👩🏻🦰✍🏻သက်ထား
Open in Telegram
291
Subscribers
-124 hours
-17 days
+130 days
Posts Archive
292
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထံသို "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ပြောကြားချက်များမှကောက်နုတ်ချက်။
292
📌 မြန်မာနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း
💚 ထိုင်းဝန်ကြီးချုပ် အနုတင်က မြန်မာနိုင်ငံနှင့် လက်တွေ့ကျကျ ပြန်လည်ထိတွေ့ဆက်ဆံသည့် ချဉ်းကပ်မှု (calibrated re-engagement) ပြုလုပ်ရန် အာဆီယံအဖွဲ့ကို ဩဂုတ် (၄) ရက်တွင် ဂျာကာတာ၌ တိုက်တွန်းလိုက်သည်။
💚 ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တို့ တွေ့ဆုံနိုင်ခဲ့ခြင်းမှာ အဆိုပါ ချဉ်းကပ်မှု လမ်းကြောင်းမှန်ပေါ် ရောက်နေသည့် သာဓကဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးသည် အာဆီယံတစ်ဝန်းလုံးအတွက် အရေးကြီးကြောင်းလည်း အနုတင်က ပြောကြားခဲ့သည်။
💚 အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုကလည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍ မြှင့်တင်ရန် ထိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
သက်ထား
292
📌 မော်စကိုမြို့နှင့် နေပြည်တော်၊ ရန်ကုန် အပါအဝင် မြို့ပေါင်း ၁၉ မြို့အကြား သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လျှောက်ထားလွှာ လက်မှတ်ရေးထိုး
💚 ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် (၅) နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ ဖွင့်ပွဲတွင် မော်စကိုမြို့နှင့် နေပြည်တော်၊ ရန်ကုန် အပါအဝင် နိုင်ငံတကာမြို့ပေါင်း ၁၉ မြို့တို့အကြား သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
💚 သဘောတူညီချက်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် မော်စကို ဒုတိယမြို့တော်ဝန် မစ္စတာမက်စင်မ်လစ်ကဆူတော့တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
💚 ထို့ပြင် အိန္ဒိယ၊ တူရကီ၊ ဘရာဇီး၊ ဆာဘီးယား၊ သီရိလင်္ကာ အပါအဝင် အခြားနိုင်ငံတကာ မြို့ကြီးများနှင့် မော်စကိုမြို့တို့အကြားလည်း ပူးပေါင်းဆောင်ရွက်ရေး လျှောက်ထားလွှာများကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ စည်ပင်သာယာရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သက်ထား
292
Repost from ဖိုးမောင်
🇲🇲🇮🇳 အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် NUG/PDF အဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ
🔹 ရှာဖွေတွေ့ရှိမှုနှင့် သိမ်းဆည်းရမိမှု - Cerhlun ကျေးရွာမှ Lunglei မြို့သို့ မောင်းနှင်လာသည့် Maxi Cab ခရီးသည်တင် မော်တော်ယာဉ် (MZ-02-A-8347) ပေါ်မှ NUG/PDF အဖွဲ့ဝင် ၃ ဦးနှင့်အတူ -
AK သေနတ် (၇) လက် (ကာလတန်ဖိုး ရူပီး ၅ သိန်းခန့်)
ကျည်ဆန် (၂,၀၅၀) တောင့် (ကာလတန်ဖိုး ရူပီး ၅၀၀ ခန့်)
စုစုပေါင်း ကာလတန်ဖိုး ရူပီး ၄၅,၂၅,၀၀၀ ခန့်ရှိ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။
🔹 အရေးယူဆောင်ရွက်မှု - ဖမ်းဆီးရမိသူ ၃ ဦးကို Thingsai ရဲစခန်း၌ လက်နက်ဥပဒေ၊ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေတို့ဖြင့် အမှုဖွင့်ထားပြီး ဩဂုတ်လ ၄ ရက်နေ့တွင် Lunglei မြို့နယ် တရားရုံးသို့ ရမန်ယူ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
#Myanmar #India #Mizoram #Lunglei #BorderNews #LocalNews
ဖိုးမောင်
292
Repost from ဖိုးမောင်
🌐 ပုလဲမြို့အနီး ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆) နာရီ၊ (၄၁) မိနစ်၊ (၅၇) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပုလဲမြို့၏ အနောက်ဘက် (၂၂) မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။🔹 ငလျင်အချက်အလက်များ - ဗဟိုချက် တည်နေရာ - မြောက်လတ္တီတွဒ် (၂၁.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၂) ဒီဂရီ အနက် - (၈၉) ကီလိုမီတာ ပမာဏ - ၄.၉ (M) (အင်အားအနည်းငယ်ရှိသော မြေငလျင်) #Myanmar #Sagaing #Pale #Earthquake #EarthquakeUpdate #LocalNews ဖိုးမောင်
292
Repost from တိုက်ပွဲသတင်းစုံ
+5
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံးများဖြစ်ပေါ်ခဲ့သည့် ဆောင်ရွက်ဆဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ
တိုက်ပွဲသတင်းစုံ
292
Repost from ဖိုးမောင်
🚨 နမ့်စန်မြို့နယ်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးရမိ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် သတင်းအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။🔹 ဖမ်းဆီးရမိမှု - ဩဂုတ် ၄ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာ၏ တောင်ဘက် မီတာ ၂၅၀ ခန့်အကွာရှိ အလျား ၈၀ ပေ၊ အနံ ၆၀ ပေရှိ အဆောက်အအုံ ၁ လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂ ဦး (စုစုပေါင်း ၃၈ ဦး) ကို ဖမ်းဆီးရမိခဲ့သည်။ #Myanmar #ShandState #Namsang #OnlineScam #CyberCrime #LocalNews ဖိုးမောင်
292
မြန်မာတွေအတွက် ထိုင်းမှတ်ပုံတင်ကတ်အတုလုပ်ပေးတဲ့ဂိုဏ်းကို မဲဆောက်မြို့မှာဖမ်းဆီး
မြန်မာတွေအတွက် ထိုင်းမှတ်ပုံတင်ကတ်အတုလုပ်ပေးတဲ့ဂိုဏ်းကို မဲဆောက်မြို့မှာဖမ်းဆီး
292
Repost from ဖိုးမောင်
+1
🤝 ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှု ကုလသမဂ္ဂနှင့် အမေရိကန် အထက်လွှတ်တော် ကြိုဆို
🔹 ကုလသမဂ္ဂ၏ တုံပြန်ချက် - ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တို တွေ့ဆုံခဲ့မှုကို ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် ဖာရင် ဟတ် (Farhan Haq) က ဩဂုတ်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
🔹 အမေရိကန် အထက်လွှတ်တော်၏ သဘောထား - အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဂျင်ရစ်ချ် (Jim Risch) ကလည်း ယင်းတွေ့ဆုံမှုကို ကြိုဆိုပါသည်ဟု ပြောကြားခဲ့သည်။
🔹 ICRC ၏ ထုတ်ပြန်ချက် - ICRC အနေဖြင့် ချုပ်နှောင်ခံထားရသူများကို လုပ်ထုံးလုပ်နည်းအတိုင်း သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ တွေ့ဆုံမှုနှင့် ပတ်သက်သည့် အကြံပြုချက်များကို အာဏာပိုင်များထံသာ အသိပေးသွားမည်ဖြစ်သည်။
🔹 မိသားစု၏ တုံပြန်ချက် - ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris) က ယင်းတွေ့ဆုံမှုသတင်းသည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ် မျှော်လင့်ချက် ရရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။
#Myanmar #AungSanSuuKyi #ICRC #UN #USSenate #LocalNews
ဖိုးမောင်
292
📌 ရေကြည်မြို့နယ်တွင် ရေဘေးသင့်နေသည့် ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိ
💚 ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
💚 ထို့ကြောင့် သြဂုတ် (၄) ရက် နံနက် (၈) နာရီခွဲခန့်မှ စတင်ကာ ရေဝင်ရောက်နေသည့် တောင်လဟာကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။
သက်ထား
292
+1
📌 လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေး ပြန်လည်ရရှိစေရန် B2B Satellite Terminal နှင့် COW မိုဘိုင်းကားများ တပ်ဆင်
💚 ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal (၂) စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်လိုက်ပြီဖြစ်ကြောင်း သြဂုတ် (၄) ရက်တွင် သိရသည်။
💚 B2B Satellite Terminal (၂) စုံအနက် တစ်စုံကို စာရေးကွင်းအုပ်စု၊ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်း၌လည်းကောင်း၊ ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု၊ ဆိတ်နိုးကုန်းကျေးရွာ၌လည်းကောင်း တပ်ဆင်ထားသည်။
💚 ထို့ပြင် စာရေးကွင်းတွင် တပ်ဆင်ထားသည့် COW ရွေ့လျားမိုဘိုင်းကားကြောင့် MPT အသုံးပြုသူများအနေဖြင့် တစ်မိုင်ခွဲပတ်လည်အတွင်း ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက် သုံးစွဲခြင်းများကို ယင်းနေ့ညနေပိုင်းမှ စတင်၍ အသုံးပြုနိုင်ပြီဖြစ်သည်။
သက်ထား
292
📌 ဆည်တော်ကြီးဆည် ရေပြည့်ရန် (၁) ပေခွဲခန့်သာ လိုတော့သဖြင့် ရေတံခါးများ ဖွင့်ချထား၍ အရေးပေါ် ပြောင်းရွှေ့ကြရန် နှိုးဆော်
💚 မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည် ကန်ရေအမှတ်မှာ ရေပြည့်ရန် (၁) ပေခွဲခန့်သာ လိုတော့သဖြင့် ဩဂုတ်လ (၃) ရက် ည (၈) နာရီမှစ၍ ရေတံခါးများကို ဖွင့်ချထားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) က အသိပေး ထုတ်ပြန်ထားသည်။
💚 လက်ရှိတွင် တံငါတံတား၏ ရေအမှတ်မှာ ၉၅ ဒသမ ၆ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ကျော်လွန်နေပြီဖြစ်ကာ နောက်ထပ် ရေ (၃) ပေခန့် မြင့်တက်လာပါက ကားလမ်းပေါ်သို့ ရေကျော်ဝင်နိုင် သည့် အခြေအနေရှိသည်။
💚 ထို့အပြင် ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေသဖြင့် ဒေသခံပြည်သူများ အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်လည်း အသိပေး နှိုးဆော်ထားသည်။
သက်ထား
292
Repost from Thazin Oo 🇲🇲
+5
မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ်ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
Photo-မိုးညှင်းလမ်းညွှန်
292
Repost from Thazin Oo 🇲🇲
၄-၈-၂၀၂၆ ရက်နေ့ ယနေ့ ဟုမ္မလင်းမြို့နယ် နမ့်တောမှာ ဥရုချောင်းရေကြီးရေလျှံဖြစ်ပြီး ရေနစ်မြှုပ်နေ
#UNION_Politics_News
292
စစ်မှုထမ်းတာဝန်ကျေပွန်သူများ ပြည်ပအလုပ်အကိုင်ရရှိရေး MOEAA နှင့် ချိတ်ဆက်ဆောင်ရွက်
နေပြည်တော်၊ ဩဂုတ် ၄
တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/စစ်မှုထမ်းတာဝန်ကျေပွန်-2/
292
Repost from 𝐊𝐚 𝐊𝐚 𝐇𝐚𝐧✍️
+7
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြိုနယ်၊ နားရိုင်းရွာသစ်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လက်နက်၊ ခဲယမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
