👩🏻🦰✍🏻သက်ထား
Open in Telegram
291
Subscribers
+124 hours
No data7 days
+330 days
Posts Archive
291
Repost from BaNyunt
-
ကားမှောက်လို့ ပြေးလာကူတဲ့ တပ်မတော်သားနဲ့ ပြည်သူ့စစ်တွေ
သဘာဝဘေး၊ရေဘေး၊မီးဘေး ဘာဖြစ်ဖြစ် သူတို့ထိပ်ဆုံးကပါတယ်။နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုလည်း မလှစ်လပ်စေဘဲ ပြည်သူကလိုအပ်လာတိုင်း အမြဲအဆင်သင့်ရှိနေတာ မြန်မာ့တပ်မတော်ဖြစ်တယ်။
တပ်မတော်ကြီးကိုအစဥ်လေးစားလျှက်...
တိုက်ပွဲသတင်းစုံ
291
Repost from BaNyunt
ဇာတ်တူသားတွေစားကြပြန်ပြီ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာက မုံရွာခရိုင် PDF နှစ်ကောင်၊ ရွာဦးကျောင်းဆရာတော် အပါအဝင် ဒေသခံ ၄ ဦးတို့ကို အကြမ်းဖက် ချောင်းဦး ပလဖအဖွဲ့ကဖမ်းဆီးသွား…
#မှိုင်းဝေ
291
Repost from ဖိုးမောင်
🧱 တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအတွက် ကုမ္ပဏီများမှ အလုပ်အကိုင် အခွင့်အလမ်းများ ကမ်းလှမ်း
🔹 နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သတ်မှတ်ကာလ ပြည့်မြောက်အောင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအတွက် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများက ဦးစားပေး အလုပ်ခေါ်စာများ ကမ်းလှမ်းလျက် ရှိသည်။
🔹 စစ်မှုထမ်း တာဝန်ထမ်းဆောင်ခဲ့သူများ၏ စိတ်ဓာတ် ခံယူချက်၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် စည်းကမ်း ပိုင်းဆိုင်ရာ သင်ယူခဲ့မှုများကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ဦးစားပေး ခန့်အပ်လိုခြင်း ဖြစ်ပြီး၊ Thitsar Guardian Security Services ကုမ္ပဏီ အပါအဝင် လုပ်ငန်းများတွင် ထူးချွန်သူများကို ပြည်ပသို့ စေလွှတ်မည့် အခွင့်အလမ်းများပါ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
#Myanmar #Conscription #JobOpportunity #ThitsarGuardian #LocalNews
ဖိုးမောင်
291
Repost from ဖိုးမောင်
ဗီဒီယိုဖိုင်အတုတွေ၊ သက်သေအတုတွေ၊ အလိမ်အညာဇတ်လမ်းတွေနဲ့ ကမ္ဘာကို လိမ်။ ပြည်သူကိုလိမ်။ အလိမ်အညာတွေပြည့်နေတဲ့ မင်းတို့ကို အယုံအကြည်ကိုမရှိတာ။ဖိုးမောင်
291
Repost from ဖိုးမောင်
🧱 မတူပီမြို့နယ်တွင် CPU/CPA ၏ အဓမ္မ လူသစ်စုဆောင်းမှုအပေါ် ဒေသခံများ လမ်းပေါ်ထွက် ဆန္ဒပြ
🔹 ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာ၌ စင်းလိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CPU/CPA) မှ စာရင်းများ လိုက်လံကောက်ယူ၍ အဓမ္မ လူသစ်စုဆောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံပြည်သူများက မကျေမနပ်ဖြစ်ကာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
🔹 ဒေသခံပြည်သူများက အဓမ္မ လူသစ်စုဆောင်းမှု အချက်ချင်းရပ်ဆိုင်းရန်၊ ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြန်လွှတ်ပေးရန်နှင့် ပြည်သူများ၏ လွတ်လပ်စွာ နေထိုင်ခွင့်ကို လေးစားရန် တောင်းဆိုခဲ့ကြပြီး၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တပ်ဖွဲ့များဘက်မှ သတင်းထုတ်ပြန်ချက်များကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။
#Myanmar #ChinState #Matupi #CPU #CPA #LocalNews
ဖိုးမောင်
291
+4
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာ
291
Repost from Gyar Nuu (ဂျာနူး)✍️
ဘင်္ဂလားပင်လယ်အော်တွင် ကုန်တင်သင်္ဘောနစ်မြုပ်၊ မြန်မာသင်္ဘောသား ၃ ဦး ပါဝင်
၂၃ ဩဂုတ်၊၂၀၂၆
ပနားမားအလံတင် အမ်ဗီ အိုးရှင်းဝင်းနာ ကုန်တင်သင်္ဘောသည် အိန္ဒိယနိုင်ငံ ပါရာဒီပ်ဆိပ်ကမ်းမှ သံရိုင်းတင်ဆောင်ထွက်ခွာပြီးနောက် ဘင်္ဂလားပင်လယ်အော်အတွင်း နစ်မြုပ်သွားခဲ့ရာ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၃ ဦး အပါအဝင် စုစုပေါင်း ၂၄ ဦး လိုက်ပါခဲ့သည်။
သင်္ဘောသားများတွင် တရုတ်နိုင်ငံသား ၂၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးလည်း ပါဝင်ပြီး လက်ရှိတွင် အသက်ရှင်သူ ၂ ဦးကို ကယ်တင်ထားကာ ကျန် ၂၂ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်နှင့် ရေတပ်တိုက ဆက်လက်ရှာဖွေနေသည်။
291
Repost from Gyar Nuu (ဂျာနူး)✍️
အိန္ဒိယတွင် ဆရာမကရိုက်နှက်သဖြင့် အသက်ခြောက်နှစ်အရွယ်ကလေး သေဆုံးခဲ့မှုကို စစ်ဆေးနေ
အိန္ဒိယနိုင်ငံ ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆရာမက ပါးရိုက်ခဲ့ပြီးနောက် စာသင်ခန်းအတွင်း လဲကျသေဆုံးခဲ့သည့် ဖြစ်စဉ်အပေါ် အာဏာပိုင်များက စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
ကလေး၏မိသားစုက အိမ်စာမပြီးသည့်အတွက် ကလေးကို ဆရာမက ရိုက်နှက်ဆုံးမခဲ့သည်ဟု စွပ်စွဲထားသည်။အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ Little Garden School ပုဂ္ဂလိကကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၀ ရက်တွင် ဒေသတွင်းမီဒီယာများမှတစ်ဆင့် CCTV မှတ်တမ်းဗီဒီယို ပျံ့နှံသွားရာ အိန္ဒိယနိုင်ငံတွင် ကျောင်းသားများအား ကိုယ်ထိလက်ရောက် အပြစ်ပေးဆုံးမမှုနှင့်ပတ်သက်၍ ဝေဖန်ဒေါသထွက်မှုများ ဖြစ်လာခဲ့သည်။
291
Repost from ခင် ညို ချော
+1
နိုင်ငံ့သားကောင်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများအလုပ်အကိုင်ရရှိရေး အသိပေးထုတ်ပြန်ချက်
၁။ နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးထားသည့် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင် ရရှိရေးစီမံခန့်ခွဲမှုကော်မတီ”အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သဖြင့် နေရပ်အသီးသီးသို့ပြန်ကြမည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။
-
၂။ ကော်မတီသည် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေ ဂုဏ်ပြုအသိအမှတ်ပြုလက်မှတ်ရရှိထားသည့် နိုင်ငံ့သားကောင်းများ အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက် လိုသူများ၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပကုမ္ပဏီ ဝန်ထမ်းအဖြစ်လုပ်ကိုင်လိုသူများနှင့် မိမိတို့ရပ်ရွာများတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လိုသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
-
၃။ သို့ဖြစ်ပါ၍ တာဝန်ကျေပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအနေဖြင့် သတ်မှတ်ကာလ ပြည့်မီစွာ တာဝန်ထမ်းဆောင်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အခက်အခဲများရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်-
(က) ကာကွယ်ရေးဝန်ကြီးဌာန - ၀၆၇၃ ၄၀၄၆၃၄ ၊ ၀၆၇၃ ၄၀၄၆၃၅ ။
(ခ) စစ်ရေးချုပ်ရုံး - ၀၃၆ ၃၁၃၄၇ ။
(ဂ) အလုပ်သမားဝန်ကြီးဌာန - ၀၆၇၃ ၄၃၀၁၈၁ ၊ ၀၆၇၃ ၄၃၀၁၈၂ ။
#စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ
ခင် ညို ချော
သြဂုတ် ၂၁ ရက်
291
Repost from ခင် ညို ချော
မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာ AA တပ်သား ၂ ဦး အရက်အတူသောက် ၊ သူငယ်ချင်းဖြစ်သူအိပ်ပျော်နေစဥ် အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန် ၉ လရှိဇနီးဖြစ်သူအား မုဒိမ်းကျင့် ၊ အော်ဟစ်ရုန်းကန်၍ ဖမ်းဆီး ၊ AA လူကြီးပိုင်းမှပြန်လွှတ်ခိုင်း၍ မုဒိမ်းကျင့်သူ တရားခံ ဇော်မြင့်ထွန်း လွတ်မြောက် ၊ကိုယ်ဝန်သည်မှာ ထိုးကြိတ်ခံရ၍ဆေးရုံရောက်သဖြင့် ဒေသခံများမကြေနပ် ၊ ဆန္ဒပြ ၊တရာခံ ပြန်ဖမ်းသည်။
ခင် ညို ချော
သြဂုတ် ၂၁ ရက်
291
Repost from Thazin Oo 🇲🇲
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့နှင့် ယနေ့ သြဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
291
Repost from ဖိုးမောင်
🧱 မြန်မာနိုင်ငံတွင် လိုအပ်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး နည်းပညာလွှဲပြောင်းပေးမည်ဟု ဘယ်လာရုစ် ဝန်ကြီးချုပ် ပြော
🔹 မင့်စ်မြို့၌ ကျင်းပသည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင် ဘယ်လာရုစ် ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က မြန်မာနိုင်ငံတွင် လိုအပ်သည့် ကုန်ပစ္စည်းများကို ရောင်းချရုံသာမက ပြည်တွင်း၌ ကိုယ်တိုင် ထုတ်လုပ်နိုင်ရေး နည်းပညာများ လွှဲပြောင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။
🔹 ၂၀၂၇ ခုနှစ် အစပိုင်းတွင် မြန်မာနိုင်ငံ၌ လယ်ယာသုံး တြက်တာများ စတင်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး၊ သားရေနှင့် ဖိနပ်စက်ရုံများ၊ ဆေးဝါးထုတ်လုပ်ရေး၊ မြို့ပြသုံး ယာဉ်များနှင့် စက်ယန္တရားများ ပူးပေါင်းထုတ်လုပ်ရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
🔹 ထို့ပြင် နေပြည်တော်၌ Technology Park တည်ထောင်ရေး၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ AI နှင့် အာကာသ နည်းပညာဆိုင်ရာ ပံ့ပိုးမှုများ အပါအဝင် မြန်မာ့ကုန်ကြမ်းနှင့် လယ်ယာထွက်ကုန်များကို ပိုမို ဝယ်ယူသွားရန် ဘယ်လာရုစ်ဘက်မှ စိတ်ဝင်စားလျက် ရှိသည်။
#Myanmar #Belarus #AleksandrTurchin #TechnologyTransfer #BusinessForum #LocalNews
ဖိုးမောင်
291
Repost from ဖိုးမောင်
🧱 မြန်မာ-ဘယ်လာရုစ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် အရှိန်မြှင့်မည်
🔹 မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို မဟာဗျူဟာမြောက် အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
🔹 မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အား အတည်ပြုခဲ့ပြီးဖြစ်ရာ စိုက်ပျိုးရေး (Smart Agriculture)၊ စက်မှု ကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ ဒီဂျစ်တယ် နည်းပညာနှင့် အထူးစီးပွားရေးဇုန်များတွင် ဘယ်လာရုစ် လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။
🔹 ထို့ပြင် အာဆီယံ (ASEAN) နှင့် ယူရေးရှား စီးပွားရေး သမဂ္ဂ (EAEU) ဈေးကွက် နှစ်ခုအကြား ကုန်သွယ်မှု ကွန်ရက်များကို အသုံးချ၍ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် Win-Win Economic Partnership ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#Myanmar #Belarus #BusinessForum #MinAungHlaing #EconomicInvestment #LocalNews
ဖိုးမောင်
291
Repost from ဖိုးမောင်
🧱 မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ အရှိန်မြှင့်အကောင်အထည်ဖော်ရန် သမ္မတနှစ်ဦး ဆွေးနွေး
🔹 ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko တို့ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး Roadmap ပါ လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။
🔹 ကုန်သွယ်ရေးနှင့် SEZ များတွင် ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေးနှင့် ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ရေး၊ နာနိုဂြိုဟ်တုနှင့် Big Data/AI နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခဲ့ကြသည်။
🔹 ထို့ပြင် SCO နှင့် EAEU အပါအဝင် နိုင်ငံတကာ မျက်နှာစာများတွင် မြန်မာနိုင်ငံအား ဘယ်လာရုစ်ဘက်မှ ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#Myanmar #Belarus #MinAungHlaing #Lukashenko #Diplomacy #LocalNews
ဖိုးမောင်
291
Repost from ဖိုးမောင်
.
သမိုင်းတွင်မယ့် PDF တို့ရဲ့ အကြမ်းဖက်လူသတ် လုပ်ရပ်မြန်မာတွေ မြန်မာတွေ စိတ်တွေကြမ်းတမ်းသွားတာများ မြင်မကောင်းဘူး။ ရိုင်းစိုင်းသွားတာ။ ဒလန်ဆိုရင် ငါ့မိဘဆိုလည်း သတ်ဆိုပဲ။ ကွန်မြူနစ်ဝါဒပေါ့။ အဖေ၊ အမေမရှိ၊ မောင်နှမ မရှိ။ ကိုယ်ချင်းစာတရားမရှိ။ ဒီမိုကရေစီဆိုပြီး လူ့အခွင့်အရေးတွင်တွင်ကျယ်ကျယ်အော်နေရာကနေ ကိုယ်နဲ့အမြင်မတူတဲ့သူကို ဒလန်ခေါင်းစဉ်တပ် ရိုက်နှက် သတ်ဖြတ်။ ခေါင်းဖြတ်ရမှာ ဝန်မလေးဘူး။ ခုတ်ထစ် ပိုင်းပစ်ဖို့ဝန်မလေးဘူး။ ဒါလား ဒီမိုကရေစီ။ စစ်တပ်က အဲလိုမရိုင်းစိုင်းဘူး။ စစ်တပ်က ပုန်ကန်နေတဲ့ မင်းတို့ကို သေနတ်ကိုင်ပြီး စစ်တိုက်တာ။ မင်းတို့က သေနတ်လက်ထဲရတာနဲ့ သေနတ်တရမ်းရမ်းဓါးတရမ်းရမ်းနဲ့။ ပြည်သူကို ကြိုးတုတ်ပြီး မိုက်မိုက်ရိုင်းရိုင်းသတ်တာ။ တုတ် တုတ်ချင်း၊ ဓါးဓါးချင်း တိုက်ကြ ခိုက်ကြတာ သေကြတာတာ ငါတို့ယောက်ျားတွေတွက်မဆန်းဘူး။ ကြည့်ကောင်းသေးတယ်။ ခုမင်းတို့ဟာက ကြိုးတုပ်ပြီး နားရွက်လှီးလိုက်၊ လက်ခုတ်လိုက်၊ လည်ပင်းလှီးလိုက်။ မင်းတို့လုပ်နေတဲ့သူကြည့်လိုက်ရင် စစ်တပ်ကနည်းနည်း အရပ်သားပြည်သူကများများ။ မင်းတို့ဘက်ပါမှပြည်သူတဲ့လား။ စပါယ်ရှယ် ဒီမိုကရေစီ ပါ့လား။ သေနတ်ပြပြီး ငွေညှစ် ဓားပြတိုက်။ အဖွဲ့တိုင်းမဆိုလိုဘူး၊ လူတိုင်းမဆိုလိုဘူး။ ဒါမယ့်တော်တော်များများ အဲလိုအကြမ်းဖက်နေတယ်ဆိုတာ မင်းတို့ကိုယ်မင်းတို့သိပါတယ်။ ဒါ့ကြောင့် မင်းတို့ PDF တွေဟာ အကြမ်းဖတ်လူသတ်ကောင်တွေပဲ။ စွပ်စွဲနေတာမဟုတ်ဘူး။ အရှိတရားကို ပြောနေတာ။ မင်းတို့ကို ကွပ်ကဲထောက်ပံ့နေတဲ့ NUG လည်း အကြမ်းဖက်ပဲ။ ဒါကိုနိုင်ငံတကာကလည်းမသိဘူးမထင်နဲ့။ အစိုးရကို နိုင်ငံရေးဖိအားပေးချင်လို့သာ မင်းတို့လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်နေကြတာ။ မင်းတို့အကြမ်းဖက်နေတာ သိပ်သိတာပေါ့။ ၈ လေးလုံးတုန်းက ခေါင်းဖြတ်အကြမ်းဖက်ခဲ့ကြတာ သမိုင်းမှာ ကျန်ခဲ့တယ်မလား။ ခုလည်းအဲလိုပဲ မင်းတို့ NUG , PDF တွေရဲ့အကြမ်းဖက်လုပ်ရပ်က သမိုင်းမှာ ကျန်ခဲ့မယ်။ ဖိုးမောင်
291
Repost from ဖိုးမောင်
နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ် တို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားချက်မှ ကောက်နုတ်ချက်
291
Repost from ဖိုးမောင်
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအား ရုရှားဖက်ဒရှင်းနိုင်ငံ Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့အပ်နှင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအား ရုရှားဖက်ဒရှင်းနိုင်ငံ Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းသည်။
ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းသည့်အခမ်းအနားကို ယနေ့ ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက Plekhanov Russian University of Economics ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
291
Repost from Gyar Nuu (ဂျာနူး)✍️
အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်နေသည့် စင်္ကာပူက လူမှုကွန်ရက်များနှင့် မက်ဆေ့ဝန်ဆောင်မှု လုပ်ငန်းများအတွက် ပိုမိုတင်းကျပ်သော စည်းကမ်းများကို ထုတ်ပြန်
စင်ကာပူကအွန်လိုင်းငွေကြေးလိမ်လည်မှုများ (Scams) ကို နှိမ်နင်းနေသောကြောင့် သြဂုတ် ၁၈ ရက်မှ စတင်ကာ မက်ဆေ့ဝန်ဆောင်မှု လုပ်ငန်းများက မည်သူမည်ဝါမှန်း မသိရသော အဆက်အသွယ်များ (Unknown contacts)ကို ကန့်သတ်ရန်၊ လူမှုကွန်ရက် ဝန်ဆောင်မှုများက ကြော်ငြာရှင်များကို အတည်ပြုပေးရန်လိုအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားသားများကို အလုပ်အကိုင်ရမည်ဟု လှည့်ဖြားခေါ်ယူပြီး အချစ်ရေးနှင့် ခရစ်ပတိုရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်စေသည့် ကျားဖျန့်အွန်လိုင်းလိမ်လည်သည့်နေရာများ လွန်ခဲ့သောနှစ်များတွင် အရှေ့တောင်အာရှတစ်ခွင် တိုးပွားလာခဲ့သည်။
291
Repost from ခင် ညို ချော
သံတွဲ အမှတ် ၈ ရပ်ကွက် ၊ ၂ လမ်းရှိ AA တပ်ရင်းဌာနချုပ် အပါအဝင် ဂွ ၊ အမ်း ၊ ပလက်ဝ ရှိ AA စခန်း အတိအကျ နေရာများ ဗုံးကြဲ၍ AA ၂၇ ဦးသေ ၃၈ ဦးဒဏ်ရာရ ရာ အရပ်သားများဟုငြင်းသည်။
မြောက်ဦး တွင် AA ညိုထွန်းအောင်နှင့် MNDAA / TNLA ခေါင်းဆောင် တို့ ရောက်ရှိ ၊ စစ်ကူပေးရေး တွေ့ဆုံဆွေးနွေးနေသည်။
ဘူးသီးတောင်မြို့နယ် မေယုတောင်ခြေရှိ ဝေးလံခေါင်သီသော မြိုလူမျိုးများ နေထိုင်ရာ ဘိုကလေးရွာသစ် ၊ ရွာဟောင်း ၊ ကြောင်စာ ကျေးရွာ များကို AA တို့ရောက်ရှိ ကျား/မ ၊ ကြီး/ငယ်မဟူ လူသစ်စု၍ ရွာလုံးကျွတ် ခေါ်သွားသည်။
ခင် ညို ချော
သြဂုတ် ၁၇ ရက်
291
Repost from Thazin Oo 🇲🇲
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု (မှတ်တမ်း)
