en
Feedback
Football Everyday 2.2

Football Everyday 2.2

Open in Telegram
4 943
Subscribers
-424 hours
-657 days
-16730 days
Posts Archive
⚽️အစ်စ်ဝှစ်ခ်ျ Vs လီဗာပူလ်း⚽️(၀၁:၃၀) ⚽️ဘက်တစ် Vs ရီရဲလ်မက်ဒရစ်⚽️(၀၁:၃၀) ဒီည ပွဲစဉ်တွေကို websiteမှာ ကြည့်လို့ရတယ်နော်။ ဥရောပထ
⚽️အစ်စ်ဝှစ်ခ်ျ Vs လီဗာပူလ်း⚽️(၀၁:၃၀) ⚽️ဘက်တစ် Vs ရီရဲလ်မက်ဒရစ်⚽️(၀၁:၃၀) ဒီည ပွဲစဉ်တွေကို websiteမှာ ကြည့်လို့ရတယ်နော်။ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေ အပြင် အခြားအခြားသော လိဂ်အသီးသီးမှ ပွဲစဉ်များစွာကို တစုတစည်းထဲကြည့်လို့ ရအောင် ဆောင်ရွက်ပေးထားပါတယ်ဗျ။ Website ကို ထစ်တာ loadingတက်တာ မဖြစ်အောင်လည်း ပြန်လည်ပြင်ဆင်ပေးထားပါတယ်ဗျ။ Website 😬 https://fibcast.com

မြန်မာ့လက်ရွေးစင် 🤩 နောက်ခံကစားသမား နန္ဒကျော် လက်ရွေးစင် ကစားသမားဘဝမှ အနားယူကြောင်းကြေငြာ မြန်မာ့လက်ရွေးစင် 🤩 အသင်းမှာ ဆယ်စ
မြန်မာ့လက်ရွေးစင် 🤩 နောက်ခံကစားသမား နန္ဒကျော် လက်ရွေးစင် ကစားသမားဘဝမှ အနားယူကြောင်းကြေငြာ မြန်မာ့လက်ရွေးစင် 🤩 အသင်းမှာ ဆယ်စုနှစ်တခုကျော်ကြာ ကစားပေးခဲ့တဲ့ ရှမ်းယူနိုက်တက် 🤩 ကစားသမား နန္ဒကျော်ဟာ လက်ရွေးစင် ကစားသမား ဘဝမှ အနားယူကြောင်း ကြေငြာသွားခဲ့ပါတယ်။မိသားစုကို အချိန်ပိုပေးနိုင်ရန်နှင့် ခါးဒဏ်ရာ မသက်သာခြင်း၊ လူငယ်များကို ပိုမိုနေရာပေးလိုခြင်းများကြောင့် လို့ ကြေငြာချက်မှာ ထည့်သွင်းရေးထားတာတွေ့ရပါတယ်။နန္ဒကျော်ဟာ သမိုင်းဝင် U-19အသင်းကို ဦးဆောင်ခဲ့တဲ့ အသင်းခေါင်းဆောင် တဦးဖြစ်ပြီး အနားယူချိန်မှာ အသက် ၃၀ သာရှိသေးတာကို တွေ့ရပါတယ်။

-ဘာစီလိုနာအသင်း ⚽️ သည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေ ယူရို ၁ ဘီလီယံအထိ စံချိန်တင် ရရှိခဲ့ပြီဖြစ်ပါတယ်။ ကွင
-ဘာစီလိုနာအသင်း ⚽️ သည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေ ယူရို ၁ ဘီလီယံအထိ စံချိန်တင် ရရှိခဲ့ပြီဖြစ်ပါတယ်။ ကွင်းဝင်ဆံ့ဦးရေ နည်းပါးသည့် Estadi Johan Cruyff ကွင်း၌ ပွဲစဉ်အချို့ကို ပြောင်းရွှေ့ကစားခဲ့ရသော်လည်း အိမ်ကွင်းပွဲစဉ်များမှ ရရှိသည့် ဝင်ငွေများ တိုးတက်လာခဲ့ခြင်းက ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်း၏ အဓိက အကြောင်းရင်းဖြစ်တယ်လို့ သိရပါတယ်။ -လီဗာပူးအသင်း ⚽️ ၏ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲဝင် ကစားသမား ၂၅ ဦး စာရင်းတွင်  ချီယေဆာ (Chiesa) နှင့် အန်ဒို (Endo) တို့ ချန်လှပ်ခံလိုက်ရပါတယ်။

PSG ⚽️ အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ခဗီချာ ကဗာရတ်စခီလီယာကို Ballon d’Or ဆုပေးပွဲ မတိုင်ခင်မှာပဲ စာချုပ်သက်တမ်းတိုး သဘောတူည
PSG ⚽️ အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ခဗီချာ ကဗာရတ်စခီလီယာကို Ballon d’Or ဆုပေးပွဲ မတိုင်ခင်မှာပဲ စာချုပ်သက်တမ်းတိုး သဘောတူညီမှု ရယူချင်နေပါတယ်။ Ballon d’Or ဆုသာ ရရှိသွားခဲ့ရင် နောက်ပိုင်း စာချုပ်ဆွေးနွေးရတာ ပိုမိုခက်ခဲသွားမှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ စာချုပ်သစ်အတွက် သီတင်းပတ်အတော်ကြာ ဆွေးနွေးနေကြပြီး ရလဒ်တွေလည်း ပိုမိုကောင်းမွန်လာတာမို့ မကြာမီမှာ သဘောတူညီမှုရဖို့ အလွန်နီးစပ်နေပြီ လည်း ဖြစ်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် ၂၀၃၀ ဒါမှမဟုတ် ၂၀၃၁ အထိ သက်တမ်းရှိမှာဖြစ်ပြီး လုပ်ခလစာလည်း တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။

သြဂုတ်လအတွက် Premier League တစ်လတာ အကောင်းဆုံး နည်းပြဆု (Manager of the Month) စာရင်းဝင်ထားသူများ ⚽️ မီခေလ်း အာတေတာ (Mikel Ar
သြဂုတ်လအတွက် Premier League တစ်လတာ အကောင်းဆုံး နည်းပြဆု  (Manager of the Month) စာရင်းဝင်ထားသူများ ⚽️ မီခေလ်း အာတေတာ (Mikel Arteta) ⚽️ ဇာဘီ အလွန်ဆို (Xabi Alonso) ⚽️ ဆာဂျေး ယာကီရိုဗစ် (Sergej Jakirović) ⚽️ အန်ဇို မာရက်စကာ (Enzo Maresca) သြဂုတ်လအတွက် Premier League တစ်လတာ အကောင်းဆုံး ကစားသမားဆု (Player of the Month) စာရင်းဝင်ထားသူများ ⚽️ ရစ်ကာဒို ကာလာဖီအိုရီ (Riccardo Calafiori) ⚽️ ရာယန် ရှာကီ (Rayan Cherki) ⚽️ ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) ⚽️ ကိုးလ် ပါးမား (Cole Palmer) ⚽️ ယာအို ပက်ဒရို (JoĂŁo Pedro) ⚽️ မာမာဒူ ဆန်ဂါရဲ (Mamadou SangarĂŠ) ⚽️ ကွန်စတန်တီနို့စ် ဇိုလာကစ် (Konstantinos Tzolakis) ⚽️ ယိုအန်း ဝိစ်ဆာ (Yoane Wissa) တစ်လတာ အကောင်းဆုံး ကစားသမားက ဘယ်သူဖြစ်မလဲ?

ဒီည ပွဲစဉ်တွေကို websiteမှာ ကြည့်လို့ရတယ်နော်။ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေ အပြင် အခြားအခြားသော လိဂ်အသီးသီးမှ ပွဲစဉ်များစွာကို
ဒီည ပွဲစဉ်တွေကို websiteမှာ ကြည့်လို့ရတယ်နော်။ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေ အပြင် အခြားအခြားသော လိဂ်အသီးသီးမှ ပွဲစဉ်များစွာကို တစုတစည်းထဲကြည့်လို့ ရအောင် ဆောင်ရွက်ပေးထားပါတယ်ဗျ။ Webesite ကို ထစ်တာ loadingတက်တာ မဖြစ်အောင်လဲ ပြန်လည်ပြင်ဆင်ပေးထားပါတယ်ဗျ။ Website 😬 https://fibcast.com

"ဘာစီလိုနာအသင်းနဲ့ သတင်းထွက်ခဲ့တာ ကျေနပ်စရာကောင်းပေမဲ့ ကျွန်တော် ဒီမှာပဲ ဆက်ရှိနေချင်ပါတယ်။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရှင်းလ
"ဘာစီလိုနာအသင်းနဲ့ သတင်းထွက်ခဲ့တာ ကျေနပ်စရာကောင်းပေမဲ့ ကျွန်တော် ဒီမှာပဲ ဆက်ရှိနေချင်ပါတယ်။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရှင်းလင်းပြတ်သားတဲ့ ဆန္ဒကတော့ အင်တာမီလန်မှာပဲ ဆက်ရှိနေဖို့ပါပဲ။" "ကျွန်တော် ဒီကလပ်အသင်းကို ချစ်တယ်၊ ဒီကလူတွေကို ချစ်တယ်၊ ပရိသတ်တွေကိုလည်း ချစ်ပါတယ်။ အသင်းက ကျွန်တော့်ကို အလိုရှိနေသမျှ ကာလပတ်လုံး ကျွန်တော် ဒီမှာပဲ ဆက်ရှိနေမှာပါ"
လော်တာရို မာတီနက်ဇ် (အင်တာမီလန်)⚽️

ဒီတစ်ပတ် အာဂျင်တီးနားနိုင်ငံတွင်း ကျင်းပမယ့် လိဂ်ပြိုင်ပွဲပေါင်းစုံနဲ့ တန်းခွဲအသီးသီးက ပွဲစဉ်တိုင်းရဲ့ ၁၀ မိနစ် မှာ လီယိုနယ်
ဒီတစ်ပတ် အာဂျင်တီးနားနိုင်ငံတွင်း ကျင်းပမယ့် လိဂ်ပြိုင်ပွဲပေါင်းစုံနဲ့ တန်းခွဲအသီးသီးက ပွဲစဉ်တိုင်းရဲ့ ၁၀ မိနစ် မှာ လီယိုနယ် မက်ဆီ ကို ဂုဏ်ပြုသောအားဖြင့် ပွဲကို ၁ မိနစ်ကြာ ခေတ္တရပ်နားပြီး ပရိသတ်တွေက လက်ခုပ်သြဘာပေးကြမှာ ဖြစ်ပါတယ်။ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် (AFA) မှ မက်ဆီ၏ ကျောနံပါတ် ၁၀ ကို အစွဲပြု၍ သူ့ရဲ့ ကစားသမားဘဝနှင့် နိုင်ငံအသင်းအတွက် ပေးဆပ်ခဲ့မှုများကို ဂုဏ်ပြုရန်အတွက် အခုလို စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။

UEFA ချန်ပီယံလိဂ် ⚽️ တွင် ပထမဆုံးအကြိမ် ကစားမည့် ကစားသမားများအတွက် အထူးတံဆိပ်သစ် မိတ်ဆက် ​ယခုရာသီ UEFA ချန်ပီယံလိဂ်ပြိုင်ပွဲတ
UEFA ချန်ပီယံလိဂ် ⚽️ တွင် ပထမဆုံးအကြိမ် ကစားမည့် ကစားသမားများအတွက် အထူးတံဆိပ်သစ် မိတ်ဆက် ​ယခုရာသီ UEFA ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများသည် ၎င်းတို့၏ UCL ခရီးစဉ်စတင်ခြင်း အမှတ်တရအဖြစ် ဂျာစီပေါ်တွင် အထူးတံဆိပ် (Special Badge) ကို စတင်တပ်ဆင် ဝတ်ဆင်သွားကြမည်ဖြစ်သည်။ ​အဆိုပါတံဆိပ်ကို ပထမဆုံးပွဲစဉ်၌ ညာဘက်လက်မောင်းပေါ်တွင် တပ်ဆင်ရမည်ဖြစ်ပြီး၊ ပွဲအပြီးတွင် ခွာယူကာ ကစားသမား၏ လက်မှတ်နှင့်အတူ Topps ကုမ္ပဏီမှ တစ်ခုတည်းသော တန်ဖိုးကြီး အမှတ်တရ Trading Card အဖြစ် ပြောင်းလဲဖန်တီးသွားမည်ဖြစ်သည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၂) ၏ အကောင်းဆုံးကစားသမားအဖြစ် ဘရူနို ဖာနန်ဒက်စ် တရားဝင် ရွေးချယ်ခံရ မန်ချက်စတာယူနိုက်တက် ⚽️ အသင်းခေါင်
ပရီးမီးယားလိဂ် ပွဲစဉ် (၂) ၏ အကောင်းဆုံးကစားသမားအဖြစ် ဘရူနို ဖာနန်ဒက်စ် တရားဝင် ရွေးချယ်ခံရ မန်ချက်စတာယူနိုက်တက် ⚽️ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) သည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ၏ အကောင်းဆုံးကစားသမား (Player of the Matchweek) အဖြစ် တရားဝင် ရွေးချယ်ခံလိုက်ရပြီ ဖြစ်သည်။ ဘရူနိုသည် အဆိုပါပွဲစဉ်တွင် အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ၃ ဂိုး သွင်းယူကာ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ခြင်းကြောင့် ထိုဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက် တရားဝင်ပိတ်သိမ်း သွားပါပြီ ခင်ဗျာ -အပြောင်းအရွှေ့ တရာသီလုံး မြူးခဲ့တဲ့ ဟူလီယန် အဲဗာရက်ဇ် ဘယ်မှ မပြောင်းရပါဘူးခင်ဗျာ -မန်ချက်စတာ စီးတီး ⚽️ အသင်းဟာ ဒီနွေရာသီမှာ အောက်ပါ ကွင်းလယ်လူ ၃ ဦး အတွက် စုစုပေါင်း ယူရို ၃၇၈ သန်း အထိ သုံးစွဲခဲ့ပါတယ်။ အဲလီးယော့ အန်ဒါဆန် ; ယူရို ၁၃၅ သန်း အေယူဗ် ဘူအက်ဒီ ; ယူရို ၉၅ သန်း အန်ဇို ဖာနန်ဒက် ; ယူရို ၁၄၈သန်း

စံချိန်သစ်ရေးထိုးလိုက်သည့် လာမိုင်း ယာမယ်လ် ဘာစီလိုနာအသင်း ⚽️ ၏ စပိန်ကြယ်ပွင့် တိုက်စစ်ကစားသမား လာမိုင်း ယာမယ်လ်သည် အသင်းအတွက
စံချိန်သစ်ရေးထိုးလိုက်သည့် လာမိုင်း ယာမယ်လ် ဘာစီလိုနာအသင်း ⚽️ ၏ စပိန်ကြယ်ပွင့် တိုက်စစ်ကစားသမား လာမိုင်း ယာမယ်လ်သည် အသင်းအတွက် သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီးနောက် ဥရောပ ထိပ်တန်းလိဂ် (၅) ခုတွင် အသက်အငယ်ဆုံးဖြင့် သွင်းဂိုး ၅၀ ရရှိသည့် ကစားသမားအဖြစ် သမိုင်းဝင် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဗယ်လ်ကာနို (Rayo Vallecano) အသင်းနှင့် ပွဲစဉ်တွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သည့် ယာမယ်လ်သည် ပွဲပေါင်း ၁၅၄ ပွဲ ကစားအပြီး အသက် ၁၉ နှစ်နှင့် ၄၉ ရက် သာ ရှိသေးချိန်တွင် ယခုကဲ့သို့ စံချိန်တင် သွင်းဂိုးကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်စံချိန်ရှင်များဖြစ်ကြသည့် အမ်ဘာပေ (၂၀ နှစ်၊ ၂၇၃ ရက်) နှင့် ဟားလန်း (၂၀ နှစ်၊ ၂၃၇ ရက်) တို့၏ စံချိန်များကို ကျော်လွန်၍ အသက်အငယ်ဆုံး စံချိန်သစ်ကို ယာမယ်လ်အနေနဲ့ ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

"မန်ချက်စတာစီးတီး ⚽️ ဟာ လက်ရှိအင်္ဂလန်ဘောလုံးလောကမှာ အအောင်မြင်ဆုံး ကလပ်အသင်းဖြစ်ပါတယ်။ ကစားသမားတိုင်းဟာ ဒီလိုအသင်းမျိုးမှာ ပ
"မန်ချက်စတာစီးတီး ⚽️ ဟာ လက်ရှိအင်္ဂလန်ဘောလုံးလောကမှာ အအောင်မြင်ဆုံး ကလပ်အသင်းဖြစ်ပါတယ်။ ကစားသမားတိုင်းဟာ ဒီလိုအသင်းမျိုးမှာ ပါဝင်ခွင့်ရဖို့ အမြဲအိပ်မက်မက်ကြသလို၊ စီးတီးရဲ့ အသင်းအုပ်ချုပ် စီမံခန့်ခွဲမှုစနစ် ဘယ်လောက်အထိ အဆင့်အတန်းမြင့်သလဲဆိုတာလည်း လူတိုင်းအသိပါပဲ။" "ဒီအသင်းကို ရောက်ရှိလာခဲ့ရတဲ့အတွက် ဝမ်းသာကြည်နူးရသလို၊ စီးတီးနဲ့အတူ အောင်မြင်မှု ဆုဖလားတွေ ဆက်လက်ဆွတ်ခူးသွားမယ့် စိန်ခေါ်မှုအတွက်လည်း အပြည့်အဝ အသင့်ဖြစ်နေပါပြီ။ စီးတီးဆိုတာ အောင်မြင်မှုတွေ ဆွတ်ခူးဖို့အတွက်သီးသန့် တည်ဆောက်ထားတဲ့ အသင်းကြီးပါ။" "ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် မနားတမ်းတိုးတက်အောင် ကြိုးစားရတာကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်နဲ့ လက်တွဲဖူးသူတိုင်း နေ့စဉ်လေ့ကျင့်ခန်းတွေနဲ့ ပွဲစဉ်တွေမှာ ကျွန်တော် ဘယ်လောက်အထိ အစွမ်းကုန် ပုံအောကြိုးစားတတ်သလဲဆိုတာ သိကြပါတယ်။ အခုလို မန်ချက်စတာစီးတီးအတွက်လည်း ပေးဆပ်မှုအားလုံးကို ဆက်လက် ပုံအောသွားမယ်လို့ ကတိပေးပါတယ်။"
အန်ဇိုဖာနန်ဒက်ဇ် (မန်စီးတီးကစားသမားအသစ်စက်စက်)

Transfer Deadline day ခေါင်းကြီးသတင်းများ စုစည်းမှု -ဂျာမနီလက်ရွေးစင် အသင်းကနေ နောက်ခံလူ Rudiger ရုတ်တရတ်အနားယူသွား။ - အာဆင်န
Transfer Deadline day ခေါင်းကြီးသတင်းများ စုစည်းမှု -ဂျာမနီလက်ရွေးစင် အသင်းကနေ နောက်ခံလူ Rudiger ရုတ်တရတ်အနားယူသွား။ - အာဆင်နယ် ⚽️ ကစားသမား Gabriel Jesus ကတော့ ဘာစီလိုနာ ⚽️ အသင်းကို တရားဝင်ရောက်ရှိ။ -မန်စီးတီး ⚽️ အသင်းအနေနဲ့  အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရတဲ့ ချဲလ်ဆီး ⚽️ ကစားသမား  အန်ဇိုကို အရခေါ်ယူနိုင်ခဲ့ပါတယ်။ဒီအပြောင်းအရွှေ့ဟာ ဘောလုံးသမိုင်းမှာ တတိယကြေးအကြီးဆုံး (ယူရို-145သန်း)(ပေါင်-၁၂၅သန်း) အဖြစ်စံချိန်တင်ခဲ့။ -ရီရဲလ်မက်ဒရစ် ⚽️ အသင်းကနေ ထွက်ခွါခဲ့တဲ့ Ceballosဟာ အသင်းဟောင်း ရီရဲလ်ဘက်တစ် ⚽️ ကို free agent ကစားသမားအဖြစ် ရောက်ရှိ။ -ဘာစီလိုနာ ⚽️ ကစားသမား လမိုင်း ယာမာယ်ဟာ ၂၀၂၅/၂၆ လာလီလာအကောင်းဆုံးကစားသမားဆုကို လက်ခံရရှိ။ -Ndiaye အဲဗာတန်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့။ -ချဲလ်ဆီးအသင်း ⚽️ နဲ့ မိုနာကို ⚽️ ကစားသမား ကာမာရာ အပြောင်းအရွှေ့အတွက် အကုန်သဘောတူခဲ့ပြီးမှ မိုနာကိုအသင်းဘက်မှ မရောင်းချတော့ဖူးလို့ ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းဘက်ကလည်း Professional မဆန်တဲ့အသင်းလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ -ဘာစီလိုနာ ⚽️ ကစားသမား ကာဆာဒို ဒီပို့တီပို ⚽️ အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ (Buy option €30mပါဝင်)။

Breaking News:;🟡 အန်ဇို ဖာနန်ဒက်ဇ် (Enzo Fernández) ဟာ မန်စီးတီးအသင်း ⚽️ သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ ခဲ့ပြီဖြစ်ပါတယ
Breaking News:;🟡 အန်ဇို ဖာနန်ဒက်ဇ် (Enzo Fernández) ဟာ မန်စီးတီးအသင်း ⚽️ သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ ခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်း ⚽️ ဘက်က ရောင်းချရန် သဘောတူလိုက်ပြီးနောက် ကာလရှည် ဆွေးနွေးမှုများအပြီးတွင် ပေါင် ၁၂၅ သန်းထက်မကသော ပြောင်းရွှေ့ကြေးဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ အန်ဇိုသည် မန်စီးတီးအသင်းသို့သာ ပြောင်းရွှေ့လိုခဲ့ခြင်းဖြစ်ပြီး ယခုအခါ မန်စီးတီးအသင်းတွင် ဆေးစစ်မှုခံယူရန် ပြင်ဆင်နေပြီဖြစ်သည်။

​ဂျူလီယန် အယ်လ်ဗာရက်ဇ်ကတော့ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ခါနီး နောက်ဆုံးအချိန်အထိ မျှော်လင့်ခဲ့ရတဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ချင
​ဂျူလီယန် အယ်လ်ဗာရက်ဇ်ကတော့ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ခါနီး နောက်ဆုံးအချိန်အထိ မျှော်လင့်ခဲ့ရတဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်တဲ့ အိမ်မက်ကို စွန့်လွှတ်လိုက်ရပြီး၊ အက်သလက်တီကိုမှာပဲ ဆက်ရှိနေဖို့ လက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ​တစ်ဖက်မှာလည်း အာဆင်နယ်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ကို လုံးဝ စဉ်းစားမှာမဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

​Lionel Messi၏ နိုင်ငံအသင်းမှအနားယူကြောင်း တရားဝင်ထုတ်ပြန်ချက် အပြည့်အစုံ ဒီစာလွှာလေးကို ဖိုင်နယ်ပွဲအပြီး နှစ်ရက်မြောက်နေ့ (ဇ
​Lionel Messi၏ နိုင်ငံအသင်းမှအနားယူကြောင်း တရားဝင်ထုတ်ပြန်ချက် အပြည့်အစုံ ဒီစာလွှာလေးကို ဖိုင်နယ်ပွဲအပြီး နှစ်ရက်မြောက်နေ့ (ဇူလိုင် ၂၁ ရက်) တည်းက ရေးသားခဲ့တာပါ။ ဒီနေ့မှာတော့ အဖေ့ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအပြီးမှာ ဒီဆုံးဖြတ်ချက်ကို ပိုလို့တောင် ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်မိပါတယ်။ ​ဖိုင်နယ်ပွဲအပြီး အချိန်အတော်ကြာ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီးတဲ့နောက် လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်ဆိုတဲ့အကြောင်း အားလုံးကို အသိပေးပါရစေ။ ​ဒါဟာ ရင်ထဲမှာ အတော်လေး နာကျင်ရသလို ခုထိလည်း နာကျင်နေရတုန်းပါပဲ။ ဒါပေမဲ့ ဒီအချိန်ဟာ နှုတ်ဆက်ဖို့ အသင့်တော်ဆုံးအချိန်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ​လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အောင်ပွဲတွေ အလီလီ ဆွတ်ခူးခဲ့ချိန်မှာတင် မဟုတ်ဘဲ အဲဒီမတိုင်ခင် ရာသီတွေကတည်းက အရာရာကို အစွမ်းကုန် ပေးဆပ်ခဲ့တယ်ဆိုတာ သစ္စာဆိုရဲပါတယ်။ ဘောလုံးကတစ်ဆင့် သင်တို့ဆီ ပျော်ရွှင်မှုတွေ ယူဆောင်ပေးဖို့နဲ့ အာဂျင်တီးနားနိုင်ငံသားတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားစေဖို့အတွက် ဒီအကျီၤတံဆိပ်လေးအတွက် အမြဲတမ်း အစွမ်းကုန် တိုက်ပွဲဝင် ပေးဆပ်ခဲ့ပါတယ်။ ​ကျန်ရှိတဲ့ အချိန်တွေက သိပ်မရှိတော့သလို အခန်းကဏ္ဍ အသစ်တွေလည်း အဆုံးသတ်ဖို့ ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီအပြောင်းအလဲက ကျွန်တော့်ကို အရမ်း နာကျင်စေပါတယ်။ လက်ရွေးစင်အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတာကို ကျွန်တော် မြတ်နိုးခဲ့တယ်၊ မြတ်နိုးနေတုန်းပဲ၊ အမြဲတမ်းလည်း မြတ်နိုးနေမှာပါ။ စိတ်ရောကိုယ်ပါ ရှိသမျှအားလုံး ပေးဆပ်ခဲ့ပြီးပါပြီ၊ ထပ်ပြီး ပေးဆပ်စရာလည်း ဘာမှ မကျန်တော့ပါဘူး။ ​ဒါ့အပြင် ဒီနေရာနဲ့ ထိုက်တန်တဲ့ တောက်ပတဲ့ လူငယ်မျိုးဆက်သစ်တွေလည်း ထွက်ပေါ်လာနေပါပြီ။ ​လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ပေးသနားခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် အနက်ရှိုင်းဆုံး ကျေးဇူးတင်ပါတယ်။ ကွင်းထဲကနေ သင်တို့ရဲ့ အားပေးသံတွေကို မကြားရတော့ဘူးဆိုတာ တွေးရုံနဲ့တင် လွမ်းမောရပါတယ်။ အခုချိန်ကစပြီး ကျွန်တော်လည်း သင်တို့လိုပဲ ကွင်းပြင်ပကနေ သာယာတဲ့အချိန်မှာရော၊ ခက်ခဲတဲ့အချိန်တွေမှာပါ အမြဲမပြတ် အားပေးနေမယ့် ပရိသတ်တစ်ယောက် ဖြစ်လာပါပြီ။ ​ဒီလှပပေမဲ့ ခက်ခဲတဲ့ ခရီးစဉ်တစ်ခုလုံးမှာ အမြဲတမ်း အနားမှာ ရှိပေးခဲ့တဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ အတူတကွ ဖြတ်သန်းခွင့်ရခဲ့ကြတဲ့ နည်းပြ၊ အသင်းဖော်နဲ့ တာဝန်ရှိသူ အသီးသီးကိုလည်း ကျေးဇူးတင်ပါတယ်။ မေ့မရနိုင်တဲ့ အမှတ်တရတွေနဲ့ အခိုက်အတန့်တွေကို ရင်ထဲမှာ မြတ်နိုးစွာ သိမ်းဆည်းထားပါရစေ။ ​အားလုံးအတူတကွ အိပ်မက်မက်ခဲ့ကြတဲ့ သမိုင်းဝင် အခိုက်အတန့်တွေကို အသင်းဖော်တွေနဲ့အတူ ပုံဖော်ပေးနိုင်ခဲ့တယ်ဆိုတဲ့ အသိနဲ့အတူ ကျေနပ်ဝမ်းမြောက်စွာ၊ ဂုဏ်ယူစွာနဲ့ပဲ နှုတ်ဆက်ထွက်ခွာပါတယ်။ ဒါတွေကို သင်တို့နဲ့အတူ အတူတကွ ရင်ခုန်ဖြတ်သန်းခဲ့ရတာ တကယ်ကို ရူးသွပ်စရာ ကောင်းလှပါတယ်။ အားလုံးကို ချစ်ပါတယ်။ ​ကျွန်တော့်ကို အာဂျင်တီးနားနိုင်ငံသားတစ်ယောက်အဖြစ် ဖန်ဆင်းပေးခဲ့တဲ့ ဖန်ဆင်းရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ​Vamos Argentina! (အာဂျင်တီးနား တက်ညီလက်ညီ ရှေ့သို့ ချီတက်ကြစို့)

⚽️ အက်စ်တွန်ဗီလာ ၀-၁ အာဆင်နယ်⚽️ Highlight

⚽️ဘာစီလိုနာ ၅-၂ ဗယ်လ်ကာနို⚽️ Highlight

Aston Villa ⚽️ Vs Aesenal ⚽️ ဒုတိယပိုင်း ပြန် စပါပြီ📢📢 Telegram အဆင့်ဆင့် JOIN ပြီး ကြည့်ပါ ချန်နယ် ➡️ https://t.me/+X90FaZSXDg5lMTE1 Website ကနေလည်း ကြည့်လို့ရပါတယ်။ Website ➡️ https://www.fibcast.com