en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
281
Subscribers
No data24 hours
+27 days
-630 days
Posts Archive
"ဟော်မုဇ်ရေလက်ကြားက ‘စည်းနီ’ ဖြစ်တယ် အီရန် သတိပေး" အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကမ္ဘာ့ရေနံတင်သင်္ဘောတွေ အများအပြား
"ဟော်မုဇ်ရေလက်ကြားက ‘စည်းနီ’ ဖြစ်တယ် အီရန် သတိပေး" အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကမ္ဘာ့ရေနံတင်သင်္ဘောတွေ အများအပြား ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြားဟာ အီရန်အတွက် ကျော်ဖြတ်ခွင့်မပြုနိုင်တဲ့ ‘စည်းနီ’ ဖြစ်တယ်လို့ သတိပေးလိုက်ပြီး ပြင်ပက ခြိမ်းခြောက်မှုတွေရှိလာရင် အဆုံးထိ ခုခံသွားမယ်လို့ ထုတ်ပြန်ပြောကြားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပင်လယ်ကွေ့ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာချိန် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ - အီရန်ဘက်ကတော့ ပုံမှန်ရေကြောင်းသွားလာမှုကို ပိတ်ဆို့ဖို့ မရည်ရွယ်ဘူးလို့ ဆိုပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာရင် ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ပိတ်ဆို့နိုင်တဲ့ စစ်ရေးစွမ်းရည်ရှိတယ်လို့ အလေးပေးပြောထားပါတယ်။ ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ငါးပုံတစ်ပုံခန့်ဟာ ဒီရေလက်ကြားကို ဖြတ်သန်းနေတာကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာရင် ကမ္ဘာ့ရေနံဈေးနဲ့ စီးပွားရေးဈေးကွက်တွေကို ထိခိုက်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ KT July 17

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့
ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာအသင်းသည် လေ့ကျင့်ရေးအစီ အစဉ်အတွင်း နည်းဗျူဟာပိုင်း၊ အသင်းလိုက်ပူးပေါင်းကစားပုံနှင့် ကြံ့ခိုင်မှုပိုင်းများကိုအဓိကထားလေ့ကျင့်ခဲ့ပြီး ဗီယက် နမ်အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်နေကြောင်း သိရသည်။ မြန်မာနှင့် ဗီယက်နမ်တို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ Thai Nguyen Stadium၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား မြန်မာနိုင်ငံတစ်ဝန်း၌ ဆိုလာစနစ်အသုံးပြုမှုမျာ
မီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား မြန်မာနိုင်ငံတစ်ဝန်း၌ ဆိုလာစနစ်အသုံးပြုမှုများပြားလာရာ မီးသတ်ဦးစီးဌာနရှိမီးသတ်တပ်ဖွဲ့ဝင်များအား ဆိုလာစနစ်မီးဘေးလုံခြုံရေးဆိုင်ရာသင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ဆိုလာစနစ်၏ တည်ဆောက်ပုံကိုစနစ်တကျနားလည်သိရှိပြီး အိမ်သုံးဆိုလာစနစ်(Home Solar System)နှင့် Solar Farm ကြီးများကို မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုမှုများ စနစ်တကျဆောင်ရွက်နိုင်ရန်၊ ဆိုလာစနစ်ကြောင့် မီးလေ-ာင်မှု/မီးလန့်မှုများကြုံတွေ့ပါက ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မီးငြှိမ်းသ-တ်ဆောင်ရွက်နိုင်စေရန်၊ ဆိုလာစနစ်ကြောင့် မီးလေ-ာင်မှုဖြစ်ပွားနိုင်သောအခြေအနေများကို ပြည်သူလူထုအတွင်း အသိပညာပေးရာ၌ အထောက်အကူရစေရန်ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD ရနိုင်ပြီ အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသာ
တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD ရနိုင်ပြီ အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ယူလို့ရနေပါပြီ။ တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို တုံ့ပြန်ဖို့နဲ့ ပညာရေးသုတေသနတွေနဲ့ စီးပွားရေးလက်တွေ့နယ်ပယ်ကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့အတွက် အဆင့်မြင့်ပညာရေးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ ပြောင်းလဲပြင်ဆင်နေတာပါ။ ၂၀၂၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အမျိုးသားဘွဲ့နှင်းဥပဒေအရ နည်းပညာပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့လျှောက်မယ့်သူတွေကို ပုံမှန်လုပ်နေကျဖြစ်တဲ့ ဘွဲ့လွန်ကျမ်းပြုစုခြင်းကို ကျော်ဖြတ်နိုင်မယ့် လမ်းကြောင်းနှစ်သွယ် ပညာရေးစနစ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/တရုတ်နိုင်ငံက-အင်ဂျင်နီ/

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD ရနိုင်ပြီ Credit to Popular Journal - အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။ ​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို တုံ့ပြန်ဖို့နဲ့ ပညာရေးသုတေသနတွေနဲ့ စီးပွားရေးလက်တွေ့နယ်ပယ်ကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့အတွက် အဆင့်မြင့်ပညာရေးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ ပြောင်းလဲပြင်ဆင်နေတာပါ။ ၂၀၂၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အမျိုးသားဘွဲ့နှင်းဥပဒေအရ နည်းပညာပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့လျှောက်မယ့်သူတွေကို ပုံမှန်လုပ်နေကျဖြစ်တဲ့ ဘွဲ့လွန်ကျမ်းပြုစုခြင်းကို ကျော်ဖြတ်နိုင်မယ့် လမ်းကြောင်းနှစ်သွယ် ပညာရေးစနစ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ ​အဲဒီအစား ကျောင်းသားတွေကို တကယ်ထိတွေ့လို့ရတဲ့ လက်တွေ့ကမ္ဘာက တီထွင်ဆန်းသစ်မှုတွေအပေါ်မှာ မူတည်ပြီး အကဲဖြတ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တကယ်အလုပ်လုပ်နိုင်တဲ့ ထုတ်ကုန်တွေ၊ ဆန်းသစ်တဲ့ စက်မှုနည်းပညာတွေ ဒါမှမဟုတ် အဓိက အင်ဂျင်နီယာစနစ်ကြီးတွေ ဖြစ်ပြီး ဒါတွေကို စာသားအစီရင်ခံစာတစ်ခု၊ […]

ဇူလိုင် ၂၅ ရက်အထိ နေရာအများအပြား မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန် မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၁၇ မြ
ဇူလိုင် ၂၅ ရက်အထိ နေရာအများအပြား မိုးကြီးနိုင်ပြီး ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန် မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၁၇ မြန်မာနိုင်ငံတွင် ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းမှ ဇူလိုင် ၂၅ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၇/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ မိုးလေဝသအခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းနှင့် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဇူလိုင်-၂၅-ရက်အထိ-နေရာအမ/

ပြည်သူရွံတဲ့ PDF .. ပြည်သူတွေကို အကြမ်းဖက် PDF တွေက အဓမ္မပေါ်တာဆွဲပြီး သင်တန်းပေးတယ်.. ပေါ်တာဆွဲခံရတဲ့ လူငယ်တွေက မနေချင်တော့
ပြည်သူရွံတဲ့ PDF .. ပြည်သူတွေကို အကြမ်းဖက် PDF တွေက အဓမ္မပေါ်တာဆွဲပြီး သင်တန်းပေးတယ်.. ပေါ်တာဆွဲခံရတဲ့ လူငယ်တွေက မနေချင်တော့ ထွက်ပြေးတယ်... ထွက်ပြေးတော့ ပြန်ဖမ်းပြီး ဒလန်စွပ်စွဲသတ်ဖြတ်ဖို့လုပ်နေပြီ.. တော်တော်ယုတ်မာတဲ့ကောင်တွေပဲ.. မှိုင်းဝေ

MAI က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင် (၁၈)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း
MAI က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင် (၁၈)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဉ်သစ်ကို ဇူလိုင် (၁၈)ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မန်းရတနာပုံလေကြောင်းလိုင်းသည်လည်း ရန်ကုန်-အနီးစခန်း (ပြင်ဦးလွင်) ခရီးစဉ်ကို ဇူလိုင် ၁၇ ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း ပြေးဆွဲမည်ဖြစ်သည်။ ရန်ကုန်မှ အနီးစခန်းသို့ လက်မှတ်ခမှာ ကျပ် ၃၀၄,၀၀၀ ဖြစ်ကာ အနီးစခန်းမှ ရန်ကုန်သို့ လက်မှတ်ခမှာ ကျပ် ၂၉၄,၀၀၀ ဖြစ်ကြောင်း သိရသည်။ အလားတူ ကျိုင်းတုံ-အနီးစခန်းနှင့် အနီးစခန်း-ကျိုင်းတုံ ခရီးစဉ်များကို ဇူလိုင် ၂၄ ရက်မှစတင်၍ ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၄၁၆,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။ ဟဲဟိုး-အနီးစခန်းနှင့် အနီးစခန်း-ဟဲဟိုး ခရီးစဉ်များအတွက် လက်မှတ်ခကို ကျပ် ၂၆၄,၀၀၀ သတ်မှတ်ထားကြောင်းလည်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/mai-က-ရန်ကုန်-ပြင်ဦးလွင်အနီ/

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြော ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေး
ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြော ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတောင်တန်းသစ်တောဒေသစနစ်တည်ရှိရာဒေသတွင် နိုင်ငံဧရိယာ၏ (၂ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်သော ဧက(၄ ဒသမ ၃) သန်းအား သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုအဖြစ် သတ်မှတ်ထူထောင်ထားသည်ဟု ပြောသည်။ ယင်း သစ်တောကြီးများ၌ အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများကိုလက်ခံထိန်းသိမ်းပေးထားပြီး အချို့အစိတ်အပိုင်းများမှာ ယနေ့တိုင်မပျက်မစီးဘဲမူလအတိုင်း တည်ရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။

အမျိုးသမီးရေးရာဝန်ကြီးဌာန၏ (၅) နှစ်တာလုပ်ငန်းစီမံချက်နှင့် အမျိုးသမီးများဘဝမြှင့်တင်ရေးအစီအစဉ်များကို လွှတ်တော်တွင် မေးမြန်း
အမျိုးသမီးရေးရာဝန်ကြီးဌာန၏ (၅) နှစ်တာလုပ်ငန်းစီမံချက်နှင့် အမျိုးသမီးများဘဝမြှင့်တင်ရေးအစီအစဉ်များကို လွှတ်တော်တွင် မေးမြန်း နေပြည်တော်၊ ဇူလိုင် ၁၇ အသစ်ဖွဲ့စည်းထားသည့် အမျိုးသမီးရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် လာမည့် (၅) နှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအေးချမ်းက မေးမြန်းခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အမျိုးသမီးရေးရာဝန်ကြီး/

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြော ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေး
ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြော ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတောင်တန်းသစ်တောဒေသစနစ်တည်ရှိရာဒေသတွင် နိုင်ငံဧရိယာ၏ (၂ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်သော ဧက(၄ ဒသမ ၃) သန်းအား သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုအဖြစ် သတ်မှတ်ထူထောင်ထားသည်ဟု ပြောသည်။ ယင်း သစ်တောကြီးများ၌ အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများကိုလက်ခံထိန်းသိမ်းပေးထားပြီး အချို့အစိတ်အပိုင်းများမှာ ယနေ့တိုင်မပျက်မစီးဘဲမူလအတိုင်း တည်ရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။

အိန္ဒိယသင်္ဘောသားများကို ဟော်မုဇ်ရေလမ်းကြောင်းသို့မလွှတ်--နူးဒေလီ ဒေသတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေချိန်တွင် ဟော်မုဇ်ရေလ
အိန္ဒိယသင်္ဘောသားများကို ဟော်မုဇ်ရေလမ်းကြောင်းသို့မလွှတ်--နူးဒေလီ ဒေသတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေချိန်တွင် ဟော်မုဇ်ရေလက်ကြားမှတဆင့် ဖြတ်သန်းခုတ်မောင်းသော သင်္ဘောများပေါ်၌ မိမိနိုင်ငံ၏ သင်္ဘောသားများကို တာဝန်မပေးရန် သင်္ဘောပိုင်ရှင်များ၊ သင်္ဘောမန်နေဂျာများနှင့် အလုပ်ခန့်ထားရေးကုမ္ပဏီများကို အိန္ဒိယအစိုးရက ညွှန်ကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး သင်္ဘောသားထောက်ပံ့သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလိုင်းများတွင် သင်္ဘောသား ၃ သိန်းကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။ နောက်ထပ် ညွှန်ကြားချက်မထုတ်မချင်း ဟော်မုဇ်ရေလက်ကြားမှတဆင့် ဖြတ်သန်းခုတ်မောင်းသည့် သင်္ဘောများပေါ်တွင် အိန္ဒိယသင်္ဘောသားများကို တာဝန်မပေးရဟု ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်၌ သင်္ဘောလုပ်ငန်းညွှန်ကြားရေးမှူးချုပ်ရုံးက ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အိန္ဒိယသင်္ဘောသားများက/

July-17 17-7-2026 °°°°°°°°°° ▪️ ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်သူများ၊ ▪️ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ။
July-17 17-7-2026 °°°°°°°°°° ▪️ ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်သူများ၊ ▪️ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ။

အမေရိကန်က အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်မှုအသစ်တွေထပ်လုပ်တယ်- အီရန် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံအတွင်းရှိ တံတားတ
အမေရိကန်က အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်မှုအသစ်တွေထပ်လုပ်တယ်- အီရန် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံအတွင်းရှိ တံတားတွေကို ထိမှန်ခဲ့တယ်လို့ အီရန်က ပြောပြီး၊ တင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန်မှာ အမေရိကန်က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတစ်စင်းကို တက်ရောက်စစ်ဆေးခဲ့ပါတယ်။

အမေရိကန်က အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်မှုအသစ်တွေထပ်လုပ်တယ်- အီရန် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံအတွင်းရှိ တံတားတ
အမေရိကန်က အရပ်သားအဆောက်အဦတွေကို တိုက်ခိုက်မှုအသစ်တွေထပ်လုပ်တယ်- အီရန် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံအတွင်းရှိ တံတားတွေကို ထိမှန်ခဲ့တယ်လို့ အီရန်က ပြောပြီး၊ တင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန်မှာ အမေရိကန်က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတစ်စင်းကို တက်ရောက်စစ်ဆေးခဲ့ပါတယ်။

"၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ တရုတ် ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ ထရမ့် စွပ်စွဲ" အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၀ အမေရိကန်သမ္မတရွ
"၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ တရုတ် ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ ထရမ့် စွပ်စွဲ" အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း တရုတ်နိုင်ငံဟာ မဲဆန္ဒရှင်အချက်အလက် ၂၂၀ သန်း ကို တရားမဝင် ရယူခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ ထရမ့်က ဒီဖြစ်ရပ်ကို အမေရိကန်ရွေးကောက်ပွဲ လုံခြုံရေးအတွက် “မကြုံစဖူး အိပ်မက်ဆိုး” လို့လည်း ပြောဆိုခဲ့ပါတယ်။ - ဒါပေမယ့် ဒီစွပ်စွဲချက်တွေဟာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းတွေ ထုတ်ပြန်ခဲ့တဲ့ ယခင်စုံစမ်းစစ်ဆေးမှုရလဒ်တွေနဲ့ ကွဲလွဲနေပါတယ်။ ၂၀၂၁ ခုနှစ် အစီရင်ခံစာတွေအရ တရုတ်နိုင်ငံက ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲပေးစနစ်၊ မဲရေတွက်မှု ဒါမှမဟုတ် မဲစာရင်းတွေကို ဝင်ရောက်ပြောင်းလဲခဲ့တဲ့ အထောက်အထား မတွေ့ရှိခဲ့ကြောင်း ဖော်ပြထားပြီး ကျွမ်းကျင်သူတွေကလည်း ဖော်ပြထားတဲ့ အချက်အလက်အချို့ဟာ အများပြည်သူကြည့်ရှုနိုင်တဲ့ မှတ်တမ်းတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ KT July 17

"AI ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံ ၂၉ နိုင်ငံ လက်တွဲ၊ WAICO အဖွဲ့သစ် ထူထောင်" တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ အ
"AI ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံ ၂၉ နိုင်ငံ လက်တွဲ၊ WAICO အဖွဲ့သစ် ထူထောင်" တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ အခမ်းအနားအတွင်း နိုင်ငံပေါင်း ၂၉ နိုင်ငံ က AI နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အုပ်ချုပ်မှုစနစ်တွေကို မြှင့်တင်ဖို့ World AI Cooperation Organization (WAICO) အမည်ရှိ နိုင်ငံတကာအဖွဲ့အစည်းသစ်ကို တည်ထောင်ရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဖွဲ့ရဲ့ ရုံးချုပ်ကို ရှန်ဟိုင်းမြို့မှာ ထားရှိမှာဖြစ်ပြီး ရုရှား၊ ဘရာဇီး၊ ဘီလာရုစ်၊ ဆားဘီးယား၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ အာရှ၊ အာဖရိကနိုင်ငံများစွာက တည်ထောင်သူအဖွဲ့ဝင်တွေအဖြစ် ပါဝင်ထားပါတယ်။ - WAICO အဖွဲ့က AI နည်းပညာကို လူသားအားလုံးအတွက် အကျိုးရှိပြီး ဘေးကင်းလုံခြုံကာ မျှတစွာ အသုံးချနိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအခမ်းအနားကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်လည်း တက်ရောက်ခဲ့ပြီး WAICO တည်ထောင်ရေး အဆိုပြုချက်ကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့နှစ်မှာ စတင်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ KT July 17

VK နဲ့ Max App တွေ Google Play ကနေ ဖယ်ရှားခံရ Max နဲ့ VK app တွေဟာ Google Play Store ပေါ်ကနေ ဖယ်ရှားခံရပါတယ်။ "VK နဲ့ Max app
VK နဲ့ Max App တွေ Google Play ကနေ ဖယ်ရှားခံရ Max နဲ့ VK app တွေဟာ Google Play Store ပေါ်ကနေ ဖယ်ရှားခံရပါတယ်။ "VK နဲ့ Max app တွေ Google Play ကနေ ပျောက်သွားပါပြီ။ အရင်ကတည်းက သွင်းထားပြီးသား ဝန်ဆောင်မှုတွေနဲ့ app တွေကတော့ ဘာကန့်သတ်ချက်မှမရှိဘဲ ပုံမှန်အတိုင်း ဆက်ပြီး သုံးလို့ရနေပါတယ်" လို့ VK ဘက်က ပြောပါတယ်။ သတင်းထုတ်ပြန်ရေးဌာနရဲ့ ပြောပြချက်အရ Android အသုံးပြုသူတွေအနေနဲ့ Max နဲ့ VK app တွေထဲက စာတွေ၊ အစီအစဉ်တွေနဲ့ ဖုန်းခေါ်ဆိုမှုတွေအတွက် push notification တွေကို ဆက်ပြီး ရရှိနေဦးမှာ ဖြစ်ပါတယ်။ "VK app တွေနဲ့ Max ကို RuStore, Huawei AppGallery, Samsung Galaxy Store, Xiaomi GetApps နဲ့ တခြား Android app store တွေကနေတစ်ဆင့် ဒေါင်းလုဒ်ဆွဲပြီး သွင်းလို့ရပါတယ်" လို့ သတင်းထုတ်ပြန်ရေးဌာနက ပြောပါတယ်။

ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည် ဆိပ်ကမ်းတည်ဆောက်ပေးရန် လွှတ်တော်တွင် မေးမြန်း ဆီချဆိပ်ကမ်းတစ
ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည် ဆိပ်ကမ်းတည်ဆောက်ပေးရန် လွှတ်တော်တွင် မေးမြန်း ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်မှာ လတ်တလော အစီအစဉ်မရှိသေးကြောင်းနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ဆို နေပြည်တော်၊ ဇူလိုင်-၁၇ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု အရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို လွှတ်တော် အစည်းဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ထွန်းက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဟုမ္မလင်းမြို့တွင်-စက်သ/

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုမြှင့်တင်ရန်ရည်မှန်းထားဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးပြော မြန်
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုမြှင့်တင်ရန်ရည်မှန်းထားဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေးပြော မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်မှန်းထားသည်ဟု ဒုတိယသမ္မတဒေါ်နန်းနီနီအေး က ပြောသည်။ ဒုတိယသမ္မတဒေါ်နန်းနီနီအေးက ယနေ့ ဇူလိုင် ၁၇ ရက်နံ နက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ရပ်ဝန်းနှင့်ပိုးလမ်းမစ/ Video is too big