en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
285
Subscribers
No data24 hours
-17 days
-630 days
Posts Archive
NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပတင်းမာမှုမြင့်တက် တူရကီနိုင်ငံ အန်ကာရာမြို့မှာ ဇူလိုင် ၇–၈ ရက် ကျင်းပမယ့် NATO ထိပ်သီးအစည်
NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပတင်းမာမှုမြင့်တက် တူရကီနိုင်ငံ အန်ကာရာမြို့မှာ ဇူလိုင် ၇–၈ ရက် ကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ အခြေအနေက တိတ်ဆိတ်မနေပါဘူး။ - မြို့ကြီးတွေမှာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ ဖိအားပေးမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပိုပြီးပြင်းထန်လာနေပြီး လူထုက “စစ်ရေးထက် လူမှုဘဝအတွက် အသုံးစရိတ်လိုအပ်တယ်” ဆိုတဲ့ မကျေနပ်မှုကို ထုတ်ဖော်နေကြပါတယ်။ - တရုတ်ကျွမ်းကျင်သူတွေကတော့ ဒီအခြေအနေကို NATO အတွင်း ယုံကြည်မှုလျော့နည်းလာမှုရဲ့ လက္ခဏာတစ်ခုအဖြစ် သုံးသပ်ထားပါတယ်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ကာကွယ်ရေးအသုံးစရိတ် မတူညီမှုတွေ၊ အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်အပေါ် သံသယတွေက ပိုပြီးထင်ရှားလာနေတယ်လို့ ဆိုပါတယ်။ - ဒီအတွက်ကြောင့် လာမယ့် အန်ကာရာအစည်းအဝေးဟာ ကြီးမားတဲ့ သဘောတူညီချက်အသစ်တွေ ထွက်ပေါ်မယ့်အစား NATO အတွင်းရှိ ကွဲလွဲမှုတွေကို ပိုမိုဖော်ထုတ်သွားနိုင်တဲ့ အစည်းအဝေးတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ KT July 6

ထိုင်ဝမ်ကျွန်းဝန်းကျင်တွင် တရုတ်ရေတပ်လှုပ်ရှားမှုမြင့်တက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ရေတပ်နဲ့ လေတပ်လှုပ်ရှားမှုတွေ ထို
ထိုင်ဝမ်ကျွန်းဝန်းကျင်တွင် တရုတ်ရေတပ်လှုပ်ရှားမှုမြင့်တက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ရေတပ်နဲ့ လေတပ်လှုပ်ရှားမှုတွေ ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်မှာ ပိုမိုတိုးလာနေတယ်လို့ တနင်္လာနေ့မှာ တရားဝင် သတိပေးလိုက်ပါတယ်။ - ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ တရုတ်စစ်သင်္ဘော အနည်းဆုံး ၈ စင်းနဲ့ စစ်လေယာဉ်များစွာကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဒါဟာ ပုံမှန်ကင်းလှည့်မှုထက် ကျော်လွန်တဲ့ စစ်ရေးဖိအားပေးမှုတစ်ခု ဖြစ်နိုင်တယ်လို့ ထိုင်ဝမ်ဘက်က သုံးသပ်ထားပါတယ်။ - ဒီအခြေအနေကြောင့် ထိုင်ဝမ်စစ်တပ်က လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ကမ်းခြေစောင့်သင်္ဘောတွေ၊ ဒုံးကျည်စနစ်တွေကို အဆင်သင့်အနေအထားနဲ့ စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။ - တစ်ဖက်မှာတော့ တရုတ်က ထိုင်ဝမ်ကို မိမိတို့ပိုင်နက်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ဒီလိုစစ်ရေးလှုပ်ရှားမှုတွေက ဒေသတွင်းတင်းမာမှုကို ဆက်လက်မြှင့်တင်နေတယ်လို့ နိုင်ငံတကာက အနီးကပ် စောင့်ကြည့်နေပါတယ်။ KT July 6

နယ်စပ်လက်ပစ်ဗုံးတိုက်ခိုက်မှု စွပ်စွဲချက် ထိုင်းစစ်တပ် ငြင်းဆို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ ထိုင်းစစ်သားတွေက ဝင်ရောက်ပြီး လ
နယ်စပ်လက်ပစ်ဗုံးတိုက်ခိုက်မှု စွပ်စွဲချက် ထိုင်းစစ်တပ် ငြင်းဆို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ ထိုင်းစစ်သားတွေက ဝင်ရောက်ပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကမ္ဘောဒီးယားဘက်က စွပ်စွဲချက်ကို ထိုင်းဘုရင့်တပ်မတော်က တရားဝင် ငြင်းဆိုလိုက်ပါတယ်။ - ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းစစ်သား ၇ ဦးဟာ နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်ခဲ့လို့ သူတို့စစ်သည် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောထားပေမယ့် ထိုင်းစစ်တပ်ကတော့ ဒီဖြစ်စဉ်နဲ့ သူတို့မသက်ဆိုင်ဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။ - ထိုင်းဘက်က ကနဦးသုံးသပ်ချက်အရ ဒီပေါက်ကွဲမှုဟာ နယ်စပ်အတွင်းက မိုင်းတစ်ခုကို ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေ မတော်တဆနင်းမိရာက ဖြစ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ - လက်ရှိမှာတော့ နှစ်နိုင်ငံအကြား နယ်စပ်အခြေအနေ တင်းမာမှု မဖြစ်အောင် သတင်းမှားတွေ မဖြန့်ဖို့ ထိုင်းဘက်က တောင်းဆိုထားပါတယ်။ KT July 6

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကြဲချ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝ
နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကြဲချ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူး ပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းသို့ ဇူလိုင် ၅ ရက်နံနက်ပိုင်းတွင် တပ်မ တော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကိုကြဲချခဲ့ကြကြောင်း သိရသည်။ ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုး ဝိုင်းအကွက်အမှတ်(၁၅)ရှိ ဧရိယာ(၂၀၀)ဧကတွင် ဒေ သနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊ စစ်၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး(၁၀၀,၀၀၀)လုံးကိုကြဲချခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်စုံဖတ်ရန်>> https://www.popularmyanmar.com/နေပြည်တော်နှင့်-ရှမ်းပြ/

ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျတွင် ကျင်းပသည့် အာဆီယံကော်မတီ အ စည်းအဝေးများသို့ မြန်မာသံအမတ်ကြီး တက်ရောက် မြန်မာနိုင်ငံ၏ ဘင်
ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျတွင် ကျင်းပသည့် အာဆီယံကော်မတီ အ စည်းအဝေးများသို့ မြန်မာသံအမတ်ကြီး တက်ရောက် မြန်မာနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဇူလိုင် ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel တွင် ကျင်းပသည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီသံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Listy owati ကဦးဆောင်ခဲ့ပြီး၊အာဆီယံ-ဒါကာ ကော်မတီ၏ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ အနာဂတ်တွင် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဘင်္ဂလားဒေ့ရှ်နှင့်-ဆော/

ရန်ကုန်တိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင် ပွဲ စတင် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့
ရန်ကုန်တိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တိုင်းနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင် ပွဲ စတင် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ ဇူလိုင် ၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ယနေ့ ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ အမျိုးသားအားကစားပြိုင် ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းမှ ကစားသမားစုစုပေါင်း ၁၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယနေ့ ဖွင့်ပွဲအပြီးတွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ချင်းပြည်နယ်အသင်းနှင့် နေပြည်တော်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ရန်ကုန်တိုင်းက-အိမ်ရှင်/

မွမ်ဘိုင်းတွင် မိုးကြီးမှုကြောင့် လူ ခြောက်ဦး ‌ေ-သဆုံး အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၏ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင်
မွမ်ဘိုင်းတွင် မိုးကြီးမှုကြောင့် လူ ခြောက်ဦး ‌ေ-သဆုံး အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၏ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် တနင်္ဂနွေနေ့က အဆောက်အအုံများ ပြိုကျခဲ့မှုကြောင့် ကလေး ငါးဦး အပါအဝင် လူ ခြောက်ဦး ‌ေ-သဆုံးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရီးသွားလာမှုများ အနှောင်အယှက်ဖြစ်ရကာ စာသင်ကျောင်းများ ပိတ်ထားရသောမြို့တွင် နောက်ထပ် လူ‌ေ-သဆုံးမှုများဖြစ်သည်။          မွမ်ဘိုင်းမြို့ မန်ခွတ်ဒေသရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နှစ်ထပ်အိမ် သုံးလုံးပြိုကျခဲ့ပြီး ကလေးငယ် ငါးဦးနှင့် အမျိုးသမီးတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။        မိုးရွာသွန်းမှုကြောင့် မွမ်ဘိုင်းနှင့် ပူနေးမြို့ကို ဆက်သွယ်ထားသည့် အမြန်လမ်းမကြီးပေါ်တွင် မြေပြိုရာ လမ်းပိတ်သွားပြီး  မြို့နှစ်မြို့ကြား ယာဉ်အသွားအလာပိတ်ဆို့မှုများဖြစ်ခဲ့သည်။          မော်တော်ကားလမ်း သယ်ယူပို့ဆောင်ရေးအပြင်လေယာဉ်ခရီးစဉ်များကိုရပ်ဆိုင်းထားပြီး မွမ်ဘိုင်းနှင့်ပူနေးမြို့အကြားပြေးဆွဲနေသော အဝေးပြေးရထားဝန်ဆောင်မှုများကိုလည်း ဖျက်သိမ်းခဲ့ရသည်။         သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မွ...

ကွာလာလမ်ပူရ်၌ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာဖွင့်လှစ် မလေးရှားနိုင်ငံတွင် ဒူးရင်းသီး ကို နှစ်ခြိုက်မှုသည်အလွန်ရေပန်းစားလာသ
ကွာလာလမ်ပူရ်၌ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာဖွင့်လှစ် မလေးရှားနိုင်ငံတွင် ဒူးရင်းသီး ကို နှစ်ခြိုက်မှုသည်အလွန်ရေပန်းစားလာသဖြင့် ဇူလိုင်လ ၄ ရက်က “ကွာလာလမ်ပူရ် ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာ” (Kuala Lumpur Durian Experience Centre - KLDEX) ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ စင်တာဖွင့်ပွဲကို စနွေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ကျင်းပသည့် မလေးရှား ဒူးရင်းသီးပွဲတော် ၂၀၂၆ နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ဂျလန်အမ်ပန်း လမ်းမပေါ်တွင် တည်ရှိပြီး အာရှ၏ ပထမဆုံးသော ဘက်စုံသုံး ဒူးရင်းသီး အတွေ့ အကြုံမျှဝေရေးစင်တာဖြစ်သည့် KLDEX ကို မလေးရှား ခရီးသွားလာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် MyBolehBoleh အဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ အထင်ကရ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကမ္ဘာ့အဆင့်မီ အချက်အပြုတ်နှင့် ခရီးသွားလာရေး အချက်အချာနေရာတစ်ခုအဖြစ် နိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ကွာလာလမ်ပူရ်၌ဒူးရင်းသီ/

ဖီဖာက အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်၏ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက် အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်၏ အနီကတ်ကြောင့်
ဖီဖာက အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်၏ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက် အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်၏ အနီကတ်ကြောင့် ချမှတ်ခံထားရသော တစ်ပွဲပယ်ပြစ်ဒဏ်ကို အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ် (FIFA) က ပယ်ဖျက်ပေးလိုက်သဖြင့် လာမည့် ဘယ်လ်ဂျီယံအသင်းနှင့် ကမ္ဘာ့ဖလားပွဲစဉ်တွင် ပြန်လည်ပါဝင်ကစားခွင့် ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိပြိုင်ပွဲတွင် သုံးဂိုးသွင်းယူထားသည့် ဘာလိုဂန်သည် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းနှင့် ကစားခဲ့သော ၃၂ သင်းအဆင့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားအား ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် အနီကတ်ပြခံခဲ့ရပြီး အလိုအလျောက် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့သော် FIFA က ယင်းပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ကာ ပယ်ဖျက်ပေးခဲ့သဖြင့် ဘာလိုဂန်သည် ၁၆ သင်းအဆင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က FIFA ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ် (RBFA) နှင့် နည်းပြ ရူဒီဂါစီယာတို့ကမူ အံ့အားသင့်ကြောင်းနှင့် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇယ်ဆီ HSD (500 ppm)၊ ဓာတ်မြေသြဇာနှင့် LNG တင်သွင်းမှုများအတွက် ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ရ ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအတွက်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန် သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်အားထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းနှင့် သဘာဝ ဓာတ်ငွေ့ရည်(LNG)တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကိုလည်း ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်တို့အား ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉
(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမ္မာန်နေရာများအားကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ ပြင်ဆင်နေမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Photo- ရန်ကုန်တိုင်းအစိုးရ

မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ ချစ်သောတို့ရေ 💚 🙏🙏🙏💚
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ ချစ်သောတို့ရေ 💚 🙏🙏🙏💚

တကယ့် စောက်ရူးတွေ 😂😂

မှားတဲ့ သတင်းတွေကို အများကြီး သူငယ်ချင်းတွေက ယုံကြည်နေကြတယ် ဟုတ်တယ်။ မြန်မာနောင်းမှ ဆွေဝင်းက BE ရည်မွန်က ဗျူဟာအရ ကစားနေတာကို
မှားတဲ့ သတင်းတွေကို အများကြီး သူငယ်ချင်းတွေက ယုံကြည်နေကြတယ် ဟုတ်တယ်။ မြန်မာနောင်းမှ ဆွေဝင်းက BE ရည်မွန်က ဗျူဟာအရ ကစားနေတာကို လက်လွှက်လိုက်ရတယ်ဆိုတဲ့ သတင်းတွေ ကို နေ့နေ့ညည တွေ့နေကြတယ် 😐 ဒါပေမဲ့ အမှုက တကယ်တော့ များများ မှားနေတယ် 🙅‍♂️ အဲဒီ သတင်းတွေ ကို မယုံနုံ့နဲ့ သူငယ်ချင်းတွေ အားလုံး သတိထားကြပါဗျာ..! 👍

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွ
Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်အတွင်း ကွန်ဒိုအဆောက်အအုံပြိုကျခဲ့ရာ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်တွင် အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) အရ ထောင်ဒ-ဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/sky-villa-ကွန်ဒိုတည်ဆောက်ရေးကုမ/

လေဇွဲကတော့ စားကောင်း သောက်ကောင်အောင်ဖောရှောကတော့ တော်တော်ပြောတတ်တယ်.. အရင်တုန်းကလို ဒီကောင်လေကြီးမိုးကြီးပြောတာတွေတောင် သိပ်မကြည့်ရတော့ဘူး... ထိုင်းဘက်မှာ သာယာနေပုံပဲ... 😂 😂 မှိုင်းဝေ

NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပတင်းမာမှုမြင့်တက် တူရကီနိုင်ငံ အန်ကာရာမြို့မှာ ဇူလိုင် ၇–၈ ရက် ကျင်းပမယ့် NATO ထိပ်သီးအစည်
NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပတင်းမာမှုမြင့်တက် တူရကီနိုင်ငံ အန်ကာရာမြို့မှာ ဇူလိုင် ၇–၈ ရက် ကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ အခြေအနေက တိတ်ဆိတ်မနေပါဘူး။ - မြို့ကြီးတွေမှာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ ဖိအားပေးမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပိုပြီးပြင်းထန်လာနေပြီး လူထုက “စစ်ရေးထက် လူမှုဘဝအတွက် အသုံးစရိတ်လိုအပ်တယ်” ဆိုတဲ့ မကျေနပ်မှုကို ထုတ်ဖော်နေကြပါတယ်။ - တရုတ်ကျွမ်းကျင်သူတွေကတော့ ဒီအခြေအနေကို NATO အတွင်း ယုံကြည်မှုလျော့နည်းလာမှုရဲ့ လက္ခဏာတစ်ခုအဖြစ် သုံးသပ်ထားပါတယ်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ကာကွယ်ရေးအသုံးစရိတ် မတူညီမှုတွေ၊ အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်အပေါ် သံသယတွေက ပိုပြီးထင်ရှားလာနေတယ်လို့ ဆိုပါတယ်။ - ဒီအတွက်ကြောင့် လာမယ့် အန်ကာရာအစည်းအဝေးဟာ ကြီးမားတဲ့ သဘောတူညီချက်အသစ်တွေ ထွက်ပေါ်မယ့်အစား NATO အတွင်းရှိ ကွဲလွဲမှုတွေကို ပိုမိုဖော်ထုတ်သွားနိုင်တဲ့ အစည်းအဝေးတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ KT July 6

AI နည်းပညာ တိုးတက်မှုအရှိန် စည်းမျဉ်းတွေကို ကျော်လွန်နေပြီဟု ကုလအတွင်းရေးမှူးချုပ် သတိပေး ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာလုံး
AI နည်းပညာ တိုးတက်မှုအရှိန် စည်းမျဉ်းတွေကို ကျော်လွန်နေပြီဟု ကုလအတွင်းရေးမှူးချုပ် သတိပေး ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က AI နည်းပညာ တိုးတက်မှုဟာ စည်းမျဉ်းတွေထက် အများကြီး မြန်နေပြီလို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ - သူက ဒီနည်းပညာဟာ စီးပွားရေး၊ အလုပ်အကိုင်၊ ရွေးကောက်ပွဲနဲ့ လုံခြုံရေးအထိ အပြောင်းအလဲကြီးတွေ ဖြစ်စေနိုင်တာကြောင့် “ကာကွယ်ရေးစည်းမျဉ်းတွေ” ကို အမြန်ဆုံး တည်ဆောက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေကို အန္တရာယ်ကနေ ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေ မဖြစ်မနေလိုအပ်နေပြီလို့လည်း ဆိုပါတယ်။ - ဒီဆွေးနွေးပွဲမှာ AI ရဲ့ အကျိုးကျေးဇူးတွေကို အသုံးချရင်း အန္တရာယ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အဓိကထား ဆွေးနွေးနေပြီး လာမယ့်နှစ်မှာ ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးတစ်ခုလည်း ထပ်မံကျင်းပမယ်လို့ သိရပါတယ်။ KT July 6

စူပါတိုင်ဖွန်း “ဗာဗီ” အနောက်ပစိဖိတ်ကျွန်းစုများကို ဝင်ရောက်တိုက်ခိုက်နေ အနောက်ပစိဖိတ်ဒေသမှာ အဆင့် ၅ အင်အားပြင်း စူပါတိုင်ဖွန်
စူပါတိုင်ဖွန်း “ဗာဗီ” အနောက်ပစိဖိတ်ကျွန်းစုများကို ဝင်ရောက်တိုက်ခိုက်နေ အနောက်ပစိဖိတ်ဒေသမှာ အဆင့် ၅ အင်အားပြင်း စူပါတိုင်ဖွန်း “ဗာဗီ” ဝင်ရောက်တိုက်ခိုက်နေပြီး မာရီယာနာကျွန်းစု၊ ဂူအမ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပါတယ်။ - အမေရိကန် မိုးလေဝသဌာနအရ မုန်တိုင်းဟာ တစ်နာရီလျှင် ၁၈၀ မိုင်အထိ လေပြင်းတိုက်ခတ်နိုင်ပြီး မိုးရေချိန်လည်း အလွန်များနိုင်တာကြောင့် ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ တချို့ကျွန်းတွေမှာတော့ လေပြင်းကြောင့် လျှပ်စစ်မီးတွေပါ ပြတ်တောက်နေပါတယ်။ - ဂူအမ်အုပ်ချုပ်ရေးမှူးကတော့ ပြည်သူတွေကို အပြင်မထွက်ဘဲ ဘေးကင်းရာနေရာတွေမှာသာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ - စစ်ရေးအရ အရေးပါတဲ့ အမေရိကန်စခန်းတွေတည်ရှိရာ ဒီဒေသမှာ စူပါတိုင်ဖွန်း “ဗာဗီ” ဟာ ယခုနှစ်အတွင်း ဒုတိယမြောက် ပြင်းထန်ဆုံးမုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်နေပါတယ်။ KT July 6

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ FC ၏ လာမည့်ပွဲစဉ် ၃ ပွဲ ဖြင့် လွဲချော်မည် ဧရာဝတီ FC အမျိုးသမီးအ
မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ FC ၏ လာမည့်ပွဲစဉ် ၃ ပွဲ ဖြင့် လွဲချော်မည် ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆) တို့တွင် အသင်းအတွက် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း အသင်းက တရားဝင် ထုတ်ပြန်ကြေညာထားသည်။ အသင်း၏ ထုတ်ပြန်ချက်အရ မေထက်လူသည် လက်ရှိတွင် ပြည်ပ၌ ပညာသင်ကြားနေပြီး မြန်မာနိုင်ငံနှင့် ပညာသင်ကြားနေသည့် နိုင်ငံအကြား အချိန်ကွာဟမှုအပြင် အသင်းသို့မရောက်ရှိမီကတည်းက စီစဉ်ထားခဲ့သည့် လုပ်ငန်းတာဝန်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ယင်းပွဲစဉ်များတွင် အပြည့်အဝ အာရုံစိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း ဆိုသည်။ ဧရာဝတီ FC အမျိုးသမီးအသင်း ကစားသမားများ၏ ကွင်းတွင်းစွမ်းဆောင်ရည်သာမက ရေရှည်ပညာရေးနှင့် ဘဝတိုးတက်ရေးကိုလည်း အစဉ်တစိုက် အားပေးပံ့ပိုးသည့် မူဝါဒအတိုင်း မေထက်လူ၏ ပညာရေးနှင့် လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စေရန် နားလည်ညှိနှိုင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/မေထက်လူ-ပညာရေးနှင့်-ကွင်/