en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
281
Subscribers
No data24 hours
+27 days
-630 days
Posts Archive
ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုလည်း ဖိတ်ကြားထား
ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားတရုတ်က ကြားဝင်ညှိနှိုင်းဖွယ်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကိုလည်း ဖိတ်ကြားထားသောကြောင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်၏ တရုတ်နိုင်ငံခရီးစဉ်သည် အာရုံစိုက်စရာဖြစ်နေပြီး ပေကျင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများလျှော့ချရာတွင် အခန်းကဏ္ဍတစ်ခုမှ ထပ်မံကြိုးပမ်းနိုင်သည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်စေခဲ့သည်။ ကြာသပတေးနေ့မှ တနင်္လာနေ့အထိ ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အနူတင်သည် ရှန်ဟိုင်း၊ ချန်ဒူးနှင့် ပေကျင်းမြို့များသို့ သွားရောက်မည်ဖြစ်ကာ စီးပွားရေး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်သည်။ ဇူလိုင်လ ၁၇ ရက် နေ့တွင် ရှန်ဟိုင်း၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ AI ညီလာခံ(WAIC) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် စီစဉ်ထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ထိုင်းနှင့်-ကမ္ဘောဒီးယ-8/

မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးမ
မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း ရန်ကုန်မြို့ပြအင်္ဂါရပ် ပိုမိုသပ်ရပ်လှပစေရန်နှင့် လမ်းမကြီးများပေါ်ရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်အား အစိုးရမှ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက အလုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ ရွှေတိဂုံဘုရားလမ်းတစ်လျှောက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မြို့ပြအင်္ဂါရပ်နှင့်-မ/

July-16 ▪️ ကျောက်ပန်းတောင်းမြို့နယ်တွင် အရပ်သားပြည်သူ ၄ဦးအား အကြမ်းဖက်PDFများက ဖမ်းဆီး (ပြည်တွင်း) ဇူလိုင် ၁၆ မန္တလေးတိုင်းဒ
July-16 ▪️ ကျောက်ပန်းတောင်းမြို့နယ်တွင် အရပ်သားပြည်သူ ၄ဦးအား အကြမ်းဖက်PDFများက ဖမ်းဆီး (ပြည်တွင်း) ဇူလိုင် ၁၆ မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်အတွင်းတွင် အကြမ်းဖက် PDF သောင်းကျန်းသူများမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများ အတင့်ရဲစွာဖြင့် လုပ်ဆောင်လျက်ရှိလာကြောင်း သိရသည်။ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ၅နာရီခွဲ အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊နှစ်ကျပ်ခွဲကျေးရွာအတွင်းသို့ အကြမ်း ဖက် PDF များ ထော်လာဂျီဖြင့် ဝင်ရောက်လာကာ ကျေးရွာအတွင်းမှ ကုန်စုံဆိုင် ပိုင်ရှင် ဦးနိူင်လင်းအား ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။

သတင်းဖတ်တဲ့ညီကိုတွေ ကိုယ့်ဟာကိုသာ ဆုံးဖြတ်ကြတော့။ ကျော်မိုးထွန်း လိမ်နေလား ကျွန်တော်တို့ လိမ်နေလား DVB လိမ်နေလား ကျွန်တော်တို
သတင်းဖတ်တဲ့ညီကိုတွေ ကိုယ့်ဟာကိုသာ ဆုံးဖြတ်ကြတော့။ ကျော်မိုးထွန်း လိမ်နေလား ကျွန်တော်တို့ လိမ်နေလား DVB လိမ်နေလား ကျွန်တော်တို့ လိမ်နေလား။ အတော်စိတ်ကုန်ဖို့ကောင်းတဲ့လူတွေ။ ဖိုးမောင်

သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ် မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်န
သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ် မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်နေသည့် ကွန်ကရစ်ဇလီဖားတုံးများ အတွက် အထောက်ကူပြုမည်ဖြစ် သီပေါ၊ဇူလိုင်-၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ် ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းကို ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့က စတင်နိုင်ခဲ့ကြောင်း သိရသည်။ မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်လျက်ရှိသည့် ကွန်ကရစ်ဇလီဖားများအား မန္တလေး-လားရှိုးရထား လမ်းပိုင်းတွင် အသုံးပြု၍ ပြန်လည်ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ စက်ရုံ ပြန်လည်ဖွင့်လှစ်ခြင်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/သီပေါမြို့ရှိ-ကွန်ကရစ်-2/

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၆ လအတွင်း တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၆ လအတွင်း တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇန်နဝါရီမှ ဇွန်လအထိ တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက်ခဲ့ပြီး အမှုအချို့ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအကြံပြုခဲ့ကြောင်း ကော်မရှင်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည်။ ကော်မရှင်ထံ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ရောက်ရှိလာသည့် မီဒီယာသတင်းများအပါအဝင် တိုင်ကြားစာ (၂၉၅) မှုကို ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၇ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၂၁) ကြိမ်ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စိစစ်ဆောင်ရွက်ခဲ့သည့် အမှုများအနက် (၆၄) မှုကို သက်ဆိုင်ရာ အစိုးရဌာနနှင့် အဖွဲ့အစည်းများထံ စစ်ဆေးဆောင်ရွက်ပေးရန် အကြံပြုတိုက်တွန်းခဲ့ပြီး (၃၃) မှုကို တိုင်ကြားသူများထံ အကြံပြုပြန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မြန်မာနိုင်ငံအမျိုးသား-6/

SGAC မှ မြန်မာကိုယ်စားလှယ် Space Systems Engineer မအိဖြူဖြူ IAF ၇၇ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ တက်ရောက်ရန် ရွေးချယ်ခံရ Credit to Popular Journal - ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Space Systems Engineer အဖြစ် တာဝန်ထမ်းဆောင်နေသည့် မြန်မာအင်ဂျင်နီယာ မအိဖြူဖြူသည် လာမည့် အောက်တိုဘာလ ပထမပတ်တွင် ကျင်းပမည့် International Astronautical Federation (IAF) ၏ (၇၇) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ရန် ရွေးချယ်ခံထားရကြောင်း သိရသည်။ မအိဖြူဖြူသည် ပြည်နည်းပညာတက္ကသိုလ်မှ Mechatronics ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ Kyushu Institute of Technology တွင် Space Systems Engineering မဟာဘွဲ့ကို ဆက်လက်သင်ယူခဲ့သူဖြစ်သည်။ လက်ရှိတွင် Space Systems Engineer အဖြစ် နိုင်ငံတကာ အာကာသစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နေပြီး NASA၊ ESA နှင့် JAXA […]

မန်းရတနာပုံလေကြောင်းလိုင်းက ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ ခရီးစဉ်သစ်များ ဇူလိုင် ၁၇ ရက် စတင်ပျံသန်းမည် မန်းရတနာပုံ လေကြောင်း
မန်းရတနာပုံလေကြောင်းလိုင်းက ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ ခရီးစဉ်သစ်များ ဇူလိုင် ၁၇ ရက် စတင်ပျံသန်းမည် မန်းရတနာပုံ လေကြောင်းလိုင်း (Mann Yadanarpon Airlines) သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်သို့ ပြေးဆွဲမည့် ခရီးစဉ်သစ်များကို လာမည့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ အပတ်စဉ် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ အဆိုပါခရီးစဉ်သစ်တွင် ရန်ကုန်၊ ဟဲဟိုးနှင့် ကျိုင်းတုံမြို့များသို့ ချိတ်ဆက်ပျံသန်းပြေးဆွဲပေးမည် ဖြစ်သည်။ ခရီးစဉ်အလိုက် သတ်မှတ်ထားသော အခြေခံလေယာဉ်လက်မှတ်ခနှုန်းထားများမှာ ရန်ကုန်-အနီးစခန်း ခရီးစဉ်အတွက် ပြည်တွင်းခရီးသည်တစ်ဦးလျှင် အနည်းဆုံး ၃၀၄,၀၀၀ ကျပ်နှင့် အနီးစခန်း-ရန်ကုန် ခရီးစဉ်အတွက် ၂၉၄,၀၀၀ ကျပ် ဖြစ်သည်။ ထို့အပြင် ဟဲဟိုး-အနီးစခန်းနှင့် အနီးစခန်း-ဟဲဟိုး နှစ်ဖက်ခရီးစဉ်များအတွက် လက်မှတ်ဈေးနှုန်းကို ၂၆၄,၀၀၀ ကျပ်စီ သတ်မှတ်ထားကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မန်းရတနာပုံလေကြောင်းလိ/

မန်းရတနာပုံလေကြောင်းလိုင်းက ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ ခရီးစဉ်သစ်များ ဇူလိုင် ၁၇ ရက် စတင်ပျံသန်းမည် Credit to Popular Journal - မန်းရတနာပုံ လေကြောင်းလိုင်း (Mann Yadanarpon Airlines) သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်သို့ ပြေးဆွဲမည့် ခရီးစဉ်သစ်များကို လာမည့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ အပတ်စဉ် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ အဆိုပါခရီးစဉ်သစ်တွင် ရန်ကုန်၊ ဟဲဟိုးနှင့် ကျိုင်းတုံမြို့များသို့ ချိတ်ဆက်ပျံသန်းပြေးဆွဲပေးမည် ဖြစ်သည်။ ခရီးစဉ်အလိုက် သတ်မှတ်ထားသော အခြေခံလေယာဉ်လက်မှတ်ခနှုန်းထားများမှာ ရန်ကုန်-အနီးစခန်း ခရီးစဉ်အတွက် ပြည်တွင်းခရီးသည်တစ်ဦးလျှင် အနည်းဆုံး ၃၀၄,၀၀၀ ကျပ်နှင့် အနီးစခန်း-ရန်ကုန် ခရီးစဉ်အတွက် ၂၉၄,၀၀၀ ကျပ် ဖြစ်သည်။ ထို့အပြင် ဟဲဟိုး-အနီးစခန်းနှင့် အနီးစခန်း-ဟဲဟိုး နှစ်ဖက်ခရီးစဉ်များအတွက် လက်မှတ်ဈေးနှုန်းကို ၂၆၄,၀၀၀ ကျပ်စီ သတ်မှတ်ထားကြောင်း သိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ချိတ်ဆက်ပျံသန်းမည့် ကျိုင်းတုံ-အနီးစခန်းနှင့် အနီးစခန်း-ကျိုင်းတုံ […]

တပ်ကုန်းမြို့နယ်တွင် ယခုစိုက်ပျိုးရာသီအတွင်း ဝါသီနှံ ဧက ၆,၅၀၀ စိုက်ပျိုးရန် လျာထား နေပြည်တော်၊ဇူလိုင်-၁၆ နေပြည်တော်ကောင်စီနယ်
တပ်ကုန်းမြို့နယ်တွင် ယခုစိုက်ပျိုးရာသီအတွင်း ဝါသီနှံ ဧက ၆,၅၀၀ စိုက်ပျိုးရန် လျာထား နေပြည်တော်၊ဇူလိုင်-၁၆ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ဝါသီနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန်အတွက် ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါစိုက်ဧက စုစုပေါင်း ၆,၅၀၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဝါသီးနှံသည် ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းများနှင့် စွမ်းအင်ကဏ္ဍတို့အတွက် အရေးပါသော သီးနှံတစ်ခုဖြစ်သောကြောင့် တစ်ဧကချင်းစီ၏ ပန်းတိုင်ထွက်နှုန်းပြည့်မီစေရန် စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်းကူညီမှုများကို လုပ်ဆောင်နေသည်။ ၎င်းပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ တောင်သူများအတွက် ဝါမျိုးစေ့များနှင့် လိုအပ်သော သွင်းအားစုများကို ဝါပတ်စနစ် (အကျိုးတူပူးပေါင်းမှု) ဖြင့် ထောက်ပံ့ပေးထားကြောင်း တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/တပ်ကုန်းမြို့နယ်တွင်-ယခ/

16-7-2026 #အမေရိကန်  သမ္မတ ဒေါ်နယ်ထရမ့်ကို အီရန်စစ်ကို ရပ်တန့်ဖို့ ဆီးနိတ်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်။

အသက် ၁၄ နှစ်အရွယ် ရှင်ပညာဗလသည် ၁၃၈၈ (၂၀၂၆) ခုနှစ် (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ဝိနည်းငါးကျမ်းကို အောင်မြင်ကာ ဝိနယဝိဒူဘ
အသက် ၁၄ နှစ်အရွယ် ရှင်ပညာဗလသည် ၁၃၈၈ (၂၀၂၆) ခုနှစ် (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ဝိနည်းငါးကျမ်းကို အောင်မြင်ကာ ဝိနယဝိဒူဘွဲ့ ရရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် အသက်အငယ်ဆုံး ဝိနယဝိဒူဘွဲ့ရအရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရှင်ပညာဗလသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဖားအောက်တောရစာသင်တိုက်တွင် ပရိယတ္တိစာပေများ သင်ယူနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ဝိနည်းစာပေကို ကြိုးစားအားထုတ်လေ့လာခဲ့သူ ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ရရှိခဲ့တဲ့ ဒီအောင်မြင်မှုဟာ သာသနာရေးပညာနယ်ပယ်အတွက် ထူးခြားတဲ့ မှတ်တိုင်တစ်ရပ် ဖြစ်ပါတယ်။ မှိုင်းဝေ

အေးဆို 😂😂😏
အေးဆို 😂😂😏

လွှတ်တော် ကတိကဝတ်စိစစ်ရေးကော်မတီနှင့် ဝန်ကြီးဌာန ၆ ခု နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဇူလိုင်-၁၅ အမျိုးသားလွှတ်တော
လွှတ်တော် ကတိကဝတ်စိစစ်ရေးကော်မတီနှင့် ဝန်ကြီးဌာန ၆ ခု နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဇူလိုင်-၁၅ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပို့ဆောင်ရေးနှင့် ပြည်ထဲရေးအပါအဝင် ဝန်ကြီးဌာန ၆ ခုမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများ၊ ကတိကဝတ်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြန်လည်ရှင်းလင်းချက်များကို ညှိနှိုင်းအတည်ပြုခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/လွှတ်တော်-ကတိကဝတ်စိစစ်ရ/

မဟာဓာတ်အားလိုင်းအတွင်း ဆိုလာစနစ်ထည့်သွင်းရန်နှင့် နည်းပညာအခက်အခဲများဖြေရှင်းရန် နေပြည်တော်တွင် ဆွေးနွေး Credit to Popular Journal - နေပြည်တော်၊ ဇူလိုင်-၁၅ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ဆိုလာ (နေရောင်ခြည်စွမ်းအင်) စနစ် တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဇူလိုင် ၁၅ ရက်က နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့သည်။ လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု၌ စိန်ခေါ်မှုများရှိနေပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများရှိနေသဖြင့် ပြည်တွင်းရှိ အရင်းအမြစ်များကို အခြေခံသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုး (Generation Mix) ကို တွက်ချက်စီမံနေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။ ထို့ပြင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ ဆိုလာစနစ်ထည့်သွင်းခြင်းနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System တပ်ဆင်အသုံးပြုခြင်း နည်းလမ်းနှစ်ခုဖြင့် ဆောင်ရွက်နေပြီး၊ ယခုဆွေးနွေးပွဲတွင် ကြုံတွေ့နေရသည့် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ […]

ဗန်ကောက်မြို့၌ အိမ်အကူလုပ်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံပြန်ချင်သူအား အလုပ်သမားသံအရာရှိရုံးကပြန်လည်ပို့ဆောင်ပေးခဲ့ ထ
ဗန်ကောက်မြို့၌ အိမ်အကူလုပ်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံပြန်ချင်သူအား အလုပ်သမားသံအရာရှိရုံးကပြန်လည်ပို့ဆောင်ပေးခဲ့ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အိမ်ရာတစ်ခု၏ နေအိမ်တစ်အိမ်၌ အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံသို့ပြန်ချင်သူအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အိမ်အကူလုပ်နေသော မြန်မာနိုင်ငံသူသည် ဖုန်းနှင့် အ ထောက်အထားစာရွက်စာတမ်းများမပါဘဲ မြန်မာသံရုံးသို့လာရောက်၍ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံသို့ပြန်လိုသည်ဟု အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းအား MOEAA ရုံးတွင် ခေတ္တနေထိုင်ရန် မြန်မာသံရုံးကစီစဉ်ပေးခဲ့ပြီးနောက် MOEAA ၏ရှေ့နေအပါအဝင် သံရုံးမှတာဝန်ရှိသူများက အလုပ်ရှင်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံသူ၏ ပိုင်ဆိုင်မှုများနှင့် အ ထောက်အထားစာရွက်စာတမ်းများကိုပြန်လည်ရယူပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက်စားအုန်းဆီဖြန့်ခွဲပေးနေမှုကို မြန်မာနိုင်ငံဆီကုန်သည်အသင်းအသိပေး ရန်ကုန်တိုင်းအတွင်း မြိုနယ်
ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက်စားအုန်းဆီဖြန့်ခွဲပေးနေမှုကို မြန်မာနိုင်ငံဆီကုန်သည်အသင်းအသိပေး ရန်ကုန်တိုင်းအတွင်း မြိုနယ်(၃၂)မြို့နယ်အလိုက် စားအုန်းဆီပိဿာချိန်ဖြန့်ခွဲပေးနေမှုနှင့် မြို့နယ်အလိုက်ဖြန့်ဖြူးပေးနေသည့် ကုမ္မဏီအရေအတွက်တို့ကို မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဇူ လိုင် ၁၅ ရက်စာရင်းများအရ သိရသည်။ စားအုန်းဆီများအား ပိဿာချိန်အလိုက်ဖြန့်ခွဲပေးရာ တွင် ရွှေပြည်သာမြို့နယ်အတွက် ကုမ္ပဏီ(၉)ခုက ပိ ဿာချိန်(၁၇,၀၅၀)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွက် ကုမ္ပဏီ(၄)ခုက ပိဿာချိန်(၁၄,၉၆၀)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွက် ကုမ္ပဏီ(၇)ခုက ပိဿာချိန်(၁၄,၈၅၀)၊ လှည်းကူးမြို့နယ်အတွက် ကုမ္ပ ဏီ(၄)ခုက ပိဿာချိန်(၁၃,၅၃၀)၊ မှော်ဘီမြို့နယ်အ တွက် ကုမ္ပဏီ(၇)ခုက ပိဿာချိန်(၁၁,၃၃၀)တို့ကို အ များဆုံးဖြန့်ခွဲပေးလျက်ရှိကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ရန်ကုန်တိုင်းအတွင်း-မြ-2/

မြန်မာ EROs တွေ ထိုင်းမှာ ထပ်တွေ့ဆုံနိုင်တယ်လို့ ထိုင်းကမ်းလှမ်း မြန်မာ EROs တွေ ထိုင်းမှာ ထပ်မံတွေ့ဆုံမယ်ဆိုရင် ထိုင်းနိုင်င
မြန်မာ EROs တွေ ထိုင်းမှာ ထပ်တွေ့ဆုံနိုင်တယ်လို့ ထိုင်းကမ်းလှမ်း မြန်မာ EROs တွေ ထိုင်းမှာ ထပ်မံတွေ့ဆုံမယ်ဆိုရင် ထိုင်းနိုင်ငံက ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောတဲ့ သတင်းနဲ့အတူ ဇူလိုင် ၁၆ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မော်တော်ယာဥ်ပိုင်ရှင်အမည်ပြောင်းမှတ်ပုံတင်ရာ၌ အ ခွန်စိစစ်ခြင်းကို ယနေ့ ဇူလိုင် ၁၆ ရက်မှစတင်၍ VAVS ဖြင့်ပြောင်းလဲကျင့်သုံးမည် Credit to Popular Journal - ကျသင့်ငွေအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့်ဆောင်ရွက်နိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအား အခွန်ထမ်းလူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်ရာ၌ အခွန်စိစစ်ခြင်းကို ယနေ့ ဇူလိုင် ၁၆ ရက်မှစတင်၍ Vehicle Automatic Valuation System (VAVS)ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးခဲ့သည်။ ထို့ကြောင့် အခွန်ထမ်းသူများအနေဖြင့် https://vavs. ird.gov.mm ၌ ဖုန်းနံပါတ်ဖြင့် စနစ်အတွင်းဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သောအချက်အလက်များကိုဖြည့်သွင်းပါက စနစ်မှအလိုအလျောက် တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ပြီး ကျသင့်အခွန်ကို Online Payment ဖြင့်ပေးဆောင်နိုင်သည်ဟု အသိပေးခဲ့သည်။ အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ ရရှိသည့် အီလက်ထရောနစ် အခွန်ဆိုင်ရာစိစစ်ဆောင်ရွက်ပြီးကြောင်းထောက်ခံချက် (e-Tax Clearance Certificate) QR Form ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် […]