Bee Kyal Football News
Open in Telegram
ဘောလုံး အားကစားသတင်းစုံ
Show moreThe country is not specifiedThe category is not specified
591
Subscribers
No data24 hours
-37 days
-330 days
Posts Archive
ရိုနယ်ဒိုနဲ့ အယ်လ်နက်ဆာအသင်းကတော့ အမှတ်ပေးချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်ကို အနိုင်ကစားခဲ့ပါပြီ ။ အယ်လ်ရှာဘတ်အသင်းကို အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင်ကစားခဲ့ပြီး ဂျာအို ဖဲလစ်က ဟက်ထရစ်သွင်းယူခဲ့ပါတယ် ။ ရိုနယ်ဒိုလည်း ၁ ဂိုးသွင်းယူပေးခဲ့ပြီး ဒီနိုင်ပွဲကြောင့် တပွဲကစားဖို့ကျန်နေသေးတဲ့ အယ်လ်ဟီလေအသင်းကို ၅ မှတ်အသာရရှိသွားခဲ့ပြီဖြစ်ပါတယ် ။
လာမယ့်ပွဲစဉ်မှာတော့ အယ်လ်နက်ဆာအသင်းဟာ အဆင့် ၂ နေရာက အယ်လ်ဟီလေအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မရှုံးနိမ့်အောင်ကစားနိုင်မယ်ဆိုရင်တော့ ဆော်ဒီအမှတ်ပေးချန်ပီယံဖလားကို ရယူဖို့ အလွန်နီးစပ်သွားတော့မှာပဲ ဖြစ်ပါတယ် ။
#BeeKyal
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျောက်မှာ ကလဲရင့် ဆီးဒေါ့ဖ်ဟာ မတူညီတဲ့အသင်း ၃ သင်းနဲ့ ချန်ပီယံဖြစ်ဖူးတဲ့ တဦးတည်းသောကစားသမားအဖြစ် ရပ်တည်နေပါတယ် ။ သူဟာ အိုင်ယက်စ် ၊ ရီးရဲမက်ဒရစ် ၊ အေစီမီလန်အသင်းတွေနဲ့ ချန်ပီယံလိဂ်ကိုရယူနိုင်ခဲ့တာပါ ။ ဒီနှစ်မှာတော့ သူ့ရဲ့ စံချိန်ကို လိုက်မီနိုင်တဲ့ကစားသမားတယောက် ရှိလာခဲ့ပါပြီ ။
သူကတော့ အာဆင်နယ်ဂိုးသမား ကီပါ အရစ်ဇာဘလာဟာပါပဲ ။ ကီပါဟာ ချဲလ်ဆီး ၊ ရီးရဲမက်ဒရစ်အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သူဖြစ်ပြီး အခုနှစ်မှာ အာဆင်နယ်နဲ့ ထပ်မံဆွတ်ခူးနိုင်ခဲ့ရင် ဆီးဒေါ့ဖ်ရဲ့ စံချိန်ကို လိုက်မီသွားမှာပါ ။ ထူးခြားတာကတော့ ကီပါဟာ ရှေ့က ချန်ပီယံဖြစ်တဲ့ ၂ ကြိမ်စလုံးမှာ ပါဝင်ကစားရခြင်းမရှိခဲ့သလို ဒီတခေါက်မှာလည်း ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိဦးမှာမဟုတ်ပါဘူး ။
ဒါပေမယ့်လည်း ချန်ပီယံကချန်ပီယံ ၊ စံချိန်ကစံချိန်ပဲ ဖြစ်တာကြောင့် အာဆင်နယ်သာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ကီပါလည်း စံချိန်ရှင်တယောက်အဖြစ်ကို ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ် ။
#BeeKyal
ကျွန်တော်တို့တွေအတွက်တော့ သတင်းကောင်းပါပဲ ။ UEFA ဟာ ဒီနှစ်ကျင်းပမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို အချိန်စောပြီးကစားဖို့ ရွေးချယ်လိုက်တယ်လို့သိရပါတယ် ။ ယခင်နှစ်တွေက ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်တွေကို ဗြိတိန်စံတော်ချိန် ည ၈ နာရီ ( မြန်မာစံတော်ချိန် မနက် ၁ နာရီ မိနစ် ၃၀ ) မှာ ကစားလေ့ရှိပါတယ် ။ ဒီနှစ်မှာတော့ အရှေ့ကို ၃ နာရီစောပြီးကျင်းပသွားမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် မေလ ၃၀ ရက်နေ့ ည ၁၀ နာရီ ၃၀ အချိန်မှာ ကြည့်ရှုအားပေးနိုင်တော့မှာပါ ။ ဒါဟာ ကမ္ဘာတဝှမ်းက ချန်ပီယံလိဂ်ဖိုင်နယ်ကို ကြည့်ရှုမယ့်သူတွေအတွက် အဆင်ပြေစေဖို့နဲ့ ဟန်ဂေရီနိုင်ငံအထိ လိုက်ပါအားပေးမယ့်သူတွေအတွက် အသွားအလာအဆင်ပြေစေဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ် ။
၂၀၂၆ ချန်ပီယံလိဂ်ဖိုင်နယ်
ပီအက်စ်ဂျီ - အာဆင်နယ်
ဟန်ဂေရီနိုင်ငံ ၊ ဘူဒါပတ်စ်ကွင်း
မေလ ၃၀ ရက်နေ့ ( မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ )
#BeeKyal
နော်တင်ဟမ်ဖောရက်စ်ကိုဂိုးပြတ်အနိုင်ကစားခဲ့တဲ့ဗီလာနဲ့ ပဲလေ့စ်အသင်းရဲ့သမိုင်းဝင်အောင်မြင်မှု
OFFICIAL!
ယူရိုပါလိဂ်နဲ့ ကွန်းဖရင့်စ်လိဂ်ဖိုင်နယ်ပွဲစဉ်တွေထွက်ပေါ်လာပါပြီ
အူနိုင်းအမ်မရီကတော့ အူနိုင်းအမ်မရီပါပဲ ။ ၁၀ ပွဲဆက်ရှုံးပွဲမရှိအောင်ပုံစံကောင်းပြသနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းလည်း အမ်မရီရဲ့ ဗီလာအသင်းနဲ့နောက်တကြိမ်အတွေ့မှာ နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ရပါပြီ ။ ဗီလာအသင်းဟာ ပထမအကျော့တုန်းက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို အိမ်ကွင်းမှာ အကောင်းဆုံးကစားပြီး ၄-၀ နဲ့ အနိုင်ကစားကာ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ ။ ဖိုင်နယ်ပွဲစဉ်မှာတော့ ဂျာမန်ကလပ် ဖရိုင်းဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဗီလာအသင်းချန်ပီယံဖြစ်ဖို့ အလားအလာများနေပါတယ် ။
ယူရိုပါကွန်းဖရင့်စ်လိဂ်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးညက်အသင်းကို ၂ ကျော့စလုံးအနိုင်ကစားပြီး European Final တခုကို အသင်းရဲ့သမိုင်းတလျောက် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်သွားနိုင်ခဲ့ပါတယ် ။ ဗိုလ်လုပွဲမှာတော့ သူတို့ဟာ စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ ။
ဗီလာနဲ့ ပဲလေ့စ်တို့ ချန်ပီယံဆုဖလားတွေကို ရယူဆွတ်ခူးသွားနိုင်မလား . . .
#BeeKyal
ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလမ်းကြောင်းတလျောက်က ပြိုင်ဘက်အသင်းများ
ချန်ပီယံလိဂ်မှာတော့ ပိုခက်ခဲတဲ့လမ်းကြောင်းကအသင်းတွေ ချန်ပီယံအဖြစ်များကြပါတယ် ။ ပြိုင်ဘက်အသင်းကောင်းတွေကို ကျော်ဖြတ်လာခဲ့တာကြောင့် ပိုပြီးထိုက်တန်တယ်လို့ ယူဆသလားမပြောတတ်ပါဘူး ။
#BeeKyal
PSG နဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာတွေ့ဆုံခဲ့ကြပါပြီ ။
ပီအက်စ်ဂျီချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် -
ရီးရဲမက်ဒရစ်နောက်ပိုင်း ၂ နှစ်ဆက်ချန်ပီယံဖြစ်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာမယ် ။
ပြင်သစ်ကလပ်တွေထဲမှာ ၂ နှစ်ဆက်ချန်ပီယံဖြစ်တဲ့ ပထမဆုံးအသင်းဖြစ်လာမယ် ။
နည်းပြ အန်နရီကေးကတော့ ဖလား ၃ လုံးအောင်မြင်မှုရော ၂ နှစ်ဆက်ချန်ပီယံလိဂ်အောင်မြင်မှုပါ ရယူနိုင်တဲ့ တဦးတည်းသောနည်းပြဖြစ်လာမယ် ။
ပီအက်စ်ဂျီဟာ ချဲလ်ဆီး ၊ ယူဗင်တပ် ၊ နော်တင်ဟမ်ဖောရက်စ် ၊ ဘင်ဖီကာ ၊ ပေါ်တိုအသင်းတွေရဲ့ အောင်မြင်မှုကို လိုက်မီသွားပါလိမ့်မယ် ။
အာဆင်နယ်အသင်း ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ -
အသင်းသမိုင်းတလျောက် ပထမဆုံးအောင်မြင်မှုဖြစ်လာမယ် ။
ပရီးမီးယားလိဂ်အသင်းတွေထဲက ၇ သင်းမြောက်ချန်ပီယံဖြစ်လာမယ် ။
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျောက်မှာလည်း ၂၅ သင်းမြောက်ချန်ပီယံအသင်းလည်း ဖြစ်လာမယ် ။
လန်ဒန်ကလပ်အသင်းတွေထဲမှာဆိုရင်တော့ ချန်ပီယံလိဂ်ဖလားရယူနိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာပြီး မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်မှတ်တမ်း ( ဖိုင်နယ် ၂ ကြိမ် ချန်ပီယံ ၁ ကြိမ် ) နဲ့လည်း တူညီသွားမှာဖြစ်ပါတယ် ။
ဘယ်အသင်းကို ချန်ပီယံလိဂ်ဖလားကြီး ကိုင်မြှောက်တာမြင်စေချင်သလဲဗျာ . . .
#BeeKyal
ချန်ပီယံလိဂ်ဖိုင်နယ်တက်တဲ့အပြင် စံချိန်ကောင်းတွေပါရရှိခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ အနိုင်ကစားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါပြီ ။ ဒါဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ ။ အာဆင်နယ်ဟာ အခုနှစ်ပြိုင်ပွဲမှာ ရှုံးပွဲလုံးဝမရှိဘဲ ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၃-၂၄ ဘောလုံးရာသီက ရီးရဲမက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်တရာသီ ရှုံးပွဲမရှိမှုအများဆုံးစံချိန် ( ၁၃ ပွဲ ) ကိုလည်း ကျော်ဖြတ်ကာစံချန်သစ် ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ်ဟာ clean sheet ၉ ပွဲအထိ ရရှိထားပြီး ဗိုလ်လုပွဲမှာ ဂိုးမပေးရဘူးဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျောက် clean sheet အများဆုံးစံချိန်ကိုလည်း ထပ်မံရရှိသွားဦးမှာ ဖြစ်ပါတယ် ။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ ၊ မေလ ၃၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းတွေထဲက အနိုင်ရရှိလာမယ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။
#BiggBoss
Available now! Telegram Research 2025 — the year's key insights 
