👩🏻🦰✍🏻သက်ထား
Open in Telegram
285
Subscribers
-224 hours
+17 days
-630 days
Posts Archive
285
Repost from ဖိုးမောင်
+5
3-6-2026/ရက်နေ့ ယနေ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KNLA အဖွဲ၊ ABSDF အဖွဲ၊ NMSP (မွန်)(ခွဲထွက်)အဖွဲနဲ့ PDF အဖွဲ့ဝင် ၈ ဦးတို့ကို ထောက်ပံ့ငွေများပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ။
ဖိုးမောင်
285
ကျိုက်ထိုတွင် ဒလန်ဟု စွပ်စွဲကာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်တွင် KNU နှင့် ဆက်နွယ်နေသူဟုဆိုသော အမျိုးသားတစ်ဦးအား NUG အမှတ်(၂၇)ဗျူဟာ လက်အောက်ခံအဖွဲ့ဝင်များက ဒလန်ဟု စွပ်စွဲကာ ဇွန်လ ၄ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းပေါက်ကြားမှုမရှိစေရန် အဖွဲ့အတွင်း ဖုံးဖိမှုများရှိနေပြီး KNU နှင့် ဆက်နွယ်သူများအား ပစ်မှတ်ထားဆောင်ရွက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ဖိုးမောင်
285
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကို ကြည့်ရှုလေ့လာ
ဖိုးမောင်
285
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကို ကြည့်ရှုလေ့လာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၂ ရက်မွန်းလွဲပိုင်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ဂျဝါဟာ လာနေရူးဆိပ်ကမ်း၌ လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုလေ့လာခဲ့သည်။
ဖိုးမောင်
285
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Shri Narendra Modi တိုတွေ့ဆုံဆွေးနွေးပြောကြားချက်များမှကောက်နုတ်ချက်
ဖိုးမောင်
285
+3
လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်
ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA၊ ABSDF၊ NMSP (မွန်)(ခွဲထွက်) အဖွဲ့များနှင့် PDF အမည်ခံ အဖွဲ့များမှ အဖွဲ့ဝင် ၈ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စိစစ်လက်ခံဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများအတိုင်း မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို ကြိုဆိုလက်ခံလျက်ရှိပြီး ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝပြန်လည်ထူထောင်နိုင်ရေးအတွက် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသူများအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်ကာ ဥပဒေဘောင်အတွင်းသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
ဖိုးမောင်
285
Repost from ဖိုးမောင်
အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများအား သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်း
နေပြည်တော်၌ ကျင်းပလျက်ရှိသော တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အွန်လိုင်းလိမ်လည်မှု (Online Scam) ကျူးလွန်သူများအား သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်းကို ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အဆိုအဖြစ် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သံသယရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် (NRC) များဖြင့် စစ်ဆေးအတည်ပြုခြင်းသာမက UID ကတ်များဖြင့်လည်း စစ်ဆေးအတည်ပြုနိုင်ရန်နှင့် အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်စစ်ဆေးအတည်ပြုနိုင်ရန် စသည့်အချက်များကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုးမောင်
285
Repost from ဖိုးမောင်
+1
ဝေါလေဗျူဟာစခန်း တိုက်ပွဲအတွင်း ရေးဘီလူးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအများအပြားရှိ
ကရင်ပြည်နယ် ဝေါလေဗျူဟာစခန်းအား တိုက်ခိုက်သည့် စစ်ဆင်ရေးအတွင်း ရေးဘီလူးတပ်ဖွဲ့မှ စေလွှတ်ထားသော စစ်ကူတပ်ဖွဲ့ဝင်များအပါအဝင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ကျဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက် များပြားခဲ့ကြောင်း၊ အခြေအနေအရ ကျဆုံးသူအလောင်းအချို့ကိုသာ ပြန်လည်သယ်ယူနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေးဘီလူးဦးဆောင်မှုအပေါ် တပ်ဖွဲ့ဝင်အချို့က မကျေနပ်မှုများ ရှိနေကြောင်းနှင့် စစ်ကူစေလွှတ်မှု ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။
ဖိုးမောင်
285
Repost from ခင် ညို ချော
+4
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျထပ်မံဖြိုချဖျက်ဆီး
285
+2
ဖိုးကောက်cker ပညာရပ်ကို ထည့်သွင်းရိုက်ကူး ပုံဖော်ထားတဲ့ .. “ဖိုးကောက်”.. - မြန်မာ့အနုပညာ အစစ်အမှန်ကို ခေတ်နဲ့လျှော်ညီစွာ ပြုပြင်မွမ်းမံတင်ဆက်ထားတဲ့ .. “ဖိုးကောက်”.. - ပရိတ်သတ်ရဲ့ရင်ထဲမှာ ရသမျိုးစုံကျန်ရစ်ခဲ့မှာ ဖြစ်သလို မှတ်သားစရာများ ကျန်ရစ်စေမယ့်.. “ဖိုးကောက်”.. - ရုံစတင်ပြီ....
285
+3
မြန်မာ-အိန္ဒိယ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
ဇွန် ၃
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်သည့် MYANMAR–INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ) သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှု အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ရှင်းလင်းတင်ပြခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနှင့် အိန္ဒိယနိုင်ငံမှ အစိုးရတာဝန်ရှိသူများ၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖိုးမောင်
285
+5
ညောင်ဦးနယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာရောက်နှောင့်ယှက်သည့် အကြမ်းဖက် PDF များ အထိနာပြီး ဖရိုဖရဲ ထွက်ပြေး
ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မုံရိုးကျေးရွာအနီးတွင် ဇွန်လ ၂ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးပူးပေါင်းစစ်ကြောင်းအားPDF အဖွဲ့ဝင် (၁၀) ဦးခန့်က အဝေးမှ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ချေမှုန်း တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်မှာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ထိတွေ့မှုအပြီးတွင် လက်နက်ကိုင်အဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း အလောင်း ၁ လောင်း၊ ဆက်သွယ်ရေးစက် ၁ လုံးနှင့် အခြားအသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့ အသုံးပြုခဲ့သည်ဟု ယူဆရသော ဘန်ကာများ၊ လူနေတဲများနှင့် စခန်းငယ်များကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သက်ဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်။
ဖိုးမောင်
285
+4
မြိုင်မြို့နယ် လင်းကတောကျေးရွာအနီး၌ လက်နက်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိ
ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာအနီးတွင် ဇွန်လ ၂ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း အလောင်း ၃ လောင်း တွေ့ရှိခဲ့ပြီး ကာဘိုင်သေနတ် ၁ လက်၊ စိန်ပြောင်း ၁ လက်၊ မော်တော်ယာဉ် ၁ စီး၊ ကျည်ကာဦးထုပ်များ၊ ကျည်ကာအင်္ကျီများ၊ ခဲယမ်းမျိုးစုံနှင့် ဆက်သွယ်ရေးပစ္စည်းများ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၅.၅၆ မမ ကျည်တောင့်များ၊ ၄၀ မမ ဗုံးသီးများ၊ လက်ပစ်ဗုံးများ၊ လမ်းလျှောက်စကားပြောစက်များ၊ ကျည်အိမ်မျိုးစုံနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်မှတ်တမ်းတင်ခြင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖိုးမောင်
285
+5
ညောင်တိုကျေးရွာအနီး၌ လက်နက်၊ ဆက်သွယ်ရေးနှင့် ထောက်ပို့ပစ္စည်းများ သိမ်းဆည်းရမိ
ဇွန် ၃
ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် ညောင်တိုကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းစစ်ကြောင်းက လက်နက်ကိုင်အဖွဲ့ဝင်များ ပုန်းအောင်းနေသည်ဟု သတင်းရရှိထားသည့် နေရာတစ်ခုအား ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ ဝင်ရောက်ရှင်းလင်းစဉ် လက်နက်ကိုင်အဖွဲ့ဝင်များမှာ နေရာမှ စွန့်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း အလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် Starlink ဆက်သွယ်ရေးစက်တစ်စုံ၊ Drone ထိန်းချုပ်စက်များ၊ လက်နက်ခဲယမ်းများ၊ မိုင်းနှင့် ဖောက်ခွဲရေးဆိုင်ရာ ပစ္စည်းများ၊ ပြောက်ကျားဝတ်စုံများနှင့် အခြားထောက်ပံ့ရေးဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
သိမ်းဆည်းရမိသော ပစ္စည်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်မှတ်တမ်းတင်ခြင်းနှင့် ဆက်လက်စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖိုးမောင်
285
+1
နေပြည်တော်၌ ဘယ်လာရုစ်သံရုံး ဖွင့်လှစ်နိုင်ရေး ဆွေးနွေး
နေပြည်တော်၊ ဇွန် ၃
နေပြည်တော်၌ ဘယ်လာရုစ်သံရုံး ဖွင့်လှစ်နိုင်ရေးအပါအဝင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး မစ္စတာ အူလာဇမီယာ ဘာရာဗီကူတို့ မေ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း နေပြည်တော်၌ ဘယ်လာရုစ်သံရုံး ဖွင့်လှစ်နိုင်ရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများ အားကောင်းလာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် သဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖိုးမောင်
285
ညီလေးရာ...
အာဆီယံထဲ ဝင်ချင်တုန်းကတော့ "အစ်ကိုကြီးရေ၊ ကျွန်တော့်လည်း ခုံလေးတစ်ခုံ ပေးပါဦး" ဆိုပြီး စပ်ဖြီးဖြီးနဲ့ ဒူးလာထောက်ခဲ့သူ။
ခုတော့ ရှမ်ဂရီလာစင်မြင့်ပေါ်တက်ကာ မြန်မာ့အရေးကို "အမည်းစက်" လို့ အားပါးတရ ပြောနေတာ ကြားလို့မှ ကောင်းကြသေးရဲ့လား။
သတင်းခေါင်းစဉ်ထဲ ပါဖို့အတွက်အဲလောက်တောင်ခက်နေပြီလား။
ကျေးဇူးဆိုတာ မှတ်မိဖို့ခက်နေရင် ကြုံဦးမှာပါ တိမောက ကောင်လေးရာ။
ဖိုးမောင်
285
+7
မြင်းခြံနယ်၌ သစ်သားသေနတ်များဖြင့်သာ လေ့ကျင့်နေရသော အကြမ်းဖက် PDF များ စခန်းစွန့်ခွာထွက်ပြေးသဖြင့် အပြီးတိုင် ဖျက်ဆီးရှင်းလင်း
မြင်းခြံမြို့နယ်၊ နတ်စောင့်ကျေးရွာအနီးရှိ အကြမ်းဖက် PDF လေ့ကျင့်ရေးစခန်းတစ်ခုအား ဇွန်လ (၁) ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများမှာ စခန်းကိုစွန့်ပစ် ထွက်ပြေးသွားခဲ့သည်။
-
စခန်းအတွင်း တကယ့်လက်နက်ပင်မရှိဘဲ ကိုင်ဆောင်လေ့ကျင့်နေရသည့် သစ်သားလက်လုပ်သေနတ် (၃၇) လက်၊ အသုံးမပြုနိုင်တော့သော ကားနှင့် မီးစက်အဟောင်းများ၊ ဆန်အိတ်များနှင့် လူနေတဲ (၆) လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် အကြမ်းဖက်သမားများ ထပ်မံခိုအောင်း အသုံးမပြုနိုင်စေရန် အဆိုပါ လေ့ကျင့်ရေးကွင်းနှင့် အဆောက်အအုံများအားလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးတိုင် ဖျက်ဆီးရှင်းလင်းခဲ့သည်။
NowNews
285
Repost from ဖိုးမောင်
ပြည်သူကိုအဆိပ်ခတ်ကြသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ သမိုင်းမှာ မှတ်တမ်းကျန်ပါလိမ့်မည်...
ကျောင်းသားတွေ ကျောင်းမတက်ဖို့၊ ဆရာဆရာမတွေ CDM လုပ်ဖို့ လှုံ့ဆော်ခဲ့တဲ့သူတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေအတွက် တာဝန်ယူဖို့ လိုပါတယ်။
နှစ်ပေါင်းများစွာ ပညာရေးပျက်စီးခဲ့တယ်။ ကလေးသိန်းနဲ့ချီပြီး စာသင်ခန်းနဲ့ ဝေးကွာသွားတယ်။ ဘဝအတွက် အရေးကြီးတဲ့ ပညာသင်နှစ်တွေ ဆုံးရှုံးသွားတယ်။ ဒါပေမဲ့ ဒီဆုံးရှုံးမှုတွေအတွက် တာဝန်ခံမှုကို မမြင်ရသေးဘူး။
နိုင်ငံရေးရည်ရွယ်ချက်အတွက် ကလေးတွေရဲ့ ပညာရေးကို စွန့်စားခိုင်းတာဟာ လွယ်ပါတယ်။ ဒါပေမဲ့ ပညာရေးနောက်ကျသွားတဲ့ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ပြန်လည်တည်ဆောက်ပေးဖို့က မလွယ်ဘူး။
"ကျောင်းမတက်နဲ့" လို့ ပြောခဲ့သူတွေဟာ "အခု ဘယ်လို ပြန်လည်သင်ယူကြမလဲ" ဆိုတဲ့ မေးခွန်းကိုလည်း ဖြေရမှာ ဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ စာသင်ခန်းထဲမှာ တည်ဆောက်ရတာ ဖြစ်ပြီး ကလေးတွေရဲ့ ပညာရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဖိုးမောင်
