သိင်္ခ
Open in Telegram
အသိတိုး
Show moreThe country is not specifiedThe category is not specified
1 054
Subscribers
-224 hours
-87 days
-5930 days
Posts Archive
1 054
ခိုလှုံခွင့်တောင်းထားသူ နိုင်ငံခြားသား ၂ သိန်းအထိ၏ ဗီဇာများ ရုပ်သိမ်းရန် ထရမ့်အစိုးရ ပြင်ဆင်
ဩဂုတ် ၂၅၊ ၂၀၂၆-ဝါရှင်တန်၊ အမေရိကန် — အမေရိကန်တွင် ခိုလှုံခွင့် လျှောက်ထားထားသူ သို့မဟုတ် လျှောက်ထားနေသူ နိုင်ငံခြားသား ၂ သိန်းအထိ၏ စီးပွားရေးနှင့် ခရီးသွားဗီဇာများကို ရုပ်သိမ်းရန် ထရမ့်အစိုးရက ပြင်ဆင်နေသည်။ 🇺🇸 ၂၀၁၆ မှ ၂၀၂၆ အတွင်း ထုတ်ပေးထားသည့် ဗီဇာများကို အဓိက စိစစ်မည်ဖြစ်ပြီး အကောင်အထည်ဖော်ပါက အမေရိကန်သမိုင်းတွင် တစ်ကြိမ်တည်း ဗီဇာအများဆုံး ရုပ်သိမ်းမှု ဖြစ်လာနိုင်သည်။ သို့သော် ဗီဇာရုပ်သိမ်းခံရခြင်းသည် ချက်ချင်း ပြည်နှင်ဒဏ်ပေးမည်ဟု မဆိုလိုဘဲ ယင်းအစီအစဉ်မှာ တရားရေးစိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရနိုင်သည်။
ရင်းမြစ်: အေပီ
1 054
ရောဂါဒဏ်ခံ ပဲမျိုးသစ်များ ထုတ်လုပ်ရေးနှင့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲရေး ICRISAT နှင့် ပူးပေါင်း ဆောင်ရွက်မည်
နေပြည်တော်၊ ဩဂုတ် ၂၅
ဈေးကွက်အရ အရေးပါသည့် ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲနှင့် လူး၊ ဆပ် သီးနှံများတွင် ရောဂါဒဏ်၊ ရေငတ်ဒဏ် ခံနိုင်စေရန် အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သီးနှံများ သုတေသနဌာန (ICRISAT) နှင့် ပူးပေါင်း၍ မျိုးသစ်ထုတ်လုပ်ရေး၊ စက်ကိရိယာသုံး စိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲရေးတို၊ ဈေးကွက်ဖွံဖြိုးရေးတိုကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ICRISAT မှ ပညာရှင်များက Asia Breeding Network (ASIABENET) ၏ ဆောင်ရွက်ချက်များနှင့် ဈေးကွက်အလားအလာများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
1 054
တရုတ်က Chang’e-7 လစူးစမ်းယာဉ် လွှတ်တင်မှုကို တစ်လခန့် ရွှေ့ဆိုင်း
တရုတ်နိုင်ငံသည် Chang’e-7 လ စူးစမ်းရေး အာကာသယာဉ်ကို သယ်ဆောင်သွားမည့် Long March 5 Y14 ဒုံးပျံပစ်လွှတ်မှုကို တစ်လခန့် ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံတော် နက္ခတ္တ ပညာသုတေသနဌာန(NARIT) က ယနေ့ ကြေညာခဲ့သည်။
မူလက သြဂုတ်လ ၂၅ ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ထိုရွှေ့ဆိုင်းမှုသည် တရုတ်အာကာသယာဉ်တွင် သယ်ဆောင်မည့် ထိုင်းနိုင်ငံ၏ CE-7 MATCH သိပ္ပံကိရိယာနှင့် မသက်ဆိုင်ကြောင်းနှင့် ကိရိယာသည် မစ်ရှင်အတွက် အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း NARIT က ပြောကြားခဲ့သည်။
တရားဝင်အတည်ပြုချက်ရရှိသည်နှင့် လွှတ်တင်မည့်ရက်စွဲနှင့် အချိန်အသစ်ကို ကြေညာပေးမည်ဟု NARIT က ဆက်လက်ပြောကြားခဲ့သည်။
1 054
MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတိုကို သီးခြားစီတွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် ၂၅
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြိုရှိ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross တိုအား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံနှင့် တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်တိုးတက်ခိုင်မာစေရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာတိုတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုနောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross အား သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနှင့် UNOPS တိုအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
1 054
သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲ
သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲကြောင်း သိရသည်။ ပိုဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊ မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်းခြောက်တွဲ၊ ဘရိတ်တွဲနှစ်တွဲ စုစုပေါင်းရှစ်တွဲဖြင့် တွဲဆိုင်းဖွဲဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့် ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား နှစ်စင်းထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန် ရထားခရီးစဉ် ခြောက်ခေါက်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
နေ့အလိုက် ရထားစီးခရီးသည် စီးနင်းမှုအနေဖြင့် စတင်ပြေးဆွဲသည့် ဩဂုတ် ၁၉ ရက်က ခရီးသည် ၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ခရီးသည် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ခရီးသည် ၂၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ခရီးသည် ၂၄၁၂ ဦး နှင့် ဩဂုတ် ၂၃ ရက်တွင် ခရီးသည် ၆၉၃၅ ဦးအထိ လိုက်ပါစီးနင်းခဲ့သဖြင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ သြဂုတ် ၂၄ ရက်အထိ ခရီးသည် စုစုပေါင်း ၁၃၃၉၄ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
1 054
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်
နေပြည်တော် ဩဂုတ် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉)၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၆ ခုနှစ်တွင် အသစ်ခန့်အပ်လိုက်သည့် ဌာနစုမှူး-၂/အရာထမ်းငယ် ၂၉ ဦးတိုကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ အာဆီယံရေးရာများ၊ ကောင်စစ်ရေးရာများ၊ နိုင်ငံတကာဥပဒေများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ခြင်း အစရှိသည့်ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ ၁၁ ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြား ပိုချသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက အမှာစကားပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
1 054
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၉) သင်တန်းဖွင့်
1 054
သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် တိုးချဲ့ပြေးဆွဲ
နေပြည်တော် ဩဂုတ် ၂၄
ပိုဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊ မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်းခြောက်တွဲ၊ ဘရိတ်တွဲနှစ်တွဲ စုစုပေါင်းရှစ်တွဲဖြင့် တွဲဆိုင်းဖွဲဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့် ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား နှစ်စင်းထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန် ရထားခရီးစဉ် ခြောက်ခေါက်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။
နေ့အလိုက်ရထားစီးခရီးသည် စီးနင်းမှုအနေဖြင့် စတင်ပြေးဆွဲသည့် ဩဂုတ် ၁၉ ရက်က ခရီးသည် ၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ခရီးသည် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ခရီးသည် ၂၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ခရီးသည် ၂၄၁၂ ဦး နှင့် ဩဂုတ် ၂၃ ရက်တွင် ခရီးသည် ၆၉၃၅ ဦးအထိ လိုက်ပါစီးနင်းခဲ့သဖြင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ ယနေ့ထိ ခရီးသည် စုစုပေါင်း ၁၃၃၉၄ ဦး လိုက်ပါစီးနင်းခဲ့သည်။
သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် သူရဲဈေးဘူတာမှစတင်၍ မ-၄၁ ရထားသည် နံနက် ၇ နာရီ တွင်လည်းကောင်း၊ မ-၄၃ ရထားသည် နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ မ-၄၅ ရထားသည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်းထွက်ခွာ၍ တောင်ပြုံး-သူရဲဈေးရထားခရီးစဉ်တွင် တောင်ပြုံးဘူတာမှစတင် ၍ မ-၄၂ ရထားသည် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မ-၄၄ ရထားသည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မ-၄၆ ရထားသည် ညနေ ၅ နာရီတွင်လည်းကောင်းထွက်ခွာပြီး လမ်းခရီးတွင် အိုးဘို၊ မြနန္ဒာ၊ ကပိုင်ဘူတာတိုတွင် ရပ်တန့်ပေးမည်ဖြစ်သည်။ ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာအတွက်မဆို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြစ်ကြောင်း သိရသည်။
ထိုပြင် ပိုဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများနှင့် ရန်ကုန်မြိုပတ်နှင့် ဆင်ခြေဖုန်းလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများ ဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား-မိုးညှင်း လမ်းပိုင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းနှင့် လက်ပံတန်း-သာရဝေါ လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထား ခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် ခရီးသည်စီးနင်းမှု ထပ်မံများပြားလာပါက ရထားထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
1 054
သူရဲဈေး-တောင်ပြုံး၊ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် ခရီးသည်စီးနင်းမှုများပြားသဖြင့် တိုးချဲ့ပြေးဆွဲ
1 054
ထိုင်းစစ်တပ်က သံချပ်ကာယာဉ်များ၊ M777 နှင့် HIMARS ဒုံးကျည်စနစ်များ ဝယ်ယူပေးရန်အပြင် ဒရုန်းစစ်ဆင်ရေးဗဟိုဌာနထူထောင်ရေးပါ တောင်းဆို
၂၄. ၈. ၂၀၂၆
ထိုင်းတော်ဝင်စစ်တပ်သည် ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအကြား စစ်ဆင်ရေး အသင့်ပြင်ဆင်ထားရှိမှုကို မြှင့်တင်ရန်အတွက် ဘီးတပ်သံချပ်ကာယာဉ်များ၊ M777 ဟောင်ဝစ်ဇာ အမြောက်များနှင့် HIMARS ဒုံးကျည်စနစ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ ကိရိယာသစ်များ ဝယ်ယူရန် အဆိုပြုခဲ့သည်။
ကာကွယ်ရေးဝန်ကြီး အဒူးလ် ဘွန်သမ်ချာရိုအန်က စစ်တပ်ဌာနချုပ်သို လာရောက်ကြည့်ရှုပြီးနောက် တနင်္လာနေ့ (ဩဂုတ် ၂၄) တွင် အဆိုပါ အဆိုပြုချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွင်း ဝန်ကြီးသည် စစ်တပ်၏ တာဝန်များ၊ စစ်ဆင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များကို လက်ခံရရှိခဲ့သည်။
1 054
သမ္မတကြီးအနေနဲ့ Tuva ကို ဝင်တာက Soft power သပ်သပ်ပါ။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ရုရှားရဲ့ ဗုဒ္ဓဘာသာဒေသတွေကို ယဉ်ကျေးမှု၊ ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ Russia–Myanmar soft-power diplomacy ကို မြှင့်တင်တဲ့သဘောလို မြင်လိုရတယ်။
အထူးသဖြင့် သီတဂူ ဆရာတော် ဘုရားကြီး တက်ရောက်နေကြဖြစ်တဲ့ Buryatia ဆိုတာကလည်း ရုရှားနိုင်ငံရဲ့ အဓိက ဗုဒ္ဓဘာသာ ဗဟိုချက် ဖြစ်နေတယ်။ ၂၀၂၆ ဗုဒ္ဓဘာသာဖိုရမ်မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါးက အစိုးရ၊ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ဖူးတယ်။
မြင်ရသလောက်တော့....စီးပွားရေး ဖိုရမ်ကနေ ဝင်တာက လမ်းကြောင်းသပ်သပ်၊ ဘာသာရေးဘက်ကနေ Soft Power နဲ့ပါ ချည်နှောင်နိုင်အောင် ကြိုးပမ်းမှု တစ်ခုလိုပဲ သုံးသပ်မိတယ်။
(နရီမိုး)
1 054
ရေကြီးနစ်မြုပ်မှုဘေးဒဏ်ခံခဲ့ရသည့် ငါးမွေးကန်များ ပြန်လည်မွေးမြူနိုင်ရန် လိုက်နာရမည့် အချက်များ
1 054
❝AI ခေတ်မှာ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက် ဘယ်လိုပြောင်းလဲနေသလဲ❞
≋လူသားတွေအတွက် ဘယ်အလုပ်တွေ ကျန်ရှိမလဲ≋
《သတင်းဆောင်းပါး》
Artificial Intelligence (AI) နည်းပညာ အရှိန်အဟုန်ဖြင့် ဖွံဖြိုးလာခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ အလုပ်အကိုင်ဈေးကွက်သည်လည်း အကြီးအကျယ် ပြောင်းလဲလာနေပြီး AI က လူသားများ၏ အလုပ်အကိုင်များကို အပြည့်အဝ အစားထိုးသွားမည်လား၊ သိုမဟုတ် လူသားများ၏ လုပ်ငန်းတာဝန်များကို ပိုမိုလွယ်ကူမြန်ဆန်စေရန် အထောက်အကူပြုသည့် နည်းပညာတစ်ရပ်အဖြစ်သာ ရပ်တည်မည်လားဆိုသည့် မေးခွန်းမှာ ကမ္ဘာတစ်ဝန်းတွင် အရေးကြီးသည့် ဆွေးနွေးစရာတစ်ခု ဖြစ်လာနေသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲချုပ် (ILO) ၏ ၂၀၂၅ ခုနှစ် လေ့လာချက်အရ ကမ္ဘာတစ်ဝန်းရှိ အလုပ်သမား ၄ ဦးတွင် ၁ ဦးခန့်သည် Generative AI ၏ သက်ရောက်မှုရှိနိုင်သည့် အလုပ်အကိုင်အမျိုးအစားများတွင် ပါဝင်နေကြောင်း သိရသည်။ သိုသော် AI ကြောင့် အလုပ်အကိုင်များ အလုံးစုံပျောက်ကွယ်သွားမည့်အခြေအနေထက် လက်ရှိအလုပ်များအတွင်းရှိ တာဝန်များနှင့် လုပ်ငန်းစဉ်များ ပြောင်းလဲသွားနိုင်ခြေက ပိုမိုများပြားကြောင်း ILO က သုံးသပ်ထားသည်။
1 054
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း
မန္တလေး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြိုနယ် အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ သီတင်းသုံးတော်မူလျက်ရှိသည့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဒေါ်ကြူကြူလှ သား၊ သမီး၊ မြေးတစ်စုတိုက လှူဒါန်းသော ဓမ္မစကြာမဟာဋီကာသစ်ကျမ်းကြီး၊ ဗုဒ္ဓဝါဆိုစဉ်အလင်္ကာများစာအုပ်နှင့် သာသနာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသော ကွန်ပျူတာစာစီမူ အဋ္ဌကထာကျမ်းစာအုပ်များကို ဆက်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ပါမောက္ခချုပ်ဆရာတော်ကြီးက “အဋ္ဌကထာ ဋီကာကျမ်းစာအုပ်များကို ပြန်လည်ပုံနှိပ်နိုင်ခြင်းမရှိသည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ကြောင်း၊ ပါဠိတော်များကို အဋ္ဌကထာ၊ ဋီကာအဖွင့်များနှင့်ကြည့်၍ အဓိပ္ပာယ်သိရှိရပါကြောင်း၊ အဋ္ဌကထာဋီကာအဖွင့်ကို မကြည့်ဘဲပါဠိတော်သက်သက် ဘာသာပြန်လျှင် Interpretation Problem ဖြစ်နိုင်ကြောင်း၊ နောင်တွင် AI tool များဖြင့် ဘာသာပြန်ခြင်းလုပ်ငန်းဆောင်ရွက်လျှင် Leak Version (မူကွဲမူပျက်) များ ထွက်ပေါ်လာနိုင်ပြီး ပျက်စီးနိုင်ပါကြောင်း။
အလွန်ပြည့်စုံပြီး အင်မတန် ကောင်းမွန်သောအလုပ်
ထိုကြောင့် ပါဠိတော်၊ အဋ္ဌ ကထာ၊ ဋီကာစာပေများ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းလုပ်ငန်းသည် သာသနာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သဖြင့် ယခုလို အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆဋ္ဌမူအတိုင်း ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ခြင်းမပြုဘဲ နောက်ဆက် တွဲ(Index)ပါ နာနာပါဌ (Different Version)များ၊ အောက်ခြေမှတ်စု (Foot note) များပါမကျန် ကွန်ပျူတာစာစီမူ ပြန်လည်ပုံနှိပ် ဆောင်ရွက်ခြင်းသည် အလွန်ပြည့်စုံပြီး အင်မတန်ကောင်းမွန်သော အလုပ်ဖြစ်ပါကြောင်း၊ စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထားကြိုးစားရန် တိုက်တွန်းလိုပါကြောင်း၊ ထေရဝါဒ ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စာပေများကို ထေရဝါဒအတိုင်း ထိန်းသိမ်းထားနိုင်သည့် မြန်မာနိုင်ငံကိုသာ အားကိုးပြုရမည် ဖြစ်ပါကြောင်း” စသည်ဖြင့် ဩဝါဒကထာများ မိန့်ကြားချီးမြှင့်ခဲ့ကြောင်း သိရသည်။
1 054
အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဩဂုတ်လ ၂၄
တပ်မတော်ဆေးတက္ကသိုလ်တွင် ဘွဲကြို၊ ဘွဲလွန်ဆေးပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းသည့် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မစာသင်ဆောင်၊ အစည်းအဝေး ခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။
