သိင်္ခ
Open in Telegram
အသိတိုး
Show moreThe country is not specifiedThe category is not specified
1 067
Subscribers
No data24 hours
-177 days
-5530 days
Posts Archive
1 067
+2
၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို လာမည့် အောက်တိုဘာလ ၈ ရက်မှ ၁၇ ရက်အထိ ၁၀ ရက်တိုင်တိုင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမှာဖြစ်ပြီး ပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ခင်းကျင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။
အဆိုပါ ပြပွဲသို ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရရှိထားသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို သိရပါတယ်။
1 067
သီတင်းကျွတ်နီးလာချိန် မန္တလေးတွင် မီးထွန်းအရုပ်နှင့် အလှဆင်မီးပုံးများ ယခင်နှစ်ထက် အရောင်းသွက်
မန္တလေး၊ စက်တင်ဘာ ၂၃
သီတင်းကျွတ်မီးထွန်းပွဲတော် နီးကပ်လာချိန်တွင် မန္တလေးမြို၌ မြန်မာ့ရိုးရာလက်မှုပစ္စည်းများဖြစ်သည့် မီးထွန်းအရုပ်နှင့် အလှဆင်မီးပုံးများ ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်ထက် အရောင်းအဝယ်ပိုမိုကောင်းမွန်နေကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ယခုနှစ်တွင် မီးထွန်းအရုပ်ပြုလုပ်သူ အရေအတွက် လျော့နည်းလာသော်လည်း ဝယ်ယူမှုနှင့် ကြိုတင်မှာယူမှုများရှိနေသဖြင့် ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေရကြောင်း သိရသည်။
လက်ရှိတွင် မီးထွန်းအရုပ် အမျိုးအစား ၁၈ မျိုးခန့် ထုတ်လုပ်ရောင်းချနေပြီး ယခင်က တစ်ရုပ်လျှင် ကျပ် ၁၃၀၀ ခန့်မှ စတင်ရောင်းချခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၂၀၀၀ ခန့်မှ စတင်ရောင်းချနေရသည်။ ယင်းသို ဈေးနှုန်းမြင့်တက်လာခြင်းမှာ ကုန်ကြမ်းပစ္စည်းရရှိရန် ခက်ခဲလာခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းတိုကြောင့်ဖြစ်ကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
1 067
မော်တော်ယာဥ်ပေါ် သိုဝှက်သယ်ဆောင်လာသည့် ကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပြင်ဦးလွင်မြိုနယ်တွင် ဖမ်းဆီးရမိ
၂၃.၉.၂၀၂၆
မော်တော်ယာဥ်ပေါ် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပြင်ဦးလွင်မြိုနယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်မှုအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၄ နာရီခန့်တွင် ပြင်ဦးလွင်မြိုနယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီး ဝင်းနိုင်ဦး(ခ)ဝင်းနိုင် မောင်းနှင်လာသည့် JAC အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်သော စိတ်ကြွဆေးပြား ၆၂ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၉ ဒသမ ၃ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား သိမ်းဆည်းဖမ်းဆီးရမိခဲ့...
1 067
ဂျာမနီနိုင်ငံရှိ လေတပ်အခြေစိုက်စခန်းအနီးတွင် အမေရိကန်လေတပ် တိုက်လေယာဉ်တစ်စင်း ပျက်ကျ
၂၃.၉.၂၀၂၆
ဂျာမနီနိုင်ငံ၊ စပန်ဒါလမ် (Spangdahlem) မြိုရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းအနီးတွင် စက်တင်ဘာလ ၂၂ ရက်က အမေရိကန်လေတပ်မှ အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အက်ဖ်-၁၆ တိုက်လေယာဉ်မှူးမှာ လေယာဉ်ပေါ်မှ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားခဲ့သည်။ လေယာဉ်ပျက်ကျမှုက ဂျာမနီနိုင်ငံ၊ ရွိင်းလန်း ပလာတီနိတ် (Rhineland-Palatinate) ပြည်နယ်ရှိ စပန်ဒါလမ်မြို လေတပ်စခန်းအနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ဖြစ်ပွားရသည့်အကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
1 067
တောင်အာဖရိကရှိ နေအိမ်တစ်အိမ်တွင် ကိုယ်ဝန်ဆောင်သည် အပါအဝင် လူ ၁၁ ဦး ပစ်သတ်ခံရ
တောင်အာဖရိကနိုင်ငံအရှေ့ပိုင်း ကွာဇူလူ-နာတယ်ပြည်နယ်ရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၂ ရက်ညပိုင်းက သေနတ်သမားတစ်စု ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသခံလူထုကြား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်လာခဲ့သည်။
ဒါဘန်မြို၏တောင်ဘက်ရှိ ကွာမခူတာမြိုနယ်တွင် ဒေသစံတော်ချိန် ည ၁၁ နာရီမတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်အာဖရိက ရုပ်သံသတင်းဌာန eNCA ၏ ဖော်ပြချက်အရ သေဆုံးသူများထဲ ကိုယ်ဝန်ဆောင်သည်တစ်ဦးလည်း ပါဝင်နေသည်။
ထိုသတင်းအရ သေနတ်သမားများက နေအိမ်အတွင်းရှိ လူအားလုံးကို အခန်းတစ်ခန်းတည်းထဲသို စုစည်းခိုင်းပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လူ ၁၀ ဦးက နေရာမှာပင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးရုံသိုပိုစဉ် သေဆုံးခဲ့သည်။ သေနတ်သမားအဖွဲက အိမ်ပိုင်ရှင်၏ မော်တော်ယာဉ်တစ်စီးကို မီးရှိပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကို မသိရသေးပေ။
1 067
ဖလမ်းမြိုရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဖလမ်း စက်တင်ဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၂၂)ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် မွမ်းမံ ပြင်ဆင်ရန်အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။
1 067
ICC အဖွဲဝင်တွေ အကုန်လုံး ချက်ချင်းနှုတ်ထွက်ကြဖို ထရမ့် တောင်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အဖွဲဝင်တွေ အကုန်လုံး ချက်ချင်းနှုတ်ထွက်ကြဖို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူပြောကြားတဲ့ မိန့်ခွန်းမှာ ခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ICC ကို "ထိန်းမရ သိမ်းမရဖြစ်နေတဲ့ အဖွဲအစည်း" နဲ့ "လူဆိုးတွေ စုနေတဲ့အဖွဲ" ဆိုပြီးတော့လည်း ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထရမ့်က ပြောသွားတာကတော့၊ အမေရိကန်ကို ဆန့်ကျင်နေတဲ့ ဒီတရားရုံးရဲ့ ဟန်ပြတရားစီရင်မှုတွေအောက်မှာ အမေရိကန် စစ်တပ်က လူတွေကို အရောက်ခံမှာ မဟုတ်ဘူးလို ဆိုပါတယ်။
1 067
ဖလမ်းမြိုရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ
ဖလမ်း စက်တင်ဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် စက်တင်ဘာ(၂၂)ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဦးဥတ္တမသာရ တည်ထားကိုးကွယ်ခဲ့သော ရန်ပြေမာန်ပြေအောင်တော်မူ ဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် မွမ်းမံ ပြင်ဆင်ရန်အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။
1 067
+3
မလေးရှားနိုင်ငံ၊ Tanah Merah camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို မနက်ဖြန် ပြန်လည်ခေါ်ယူမည်
၂၂.၉.၂၀၂၆
မလေးရှားနိုင်ငံ၊ Tanah Merah camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏ စက်တင်ဘာ ၂၂ ရက် အသိပေးထုတ်ပြန်မှုအရ သိရသည်။
မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Tanah Merah camp မှ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် မြန်မာ့လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
1 067
တောင်ငူမြို့ရှောင် ရထားလမ်းသစ်ဖောက်လုပ်လျက်ရှိ
နေပြည်တော် စက်တင်ဘာ ၂၂
တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့သွားရောက်စဉ် တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းအင်ဂျင်နီယာက အရှည် ၄ ဒသမ ၈၉ မိုင်ရှိ မြို့ရှောင်ရထားလမ်း မြေသားတာပေါင် လုပ်ငန်းဆောင်ရွက်နေမှု၊ လမ်းပိုင်းအတွင်း တံတား ၁၆ စင်း တည်ဆောက်နေမှုအခြေအနေ၊ မြေ ၄၀ ဒသမ ၅ ဧကပေါ်ရှိ အကျယ်ပေ ၄၂၀၀ x ပေ ၄၂၀ ရှိ ဘူတာယာဒ်ဝင်းနှင့် အကျယ်ပေ ၁၄၆ ဒသမ ၅ x ပေ ၅၀ ရှိ ၂ ထပ်ခွဲ ဘူတာအသစ် တည်ဆောက်မည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအကုန်တွင် မြေသားတာပေါင်လုပ်ငန်းများနှင့် တံတားလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန်၊ ၂၀၂၇ ခုနှစ် မတ်တွင် သံလမ်းခင်းခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာတစ်လုံးကို အပြီးဆောင်ရွက်ရန်၊ စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
1 067
နယ်စပ်ရေးရာဝန်ကြီးဌာနက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကုန်းမြင့်လယ်ယာ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေး
နေပြည်တော် စက်တင်ဘာ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ဂဟုန်းကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ကုန်းမြင့်လယ်ယာ ဧက ၆၀ ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကုန်းမြင့်လယ်ယာ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၈၂ အိမ်၊ လူဦးရေ ၅၇၉ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။
1 067
စက်သုံးဆီကို မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြန်လည်တင်သွင်းခွင့်ပြုရန် စိစစ်ဆောင်ရွက်မည်
နေပြည်တော်၊ စက်တင်ဘာ ၂၂
မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိ နယ်မြေအခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက်အခဲများ ရှိနေသော်လည်း ယခင်တင်သွင်းခဲ့သည့် အခြေအနေများနှင့် အခြားနယ်စပ်စခန်းများမှ တင်သွင်းနိုင်မှု အခြေအနေများကို စိစစ်၍ ပြန်လည်တင်သွင်းခွင့်ပြုနိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားလိုက်သည်။
1 067
ဧရာဝတီတိုင်း၌ ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးရန် မေးမြန်းမှုအပေါ် လတ်တလော တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြေကြား
နေပြည်တော်၊ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘိုကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၏ မေးမြန်းချက်အပေါ် အရည်အသွေးပြည့်မီသည့် သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုအခြေအနေများအရ လတ်တလော တည်ဆောက်ပေးနိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။
1 067
တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို၌ကျင်းပ
တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ဒုတိယ သမ္မတဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ကြောင်း သိရသည်။
1 067
တောင်ကြီးမြိုနယ် အေးသာယာမြို စက်မှုဇုန်တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုကာ ကျူးကျော်သတ်မှတ်ပြီး ပထမအကြိမ် သတိပေးစာကပ်
တောင်ကြီးမြိုနယ် အေးသာယာမြို အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်ရှိ နေအိမ်များသည် တရားမဝင် ဆောက်လုပ်ထားဟုဆိုပြီး ကျူးကျော်သတ်မှတ်ကာ ပထမအကြိမ် သတိပေးစာကပ်ထားကြောင်း သိရသည်။
အေးသာယာမြို၊ အမှတ်(၁၂) ရပ်ကွက် စက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်တွင် မြေပေးမိန့်ဖြင့် ခွင့်ပြုထားခြင်း မရှိဘဲ တရားမဝင် ဆောက်လုပ်ထားကြောင်း တွေ့ရှိရသဖြင့် ထိုမြေပေါ်တွင် ဝင်ရောက်နေထိုင်ခြင်း မပြုဘဲ ထွက်ခွာသွားရမည့်အပြင် ၎င်းမြေပေါ်မှ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကိုလည်း အမိန့်စာပါနေ့ရက်မှစတင်၍ ၂၁ ရက်အတွင်း ရွေ့ပြောင်းထုတ်ယူရမည့် အကြောင်း ပါရှိသည်။
၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနှင့် အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉(၁) တိုအရ နိုတစ်စာ ထုတ်ပြန်လိုက်ကြောင်း ဆိုသည်။
1 067
သီပေါမြိုတွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ ဆက်လက်ဖြန့်ဖြူးမည်
သီပေါ၊ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၏ အသိပေးချက်အရ သိရသည်။
လက်ရှိတွင် သီပေါမြိုပေါ်ရပ်ကွက်များကို ဦးစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်ကာ ကျေးရွာများအထိ ဓာတ်အားရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
1 067
တူရကီရှိ အထက်တန်းကျောင်းတစ်ခုအနီး ပစ်ခတ်မှုဖြစ်ပွားရာ ၁၁ ဦးထက်မနည်း ဒဏ်ရာရ
တူရကီနိုင်ငံ အနောက်ပိုင်းရှိ အထက်တန်းကျောင်းတစ်ခုအနီးတွင် စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ် သေနတ်သမားကို ဖမ်းဆီးထားကြောင်း သိရသည်။
ဒဏ်ရာရသူများအနက် နှစ်ဦးက အခြေအနေစိုးရိမ်ရသည်။ မန်နီဆာပြည်နယ်၊ တာဂူတလူခရိုင်ရှိ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာအထက်တန်းကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်သူက အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးပင် ဖြစ်သည်။
1 067
လေးမျက်နှာမြိုနယ်တွင် ငဝန်တာကျိုးသည့်နေရာအား ရေဝင်ရောက်မှုတားဆီးရေးလုပ်ငန်း ပြီးစီး
ဧရာဝတီတိုင်း လေးမျက်နှာမြိုနယ်တွင် ငဝန်တာကျိုးသည့်နေရာအား ရေဝင်ရောက်မှုတားဆီးရေးလုပ်ငန်း ယနေ့ (စက်တင်ဘာ ၂၂ ရက်) တွင် ပြီးစီးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲမှ သိရသည်။
ငဝန်တာ ရေဝင်လမ်းကြောင်းအား အပြီးသတ် ပိတ်ဆိုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၂၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် Sheet Pile အားလုံးကို အပြည့်အဝ ရိုက်သွင်း ပိတ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
1 067
ပဲခူးတိုင်းအတွင်း ချေးငွေစုစုပေါင်း ကျပ် ၂၉၃ ဒသမ ၇ ဘီလျံထုတ်ချေးပြီး တောင်သူတစ်ဦးချင်းသော်လည်းကောင်း၊ ကျေးရွာအုပ်စုတစ်ခုလုံးအတွက်သော်လည်းကောင်း ချေးငွေထုတ်ပေး
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ မြိုနယ် ၂၈ မြိုနယ်ရှိ တောင်သူ ၁၅၄၀၆၈ ဦး၊ စိုက်ဧက ၉၇၉၃၉၂ ဧကအတွက် ချေးငွေစုစုပေါင်း ကျပ် ၂၉၃ ဒသမ ၇ ဘီလျံ ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေစည်းကမ်းချက်များနှင့် ကိုက်ညီပါက တောင်သူတစ်ဦးချင်းသော်လည်းကောင်း၊ ကျေးရွာအုပ်စုတစ်ခုလုံးအတွက်သော်လည်းကောင်း ချေးငွေထုတ်ချေးပေးလျက်ရှိကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာရေးဝန်ကြီး ဦးဇော်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။
