အနိုင်ယူနိုင်ခဲ့ရာမှ အကြီးကဲတွေရဲ့သဘောကျတာကိုခံရပြီး နိုင်ငံအဆင့်ပွဲပါဝင်ပြိုင်ခွင့်ရခဲ့ပါတယ် ဒါပေမဲ့ ဆေးအလွန်အကျွံသုံးခဲ့တာကြောင့် အစာအိမ်ဒဏ်ရာဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/286

Salmokji: Whispering Water (2026) 2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင
Salmokji: Whispering Water (2026) 2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင် သမိုင်းတစ်လျှောက်မှာ လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားပြီး... Lovely Runner ထဲက မင်းသမီး Kim Hye-Yoon, Knight Flower ထဲက မင်းသား Lee Jong-Won, Good Partner ထဲက မင်းသား Kim Jun-Han, Pyramid Game ထဲက မင်းသမီး Jang Da-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့ လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု... ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး... ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon) ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာ မှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့.... လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့က တကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြပါဦး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/284

Hurdle (2025) *** IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Penthouse ထဲက အွန်းဗြောအနေနဲ့ ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီးလေ
Hurdle (2025) *** IMDb Rating (6.5) ဒီတစ်ခေါက်မှာတော့ Penthouse ထဲက အွန်းဗြောအနေနဲ့ ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား မင်းသမီးလေး Choi Yebin အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - မိခင် ဆုံးပါးသွားပြီးနောက် ထရပ်ကားမောင်းနှင်တဲ့ ဖခင်ဖြစ်သူနဲ့ နှစ်ဦးတည်း အတူနေထိုင်နေရတဲ့ ချွဲဆောယွန်း (Choi Yebin) ဟာဆိုရင်တော့ ဖြောင်းဟွာမိန်းကလေးအထက်တန်းကျောင်း ပြေးခုန်ပစ်အဖွဲ့က ကစားသမားဖြစ်ပြီး အကျွမ်းကျင်ဆုံး အမျိုးအစားကတော့ မီတာ ၁၀၀ တန်းကျော်ပြေးပွဲပဲ ဖြစ်ပါတယ်။ ဆောယွန်းရဲ့ စံချိန်က အရမ်းကောင်းတာဖြစ်လို့လည်း လက်ရွေးစင်စစ်ဆေးပွဲပြီးတာနဲ့ ခရိုင်ရုံး အားကစားအသင်းမှာ ဝင်ရောက်ကစားရဖို့ သေချာသလောက် ရှိနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဆောယွန်းရဲ့အဖေက ထရပ်ကားမောင်းနှင်နေစဉ် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ရုတ်တရက် မေ့လဲသွားတဲ့အခါမှာတော့... တစ်ရက် တစ်မနက်တွင်းချင်း ကိုယ့်ရဲ့ တစ်ဦးတည်းသော အုပ်ထိန်းသူဖြစ်တဲ့ ဖခင်ရဲ့ အုပ်ထိန်းသူနေရာကို တာဝန်ယူဖို့ ဖြစ်လာတဲ့ ဆောယွန်းတစ်ယောက် ဘယ်လိုမျိုး ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းသွားမှာလဲ... အရွယ်မရောက်သေးတဲ့ အသက်အရွယ်မှာ မိသားစုတာဝန်ကို ထမ်းပိုးထားရတဲ့ ကလေးတွေကို လူ့အဖွဲ့အစည်းကနေ လုံလောက်တဲ့ ဖေးမကူညီမှုကို မပေးနိုင်တဲ့အခါ.... သူတို့လေးတွေ ဘယ်လို လမ်းမှားရောက်သွားနိုင်လဲဆိုတာကို အသိပညာပေး မီးမောင်းထိုး  ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/282

Bu*rn*ing (2018) Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့
Bu*rn*ing (2018) Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ်အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ်အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ် နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို  ကြည့်လိုက်ရအောင်နော် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/280

The Favor (2025) ဒီတစ်ခေါက်မှာတော့ Song Ji-Hyo, Sky Castle ထဲက Kim Byung-Chul နဲ့ The Glory ထဲက Kim Hieora တို့ အဓိက ပါဝင်သရု
The Favor (2025) ဒီတစ်ခေါက်မှာတော့ Song Ji-Hyo, Sky Castle ထဲက Kim Byung-Chul နဲ့ The Glory ထဲက Kim Hieora တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ယောင်းဘုမ်း (Kim Byong-Chul) နဲ့ ဆွန်းဟီး (Song Ji-Hyo) တို့ ဇနီးမောင်နှံဟာ ကားတိုက်မှုကြောင့် အောက်ပိုင်းသေသွားတဲ့ သားဖြစ်သူ ဂျုံဟွန်းရဲ့ ကျန်းမာရေးအတွက် အိုဘို့ရီရွာလေးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အဲဒီရွာမှာ ထူးဆန်းတဲ့ အဘိုးအိုတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ လမ်းမလျှောက်နိုင်ခဲ့တဲ့ ဂျုံဟွန်းတစ်ယောက် ပြန်ပြီး လမ်းလျှောက်လာနိုင်တဲ့ အံ့ဖွယ်ဖြစ်ရပ်လေး ဖြစ်ပျက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ချွန်းဆော (Kim Hieora) ဆိုတဲ့ အမျိုးသမီးဟာ အိုဘို့ရီရွာမှာပဲ သားဖြစ်သူ မင်ဂျယ်ကို တစ်ယောက်တည်း ပျိုးထောင်နေသူပါ။ တစ်နေ့မှာ မင်ဂျယ်က ရုတ်တရက်ကြီး လမ်းမလျှောက်နိုင်တော့ဘဲ ဖြစ်သွားပြီး ဒီကံဆိုးမှုက ဂျုံဟွန်းရဲ့ အံ့ဖွယ်ဖြစ်ရပ်နဲ့ ဆက်စပ်နေကြောင်း ချွန်းဆော ရိပ်မိသွားတဲ့အခါမှာတော့... ယောင်းဘုမ်းတို့ မိသားစုကပဲ သူတို့ဆီမှာ ဖြစ်ပျက်လာတဲ့ အံ့ဖွယ်ဖြစ်ရပ်လေးကို အဆုံးထိ ကာကွယ်သွားနိုင်မှာလား...ချွန်းဆောကပဲ သားလေးရဲ့ ဆုံးရှုံးနစ်နာသွားရတဲ့ ဘဝအတွက် ပြန်လည်အလျော်တောင်းယူနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld654 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/199

သူဌေးသားတွေ ဝိုင်းအဓမ္မကျင့်ခံရပြီး သေသွားတဲ့ သမီးအတွက် လက်စားချေမဲ့ မသန်စွမ်းဖခင် မသန်စွမ်း ဖခင် နဲ့ သမီးလေး "ဂျာရာ" တို့ အထ
သူဌေးသားတွေ ဝိုင်းအဓမ္မကျင့်ခံရပြီး သေသွားတဲ့ သမီးအတွက် လက်စားချေမဲ့ မသန်စွမ်းဖခင် မသန်စွမ်း ဖခင် နဲ့ သမီးလေး "ဂျာရာ" တို့  အထက်တန်းကျောင်းတက်ဖို့ ဆိုးလ်မြို့ကိုပြောင်းလာကြပါတယ် ဒီမှာပဲ ဆင်းရဲသူလေး "ဂျာရာ" တစ်ယောက်ဟာ သူဌေးသားကျောင်းသားတွေရဲ့ မတရားကျင့်ခြင်းကို ခံ့ခဲ့ရပြီး လောကကြီးကို မသန်စွမ်းဖခင်တစ်ယောက်နဲ့ ဘယ်လိုရင်ဆိုင်မလဲ မသန်စွမ်းဖခင်တစ်ယောက်ရဲ့ သန်စွမ်းမှုတွေကိုရောဘယ်လောက်ထိရှုမြင်ရမလဲဆိုတာ ရင်ထဲမှာ နင့်နေအောင် ခံစားရင်း ကြည့်ရှုရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/277

Obsessed (2014)🔞 ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မ
Obsessed (2014)🔞 ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်… မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်…ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့ လူ့သဘောကို အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/275

Pi-p-p-a (2023) ဒီဇာတ်လမ်းဟာ ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ "Battle of Garibpur" ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Capt
Pi-p-p-a (2023) ဒီဇာတ်လမ်းဟာ ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ "Battle of Garibpur" ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Captain Balram Singh Mehta (Ishaan Khatter) နဲ့ သူ့ရဲ့ မောင်နှမ ၃ ယောက်တို့ဟာ တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းစီကနေ ဘယ်လိုတာဝန်ကျေခဲ့ကြသလဲဆိုတာကို တွေ့ရမှာပါ။ ဇာတ်ကားနာမည် "Pippa" ဆိုတာကတော့ ရေပေါ်မှာ ပေါ့ပေါ့ပါးပါး မျောနိုင်တဲ့ ရုရှားလုပ် PT-76 သံချပ်ကာကားရဲ့ နာမည်ပြောင်ဖြစ်ပါတယ်။ သာမန်စစ်ကားတွေနဲ့မတူဘဲ မိသားစုသံယောဇဉ်၊ ညီအစ်ကိုနှစ်ယောက်ကြားက အားပြိုင်မှုနဲ့ စစ်ပွဲရဲ့ ရလဒ်တွေကိုပါ ရင်နင့်စရာ မြင်တွေ့ရမှာပါ။ AR Rahman ရဲ့ ဂီတနဲ့အတူ စစ်မြေပြင်က ရိုက်ချက်တွေက တကယ့်ကို အသက်ဝင်လှပါတယ်။ စစ်ကားကြိုက်တဲ့သူတွေတင်မကဘဲ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/273

အလှအပရဲ့ ဘေးထွက်ဆိုးကျိုး [ ၂၀၂၆ ] 🔥🔥 IMDb Rating (6.0) / Rotten Tomatoes (70%) ဟာနာဟာ အဆင်မပြေတဲ့မိဘနှစ်ပါး၊ သူ့ရဲ့ခန္ဓာကိ
အလှအပရဲ့ ဘေးထွက်ဆိုးကျိုး [ ၂၀၂၆ ] 🔥🔥 IMDb Rating (6.0) / Rotten Tomatoes (70%) ဟာနာဟာ အဆင်မပြေတဲ့မိဘနှစ်ပါး၊ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်၊ အစရှိတာတွေအတွက်အမြဲစိတ်သောကရောက် စိတ်ဒဏ်ရာရနေတဲ့ ဆေးကျောင်းသူလေးတစ်ယောက်ပါ။ ဒါပေမယ့် အထက်တန်းကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နဲ့ပြန်ဆုံချိန်မှာတော့ ကျောင်းတုန်းက သူနဲ့အတူတူ၀ခဲ့ဖူးပေမယ့်အခုချိန်မှာ ကိုယ်ရေစစ်လှပနေတဲ့ သူငယ်ချင်းက သူ့လျှို့ဝှက်ချက်ကိုပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ ဝိတ်ချဆေးတစ်မျိုးဖြစ်ပြီး အဲ့ဒီဆေးကိုဓာတ်ခွဲစမ်းသပ်ကြည့်လိုက်တော့ လူ့အရိုးပြာတွေ ပါနေတာကို သိလိုက်ရပါတယ်။ ဒါပေမယ့် ဝိတ်ကျလိုစိတ်ပြင်းပြနေတဲ့ ဟာနာကတော့ သူတို့ပညာသင်ယူနေတဲ့အလောင်းတွေထဲကတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုကိုပြာချပြီး စားခဲ့မိပါတယ်။ တကယ်လည်း အံ့ဩစရာကောင်းလိုက်အောင် ဝိတ်ကျလာခဲ့ပေမယ့် အဲ့ဒီပြာပိုင်ရှင်ရဲ့ တစ္ဆေက သူ့နောက်ကထပ်ချပ်မကွာလိုက်နေပြီး သူစားချင်သောက်ချင်တာတွေကိုဟာနားကို မှီတွယ်စားသုံးရင်းကနေ မစားပဲနေလိုက်ရင် လူကိုပါ ရန်ရှာတဲ့အထိဖြစ်လာချိန်မှာတော့..။ ဝိတ်ကျဆေးတွေခေတ်စားနေတဲ့ ကာလမှာ စိတ်ကူးကောင်းကောင်း၊ အမြင်သစ် ရှုထောင့်တစ်မျိုးကနေကွဲထွက်လာတဲ့ ဟော်ရာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် တစ်ကားလုံးကိုအဓိကသရုပ်ဆောင်ဖြစ်တဲ့ Midori Francis က သူ့ရဲ့ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ဆွဲခေါ်နိုင်ခဲ့ပြီး ဇာတ်ညွှန်းရဲ့အားနည်းချက်တစ်ချို့ကိုပါအပြည့်အ၀ဖုံးကွယ်ပေးနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေလည်း နှစ်သက်သဘောကျကြပြီး Sundance ရုပ်ရှင်ပွဲတော် ရဲ့ Midnight အစီအစဉ်မှာ ပွဲဦးထွက်ပြသခွင့် ရရှိခဲ့သလို၊ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ Teddy Award ဆုပေးပွဲမှာ ဒါရိုက်တာ Natalie Erika James က "အကောင်းဆုံး ရုပ်ရှင်ဆု" (Best Feature Film) အဖြစ် ဆုစကာတင် ရွေးချယ်ခံခဲ့ရပါတယ်။ ရွံရှာစရာ၊ခြောက်ခြားစရာ ပြကွက်တစ်ချို့နဲ့ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/271

ပျောက်ဆုံးနေသော မိမိ (消失的我) I'm G*o*n*e 20*26 ပျောက်ဆုံးနေသော မိမိ (消失的我) I'm Gone 2026 Movie 👁️🪞 "ကားအက်စီးဒင့်တစ်ခုအပြီးမ
ပျောက်ဆုံးနေသော မိမိ (消失的我) I'm G*o*n*e 20*26 ပျောက်ဆုံးနေသော မိမိ (消失的我) I'm Gone 2026 Movie 👁️🪞 "ကားအက်စီးဒင့်တစ်ခုအပြီးမှာ အတိတ်တွေအားလုံး ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေး......" ဒီတစ်ခါတကယ့်ကို စိတ္တဇဆန်ဆန် ဦးနှောက်ခြောက်စေမယ့် Suspense / Mystery ရုပ်ရှင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းက "ငါ ဘယ်သူလဲ" ဆိုတဲ့ လျှို့ဝှက်ချက်ကို မှန်တစ်ချပ် အခန်းမှောင်တစ်ခန်းနဲ့ ထိန့်လန့်စရာ ပုံဖော်ထားတာပါ ဇာတ်လမ်းအကျဉ်း 📝 ပြင်းထန်လှတဲ့ ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးလေး Xu Meng ဟာ သူမရဲ့ အတိတ်အမှတ်တရတွေအားလုံး ပျောက်ဆုံးပြီး အတိတ်မေ့သွားခဲ့ရပါတယ် အဲဒီလို အားကိုးရာမဲ့နေတဲ့ အချိန်မှာပဲ ရုပ်ရည်ရော ငွေကြေးပါ ပြည့်စုံလှတဲ့ ယောက်ျား Qin Shibin နဲ့ ဆုံတွေ့ခဲ့ပြီး သူမဟာ Qin Shibin အပေါ် အသက်ထက်မက သံယောဇဉ်တွယ်ကာ ချစ်မိသွားခဲ့ပါတော့တယ် သူတို့နှစ်ယောက်ဟာ တစ်အိမ်တည်းမှာ အတူတူ နေထိုင်ခဲ့ကြပြီး အစပိုင်းမှာတော့ အရာရာဟာ စိတ်ကူးယဉ်အိပ်မက်တစ်ခုလို သာယာလို့နေခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ Xu Meng ဟာ အိမ်ထဲက လူမသိသူမသိ ပိတ်ထားတဲ့ လျှို့ဝှက်ခန်း တစ်ခုကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ် အဲဒီအခန်းထဲကို ဝင်သွားတဲ့အချိန်မှာတော့ သူမကို တုန်လှုပ်ခြောက်ခြားသွားစေတာက အခန်းထဲမှာ ပုပ်ပွနေတဲ့ အမျိုးသမီး အလောင်းတစ်လောင်းရှိနေတာပါပဲ ပိုပြီး ထိတ်လန့်စရာကောင်းတာက အဲဒီအလောင်းကို တွေ့ပြီးနောက် မှန်ထဲကို ပြန်ကြည့်လိုက်တဲ့အခါမှာ မှန်ထဲက မြင်နေရတဲ့ မိမိကိုယ်တိုင်ရဲ့ မျက်နှာဟာ Xu Meng ရုပ်ရည်မဟုတ်တော့ဘဲ အခန်းမှောင်ထဲက သေဆုံးနေတဲ့ ထိုအမျိုးသမီး ရဲ့ မျက်နှာအဖြစ် ပြောင်းလဲသွားတာကို ကြောက်မက်ဖွယ် တွေ့လိုက်ရတဲ့အခါမှာတော့ အမှန်တရားကို လိုက်လံစုံစမ်းပါတော့တယ် ဒါပေမဲ့ အမှန်တရားရဲ့ နောက်ကွယ်ကို လိုက်လေလေ ဒီမျက်နှာပြောင်းလဲမှုနဲ့ ယောက်ျားဖြစ်သူ Qin Shibin ရဲ့ နောက်ကွယ်မှာ သာမန်လူတွေ တွေးလို့မရနိုင်လောက်အောင် နက်ရှိုင်းပြီး ကြောက်စရာကောင်းတဲ့ ကစားပွဲကြီးရှိနေမှန်း သိလိုက်ရတဲ့အခါ... ဒီရုပ်ရှင်လေးက အိပ်မက်လား တကယ်လား ခွဲမရအောင် ဇာတ်ကောင်ကိုရော ကြည့်ရှုသူကိုပါ စိတ္တဇဝင်္ကပါထဲ ပိတ်လှောင်ထားတဲ့ Plot မျိုးဖြစ်ပြီးဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုက မှန်ထဲက မျက်နှာက ဘာလို့ သူများမျက်နှာ ဖြစ်နေရတာလဲ အခန်းမှောင်ထဲက အလောင်းကကော ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်ရှိန်ကို တောက်လျှောက် ဆွဲတင်ထားတာမို့ စိတ်၀င်စားစရာအရမ်းကောင်းနေမှာပါ ကဲ မှန်တစ်ချပ်ရဲ့ နောက်ကွယ်မှာ ပျောက်ဆုံးသွားတဲ့ သစ္စာတရားကို SoulKingdom မှာ အခုပဲ ရှုစားလိုက်ရအောင် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/269

" PK " (2014) " PK " (2014) IMDB 8.1 ဒီရုပ်ရှင်ကတော့ Aamir Khan ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို ၂၀၁၄ ခုနှစ်အတ
" PK " (2014) " PK " (2014) IMDB 8.1 ဒီရုပ်ရှင်ကတော့ Aamir Khan ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို ၂၀၁၄ ခုနှစ်အတွက် အိန္ဒိယရုံတင်ဝင်ငွေ သန်း ၈၅၀ ကျော်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁.၂ ဘီလီယံအထိတောင် ပေါက်သွားခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း... ဒီ ဇာတ်လမ်းက အကျဉ်းရေးဖို့မလိုလောက်အောင်လူသိများတဲ့ရုပ်ရှင်ဖြစ်သလို ဘာသာရေးနဲ့ဆက်နွယ်ပြီး နိုင်ငံတကာမှာ ပွဲတွေအများကြီးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့တာပါ။ ဘာသာရေးကို သရော်ပြီးရိုက်ထားတဲ့ကားဖြစ်သလို ဘာသာပေါင်းများစွာ ယုံကြည်ကိုးကွယ်မှုပေါင်းများစွာရှိတဲ့ အိန္ဒိယနိုင်ငံမျိုးကမှ ဒီလိုရုပ်ရှင်မျိုးထွက်ပေါ်လာခဲ့တာမို့ တော်တော်လေးကို Shock ရစရာဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းလေးက ရိုးရိုးလေးပါ တစ်ခြားကမ္ဘာကရောက်ရှိလာတဲ့ ဂြိုလ်သားတစ်ယောက်ဟာ သူယာဉ်ကိုပြန်ခေါ်တဲ့ပစ္စည်းလေးကို ခိုးခံခဲ့ရပြီး အဲ့ဒီ္ပစ္စည်းလေးကို လိုက်ရှာရာကနေ ဇာတ်လမ်းတွေ တွေးစရာတွေ ငြင်းခုံစရာတွေဖြစ်လာတော့တာပါပဲ... ဇာတ်လမ်းကောင်းမွန်လှတဲ့ ဒီကားလေးကို မသိတဲ့လူမရှိမှာမို့ ရုပ်ရှင်ကို ပြန်လည်ခံစားစီးမျောလိုက်ကြရအောင်ပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/htoohtet1986 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/htoohtet1986/1939

" Fateh " (2025) " Fateh " (2025) ဆိုနူဆုဟာ အသက် ၅၁နှစ်ရှိပြီဖြစ်ပေမယ့် သူရဲ့သွက်လက်ဖြတ်လတ်တဲ့ တိုက်ခိုက်ပုံတွေ အက်ရှင်ခန်းတွ
" Fateh " (2025) " Fateh " (2025) ဆိုနူဆုဟာ အသက် ၅၁နှစ်ရှိပြီဖြစ်ပေမယ့် သူရဲ့သွက်လက်ဖြတ်လတ်တဲ့ တိုက်ခိုက်ပုံတွေ အက်ရှင်ခန်းတွေကိုရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမယ့်... ဇာတ်လမ်းအကျဉ်း... နိုင်ငံတော်ရဲ့လျှို့ဝှက်အေးဂျင့်ဟောင်း ဖာတေဟာ သူ့အလုပ်ကအနားယူပြီး ပွန်ဂျပ်ဆိုတဲ့ရွာလေးမှာနွားမွေးမြူရေးကို အေးအေးဆေးဆေးလုပ်ကိုင်ပါတယ် တစ်ရက်မှာတော့ သူတို့ရွာက နီမရတ်ဆိုတဲ့ကောင်မလေးပျောက်သွားတဲ့အခါမှာ ဖာတေဟာသူစွန့်လွှတ်ခဲ့တဲ့ဘ၀ဆီပြန်သွားပြီး နီမရတ်အတွက်တရားမျှတမှုကိုရယူပါတယ်... ဒီဇာတ်ကားက လတ်တလော အင်တာနက်ပေါ်မှာဖြစ်ပွားနေတဲ့ ဆိုက်ဗားမှုခင်းတွေနဲ့ပက်သက်၍အသိပေးတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက် ဆိုက်ဗားမှုခင်းတွေကြုံလာရင် ရင်ဆိုင်ပုံ ကာကွယ်ရပုံတွေကိုစိတ်၀င်တစားရိုက်ကူးပြသထားပါတယ် နောက်ဆုံးမှာ နီမရတ်ကိုပဲကယ်ဆယ်နိုင်မလား... လူကောင်းဖြစ်သော်ငြားလည်း စိတ်မကောင်းစွာဇာတ်သိမ်းသွားမလားဆိုတာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/266

အကုသိုလ်တွေလုပ်ရင် ယမမင်းက ခွေးပုပိုက်ကြီးမှာ မှတ်လိုက်မှာ၊ ကုသိုလ်ကောင်းမှုတွေလုပ်ရင် သိကြားမင်းက ရွှေပုရပိုက်ကြီးမှာ မှတ်ထာ
အကုသိုလ်တွေလုပ်ရင် ယမမင်းက ခွေးပုပိုက်ကြီးမှာ မှတ်လိုက်မှာ၊ ကုသိုလ်ကောင်းမှုတွေလုပ်ရင် သိကြားမင်းက ရွှေပုရပိုက်ကြီးမှာ မှတ်ထားပေးမှာဆိုတဲ့စကားက ငယ်ငယ်က ခဏခဏ ကြားဖူးနားဝရှိနေတဲ့စကားပေါ့။ အစ္စလာမ်ဘာသာမှာကတော့ Sijjin နဲ့ Illiyyin လိုခေါ်တာပေါ့။ ဒါပေမဲ့ တစ်ခါတလေမှာ လောကကြီးရဲ့ဖိနှိပ်မှုတွေကြားမှာ လူတွေက အမုန်းတရားလွှမ်းမိုးပြီး မကောင်းမှုကိုမှ သိသိကြီးနဲ့ ရွေးချယ်မိတတ်ကြပါသတဲ့။ လောကကြီးနဲ့ယူလီအကြောင်းပြောရမယ်ဆို ဘာမှန်းမသိလိုက်ခင်မှာပဲ ဘဝရဲ့အချစ်ရဆုံးမိဘနှစ်ပါးနဲ့ အရာအားလုံးက ယူလီရဲ့ ဘဝကနေ စောစောစီးစီး ထွက်ခွာသွားကြတာပေါ့။ ဒီလိုနဲ့ အမ်ဘာဆိုတဲ့ မွေးစားတဲ့လူနဲ့တွေ့ပြန်တော့လည်း ကံကောင်းသလား ဆိုးသလား မပြောတတ်ပေမဲ့ အမ်ဘာရဲ့မိန်းမကတော့ ယူလီကို မယားငယ်သမီးလိုထင်ပြီး အစေခံလိုပဲဆက်ဆံတာပေါ့။ ကျန်တဲ့လူတွေကလည်း ဖာသိဖာသာပါပဲ။ ဒါကိုသည်းခံရင်းနဲ့ လုံးဝသည်းမခံနိုင်တော့တဲ့အဆုံး ယူလီတစ်ယောက် ကလဲ့စားချေဖိုလမ်းကို ရွေးချယ်လိုက်ချိန်မှာတော့… ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/190

အဓ္ဓမဝိုင်းကျင့်ခံရပေမဲ့ တရားမျှတမှုမရတဲ့အပြင် ထပ်ကျူးလွန်ခံရပီး အဆုံးစီရင်သွားတဲ့သမီးဖြစ်သူအတွက် အမေတယောက်ရဲ့ ကလဲ့စားချေမှု
အဓ္ဓမဝိုင်းကျင့်ခံရပေမဲ့ တရားမျှတမှုမရတဲ့အပြင် ထပ်ကျူးလွန်ခံရပီး အဆုံးစီရင်သွားတဲ့သမီးဖြစ်သူအတွက် အမေတယောက်ရဲ့ ကလဲ့စားချေမှု (ဖြစ်ရပ်မှန်ဇာတ်ကား) ဖြစ်ရပ်သည် ဒီထက်မက ကြမ်းတမ်းပါသည် ーーーーーーーーーーーーーーーーー ပေတေ ဆိုးသွမ်းနေတဲ့ ကောင်လေးတစ်ယောက်ကို ကြိတ်ချစ်မိနေတဲ့ကောင်မလေးတစ်ယောက် အဲကောင်မလေးကို ကောင်လေးက တိတ်တခိုး ချိန်းပြီး သူငယ်ချင်းတွေနဲ.အတူ အုပ်စုဖွဲမုဒိန်းကျင့် ခံခဲ့ရပါတယ်။ အဲ မုဒိန်းကျင့်တဲ့ဗီဒီယိုဖိုင်ကို ပြပြပြီး ကောင်မလေးကို အမျိုးမျိုး အကြပ်ကိုင် ခဲ့ကြတယ်။ ကောင်မလေးကသည်းမခံနိုင်တဲ့နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်သေ ကြောင်းကြံစည်ခဲ့တယ်။ မသေခင်လေးမှာ ကောင်မလေးက Don’t Cry Mommy ! ဆိုတဲ့စာသားပုံဖော်ထားတဲ့ကိတ်မုန့်လေးကို သူမအမေတွက်ဝယ်ပေးထားခဲ့ပါတယ်။ ကောင်မလေးရဲ့အမေက သူ့သမီးလေးရဲ့ဖုန်းကိုဖွင့်ကြည့်မိတော့ vedio ဖိုင်နဲ့ခြိမ်းခြောက်ထားတာကိုတွေပြီးလက်စားချေပါတော့တယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/262

မြန်မာနိုင်ငံမှာပြသခွင်ပိတ်ထားခံရတဲ့ဇာတ်ကား မြန်မာ့နောက်ခံ သမိုင်းအသားပေး ဇာတ်ကာကြီး Be*yond Ran*goon ကိုမိတ်ဆက်ပေးပါရစေ။ ဒီဇ
မြန်မာနိုင်ငံမှာပြသခွင်ပိတ်ထားခံရတဲ့ဇာတ်ကား မြန်မာ့နောက်ခံ သမိုင်းအသားပေး ဇာတ်ကာကြီး Be*yond Ran*goon ကိုမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ဆို ၁၉၈၈ ခုနှစ်မှာ မြန်မာ နိုင်ငံကိုလာလည်တဲ့ tou*rist တဖွဲ့ဟာ ၈၈၈၈ up*ris*ing ကိုကြုံတွေ့ရပုံကို ရိုက်ကူးပြသထားတာ ပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ သဘောသဘာဝတွေအများအပြားပါဝင်ထားပြီး ထူးခြားတာ တစ်ခုက ဒီဇာတ်ကားဟာ မြန်မာ နိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ပဲ မလေးရှားနိုင်ငံမှာပဲ ဇာတ်ဝင်ခန်းအားလုံးကိုရိုက်ကူးခဲ့တာဖြစ်ြပြီး ဒီဇာတ်ကားထဲမှာ အပြင်မှာ လက်တွေ့ကြုံတွေ့ခဲ့ ကြရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တွေ့ ဘဝတွေကို မီးမောင်းထိုးရိုက်ကူးပြသထားတာပါ။ ဒီဇာတ်ကားဟာ ဥရောပမှာသာမက အမေရိကမှာပါအထူးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ် ။ ချန်နယ်လင့်🔽🔽🔽 https://t.me/htoohtoo161120 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/htoohtoo161120/970

ပန်နစ်ရှာ: နောက်ဆုံးသတ်ဖြတ်မှုတစ်ခု (၂၀၂၆) ==================================== IMDb Rating (9.4) / Rotten Tomatoes (86%) ဒီတ
ပန်နစ်ရှာ: နောက်ဆုံးသတ်ဖြတ်မှုတစ်ခု (၂၀၂၆) ==================================== IMDb Rating (9.4) / Rotten Tomatoes (86%) ဒီတစ်ခါတော့ ဒစ္စနေကနေ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ "ပန်နစ်ရှာ: နောက်ဆုံးသတ်ဖြတ်မှုတစ်ခု" ဆိုတဲ့ မာဗယ် အထူးဇာတ်လမ်းတိုလေးတင်ပေးထားပါတယ်။ ပန်နစ်ရှာ ကြီးပါပဲ။ ဒီကားက ရုပ်ရှင်ကားကြီးတော့ မဟုတ်ဘူး၊ အချိန် ၄၈ မိနစ်လောက်ပဲ ကြာတဲ့ Ma*rv*el Tel*ev*is*i*on Sp*ec*i*al Pr*es*en*ta*ti*on လေးပါ။ ဒါပေမဲ့ တိုတိုနဲ့ တုတ်တုတ်ဆိုသလိုပဲ အက်ရှင်ခန်းတွေကတော့ တော်တော်လေး အကြမ်းစားပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++++ Fr*a*nk Ca*st*le ကြီးဟာ သူ့မိသားစုအတွက် ကလဲ့စားချေပြီးသွားတဲ့နောက်ပိုင်း သွေးထွက်သံယိုကိစ္စတွေနဲ့ ဝေးဝေးနေဖို့ ကြိုးစားရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ လုပ်နေတဲ့အချိန်ကနေ စထားတယ်။ ဒါပေမဲ့ ခပ်ဆိုးဆိုး ဂိုဏ်းစတားခေါင်းဆောင် M*a Gn*uc*ci က သူ့ကို လာရန်စပြီး လူမိုက်တွေလွှတ် လုပ်ကြံခိုင်းတဲ့အခါမှာတော့ ငြိမ်နေတဲ့ကျား အမြီးအဆွဲခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။ မင်းသားကြီး Jon Bernthal ကပဲ Fr*a*nk Ca*st*le နေရာကနေ ပြန်ပါလာပြီး အရင်ကထက်ကို ပိုပြီး ကြမ်းရမ်းပြထားပါတယ်။ ဇာတ်လမ်းရဲ့ အသက်ကတော့ အက်ရှင်ခန်းတွေပါပဲ။ တိုက်ခိုက်ခန်းတွေက John Wick ကို အဆပေါင်းများစွာ မြှောက်ထားသလိုပဲ သွေးထွက်သံယို အလွန်များပြီး R-rating ပီပီ အရမ်းကို ကြမ်းပါတယ်။ အချိန်တိုတဲ့အတွက် ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အရမ်းကြီး အသေးစိတ် မဆွဲဆန့်ထားဘဲ အက်ရှင်နဲ့ လိုရင်းကိုပဲ သွားထားတာမို့ အီသွားတာမျိုး၊ ပျင်းသွားတာမျိုး လုံးဝမရှိပါဘူး။ အကြမ်းစား တိုက်ခိုက်ခန်းတွေနဲ့ Frank Castle ကြီးရဲ့ အငွေ့အသက်တွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ အပန်းဖြေရင်း အမုန်းကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/htoohtet1986 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/htoohtet1986/1921

"ရေအောက်ကမ္ဘာရဲ့လျို့ဝှက်ချက်" Three Lines of Reincarnation ( 2023 ) မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပ
"ရေအောက်ကမ္ဘာရဲ့လျို့ဝှက်ချက်" Three Lines of Reincarnation ( 2023 ) မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား..... ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။ မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/258

လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား Bl_ad-es o-f the Gu-ar_di-an_s: W-i_n-d Ri-se_s in the D-es_er-t (2-0-2-6)
လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား Bl_ad-es o-f the Gu-ar_di-an_s: W-i_n-d Ri-se_s in the D-es_er-t (2-0-2-6) IMDB ⭐️ 7.3/10 ဖြူုနှချောလှ တရုတ်သိုင်းကားတွေကို စိတ်ညစ်လှပါပြီဆိုတဲ့ ဝူရှချစ်သူတို့အတွက် ဝူရှစစ်စစ်ကိုမှ ရေမရောတဲ့ ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ ဟုတ်ပါတယ် ဒီဇာတ်ကားကတော့ လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ B_l-a_d-e-s O-f T-h_e G-u_a-r-d_i-a-n_s (2-0-2-6) ပါပဲ။ Castတွေအနေနဲ့ကတော့ တရုတ်အက်ရှင်မင်းသားကြီး Jing Wu နဲ့ ကျွန်တော်တို့အချစ်တော် ဟွားဝူချွဲမင်းသား Nicholas Tse တို့အပြိုင်ကြဲထားတဲ့အပြင် ဂျက်ကီချန်း ဂျက်လီတို့လို တကယ့် ဆရာ့ဆရာကြီးတွေနဲ့ ရှယ်ပလန်ထားတဲ့ရှယ်ကားမလို့ မကြည့်မိလိုက်ရင်တော့ နောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့ ဝေ့ဝိုက်နေရမယ်နော်။ နာမည်ကြီး တရုတ် Manhua "Biao Ren" ကို အသက်သွင်းထားတဲ့ ဒီဇာတ်လမ်းကတော့ စွေမင်းဆက်နှောင်းပိုင်း မငြိမ်မသက်ဖြစ်နေတဲ့ ကာလမှာ အခြေတည်ထားပါတယ်။ သောင်းမာဆိုတာ သိုင်းပညာ ပြိုင်ဘက်ကင်းပြီး ကုန်ပစ္စည်းပို့ဆောင်ပေးရတဲ့ အလုပ် အစောင့်အရှောက်ဘဝနဲ့ အသက်မွေးတဲ့ ထိပ်တန်း ဓားသမားတစ်ယောက်ပါ။ သူက ကလေးငယ်လေး ရှောင်ချီးကိုခေါ်ပြီး လေလွင့်သွားလာနေရင်း အကြွေးတစ်ခုကို ဆပ်ဖို့အတွက် အင်မတန် အန္တရာယ်များတဲ့ အစောင့်အရှောက်တာဝန်တစ်ခုကို မတတ်သာဘဲ လက်ခံလိုက်ရပါတယ်။ ပြဿနာက အဲဒီမှာ စတာပါပဲ။ သူတို့ ကာကွယ်ပေးပြီး သဲကန္တာရကိုဖြတ်ကာ ခရီးဆက်ရမဲ့သူက သာမန်လူမဟုတ်ဘဲ  နန်းတွင်း အရှုပ်အထွေးတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ ဗဟိုချက် ပုန်ကန်သူဖြစ်နေတဲ့အခါ… သောင်းမာ တစ်ယောက် ကလေးတစ်ဖက်နဲ့ သဲကန္တာရ လေပြင်းတွေကြားမှာ မျိုးစုံသော လူသတ်သမားတွေ ကြေးစားတွေ ရက်စက်တဲ့ စွေစစ်တပ်ကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့… သိုင်းကွက်တွေက လေထဲပျံဝဲနေတဲ့ CGI အလွန်အကျွံတွေမပါဘဲ Raw ဖြစ်တဲ့ ဓားသိုင်းခန်းလှလှတွေ၊ အနီးကပ် ဓားခုတ်ခန်းတွေနဲ့ တီဗီခေတ်က ဝူရှဇာတ်ကားကောင်းတွေရဲ့အငွေ့အသက်ကို ပြန်မြင်ရမဲ့ ဇာတ်ကားအနှစ်လေးမလို့ ခုပဲရှုစားလိုက်ကြပါဦး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/256

Boonie Bears: The Hidden Protector 2026 ဝက်ဝံညီအစ်ကို၂ယောက် နှစ်သစ်ကူးမှာ ကမ္ဘာကြီးကိုကယ်တင်သွားမယ် ၂၀၂၆ခုနှစ်ထွက် ရုပ်ရှင်ဇာ
Boonie Bears: The Hidden Protector 2026 ဝက်ဝံညီအစ်ကို၂ယောက် နှစ်သစ်ကူးမှာ ကမ္ဘာကြီးကိုကယ်တင်သွားမယ် ၂၀၂၆ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ Boonie Bears ရုပ်ရှင်တွေက တစ်ကားထပ်တစ်ကား သိသိသာသာ အရည်အသွေးကောင်းလာပြီး ဒီကားမှာဆိုရင်တော့ ရိုးရိုးဟာသကွက်တွေထပ် ကမ္ဘာပျက်မယ့်အန္တရာယ်တွေကိုရင်ဆိုင်ရမှာမလို့ တိုက်ပွဲခန်းတွေ CGI Visual Effectsတွေက ပိုခမ်းနားပြီးသပ်ရပ်တဲ့အတွက် တော်တော်ကြည့်လို့ကောင်းတဲ့ Chinese Animation တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝက်ဝံကြီးရှုံတာ့က အရင်တုန်းကတော့ တောအုပ်ထဲမှာ အားလုံးကအားကိုးရတဲ့ ဦးဆောင်နိုင်တဲ့အစ်ကိုကြီးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့တောအုပ်လေးထဲကို မဖိတ်ခေါ်ပဲရောက်လာတဲ့ ထူးဆန်းတဲ့ဧည့်သည်တစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီဧည့်သည်လေးက သူ့ရဲ့စွမ်းအားတွေကို ဝက်ဝံလေးရှုံအာ့နဲ့ ဖိုးကတုံးကွမ်းထိုချန်တို့ကို လွှဲပေးလိုက်တဲ့အခါမှာတော့ အရင်ကအားအကိုးရဆုံးအစ်ကိုကြီးဘဝကနေ (၃)ယောက်အဖွဲ့လေးမှာ အားအနည်းဆုံး အစွမ်းအစအနည်းဆုံးသူတစ်ယောက်အဖြစ်ကိုရောက်သွားပါတယ် ရှုံတာ့ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် တောအုပ်လေးတင်မကပဲ တစ်ကမ္ဘာလုံး ပြောင်းပြန်လှန်ပျက်စီးကိန်းဆိုက်ရတော့မယ့် အခြေအနေကိုရောက်သွားခဲ့ပါတယ်။ ကိုယ့်ရဲ့အမှားကြောင့် ဒုက္ခရောက်နေရတဲ့သူငယ်ချင်းတွေကို ကယ်တင်ဖို့နဲ့ ကမ္ဘာကြီးကိုထိန်းသိမ်းဖို့အတွက် ရှုံတာ့တစ်ယောက် သူ့ရဲ့မာနတွေကိုချပြီး ရင်ထဲက သံယောဇဉ်အစစ်အမှန်တွေကိုလက်နက်လုပ်ပြီး ဒီအကျပ်အတည်းကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် Filesize : 2 GB / 1.09 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy, Fantasy, and Animation Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/253