en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

သိင်္ခ

သိင်္ခ

Open in Telegram

အသိတိုး

Show more
The country is not specifiedThe category is not specified
1 060
Subscribers
-124 hours
-77 days
-5330 days
Posts Archive
တိုက်ခန်း ရောင်းဝယ်ရာတွင် မြေရှင်လက်မှတ်ထိုးကြေး ပေးစရာမလို ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၈ အထပ်မြင့် တိုက်ခန်းနှင့် ကွန်ဒိုများ ရောင်း
တိုက်ခန်း ရောင်းဝယ်ရာတွင် မြေရှင်လက်မှတ်ထိုးကြေး ပေးစရာမလို ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၈ အထပ်မြင့် တိုက်ခန်းနှင့် ကွန်ဒိုများ ရောင်းဝယ်ရာတွင် မြေရှင်လက်မှတ် ပါရှိမှသာ တရားဝင်ခြင်းနှင့် မြေရှင်ကို ရောင်းရငွေ၏ ၂ ရာခိုင်နှုန်း ပေးဆောင်ရခြင်းသည် အခွန်ဆိုင်ရာ ဥပဒေများ၌ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ဖြေကြားခဲ့သည်။ မရမ်းကုန်းမြိုနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုး၏ ရန်ကုန်မြိုအတွင်းရှိ တိုက်ခန်းများတွင် ဝယ်ယူနေထိုင်သည့် အိမ်ခန်းပိုင်ရှင်များ၊ မြေရှင်များနှင့်စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းမှုအပေါ် ဝန်ကြီးက ယခုကဲ့သို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်များ စက်တင်ဘာ ၁ ရက်မှစ၍ တစ်ရက် ၁၂ ခေါက် ပြေးဆွဲမည် 《𝘼𝙐𝙂~𝟐𝟗》 ခရီးသွားပြည်
ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်များ စက်တင်ဘာ ၁ ရက်မှစ၍ တစ်ရက် ၁၂ ခေါက် ပြေးဆွဲမည် 《𝘼𝙐𝙂~𝟐𝟗》 ခရီးသွားပြည်သူများနှင့် ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်များကို စက်တင်ဘာ ၁ ရက်မှစတင်၍ နေ့စဉ် လူစီးရထား ၁၂ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက သိရသည်။ ရထားများကို ဘက်ထရီရထားစက်ခေါင်းဖြင့် မောင်းနှင်မည်ဖြစ်ပြီး တစ်တွဲလျှင် ခရီးသည် ၆၂ ဦး လိုက်ပါနိုင်သည့် ရိုးရိုးတန်းတွဲ ၆ တွဲပါဝင်သော တွဲဆိုင်းကို အသုံးပြုမည်ဖြစ်သည်။ ရန်ကုန်မှ ဒဂုံတက္ကသိုလ်သို အဆန်ရထား ၆ ခေါက်နှင့် ဒဂုံတက္ကသိုလ်မှ ရန်ကုန်သို အစုန်ရထား ၆ ခေါက် ပြေးဆွဲပေးမည်ဖြစ်သည်။ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နံနက်ပိုင်း ကျောင်းတက်ချိန်နှင့် ကိုက်ညီစေရန် ည-၁ အဆန်ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ဒဂုံတက္ကသိုလ်ဘူတာသို နံနက် ၇ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

ဖလမ်းမြိုနယ်အတွင်း နေရပ်ပြန်လည်နေထိုင်သူ ၄၁,၅၉၀ ဦးရှိလာ 《𝘼𝙐𝙂~𝟐𝟗》 ဖလမ်းမြိုကို တပ်မတော်က အလုံးစုံထိန်းချုပ်ပြီးနောက် တိုက
ဖလမ်းမြိုနယ်အတွင်း နေရပ်ပြန်လည်နေထိုင်သူ ၄၁,၅၉၀ ဦးရှိလာ 《𝘼𝙐𝙂~𝟐𝟗》  ဖလမ်းမြိုကို တပ်မတော်က အလုံးစုံထိန်းချုပ်ပြီးနောက် တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ မေ ၆ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ဖလမ်းမြိုနယ်အတွင်း နေရပ်ပြန်လည်နေထိုင်သူ စုစုပေါင်း ၄၁,၅၉၀ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ ယင်းအနက် ဖလမ်းမြိုပေါ်ရှိ ရပ်ကွက်ရှစ်ခုသို ပြန်လည်ဝင်ရောက်လာသူ ၃,၆၅၉ ဦးရှိပြီး ဩဂုတ် ၂၇ ရက် ညနေပိုင်းတွင် ကလေးမြိုမှ ဖလမ်းမြိုသို နေရပ်ပြန်လာသည့် ဒေသခံပြည်သူ ၉၆ ဦးကို ကလေး-ဖလမ်းလမ်းပိုင်း ဖလမ်းမြိုအဝင်၌ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ နေရပ်ပြန်ဒေသခံပြည်သူများ၏ စာရင်းကောက်ယူခြင်း၊ ကော်ဖီနှင့်မုန့်များ တိုက်ကျွေးခြင်းတိုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး နေရပ်ပြန်ပြည်သူများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ကာ အားပေးစကားပြောကြားခဲ့သည်။

နေပြည်တော် ဩဂုတ် ၂၈   (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံး အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ်ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်ခဲ့သည်။   အစည်းအဝေးများကို “Advancing ASEAN Human Capital: Skills Certification towards Global Recognition” ခေါင်းစဉ်ဖြင့် အာဆီယံနိုင်ငံများမှ အလုပ်သမားရေးရာဝန်ကြီးများနှင့် အဆင့် မြင့်အရာရှိကြီးများကဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက အာဆီယံ၏ ၃၅၇ သန်းရှိသော လုပ်သားအင်အားသည် “သုံးထပ်ကွေ့အပြောင်းအလဲ” (Triple Transition) ဖြစ်သည့် - လျင်မြန်သော ဒီဂျစ်တယ်စနစ်ကူးပြောင်းမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိမ်းရောင်စီးပွားရေးသို ကူးပြောင်းမှုနှင့် လူဦးရေဖွဲစည်းပုံဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်ဖြတ်သန်းနေကြောင်း။   ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုခြင်းနှင့်ပတ်သက်၍ ဒီဂျစ်တယ်နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစိမ်းရောင်စွမ်းအင်နှင့် ဆောက်လုပ်ရေးစသည့် ဦးစားပေးကဏ္ဍများ၌ အာဆီယံကိုးကားမှုဆိုင်ရာ သင်ရိုးညွှန်းတမ်းမူဘောင် (ARCF) ဖော်ဆောင်ရေးသည် လုပ်သားများ၏ သင်ယူမှုရလဒ်များကို နေရာမရွေးသယ်ဆောင် အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်မှုစံသတ်မှတ်ချက် အသိအမှတ်ပြုခြင်းနှင့်ပတ်သက်၍ အာဆီယံကျွမ်းကျင်မှု အရည်အသွေးမူဘောင် (ASCF) နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများပေါ်တွင်အခြေခံသည့် အာဆီယံအလုပ်အကိုင်ဆိုင်ရာ စံသတ်မှတ်ချက်များကိုထောက်ခံကြောင်း၊ ကွန်ပျူတာအခြေပြုစာမေးပွဲများနှင့် ယခင်သင်ယူခဲ့သည့်အတွေ့အကြုံများကို အသိအမှတ်ပြုခြင်း (RPL) စနစ်များကို အသုံးပြု ခြင်းဖြင့် တရားဝင်မဟုတ်သော (Non-formal) ကဏ္ဍမှ လုပ်သားများအား အမျိုးသားအဆင့် မူဘောင်များကို လေးစားလိုက်နာလျက် အသိအမှတ်ပြု အာဆီယံကျွမ်းကျင်မှု လက်မှတ်များရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။   စံပြဗဟိုဌာန (CoE) အသိအမှတ်ပြုခြင်းနှင့်ပတ်သက်၍ နည်းပညာလွှပြောင်းပေးမှု၊ တစ်သက်တာသင်ယူမှုနှင့် နည်းပြသင်တန်းများ (Train-the-Trainer) ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲအစည်း (ILO)၊ World Skills ကဲ့သို မိတ်ဖက်အဖွဲအစည်းများနှင့် ကွန်ရက်တစ်ခု ထူထောင်ရေးအတွက် မြန်မာနိုင်ငံတွင်အမျိုးသားကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ (NSSA) သည် အမျိုးသားကျွမ်းကျင်မှု အရည်အသွေးမူဘောင် (NSQF) ကို တိုးမြှင့်ဖော်ဆောင်လျက်ရှိကြောင်း။   မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြင့် ရွေးကောက်တင်မြှောက်ခံအစိုးရသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂတွင် မြန်မာနိုင်ငံရဲ့ကိုယ်စားပြုမှုကို ပြန်လည်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။   အစည်းအဝေးတွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား အလုပ်သမားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး ဆွေးနွေးမှုများ၊ အခြားအာဆီယံထိပ်သီးအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ရှင်းလင်းဆွေးနွေးမှုများ၊ အာဆီယံအလုပ်သမား ဝန်ကြီးများအစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက် (Joint Statement) အတည်ပြုထုတ်ပြန်နိုင်ရေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ထိုင်းနိုင်ငံ ဗန်ကောက်မြိုတွင်ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ထိုင်းနိုင်ငံ ဗန်ကောက်မြိုတွင်ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

ညောင်တုန်း၊ ဩဂုတ် ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညွှန်ကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် တာဘောင်အိပဲ့ကျိုးပေါက်ခဲ့သည့်နေရာ၊ ရေဝင်ရောက်နေမှုနှင့် တာဘောင်ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၊ နေအိမ်များနှင့် စိုက်ပျိုးမြေများအပေါ် ထိခိုက်နိုင်မှု အခြေအနေများအပြင် တာဘောင် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများထံ မေးမြန်းခဲ့ပါသည်။ ထိုသိုစစ်ဆေးရာတွင် တာဘောင်များ ရေရှည်ခိုင်ခံ့စေရေးကို အလေးထားဆောင်ရွက်ရန်၊ တာဘောင်၏ ခံနိုင်ရည်နှင့် ရေစီးရေလာအခြေအနေများကို စနစ်တကျတွက်ချက်၍ လိုအပ်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အားနည်းချက်ရှိသည့်နေရာများကို စစ်ဆေးဖော်ထုတ်၍ ပြင်ဆင်ဖြည့်ဆည်းထားရန် မှာကြားခဲ့ပါသည်။ ထိုပြင် ရေဝင်ရောက်နေသည့်နေရာများ၌ ရေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည့် ရေထုတ်မြောင်းများ၊ ရေထုတ်စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများအတွင်း ရေဝင်ရောက်မှုကြောင့် သီးနှံများထိခိုက်ဆုံးရှုးမှု အနည်းဆုံးဖြစ်စေရေးကိုလည်း အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ တာဘောင်ပြုပြင်ရာတွင်လည်း လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျ ပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းအပြင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျစစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ပါသည်။

ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘော
+3
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား

ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းပေါင်း ၃၁,၀၀၀ ခန့် ထောက်ပံ့ထား နိုင်ငံတစ်ဝန်း ဇူလိုင်လကုန်ပိုင်းကစပြီးဖြစ်ပွားခဲ့တဲ့ ရေက
ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းပေါင်း ၃၁,၀၀၀ ခန့် ထောက်ပံ့ထား နိုင်ငံတစ်ဝန်း ဇူလိုင်လကုန်ပိုင်းကစပြီးဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲတွေက ငွေကျပ်သိန်းပေါင်း ၃၁,၀၀၀ ခန့် ထောက်ပံ့ပေးထားတယ်လို သိရပါတယ်။

တရုတ်ဆောက်လုပ်ပေးထားသောရထားလိုင်းကွန်ရက်ကြောင့် အီသီယိုးပီးယား၏သွားလာရေးကဏ္ဍပြောင်းလဲတိုးတက် တရုတ်နိုင်ငံမှတည်ဆောက်ပေးထားတဲ့
တရုတ်ဆောက်လုပ်ပေးထားသောရထားလိုင်းကွန်ရက်ကြောင့် အီသီယိုးပီးယား၏သွားလာရေးကဏ္ဍပြောင်းလဲတိုးတက် တရုတ်နိုင်ငံမှတည်ဆောက်ပေးထားတဲ့ အာဒစ်အဘာဘာ လျှပ်စစ်ရထားလိုင်းဟာ အီသီယိုးပီးယားမြိုတော်ရဲ့ သယ်ယူပိုဆောင်ရေးကဏ္ဍကို ခေတ်မီဆန်းသစ်စေခဲ့ပါတယ်။

အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ လူစည်ကားရာနေရာများနှင့် စုဝေးရာနေရာများသို သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေး ဂျကာ
အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ လူစည်ကားရာနေရာများနှင့် စုဝေးရာနေရာများသို သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေး ဂျကာတာ၊ ဩဂုတ်၂၉ အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လက်တလောအခြေအနေများကြောင့် လူအသွားအလာများသည့်နေရာများ၊ လူစုလူဝေးရှိသည့်နေရာများနှင့် လူစည်ကားရာနေရာများသို သွားရောက်ခြင်းမှ အထူးရှောင်ရှားကြပါရန် ဂျကာတာမြိုရှိ မြန်မာသံရုံးက (ဩဂုတ်လ ၂၇ ရက်) နေ့စွဲဖြင့် သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရှောင်ကြဉ်ရမည့် နေရာများတွင် ကျောင်းများ၊ တက္ကသိုလ်နယ်မြေများ၊ ဈေးနှင့် ဈေးဝယ်စင်တာများ၊ ဘူတာရုံများနှင့် အထက်ကရ နေရာများ ပါဝင်ပြီး အလည်အပတ်သွားလာခြင်းမျိုးကို အထူးရှောင်ရှားရန် နှိးဆော်ထားသည်။ မလွှမရှောင်သာကြုံတွေ့ရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက သံရုံးသို အချိန်တိုအတွင်း ဆက်သွယ်အကြောင်းကြားနိုင်ရန်အတွက်လည်း လိပ်စာနှင့် ဖုန်းနံပါတ်များကို သံရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး (၁၃၅)ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ခေါင်းဆ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး (၁၃၅)ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အသီးသီး၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့သည့် State Visit ၊ Official Visit နိုင်ငံတကာခရီးစဉ်များ

မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ဆွေးနွေး မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ သော် ဆရလမ် တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် ယနေ့ သြဂုတ် ၂၈ ရက်နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီခဲ့ကြသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေး၊ နှစ်နိုင်ငံနယ်စပ်များတည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်
+1
မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ဆွေးနွေး

လိင်တူချစ်ကြိုက်သည့်စာအုပ်များ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ကြေညာ နေပြည်တော်၊ ဩဂုတ် ၂၈ လူမှုကွန်ရက်ပေါ်တွင် လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL (Boys’ Love), GL (Girls’ Love ) စာအုပ်များ ကြော်ငြာရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ထိုသိုဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ Facebook Page (၉) ခုသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)ပါ “ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပိုရမည်” ဆိုသည့် ပြဋ္ဌာန်းချက်ကိုလည်းကောင်း၊ ပုဒ်မ ၁၅ ပါ “မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သိုမဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ” ဆိုသည့် တားမြစ်ချက်ကိုလည်းကောင်း၊ ဖေ-ာက်ဖျ-က်ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီခြင်းမရှိဘဲ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များကို ရောင်းချနေသည့် တရားမဝင်စာမျက်နှာများဖြစ်ကြောင်း တွေ့ရှိရသည်။ သိုဖြစ်ရာ ပုံနှိပ်သူ၊ ထုတ်ဝေသူများနှင့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များအား ရောင်းချနေသည့် တရားမဝင်စာအုပ်အရောင်းဆိုင်များ၊ Facebook Page များအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဖောက်ဖျက်ပါက  ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

လိင်တူချစ်ကြိုက်သည့်စာအုပ်များ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာ
+2
လိင်တူချစ်ကြိုက်သည့်စာအုပ်များ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ကြေညာ

ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို     နေပြည်တော် ဩဂုတ် ၂၈   နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်လန်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့်တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ထို့ပြင် တိုင်းမှူးက အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ရှေ့တန်းပြန်တပ်မတော်သားများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ရောင်းချပေးမည် ၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက် ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာတစ်စောင်လျှင်(၅ဝဝ)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက်(၂,၀၀ဝ)ကျပ်တန်ဖိုးရှိ ပညာရေးဝန် ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကိုရောင်းချပေးသွားမည်ဖြစ်ကာ လျှောက်လွှာတင်သွင်းရာတွင်လည်း အပြာရောင်ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံ၌ ဖြေဆိုမည့် ဘာသာတွဲကို ရွေးချယ်ဖော်ပြရမည်ဖြစ်သည်။ ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအ ထက်တန်းကျောင်းများမှ စာမေးပွဲဖြေဆိုရန်လျှောက် လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး(၂,၀ဝဝ)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်းတင်သွင်းရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရမည်မဟုတ်ဘဲ စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ် ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ ဖြေဆိုမည့် ဘာသာတွဲအလိုက်ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ကြရမည်ဖြစ်သည်။

၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ရောင်းချပေး
+1
၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ရောင်းချပေးမည်

၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည် ၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန် မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးခဲ့သည်။ လျှောက်လွှာတစ်စောင်လျှင် (၅၀ဝ)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက်(၂,၀၀ဝ)ကျပ်တန်ဖိုးရှိ ပညာရေးဝန် ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်ရောင်းချပေးသွားမည်ဖြစ်ကာ လျှောက်လွှာတင်သွင်းရာ၌ ဖြေဆိုမည့်ဘာသာတွဲအ လိုက် အစိမ်းရောင်၊ ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထား သည်။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန် (ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင်ဝယ်ယူနိုင်သည်။ ထို့ပြင် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး(၂,၀၀ဝ)ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်းတင်သွင်းရမည်ဖြစ်သည်။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး(၂,၀ဝဝ) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍စုပေါင်းပြီး မြို့ နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း သတ်မှတ်ရက်အမီတင်သွင်းရမည်ဖြစ်သည်။ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိမည်မဟုတ်ဘဲ စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်၍ မိမိဖြေဆိုမည့်ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ရမည်ဖြစ်သည်။