en
Feedback
Ju Ju ဇာတ်ကားစုံ

Ju Ju ဇာတ်ကားစုံ

Open in Telegram

Show more
The country is not specifiedThe category is not specified
345
Subscribers
+524 hours
+187 days
+3030 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+24
in 4 channels
August '26
+321
in 4 channels
Get PRO
July '260
in 3 channels
Get PRO
June '26
+5
in 2 channels
Date
Subscriber Growth
Mentions
Channels
07 September+2
06 September+5
05 September+1
04 September+1
03 September+8
02 September+3
01 September+4
Channel Posts
About Time [2013] ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါ
About Time [2013] ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/158

2
The Sorcerer's Apprentice (2010) IMDb Rating (6.1) / Rotten Tomatoes (40%) 2010 ကထွက်ခဲ့ပြီး Nicolas Cage ကြီးကားကောင်းတွေရို
The Sorcerer's Apprentice (2010) IMDb Rating (6.1) / Rotten Tomatoes (40%) 2010 ကထွက်ခဲ့ပြီး Nicolas Cage ကြီးကားကောင်းတွေရိုက်ခဲ့စဉ်က အောင်မြင်ခဲ့တဲ့ မှော်အက်ရှင်ဇာတ်ကားပါ။ မှော်ပညာကို သိပ္ပံနဲ့ရောစပ်ပြီး ယုတိ္တရှိရှိဖန်တီးပြနိုင်ခဲ့တာကြောင့်ရော၊ အံ့မခန်းလှပတဲ့အထူးပြုလုပ်ချက်တွေ၊ စိတ်ကူးကောင်းကောင်းနဲ့ဖန်တီးထားတဲ့ မှော်ပညာသုံးအက်ရှင်ခန်းတွေကြောင့်ပါ နာမည်ကျော်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အားလုံးသိကြတဲ့ မှော်ဆရာကြီး မာလင်ရဲ့တပည့်သုံးယောက်ဖြစ်တဲ့ ဘယ်လ်သဇာ၊ ဟော်ဗတ်နဲ့ ဗရိုနီကာတို့မှာ သုံးပွင့်ဆိုင်ဇာတ်လမ်းဖြစ်ရာကနေ ဟော်ဗတ်ကသစ္စာဖောက်သွားခဲ့ပါတယ်။ မာလင်သေဆုံးပြီးနောက် ဘယ်လ်သဇာက မာလင့်ရန်သူတော်မော်ဂါနာရဲ့ဝိဉာဉ်ကို ဗရိုနီကာရဲ့ကိုယ်ထဲမှာပိတ်လှောင်ခဲ့ပြီး သူတို့ကိုတော့ ဂရင်းမ်ဟိုးလ်လို့ခေါ်တဲ့မှော်ရုပ်လေးထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်တွေအပြီး နှစ်ပေါင်းတစ်ထောင်အကြာမှာ ဒေ့ဗ်ဆိုတဲ့ စာကြမ်းပိုးကျောင်းသားလေးဟာ သူ့ကိုယ်သူမာလင်ရဲ့ဆက်ခံသူဆိုတာ မသိပဲ နေထိုင်နေပါတယ်။ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/156
482
3
ကြေးစားလူသ၊တ်အမိုက်စား အက်ရှင်ကားသစ် Mantis (2025) ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ K-i-l-l B-o-k-s-o-o-n ရဲ့ဇာတ်ကားအခွဲတစ်ခုဖြစ်ပြ
ကြေးစားလူသ၊တ်အမိုက်စား အက်ရှင်ကားသစ် Mantis (2025) ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ K-i-l-l B-o-k-s-o-o-n ရဲ့ဇာတ်ကားအခွဲတစ်ခုဖြစ်ပြီး (ဓားခုတ်ကောင်) ဇာတ်ကောင်အား ပုံဖော်ထားတဲ့ဒီဇာတ်ကားမှာကြေးစားလူမိုက်လောကရဲ့နာမည်ကြီး M-a-n-t-i-s ကို မသိသူမရှိသလို အဖွဲ့အစည်း တော်တော်များများကလည်း လိုချင်တပ်မက်ကြပါတယ်။ တစ်နေ့ ဓားခုတ်ကောင်တစ်ယောက် ကာလအတန်ကြာအနားယူပြီး ပြန်လာတဲ့အခါ သူအလုပ်လုပ်နေတဲ့ M-K  ကုမ္ပဏီကိုယ်စားလှယ် ချာမင်ဂယူ သေဆုံးသွားတာကို သိသွားပြီးနောက် သူငယ်ချင်းဖြစ်သူ ဂျယ်အီကို ခေါ်သွင်းကာ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ဖို့ စီစဉ်ပါတော့တယ်။ M-K ကုမ္ပဏီရဲ့ ကိုယ်စားလှယ်အသစ်ဖြစ်တဲ့ ကြေးစားလူသတ်သမားဟောင်း ဒို့ဂိုကလည်း ဓားခုတ်ကောင်ကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပြီး ကြေးစားလူမိုက်လောကထဲက အပြိုင်အဆိုင်တွေ ပဋိပက္ခတွေ လှည့်ကွက်တွေကို အမိုက်စား အက်ရှင်အကြမ်းတွေနဲ့ ဖြေရှင်းပုံတွေကို ရင်ခုန်စွာကြည့်ရှုရမယ့်အပြင် နာမည်ကြီး မင်းသားမင်းသမီးများရဲ့ အလန်းစားကြမ်းခန်း ယမ်းခန်းများကိုလည်း တဝကြီး ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတ​ယ်။ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/156
747
4
Wedding Daze (2006) Anderson ဟာ သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းရိုမန်တစ်ဆန်ဆန် Cupid ဝတ်စုံကြီးဝတ်ပြီ) လက်ထပ်ခွင့်တောင်းဖို့ က
Wedding Daze (2006) Anderson ဟာ သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းရိုမန်တစ်ဆန်ဆန် Cupid ဝတ်စုံကြီးဝတ်ပြီ) လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားရာကနေ... ကောင်မလေးက အလွန်အမင်း အံ့ဩဝမ်းသာသွားပြီး နှလုံးရပ်သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Anderson တစ်ယောက် စိတ်ဒဏ်ရာရပြီး တစ်နှစ်လောက်ကြာတဲ့အထိ အချစ်သစ်မရှာနိုင်ဘဲ အထီးကျန်ဖြစ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့သူငယ်ချင်းက နောက်ထပ် အချစ်သစ်ပြန်ရှာဖို့ တိုက်တွန်းတာကြောင့် စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးနေတဲ့ မိန်းကလေး Katie (Isla Fisher) ကို ဘာစိတ်ကူးပေါက်သွားမှန်းမသိဘဲ ရမ်းပြီး လက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ ပိုအံ့ဩစရာကောင်းတာက Katie ဟာလည်း သူ့ရဲ့ ငြီးငွေ့စရာကောင်းတဲ့ ဘဝကြီးကနေ ရုန်းထွက်ချင်နေတဲ့အချိန်ဖြစ်နေတော့ ဘာမတွေးညာမတွေးနဲ့ လက်ခံလိုက်တဲ့အခါ... လုံးဝမသိကျွမ်းတဲ့ သူစိမ်းနှစ်ယောက်ရဲ့ ကမောက်ကမ စေ့စပ်ပွဲကြီး စတင်ပါတော့တယ်။ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/155
1 193
5
ရင်နှစ်စရာကောင်းတဲ့ ခလေးနှစ်ယောက်ရဲ့ သံယောဇဉ် The Cure (1995) ငယ်ငယ်က သွေးသွင်းရာကနေ AIDSရောဂါပါ ကူးသွားတဲ့ ဒက်စ်တာနဲ့ ​ အိမ်
ရင်နှစ်စရာကောင်းတဲ့ ခလေးနှစ်ယောက်ရဲ့ သံယောဇဉ် The Cure (1995) ငယ်ငယ်က သွေးသွင်းရာကနေ AIDSရောဂါပါ ကူးသွားတဲ့ ဒက်စ်တာနဲ့ ​ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အဲရစ် တိုရဲ့ လူငယ်သူငယ်ချင်းအချစ်ဇာတ်ကားလေး အဲ့တုန်းက AIDS ဆိုတာ ဘယ်သူမှအနား တောင်အကပ်မခံ ချင်ကြတာကြောင့် အိမ်ပြောင်းလာခဲ့တဲ့ ဒက်စ်တာ က အဲရစ်အိမ်ဘေးကိုပြောင်းလာခဲ့ပါတယ်အပေါင်းသင်းနည်းတဲ့ အဲရစ်က ခြံခြင်းကပ်ရပ် ဒက်စ်တာနဲ့ စကားပြောရင်း တဖြေးဖြေး ရင်းနှီးလာခဲ့ပါတယ် အဲရစ်က အမေလစ်ပြီဆိုရင် ဒက်စ်တာနဲ့ ခိုးပြီးလာလာဆော့ပြီး AIDS ဖြစ်နေတဲ့ သူငယ်ချင်းကို အမြန်ဆုံးသက်သာချင်လို တွေ့ကရာ အပင်တွေ ဖျော်တိုက်လေ့ရှိတယ် အဲရစ်အဖျော်ကောင်းလို တစ်ရက် ဒက်စ်တာတစ်ယောက် အရေးပေါ်အခြေနေဖြစ်သွားတော့ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/154
762
6
" Ghost’s News "(2023) ရွာတရွာမှာ မထင်မှတ်ဘဲနဲ့ မြစ်ကမ်းဘေးမှအလောင်းတခု မျှောနေတာကို ရွာသားတွေကတွေ့လိုက်ပါတယ်။ အဲ့အလောင်းကတော
" Ghost’s News "(2023) ရွာတရွာမှာ မထင်မှတ်ဘဲနဲ့ မြစ်ကမ်းဘေးမှအလောင်းတခု မျှောနေတာကို ရွာသားတွေကတွေ့လိုက်ပါတယ်။ အဲ့အလောင်းကတော့အဲ့ရွာမှာနေထိုင်တဲ့ ဘုန်းကြီးကျောင်းသား "ပိတ်"ဆိုတဲ့လူပါပဲ။ ဘာကြောင့်သေတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ "မိတ်"ကလည်း ဘုန်းကြီးကျောင်းသားဆိုပေမယ့် ကြိုးစားတဲ့လူငယ်ဖြစ်တာကြောင့် ဆရာဝန်လက်ထောက် ဖြစ်နေပါတယ်။ "ပိတ်"သေဆုံးပြီးမကြာပါဘူး ပိတ်တယောက် အငြိုးကြီးတဲ့ဝိညာဉ်အဖြစ်နဲ့ရပ်ကွက်တခုလုံးကိုမွေနှောက်ပါတော့တယ်။ ရွာသူကြီးဖြစ်သူကလည်း ရပ်သူရပ်သားပျော်ရွှင်ဖို့အတွက် ပိတ်ကိုနှိမ်နှင်းဖို့ကြိုးစားကြတာပေါ့။ သို့ပေမယ့် ပိတ်ဟာဘာကြောင့်အငြိုးရှိနေတာလဲဆိုတာ ဘယ်သူမှမစုံစမ်းဘဲ နှိမ်နှင်းဖို့ကြိုးစားကြတယ်။ မိတ်ကတော့ သူ့အစ်ကိုလိုခင်ရတဲ့ ပိတ် ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလဲစုံစမ်းရင်းနဲ့ အမှန်တရားကိုတွေ့ရှိခဲ့ပါတယ်။ စိတ်ဝင်စားစရာ ဟာသသရဲကားလေးဖြစ်တာကြောင့် ခွီချင်သူတွေ လက်မလွှတ်သင့်တဲ့ကားလေးပါ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/153
819
7
P-o-s-s-e-s-s-i-o-n-s (2024) ဇာတ်လမ်းအကျဉ်း သိုလှောင်ခန်းတွဲတွေနဲ့ လူနေအိမ်ပါ နေရာတစ်ခုကို ဈေးတန်တန်နဲ့ရလိုက်တာကြောင့် သားဖြစ
P-o-s-s-e-s-s-i-o-n-s (2024) ဇာတ်လမ်းအကျဉ်း သိုလှောင်ခန်းတွဲတွေနဲ့ လူနေအိမ်ပါ နေရာတစ်ခုကို ဈေးတန်တန်နဲ့ရလိုက်တာကြောင့် သားဖြစ်သူနဲ့ပြောင်းလာတဲ့ ပိတ်တွမ်ဆန်ဟာ သိုလှောင်ခန်းတွဲလုပ်ငန်းကို ပြန်လည်ပတ်ဖိုအတွက် စာရင်းတွေ စစ်ဆေးနေတုန်းမှာ သိုလှောင်ခန်းတစ်ခုက သတ်မှတ်ထားတဲ့ ငှားရမ်းရက်ကျော်တာသိလိုက်ရပြီး ငှားရမ်းသူအကြောင်း စုံစမ်းဖိုလုပ်တဲ့အချိန်မှာဘဲ သားဖြစ်သူက အခန်းထဲက စက်ဘီးတစ်စီးကို ယူစီးလိုက်မိပြီး channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/152
1 273
8
Heavenly Creatures (1994) IMDb - 7.3 ဇာတ်လမ်းအကျဉ်းကတော့… ဂျူလိယက်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တစ်နေ့မှာ ကန်တာဘ
Heavenly Creatures (1994) IMDb - 7.3 ဇာတ်လမ်းအကျဉ်းကတော့… ဂျူလိယက်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တစ်နေ့မှာ ကန်တာဘူရီဒေသက ကောလိပ်ကိုပြောင်းလာခဲ့ပါတယ်။ ဖခင်က အင်္ဂလန်က ပါမောက္ခချုပ်တစ်ယောက်အဖြစ်ရောက်လာတာဖြစ်တဲ့အတွက်ကျောင်းမှာ ပြောစမှတ်တွင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့စရိုက်ကြောင့် သူ့ကိုသိပ်သဘောမကျတဲ့ ပေါလင်းပါကာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ နှစ်ယောက်လုံးက ငယ်စဉ်ကတည်းက ရောဂါအသီးသီးခံစားခဲ့ကြဖူးတဲ့သူတွေပါ။ ဒီလိုနဲ့ အချင်းချင်းစာနာမိပြီး သူငယ်ချင်းဖြစ်သွားရာကနေ တဖြည်းဖြည်း အခင်ဆုံးသူငယ်ချင်းတွေအထိဖြစ်သွားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဂျူလိယက်က အရင်ကအဆုတ်ရောင်ဂါတစ်မျိုးဖြစ်တဲ့ တီဘီပိုးပြန်ထလာပြီး ဘယ်လောက်ထိဆိုးရွားတဲ့ကိစ္စတွေဆက်ဖြစ်မလဲဆိုတာ… channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/150
1 260
9
Green Book (2018) အော်စကာရထားတဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ၁၉၆၂ ခုနှစ်ဆိုတာ လူမည်းတွေအတွက်တော့ အရမ်းကောင်းတဲ့ခေတ်မဟုတ
Green Book (2018) အော်စကာရထားတဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ၁၉၆၂ ခုနှစ်ဆိုတာ လူမည်းတွေအတွက်တော့ အရမ်းကောင်းတဲ့ခေတ်မဟုတ်ပါဘူး ဘတ်စ်ကားကအစ၊ အိမ်သာကအဆုံး ခွဲခြားဆက်ဆံတာ ခံနေရတဲ့အချိန်မှာ အီတလီလူမျိုးဖြစ်တဲ့ တိုနီလစ်နဲ့ လူမည်းစန္ဒရားပညာရှင် ဒွန့်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားအဖြစ် တွေ့ကြရပါတော့တယ် ဒွန့်ဟာ လူမည်းဖြစ်ပေမယ့် လူဖြူစရိုက်အပြည့်နဲ့ဖြစ်ပြီး တိုနီဟာလည်း လူဖြူဖြစ်နေပေမယ့် လူမည်းစရိုက်နဲ့ပဲ ဆုံးကြီးပါ သူတို့နှစ်ယောက်ရဲ့ အလုပ်ကတော့ ဒွန့်ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို တိုနီက ကားမောင်းပြီး လိုက်ပို့ရတာပဲ ဖြစ်ပါတယ် စရိုက်ချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့ အရောင်မတူတဲ့ လူ ၂ ယောက်ဟာ ခရစ္စမတ်မတိုင်ခင် အမှီအိမ်ပြန်ရောက်ပါတော့မလား channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/149
803
10
Rough Cut (2008) ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့အဆင့်၂ နေရာကို ရောက်ရှိလာခဲ့ပါပြ
Rough Cut (2008) ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့အဆင့်၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။ မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် သရုပ်ဆောင်တွေ တစ်ယောက်မှ မရှိတော့ပါဘူး။အဲ့လိုအချိန်မှာအရင်ကအရက်ဆိုင်မှာ တစ်ခါရန်ဖြစ်ဖူးတဲ့ဂိုဏ်းစတားခေါင်းဆောင်ဂန်ဖယ်ကိုသူနဲ့အတူရိုက်ပေးဖို့ကမ်းလှမ်းခဲ့တယ်။ ဂန်ဖယ်ကလည်းအရင်က ရိုက်ခဲ့တဲ့မင်းသားတွေလို သူနဲ့တကယ်ချနိုင်မယ်ဆိုရင် ရိုက်ကူးပေးမယ်လို့ပြောခဲ့တယ်။ဒီလိုခပ်ကြမ်းကြမ်းတွေ လုပ်တတ်တဲ့သူတို့နှစ်ယောက် ဇာတ်ကားကိုအဆုံးထိပြီးဆုံးအောင် ရိုက်နိုင်ပါ့မလား channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/148
177
11
American Sniper (2014) IMDB (7.3/10) ဒီလို Navy Seal မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ သူ့မိန်းမနဲ့ အိမ်ထောင်ကျခဲ့ပါတယ်၊ ၁၉၉၉ စက်တင
American Sniper (2014) IMDB (7.3/10) ဒီလို Navy Seal မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ သူ့မိန်းမနဲ့ အိမ်ထောင်ကျခဲ့ပါတယ်၊ ၁၉၉၉ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်မှုအပြီးမှာ အမေရိကန်က အီရတ်ကိုစစ်တိုက်တော့ သူစတင်ပြီး စစ်မှုထမ်းခဲ့ပါတယ် ဒီလူက အီရတ်ကို ၄ ကြိမ်ပြန်သွားခဲ့ပြီး ရက်ပေါင်း တစ်ထောင်ကျော် စစ်မှုထမ်းကာ ရန်သူ ၁၆၀ သတ်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်၊ ဒီလိုနဲ့ Kyle က စစ်တပ်ထဲမှာလူသိများလာသလို သူရှိနေတယ်ဆိုရင် Marine တွေက ပိုလုံခြုံတယ်လို့ခံစားရတယ်လို့ဆိုကြတဲ့အထိကို နာမည်ကြီးလာပါတယ် Kyle က သူ့ဘဝမှာ သူ လူ ၁၆၀ ကျော်သတ်ခဲ့တာနောင်တမရပဲ သူ့ရဲ့စစ်သားတွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်၊ သူစစ်ထဲမှာရှိနေရင် သူ့စစ်သားတွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ်တိုင်တိုင် ပြန်သွားခဲ့ပါတယ် မိန်းမဖြစ်သူက မသွားဖို့တားတဲ့ကြားက ရအောင်သွားခဲ့သူဖြစ်ပါတယ်၊ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က Olympic Champion ဆီးရီးယားလူမျိုးဖြစ်ပါတယ် channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/147
908
12
ကိုယ်ဝန်ဆောင်တစ္ဆေ ချီသီနီ Chithini (2025) ရှပ်ရှင်ရိုက်ကူးရေးတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်တယောက် ကြိုး-ဆွဲချ-ေသတဲ့အခန်းကို ဒေသခံ
ကိုယ်ဝန်ဆောင်တစ္ဆေ ချီသီနီ Chithini (2025) ရှပ်ရှင်ရိုက်ကူးရေးတစ်ခုမှာ ကိုယ်ဝန်ဆောင်သည်တယောက် ကြိုး-ဆွဲချ-ေသတဲ့အခန်းကို ဒေသခံလည်းဖြစ် ကိုယ်ဝန်ဆောင်လည်းဖြစ်တဲ့ ချီသီနီတယောက် ဝင်သရုပ်ဆောင်ဖို့လုပ်ပါတယ်။ဒါပေမဲ့ ချီသီနီ အသ-တ်ခံလိုက်ရပါတယ်။ -ေသဆုံးသွားပြီးတဲ့နောက် တောထဲမှာ ချီသီနီရဲ့ ခြောက်လှန့်မှုတွေကို လူတွေအများကြီး ကြုံတွေ့ဖူးကြတယ်လို့ ဆိုကြပါတယ်။အဲဒီကိစ္စဖြစ်သွားခဲ့တာ ၂၃နှစ်ကြာပြီးတဲ့အချိန်။ တောပတ်လည်ဝိုင်းနေတဲ့ အဲဒီဒေသကိုပဲ ထူးခြားဆန်းပြားတဲ့ ကိစ္စတွေကို စီစဉ်တင်ဆက်တဲ့ နီရှာက အဖေဖြစ်သူ နေထိုင်ရာဒေသလည်းဖြစ်တာမို့ သူ့အစီအစဉ်အတွက် ရွေးချယ်လိုက်ပါတယ်။နောက်ထပ်ရောက်လာတာကတော့ စခန်းမှူးအသစ် အယ်လန်။ သူတို့ရောက်တဲ့နေ့မှာပဲ ကိုယ်ဝန်ဆောင်သည်တယောက် သစ်ပင်မှာ ကြိုးဆွဲချ-ေသဆုံးနေတာကို တွေ့ပြီး ကိုယ်ဝန်ဆောင်တစ္ဆေ ချီသီနီ ပြန်သောင်းကျန်းနေပြီဆိုတဲ့ ကောလာဟလနဲ့အတူ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အခါမှာတော့. channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/146
1 627
13
The Last House on the Left (2009) IMDB (6.5/10) ဒီကားကတော့ 1972 ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ
The Last House on the Left (2009) IMDB (6.5/10) ဒီကားကတော့ 1972 ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီးရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့်ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ် တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန်သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကိုပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ အကြမ်းဖက်မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ် ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့်တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာသူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေဖြစ်နေခဲ့ပါတယ် channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/145
1 471
14
Dr. Romantic S1 Boo Yong Joo(Han Suk Kyu)ဟာ သူ့ကိုယ့်သူ Dr.romanticလို့ခေါ်ပြီး အများကတော့ ဆရာKimလို့ သိကြပါတယ်။သူဟာ တစ်ချိန်
Dr. Romantic S1 Boo Yong Joo(Han Suk Kyu)ဟာ သူ့ကိုယ့်သူ Dr.romanticလို့ခေါ်ပြီး အများကတော့ ဆရာKimလို့ သိကြပါတယ်။သူဟာ တစ်ချိန်က ဆေးရုံကြီးတစ်ခုရဲ့ ထိပ်တန်းခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ပြီး တစ်နေ့မှာတော့ လူမြင်ကွင်းကနေ ပျောက်ကွယ်ကာ Doldamလို့ခေါ်တဲ့ နယ်ဘက်က ဆေးရုံတစ်ခုမှာ ခွဲစိတ်ဆရာဝန်ခေါင်းဆောင်အဖြစ် တိတ်တဆိတ်လုပ်ကိုင်နေခဲ့ပါတယ်။ Kang Dong Joo(Yoo Yeon Seok)ဟာ ဆင်းရဲစွာကြီးပြင်းလာရာက ဆရာဝန်ဖြစ်ခဲ့ပြီးနောက် အောင်မြင်မှုကို ပြင်းပြင်းပြပြလိုချင်တဲ့အတွက် VIPလူနာတွေကိုသာ ရှာဖွေကုသပေးခဲ့ပါတယ်။ Yoon Seo Jung(Seo Hyun Jin)ကတော့ ငယ်ရွယ်တက်ကြွတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး အတိတ်ကအမှားတွေရဲ့ ခြောက်လှန့်ခြင်းကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေသူပါ။ Dong Jooနဲ့ Seo Jungတို့ တစ်မူထူးခြားတဲ့ ဆရာKimနဲ့ တွေ့ဆုံမိပြီး ဘဝရဲ့ တန်ဖိုးတွေနဲ့ ချစ်ခြင်းမေတ္တာကို ခံစားနားလည်ခဲ့ရပါတော့တယ်။ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/108
123
15
The K2 (2016) အထူးတပ်ဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ်ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချခံရပြီး ရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေး
The K2 (2016) အထူးတပ်ဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ်ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချခံရပြီး ရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေးခဲ့တာကြောင့် Interpol က အလိုရှိတဲ့သူတစ်ယောက်ဖြစ်လာတယ် စပိန် နိုင်ငံ ဘာစီလိုနာ မြို့ မှာ တိမ်းရှောင်နေရင်း ကိုရီးယား ပြန်လာဖို့ ကြိုးစားနေတဲ့အချိန်မှာချုပ်နှောင်ခံရမှုကနေလွတ်မြောက်ပြီး ဖခင် ဖြစ်သူနဲ့ တွေ့ ရှိနိုင်ဖို့ ကြိုးစားနေတဲ့မိန်းမငယ်လေး အန်နာ နဲ့  စတင် ဆုံဆည်းခဲ့ပါတယ် ဒီလိုနဲ့  ကိုရီးယားကို ပြန်ရောက်ချိန်မှာတော့ သာမန် နေ့ စားလုပ်သားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း အမှုမဲ့အမှတ်မဲ့ အမတ်လောင်းတစ်ဦးရဲ့ အရှုပ်အရှင်းကို မမြင်သင့်ပဲ မြင်ခဲ့လို့ သမ္မတလောင်းရဲ့ ဇနီးသည် ချွဲ ယူဂျင်း က သူ့ ကို အပြတ်ရှင်းထုတ်ပစ်ဖို့ စီစဉ်ခဲ့ပါတယ် ဒါကို ပါးနပ်လွန်းတဲ့ ကင်မ် ဂျယ်ဟာ က လက်ဦးမှုယူပြီး သမ္မတလောင်းကတော်ကိုပြန်ပေးဆွဲက သူနဲ့ ပတ်သက်တဲ့သူတွေနဲ့ သူ့ ကို ထပ်မံပြီး ဒုက္ခပေးတာမျိုးမရှိအောင် သတိပေးဖို့ ကြိုးစားစဉ်မှာ ထပ်ဆင့် လုပ်ကြံမှုတစ်ခုနဲ့ ကြုံတွေ့ ခဲ့ရတယ် channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/108
810
16
The Shrine အပနှင်ဇာတ်ကားကောင်းတွေကို စောင့်မျှော်နေသူများအတွက် JYJ အဖွဲ့ဝင်ဖြစ်တဲ့ မင်းသားချော Kim Jae-Joong၊ Siren's Kiss ထဲ
The Shrine အပနှင်ဇာတ်ကားကောင်းတွေကို စောင့်မျှော်နေသူများအတွက် JYJ အဖွဲ့ဝင်ဖြစ်တဲ့ မင်းသားချော Kim Jae-Joong၊ Siren's Kiss ထဲက မင်းသမီး Kong Seong-Ha နဲ့ Musical မင်းသား Ko Hoon-Jeong တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ကိုးရီးယား-ဂျပန် ယဉ်ကျေးမှု ပရောဂျက်အတွက် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ရွာတစ်ရွာဆီ ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင် ဟီဂျောင်းဟာ စွန့်ပစ်နတ်ကွန်းတစ်ခုဆီ ကွင်းဆင်းလေ့လာဖို့ သွားရင်းကနေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်... ဒီနောက်ပိုင်းမှာလည်း ထူးဆန်းရွံရှာဖွယ် သေဆုံးမှု၊ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီး ရဲတွေတောင် အဖြေရှာမရတော့တဲ့အခါ အဖွဲ့မန်နေဂျာဖြစ်တဲ့ ဂင်ယူမီ (Kong Seong-Ha) လည်း တက္ကသိုလ်တုန်းက စီနီယာဖြစ်တဲ့ မြောင်ဂျင်း (Kim Jae-Joong) ကို လှမ်းအကူအညီတောင်းလိုက်ပါတော့တယ်။ ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိတဲ့ နတ်ဆရာ မြောင်ဂျင်းလည်း မူမမှန်တဲ့ အငွေ့အသက်ကို ချက်ချင်း ခံစားမိပြီး ဂျပန်နိုင်ငံဆီ အမြန်ဆုံး ဦးတည်ထွက်ခွာလာရာမှာတော့... ဒီနတ်ကွန်းပျက်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို အမှောင်ဖုံးလျှို့ဝှက်ချက်တွေ ရှိနေမလဲ မြောင်ဂျင်းနဲ့ ယူမီကရော ကျောင်းသူလေးကို အသက်ရှင်လျက် ကယ်ထုတ်လာနိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြပါဦး channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/107
1 420
17
Fresh [2022] “ငါ တိရစ္ဆာန်အသားမစားဘူး” တဲ့။ ဒါဆို လူသားစားတာတော့ ဖြစ်ကောင်းဖြစ်နိုင်တဲ့သဘောများလား…။ ဇာတ်ကားကစကြည့်တည်းက စိတ်
Fresh [2022] “ငါ တိရစ္ဆာန်အသားမစားဘူး” တဲ့။ ဒါဆို လူသားစားတာတော့ ဖြစ်ကောင်းဖြစ်နိုင်တဲ့သဘောများလား…။ ဇာတ်ကားကစကြည့်တည်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး တောက်လျှောက် သိချင်စိတ်အပြည့်နဲ့ ရင်တုန်ပြီးကြည့်ရမယ့်ကားမျိုးပါ။ ဒီဇာတ်ကားဟာ လူသတ်ကားဖြစ်တဲ့အပြင် Hannibal လိုမျိုး လူသားစားတဲ့ဓလေ့ Cannibalism လည်းပါတဲ့ကားပါ။ ရှယ်ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်…နိုရာဆိုတဲ့ကောင်မလေးဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ယောက်တည်းနေရတဲ့သူလေးပါ။ ဒီတော့ ဒိတ်တွေခဏခဏဒိတ်ပြီး လက်တွဲဖော်ကောင်းကောင်းလေးကို လိုက်ရှာနေပေမဲ့ သူနဲ့သဟဇာတဖြစ်တဲ့သူကို တစ်ခါမှမတွေ့ရသလို၊ ဒိတ်ရတာတွေကိုလည်း မုန်းနေတဲ့ကောင်မလေးပါ။ အချစ်ဆုံးသူငယ်ချင်း မော်လီနဲ့ သူဒိတ်ခဲ့ရတဲ့ ဒိတ်တွေအကြောင်း‌ ပြန်ပြောင်းပြောပြလေ့ရှိပြီး တစ်နေ့မှာတော့ စီစဉ်ပြီး ဒိတ်တဲ့ ဘလိုင်းဒိတ်ကနေမဟုတ်ဘဲ ကုန်တိုက်တစ်ခုကနေ စတိဗ်ဆိုတဲ့ကောင်‌ချောလေး‌ကိုတွေ့ပြီးအဆင်ပြေနေသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုကြမ္မာဆိုး ဝင်မွှေမလဲ.. channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/106
1 788
18
ဂျူးလိယက် (၂၀၂၃) VC-2009 လူတိုင်းရဲ့ဘဝမှာလက်မလွှတ်နိုင်တဲ့သူကိုယ်စီရှိကြပါတယ်။ တချို့တွေလည်းရင်ထဲကသူ့ကို မေ့မရကြသလို ဂျူးလိယက
ဂျူးလိယက် (၂၀၂၃) VC-2009 လူတိုင်းရဲ့ဘဝမှာလက်မလွှတ်နိုင်တဲ့သူကိုယ်စီရှိကြပါတယ်။ တချို့တွေလည်းရင်ထဲကသူ့ကို မေ့မရကြသလို ဂျူးလိယက်တစ်ယောက်လည်း အဖေတစ်ခုသမီးတစ်ခုဘဝမလို့ အဖေဆုံးသွားတာက သူ့ရဲ့ဘဝတစ်ခြမ်းကို ဖဲ့ပေးလိုက်ရသလိုခံစားနေရတာပေါ့။ နေ့ဘက်မှာလည်း မပျော်ရွှင်နိုင်ညဘက်ရောက်တော့လည်း အဖေ့ကိုပဲတမ်းတနေလို့ အိပ်ဆေးတွေသောက်နေရတဲ့ဂျူးလိယက်တစ်ယောက် အဖေ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ သူတို့တစ်ချိန်ကအိမ်ဟောင်းကို အပေါင်ပြန်ရွေးဖို့ထွက်လာခဲ့တာပေါ့။ အလုပ်ကိစ္စမပြီးပြတ်သေးတာကနေ အလုပ်နဲ့ပတ်သက်တဲ့ငွေတွေလည်းပါလာပြီး မိန်းကလေးတစ်ယောက်တည်း နယ်ဘက်ကိုခရီးထွက်လာတာဆိုတော့ မသမာသူတွေရဲ့မျက်စိကျစရာ ပစ်မှတ်ဖြစ်လာတဲ့အခါ.. channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/105
1 187
19
Ugly Story (2026) ဒါရိုက်တာ Pranava Swaroop ရဲ့ ပထမဦးဆုံး ပွဲဦးထွက် လက်ရာဖြစ်ပြီး မင်းသား Shree Nandu နဲ့ မင်းသမီး Avika Gor
Ugly Story (2026) ဒါရိုက်တာ Pranava Swaroop ရဲ့ ပထမဦးဆုံး ပွဲဦးထွက် လက်ရာဖြစ်ပြီး မင်းသား Shree Nandu နဲ့ မင်းသမီး Avika Gor တို့က အဓိကခေါင်းဆောင် မင်းသား၊ မင်းသမီးတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြတဲ့ အချစ်နောက်ကွယ်က စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း မီးမောင်းထိုးပြထားတဲ့ Drama Thrillerဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့ပြီး ဦးလေးဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ မိန်းကလေး နေဟာ။သူ့အပေါ် ငယ်စဉ်ကတည်းက စိတ်ဝင်စားပြီး အစွဲအလမ်းကြီးလွန်းတဲ့ ဝမ်းကွဲမောင်နှမတော်စပ်သူ ကာသစ်ခ် ဆိုတဲ့သူ ရှိပါတယ်။ ကာသစ်ခ် ရဲ့ နေဟာ အပေါ်ထားတဲ့ အချစ်ဟာ သာမန်အချစ်မျိုး မဟုတ်ဘဲ အစွန်းရောက် ပိုင်စိုးပိုင်နင်းနိုင်မှု၊ မနာလိုဝန်တိုမှုတွေ ပြည့်နှက်နေတဲ့ စိတ်ရောဂါဆန်ဆန် အစွဲအလမ်း တစ်ခု ဖြစ်နေပါတယ်။ နေဟာ တစ်ယောက် တခြားဘယ်သူနဲ့မှ စကားပြောတာ ဆက်ဆံတာကို သူ လုံးဝ အဖြစ်မခံနိုင်ပါဘူး။ ဒါပေမဲ့ နေဟာ ကတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဖြစ်သူ ဂေါ်သမ် ကို ချစ်မြတ်နိုးနေမိတဲ့အခါ... ကာသစ်ခ် ရဲ့ ချုပ်ကိုင်လိုစိတ်၊ ကြောက်ရွံ့မှုနဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကြားမှာ နေဟာ ရဲ့ ဘဝဟာ ဘယ်လိုထိန်းချုပ်ရခက်တဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ။ဒီအဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးအကျဉ်းထောင်ထဲကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/104
1 017
20
Munich The Edge of War (2022) channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie567
Munich The Edge of War (2022) channel အရင်joinပါ https://t.me/+yyae5w0YMaxmYzM1 ဇာတ်ကားကြည့်ရန်link https://t.me/jujumovie5678/103
152