en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

သိင်္ခ

သိင်္ခ

Open in Telegram

အသိတိုး

Show more
The country is not specifiedThe category is not specified
1 060
Subscribers
-224 hours
-87 days
-7230 days
Posts Archive
photo content

လူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှု စည်းကမ်းတကျဖြစ်ရန်နှင့် စာပေဖတ်ရှုခြင်းအလေ့အကျင့် မွေးမြူရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိ
လူငယ်များ ဆိုရှယ်မီဒီယာသုံးစွဲမှု စည်းကမ်းတကျဖြစ်ရန်နှင့် စာပေဖတ်ရှုခြင်းအလေ့အကျင့် မွေးမြူရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်သည်များ၊ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ၏ သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် အခြေခံပညာ လူရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့သည်။

ရေကြည်မြိုနယ်၌ ရေများပြန်လည်ကျဆင်းလာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ ဧရာဝတီတိုင်း၊ ရေ
ရေကြည်မြိုနယ်၌ ရေများပြန်လည်ကျဆင်းလာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အလားတူ ၂၀၂၁ ခုနှစ်ကလည်း မလေးရှား၌ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၀၈၆ ဦးကို နှစ်နိုင်ငံညှိနှိုင်း၍ တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ဖူးသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို၏ ကြေညာချက်နှင့် ထုတ်ပြ
၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို၏ ကြေညာချက်နှင့် ထုတ်ပြန်ပြောကြားချက်များအပေါ် မြန်မာနိုင်ငံ၏ တုံပြန်ချက် နေပြည်တော်၊ စက်တင်ဘာလ ၃ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံအချိုက ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက် မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန က တုံပြန်ထားသည်။

အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ကျေးသီးမြို့ အခြေစိုက်အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမ
အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ကျေးသီးမြို့ အခြေစိုက်အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြု

🙏🙏🙏
🙏🙏🙏

မလေးရှားနိုင်ငံတွင်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁,၄၇၆)ဦးကို စက်တင်ဘာနောက်ဆုံးပတ်၌ ပြန်လည်ခေါ်ဆောင်ပေးမည် မလေးရှား
မလေးရှားနိုင်ငံတွင်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁,၄၇၆)ဦးကို စက်တင်ဘာနောက်ဆုံးပတ်၌ ပြန်လည်ခေါ်ဆောင်ပေးမည် မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁,၄၇၆)ဦးကို နိုင်ငံတော်အစိုးရက စက်တင်ဘာနောက် ဆုံးပတ်တွင် ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၂ ရက်တွင် အသိပေးခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားစိစစ်ပြီးသော မြန်မာနိုင်ငံသားများကို ဩဂုတ် ၂၇ ရက်နှင့် သြဂုတ် ၂၈ ရက်တိုက မြန်မာ့တပ်မတော်ရေယာဉ်များဖြင့်သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရက မလေးရှားအစိုးရနှင့် ညှိနှိင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ထိုသို ဆောင်ရွက်ခဲ့သော်လည်း မလေးရှားနိုင်ငံဘက်မှ ယင်းနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန်အဆင်မပြေ၍ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို၌ပြန်လည်စီစဉ်ရန်အဆိုပြုခဲ့သဖြင့် မြန်မာအစိုးရက ခရီး စဉ်အားပြန်လည်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားက ၄င်းတိုနိုင်ငံသားအချို ရုရှားစစ်တပ်တွင် စစ်မှုထမ်းရန် စုဆောင်းခံရသည့်သတင်းကို စုံစမ်းနေ အင်ဒိုနီးရှားနိုင်ငံသာ
အင်ဒိုနီးရှားက ၄င်းတိုနိုင်ငံသားအချို ရုရှားစစ်တပ်တွင် စစ်မှုထမ်းရန် စုဆောင်းခံရသည့်သတင်းကို စုံစမ်းနေ အင်ဒိုနီးရှားနိုင်ငံသားရှစ်ဦးကို ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲဝင်များနှင့်အတူ တိုက်ပွဲဝင်ရန် စုဆောင်းခဲ့သည်ဆိုသည့်သတင်းကို အင်ဒိုနီးရှားဘက်က စစ်ဆေးဖော်ထုတ်လျက်ရှိသည်။ ယူကရိန်းနိုင်ငံ၏ ပြည်ပထောက်လှမ်းရေးဌာန (SZRU) က ပြီးခဲ့သည့် သီတင်းပတ်တွင် ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့သည်ဟု ယူဆရသည့် အင်ဒိုနီးရှားအမျိုးသားများ၏ e-visa လျှောက်လွှာခုနစ်ခုနှင့် ရွှေ့ပြောင်းနေထိုင်ခွင့်ကတ်တစ်ခုတို၏ ရုပ်ပုံဖိုင်များကို ထုတ်ပြန်ခဲ့သည်။ Jakarta Globe ၏ ဖော်ပြချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါသတင်းနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားသံတမန်ရေးအဖွဲများနှင့် အခြားဝန်ကြီးဌာနများထံ ဆက်သွယ်စစ်ဆေးနေသည်။ နိုင်ငံသားရှစ်ဦးသည် အလုပ်အကိုင်ကြော်ငြာအတုများ၏ သားကောင် ဖြစ်ခဲ့ခြင်းရှိ မရှိ ၊ လူကုန်ကူးခံရခြင်း ရှိ မရှိ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

နီပေါရေဘေး ‌သေဆုံးသူ ၁,၀၀၀ ကျော်ပြီ ဟိမဝန္တာတောင်တန်းတလျှောက်ရှိ ရပ်ရွာများကို မွှေနှောက်ဖျ-က်ဆီးခဲ့သော ရုတ်တရက် ရေကြီးမှုကြီ
နီပေါရေဘေး ‌သေဆုံးသူ ၁,၀၀၀ ကျော်ပြီ ဟိမဝန္တာတောင်တန်းတလျှောက်ရှိ ရပ်ရွာများကို မွှေနှောက်ဖျ-က်ဆီးခဲ့သော ရုတ်တရက် ရေကြီးမှုကြီးဖြစ်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်ရေးအဖွဲများသည် ပျောက်ဆုံးနေဆဲဖြစ်သော လူထောင်ပေါင်းများစွာကို အနံ့ခံခွေးများအကူအညီဖြင့် နီပေါနှင့် တရုတ်နယ်စပ်ရှိ ရွှပြင်များ၊ ကျောက်တုံးများနှင့် အပျက်အစီးများကြားတွင် ဆက်လက်ရှာဖွေနေကြပြီး လက်ရှိအထိတွင် ‌ေ-သဆုံးသူ ၁၀၀၀ ကျော်လာကြောင်း သိရသည်။

အီရန်က မင်္ဂလာဆောင်ပွဲကို အမေရိကန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၆၈ ယောက်အထိ မြင့်တက်လာ အီရန်နိုင်ငံ ဆီးရစ်ခ် (Sirik) မြိုမှာ
အီရန်က မင်္ဂလာဆောင်ပွဲကို အမေရိကန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၆၈ ယောက်အထိ မြင့်တက်လာ  အီရန်နိုင်ငံ ဆီးရစ်ခ် (Sirik) မြိုမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲနေရာကို အမေရိကန်က တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၈ ယောက် ဒဏ်ရာရပြီး ၅ ယောက် သေဆုံးသွားခဲ့တယ်လို ကြက်ခြေနီအဖွဲ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Fars သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။  ဒဏ်ရာရသွားသူတွေထဲမှာ ကလေးအများအပြား ပါဝင်နေပြီး၊ ဒဏ်ရာရသူတွေကိုတော့ ဆီးရစ်ခ်နဲ့ မီနဘ် (Minab) မြိုတွေမှာရှိတဲ့ ဆေးရုံတွေကို တင်ပိုထားပါတယ်။  ဒါမတိုင်ခင်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်(CENTCOM) က အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်သမ္မတရှီ အီဂျစ်ကို ရောက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အာရပ်ကမ္ဘာ၏ လူဦးရေအများဆု
တရုတ်သမ္မတရှီ အီဂျစ်ကို ရောက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အာရပ်ကမ္ဘာ၏ လူဦးရေအများဆုံးနိုင်ငံဖြစ်သော အီဂျစ်သို အင်္ဂါနေ့တွင် ရောက်ရှိလာခဲ့သည်။ အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကြားတွင် အရှေ့အလယ်ပိုင်းတစ်လွှားရှိ နိုင်ငံများသည် လုံခြုံရေးနှင့် စီးပွားရေးဆက်ဆံရေးများကို ပြန်လည်အကဲဖြတ်နေကြချိန်တွင် ရှီ၏ ခရီးစဉ်ထွက်ပေါ်လာသည်။ အီရန်ပဋိပက္ခသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်များကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဒေသတွင်းနိုင်ငံများသည် အမေရိကန်ပြည်ထောင်စုကို ရေရှည်လုံခြုံရေးမိတ်ဖက်အဖြစ် အားကိုး၍ရနိုင်မည်လားဆိုသော မေးခွန်းများကို ပေါ်ပေါက်စေခဲ့သည်။

အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းမလိုက်နာသည့် ကုန်တင်ကားကိုအမှုဖွင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာသူများ၊ ယာ
အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းမလိုက်နာသည့် ကုန်တင်ကားကိုအမှုဖွင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာသူများ၊ ယာဥ်မောင်းများလိုက်နာရမည့် သတ်မှတ်စည်းကမ်းများကို အသိပေးထုတ်ပြန်ထားပြီးဖြစ် ကြောင်း သိရသည်။ ယင်း ထုတ်ပြန်ထားမှုရှိသော်လည်း ကုန်တင်ကားတစ်စီးသည် စက်တင် ဘာ ၁ ရက်ည ၈ နာရီကျော်ခန့်တွင် အမြန်လမ်းမကြီး၏ မန္တလေးမှ နေပြည်တော်အပြန်လမ်းဘက် မိုင်တိုင်အမှတ် ၂၂၂/၇ နှင့် ၂၂၃/၀ ကြား ညာဘက်ယာဥ်ကြော ရပ်တန့်ခွင့်မရှိသောနေရာ၌ အ ချိန်ကြာမြင့်စွာရပ်တန့်ထားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။ ထိုသို ရပ်တန့်ထားခြင်းမှာ အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းချက်များအားလိုက်နာခြင်းမရှိပဲ ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်၍ သက်ဆိုင်ရာ တာဝန် ရှိသူများက အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတိမ်းမှောက် (၂၀)ဦးဒဏ်ရာရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ စက်တင်ဘာ ၂ ရက်မွန်
အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတိမ်းမှောက် (၂၀)ဦးဒဏ်ရာရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ စက်တင်ဘာ ၂ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မြိုဘက်မှ ဘားအံမြိုဘက်သို ယာဥ်မောင်း၊ ယာဥ်နောက်လိုက်တိုအပါအဝင် (၂၂)ဦးလိုက်ပါလာသော အဝေးပြေးခရီးသည်တင်(Express)ကား သည် မိုင်တိုင်အမှတ် ၁၅ အနီးတွင်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား၊ အမျိုး သမီး(၂၀)ဦးတို၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကြက်ခြေနီအသင်းက လှည်းကူးမြိုနယ်ပြည်သူ့ဆေးရုံသိုပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်မရောမြိုနယ်မှရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေး မွန်ပြည်နယ်၊ ကျိုက်မရေ
ကျိုက်မရောမြိုနယ်မှရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေး မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် မြိုနယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် နေ ထိုင်နေကြသည့် ရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးသက်ထွေးနှင့် တာဝန်ရှိသူများက ယနေ့ စက်တင်ဘာ ၂ ရက်နံနက်ပိုင်းတွင် ကျိုက်မရောမြို၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်း၌တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မ
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၀၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် အစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ဗဟိုအာဖရိက နိုင်ငံဖြစ်သော ဒီအာကွန်ဂိုတွင် အတည်ပြုလူနာ ၆၁၈၆ ဦး ရှိခဲ့ပြီး ၄င်းတိုအနက် သေဆုံးသူ ၃၀၀၇ ဦး ပါဝင်သဖြင့် ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၄၈ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ စုစုပေါင်း လူနာ ၁၄၀၉ ဦး ပြန်လည်သက်သာလာခဲ့ပြီး ၈၃၀ ဦးသည် အီဘိုလာ ကုသရေးစင်တာများ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရဆဲဖြစ်သည်။

ယူကရိန်း၏ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် ရုရှားသင်္ဘော အစင်း ၁၀၀ ခန့် ပျက်စီးခဲ့သည်ဟု သမ္မတဗလာဒီမာပူတင်ဝန်ခံ ယူကရိန်း၏ဒရု
ယူကရိန်း၏ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် ရုရှားသင်္ဘော အစင်း ၁၀၀ ခန့် ပျက်စီးခဲ့သည်ဟု သမ္မတဗလာဒီမာပူတင်ဝန်ခံ ယူကရိန်း၏ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ရုရှားသင်္ဘော ၁၀၀ ခန့် ပျက်စီးခဲ့ရသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝန်ခံပြောကြားခဲ့သော်လည်း ကိယက်ဗ်ကရုရှားကို စိုးရိမ်ရလောက်အောင်ထိခိုက်ပျက်စီးစေခြင်းမရှိဟု ဆိုသည်။ "သူတိုက ကျွန်တော်တိုကို တကယ်ပဲ ထိခိုက်ဆုံးရှုးအောင် လုပ်နိုင်ခဲ့တယ်လို ထင်ပါတယ်" ဟု စက်တင်ဘာ ၁ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၏ မြိုတော် ဘစ်ရှ်ကတ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပူတင်က ဝန်ခံပြောကြားခဲ့သည်။

ဘားအံမြိုတွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကယ်ဆယ်ရေးစခန်း ၆ ခုသို အိမ်ထောင်စု ၆၀၀ ကျော် ပြောင်းရွှေ့ ဘားအံ၊ စက်တင်ဘာ
ဘားအံမြိုတွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကယ်ဆယ်ရေးစခန်း ၆ ခုသို အိမ်ထောင်စု ၆၀၀ ကျော် ပြောင်းရွှေ့ ဘားအံ၊ စက်တင်ဘာ ၂ ကရင်ပြည်နယ်၊ ဘားအံမြိုတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁၁၄ စင်တီမီတာအထိ ကျော်လွန်နေပြီး မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ မြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းနေ ဒေသခံများကို ဘေးလွတ်ရာသို ပြောင်းရွှေ့ပေးခဲ့ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုသို ရေဘေးရှောင် အိမ်ထောင်စု ၆၃၂ စု၊ လူဦးရေ စုစုပေါင်း ၂,၈၈၉ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

လွိင်ကော်တွင် လယ်ကွင်းအတွင်း အလုပ်လုပ်နေသည့် အမျိုးသမီး မိုင်းနင်းမိ၍ ဒဏ်ရာရ ကယားပြည်နယ်၊ လွိင်ကော်မြိုနယ်တွင် လယ်ကွင်းအတွင်း
လွိင်ကော်တွင် လယ်ကွင်းအတွင်း အလုပ်လုပ်နေသည့် အမျိုးသမီး မိုင်းနင်းမိ၍ ဒဏ်ရာရ ကယားပြည်နယ်၊ လွိင်ကော်မြိုနယ်တွင် လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် လွိင်ကော်မြိုနယ်၊ ထီရိကျေးရွာနေ ဒေါ်ငဲတူး (၄၇) နှစ်သည် ကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် အကြမ်းဖက်အဖွဲ (စိစစ်ဆဲ) ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဝင်းအတွင်း သေနတ် ၇ ချက်မှ ၈ ချက်ခန့် ပစ်ခတ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသားကို ရဲတပ်ဖွဲ ထိန်းသိမ်း ထိုင်းနို
ကျောင်းဝင်းအတွင်း သေနတ် ၇ ချက်မှ ၈ ချက်ခန့် ပစ်ခတ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသားကို ရဲတပ်ဖွဲ ထိန်းသိမ်း ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ကမ်ဖိုင်ဖတ်ခရိုင်ရှိ ဝချိရပရာကန်ဝိတ္တယာခွန်ကျောင်းအတွင်း အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသားတစ်ဦးက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲက အဆိုပါကျောင်းသားကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ကမ်ဖိုင်ဖတ်မြိုရှိ အဆိုပါကျောင်းဝင်းအတွင်း ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ၇ ချက်မှ ၈ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းသတင်းများအရ အဆိုပါကျောင်းသားသည် အုပ်ထိန်းသူ၏ သေနတ်ကို ခိုးယူကာ ကျောင်းအတွင်းသို ယူဆောင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲဝင်များနှင့် ကယ်ဆယ်ရေးလုပ်သားများက ဝိုင်းဝန်းဖျောင်းဖျပြောဆိုကာ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။