👩🏻🦰✍🏻သက်ထား
Open in Telegram
292
Subscribers
No data24 hours
+27 days
+230 days
Posts Archive
292
Repost from ဖိုးမောင်
+2
🛣 နမ့်ဆန်–မိုင်းငေါ့လမ်းတွင် ကားကြီးများ သွားလာမှုများ၍ လမ်းများ ပျက်စီး၊ အိမ်များအတွင်း ရွှံ့များ ဝင်ရောက်နေ
တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် နမ့်ဆန်–မိုင်းငေါ့ လမ်းပိုင်းတွင် မိုးရာသီအတွင်း ကုန်တင်ကားကြီးများနှင့် ဘက်ဖိုးတင်ကားများ သွားလာမှု များပြားသောကြောင့် လမ်းများ ဆိုးဆိုးရွားရွား ပျက်စီးကာ ဒေသခံများ သွားလာရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။
🔹 ပန်စရီကျေးရွာနှင့် မြို့သစ်ကျေးရွာကြား လမ်းပိုင်း၌ ရွှံ့များ ထူထပ်နေပြီး အချို့နေရာများတွင် ရွှံ့များမှာ ဒေသခံနေအိမ်များအတွင်းထိ ဝင်ရောက်နေသည်။
🔹 လမ်းပျက်စီးမှုကြောင့် ပုံမှန် ၁ နာရီခွဲခန့် မောင်းရသည့် ခရီးမှာ ၃ နာရီမှ ၄ နာရီခန့်အထိ ကြာမြင့်နေပြီး ကျောင်းသူ/ကျောင်းသားများနှင့် လူနာပို့ဆောင်ရေးပါ ခက်ခဲနေသည်။
🔹 ကုန်စည်စီးဆင်းမှု ကြန့်ကြာ၍ ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် လမ်းမပြင်နိုင်သေးမီ တန်ချိန်များသည့် ကားကြီးများကို ယာယီ ကန့်သတ်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။
#Myanmar #Namhsan #Mawmeik #TNLA #LocalNews #RoadConditions
ဖိုးမောင်
292
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူး အာဏာကုန်လွှအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်
292
NLD အဖွဲ့တွေကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုပြီး စာထုတ်လာတာတွေ့တယ်… အဲဒီလိုစာထုတ်တာနဲ့ပတ်သက်ပြီး NLD နဲ့ NUG ရဲ့ ဆက်စပ်မှုကို ကွဲကွဲပြားပြားသိချင်လာတယ်..
NUG ဆိုတာ လူသတ် ဓားပြတိုက် ဆက်ကြေးကောက် မုဒိမ်းကျင့်နေတဲ့ အကြမ်းဖက်အဖွဲ့။ ဒါပေမယ့် ပြောစရာရှိတာက NUG မှာရှိတဲ့သူတွေက NLD အဖွဲ့က လူတွေချည်းပဲ…
နောက်တစ်ခုက NLD ကရော NUG ဆိုတာ သူတို့ပါတီနဲ့ မဆိုင်ဘူးဆိုပြီး ပြတ်ပြတ်သားသားပြောထားတာတော့မတွေ့ရဘူး… မဆိုင်ရင်တော့ မဆိုင်ကြောင်းထုတ်ပြရလိမ့်မယ်… အကယ်၍ NUG သာ NLD နဲ့ သက်ဆိုင်တယ် အတူတူပဲဆိုရင်တော့ NLD ပါတီဟာ NUG ရဲ့ အကြမ်းဖက်မှုတွေကို တာဝန်ခံရမယ်… သေချာတာကတော့ NLD ပါတီရဲ့ ခေါင်းဆောင်က ဒေါ်စုပဲ.. ဒေါ်စုတာဝန်ခံရမယ်… မဆိုင်ဘူးဆိုရင်တော့ ဘာတာဝန်မှခံစရာမလိုသလို NUG အဖွဲ့ဟာ သူ့သဘောနဲ့သူလုပ်နေတဲ့ အကြမ်းဖက်အဖွဲ့ NLD နဲ့မသက်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်းဖြေရှင်းထားဖို့တော့လိုတယ်…
အကြမ်းဖက်မှုတွေ လုပ်ထားပြီးတော့ အုတ်ရောရောကျောက်ရောရောနဲ့ ရောချလို့တော့မရဘူး…
မှိုင်းဝေ
292
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားချင်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ ဆီဘောက်ဆာကားလမ်းဘေးထိုးကျ(၁)ဦးဒ_ဏ်ရာရ မီးမလေ_ာင်စေရေးအအေးပေး
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ဇူလိုင် ၂၁ ရက်ည ၉ နာရီကျော်ခန့်က ဆီဘောက်ဆာကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်းမောင်းနှင်လာသော ဆီဘောက်ဆာကားသည် မိုင်တိုင်အမှတ် ၁၈၀/၅ အရောက်လမ်းတဘက်ရှိယာဉ်အားရှောင်တိမ်းစဥ် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးလေ_ာင်မှုမဖြစ်ပွားစေရေးအတွက် ရေတာရှည်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှ အအေးပေးခဲ့ကြပြီး ဖြစ်စဉ်ကြောင့် ထိခို-က်ဒ-ဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သော ကားမောင်းသူကို ဆွာလူမှုကူညီရေးအသင်းက ဆွာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
292
ဇူလိုင် ၂၀ ရက်က ဝက်လက်မြို့နယ်၊ ညောင်ပင်သာရွာကနေ ရွှေဘိုမြို့ကို ဈေးတက်ရောင်းတဲ့ ဈေးသည် ၄ ဦးကို ရွှေဘိုခရိုင် PDF အဖွဲ့က ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းတွေ လုယူပြီး အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပါတယ်။
NUG ထံက ထောက်ပံ့ကြေး မရတော့လို့ ငွေကြေးကျပ်တည်းလာတဲ့ အကြမ်းဖက် PDF တွေဟာ ဝမ်းရေးအတွက် အပြစ်မဲ့ ပြည်သူတွေအပေါ် ဓားပြဆန်ဆန် လုယက်ဖိနှိပ်နေကြတာပဲ ဖြစ်ပါတယ်။
"ပြည်သူ့အတွက်" လို့ အမည်လှလှတပ်ပြီး ပြည်သူ့ဝမ်းစာကိုပါမကျန် လုယက်နေတဲ့ ဒီလုပ်ရပ်ဟာ အကြမ်းဖက် PDF တွေရဲ့ ယုတ်မာအောက်တန်းကျမှုကို အထင်းသား ပြသနေတာပဲ ဖြစ်တယ်။
အပြစ်မဲ့ လုပ်ကိုင်စားသောက်သူတွေကို ဒုက္ခပေးနေတဲ့ ဒီရာဇဝတ်ကောင်တွေဟာ ပြည်သူ့မုန်းတီးမှုကို အပြည့်အဝရရှိသွားပြီဖြစ်ပြီး ကျူးလွန်ထားတဲ့ အကုသိုလ်ကံတွေ၊ ပြည်သူ့ ကျိန်စာတွေကြောင့် မကြာခင်မှာ အပြီးတိုင် ကျဆုံးပျက်စီးသွားကြတော့မှာပဲ ဖြစ်ပါတယ်။
မယုံရင်စောင့်ကြည့်လိုက်ပါ...
292
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော မစ္စတာ ငုယင်အန်းဒပ် က သံအမတ် ခန့်အပ်လွှာပေးအပ်
292
Repost from ဖိုးမောင်
⚠️ ဝက်လက်တွင် ရွှေဘိုခရိုင် PDF က ဈေးသည် ၄ ဦးကို ဖမ်းဆီးသွား
ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်၊ ညောင်ပင်သာရွာမှ ရွှေဘိုမြို့သို့ ဈေးတက်ရောင်းသည့် အမျိုးသား ၄ ဦးကို ရွှေဘိုခရိုင် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ဖြစ်စဉ် အသေးစိတ် - 🔹 ဈေးသည်များ၏ ဆိုင်ကယ်များနှင့် ဈေးပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူခဲ့သည်။ 🔹 ဖမ်းဆီးခံရသူ ၄ ဦး၏ နောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးသဖြင့် မိသားစုဝင်များ ပူပန်နေကြသည်။ #localnews #Shwebo #Wetlet #BreakingNews ဖိုးမောင်
292
Repost from ဖိုးမောင်
⚠️ ဝက်လက်တွင် ရွှေဘိုခရိုင် PDF က ဈေးသည် ၄ ဦးကို ဖမ်းဆီးသွား
ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်၊ ညောင်ပင်သာရွာမှ ရွှေဘိုမြို့သို့ ဈေးတက်ရောင်းသည့် အမျိုးသား ၄ ဦးကို ရွှေဘိုခရိုင် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ် အသေးစိတ် -
🔹 ဈေးသည်များ၏ ဆိုင်ကယ်များနှင့် ဈေးပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူခဲ့သည်။
🔹 ဖမ်းဆီးခံရသူ ၄ ဦး၏ နောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးသဖြင့် မိသားစုဝင်များ ပူပန်နေကြသည်။
ဖိုးမောင်
292
မြန်မာနိုင်ငံတွင် WFP မှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုအခြေအနေများ ဆွေးနွေး
နေပြည်တော်၊ ဇူလိုင်-၂၂
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael John Dunford ကို ဇူလိုင် ၂၁ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် WFP မှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
292
Repost from ဖိုးမောင်
+3
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ၁၉ ဦး အလင်းဝင်ရောက်
၂၂-၇-၂၀၂၆ ရက်နေ့
၂၂-၇-၂၀၂၆ ရက်နေ့ယနေ့ တောင်တိုင်းစစ်ဌာနချုပ်တွင် PDF ကျား ၁၈ ဦး၊ မ ၁ ဦး စုစုပေါင်း ၁၉ ဦးသည် သေနတ် ၃ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင်..ဖိုးမောင်
292
အာဆီယံနဲ့ အိန္ဒိယတို့ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ်ဖို့ ထပ်မံကတိပြု
292
ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရောင်းချ
နေပြည်တော်၊ ဇူလိုင် ၂၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် CMP ကုမ္ပဏီများထံသို့လည်း အမေရိကန်ဒေါ်လာ ၁၃၇,၄၀၄ ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်၏ FX Trading တွင် နိုင်ငံခြားငွေဝယ်ယူရရှိမှုအခြေအနေအရ စက်သုံးဆီကဏ္ဍက စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ပြီး စားသုံးဆီကဏ္ဍက ၂၂ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများက ၄ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းက ၂ ရာခိုင်နှုန်း၊ ဂျုံ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်းနှင့် ဓာတ်မြေဩဇာကဏ္ဍများက တစ်ခုလျှင် ၁ ရာခိုင်နှုန်းစီ၊ စားသုံးကုန်စည်က ၂ ရာခိုင်နှုန်းနှင့် အခြားကုန်ပစ္စည်းများနှင့် Non Trade Transaction များက ၁၄ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်သည် ပြည်တွင်းလိုအပ်သည့် အရေးကြီးကုန်စည်များ တင်သွင်းရာတွင် လိုအပ်သော နိုင်ငံခြားငွေများကို FX Trading အစီအစဉ်မှတစ်ဆင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
292
ဂျပန်နိုင်ငံက မြန်မာ့ငရုတ်သီးထုတ်ကုန်များတွင် Aflatoxin(မှိုအဆိပ်) ပါဝင်မှုရှိ၊ မရှိ ဆက်လက်စောင့်ကြည့်စစ်ဆေးမည်
292
Repost from ဖိုးမောင်
ဘာဖြစ်စဉ်မှ မရှိပဲ Yagon Army ဆိုတဲ့ Facebook Account က တင်တယ်။
မှားတယ်ဆိုတာကို ဒေသခံက ပြန်တင်တယ်။
ချင့်ချိန် ယုံကြပါအမျိုးတို့။
သတင်းအမှားပါ။ ဖြစ်စဉ်မရှိပါ။
ဖိုးမောင်
292
Repost from ဖိုးမောင်
+1
လှူမဲ့သူမရှိတဲ့ ရောင်နီလာပြီ ဖက်ဒရယ်ရွှေပြည် " ကမ်ပိန်း 🤭😂😅
လူတွေလည်း သိကုန်ပြီလေ။ ဘာကန်ပိန်း၊ ညာကန်ပိန်းနဲ့။ မြေပြင်ကိုရောက်တာ ၁၀ ပုံ ၁ ပုံ တောင် မပြည့်ချင်ဘူး။ အလှူခံတဲ့ကောင်တွေ အိတ်ထဲပဲရောက်သွားတယ်ဆိုတာ။
ပိတ်တွေလည်း ပိုက်ဆံနဲ့ ပတ်သတ်လာတော့ နွေဦး ဘာညာဆိုပြီး လှူတဲ့ တန်းတဲ့ အပိုင်း တွန့်လာကြတယ်။ ဂျင်း မိမှန်း သိကုန်တော့ နည်းနည်းပွင့်လာတယ်ဆိုရမှာပဲ။ အကုန်ပွင့်အောင် ဖြည်းဖြည်းချင်းဖွင့်ပေးရမှာပေါ့။ 😏😄
292
ပြည်တွင်း၌ ခေတ်မီ Smart Meter များ ထုတ်လုပ်လျက်ရှိ
ရန်ကုန်၊ ဇူလိုင် ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ ဓာတ်အားလေလွင့်ဆုံးရှုံးမှု လျှော့ချရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၌ ခေတ်မီ Smart Meter များကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး အင်းတကော်စက်မှုနယ်မြေရှိ စက်ရုံ၌ ဒစ်ဂျစ်တယ်လျှပ်စစ်မီတာ (Smart Meter) များကို ထုတ်လုပ်လျက်ရှိပြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ဇူလိုင် ၂၀ ရက်တွင် အဆိုပါစက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်၍ Hardware နှင့် Software များ အဆင့်မြှင့်တင်ရေး၊ သဘာဝဓာတ်ငွေ့မီတာနှင့် ရေမီတာများကိုလည်း ဒစ်ဂျစ်တယ်မီတာစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး၊ Electronic နှင့် IT ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးနှင့် နိုင်ငံအတွက် လိုအပ်သည့် ဒစ်ဂျစ်တယ်မီတာများကို အချိန်မီ ထုတ်လုပ်ဖြည့်ဆည်းနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့ပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ရုံးချုပ်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နည်းပညာအသုံးပြု၍ စစ်ဆေးကြပ်မတ်သွားမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေး၊ Call Center များအနေဖြင့် ပြည်သူများ၏ မေးမြန်းတိုင်ကြားမှုများကို စိတ်ရှည်နားလည်စွာ ဆောင်ရွက်ပေးရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
