သိင်္ခ
Open in Telegram
အသိတိုး
Show moreThe country is not specifiedThe category is not specified
1 067
Subscribers
No data24 hours
-187 days
-5530 days
Posts Archive
1 067
+2
Time Magazine ၏ သတင်းထောက် Charlie Campbell ၏ ရေးသားချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်း မရှိသည့်အတွက် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြစ်တင်ရှုတ်ချ
1 067
+2
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နျူကလီးယား စွမ်းအင် အစီအစဉ်၏အခြေခံသည် အမျိုးသားအကျိုးစီးပွားဖြစ်ရမည်ဖြစ်ပြီး မည်သည့် နိုင်ငံ၏ နည်းပညာ၊ မည်သည့်နိုင်ငံတကာမိတ်ဖက်နှင့် ပူးပေါင်းသည်ဖြစ်စေ မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့ စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အဓိကထား သုံးသပ်ရန် လိုအပ်ပါကြောင်းထည့်သွင်းပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၂၃
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင် ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် နျူကလီးယား စွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမှာစကားပြောကြားသည်။
1 067
ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ရေးအတွက် အဆင့်ဆင့်သော ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတတိုက်တွန်း
𝙎𝙀𝙋~𝟐𝟑
ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များအား တွေ့ဆုံကာ တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါတွေ့ဆုံပြောကြားမှုကို ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လယ်ယာ၊ သားငါးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေး၊ ပညာရေးနှင့် ရေရှည်ဖွံဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်ဟု ဆိုသည်။
1 067
ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့သည့် ငါးသိုင်းချောင်းမြိုရှိ အခြေခံပညာကျောင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်
𝙎𝙀𝙋~𝟐𝟑
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြိုတွင် ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၂၂ ကျောင်းကို ရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းမှစ၍ ပုံမှန်ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
1 067
ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ လယ်ယာထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးတိုကို ထိရောက်စွာ ဆောင်ရွက်ရန်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မှာကြား
နေပြည်တော်၊ စက်တင်ဘာ ၂၃
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံ၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာနှင့် မွေးမြူရေးထုတ်လုပ်မှု တိုးမြှင့်ရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးတိုကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
1 067
မယ်ဆရီယန်းမြိုနယ်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၆ ဦး ဖမ်းဆီးအရေးယူခံရ
𝙎𝙀𝙋~𝟐𝟑
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဆရီယန်းမြိုနယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၆ ဦးကို စက်တင်ဘာ ၂၁ ရက်က အုပ်ချုပ်ရေးအဖွဲက ဖမ်းဆီးခဲ့ပြီး ၎င်းတိုကို တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူထားကြောင်း မယ်ဆရီယန်းရေဒီယို၏ ဖော်ပြချက်အရ သိရသည်။
1 067
ကုလသမဂ္ဂက ၎င်း၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ဟု တူရကီသမ္မတ ဝေဖန်
■ ပါလက်စတိုင်းသမ္မတ ညီလာခံတက်ခွင့် မရမှုကိုလည်း မကျေမနပ်ပြောဆို
နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့် ၈၁ နှစ်က တည်ထောင်ခဲ့သည့် ကုလသမဂ္ဂသည် ယခုအခါ ၎င်း၏အဓိကတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတော့ကြောင်း တူရကီသမ္မတ ရီဆပ် အာဒိုဂန်က ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် ဝေဖန်ပြောဆိုလိုက်သည်။
1 067
လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲခဲ့သည့် “777” ပလတ်စတစ်စက်ရုံကို ကျပ် ၇ ဒသမ ၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရန် အမှုဖွင့်
𝙎𝙀𝙋~𝟐𝟑
လှိင်သာယာ (အနောက်ပိုင်း) မြိုနယ် ရွှေလင်ပန်း ငွေပင်လယ်စက်မှုဇုန်ရှိ ဦးသိန်းနိုင်ပိုင် “777” ပလတ်စတစ်စက်ရုံတွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုကို စစ်ဆေးဖော်ထုတ်ခဲ့ပြီး နစ်နာဆုံးရှုးခဲ့သည့် လျှပ်စစ်ဓာတ်အားယူနစ် ၁၀ ဒသမ ၄၆၈ သန်းအတွက် ကျသင့်သည့် လျော်ကြေးငွေ ကျပ် ၇ ဒသမ ၉၀၇ ဘီလီယံကို ပြန်လည်ပေးလျော်စေရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် စက်ရုံပိုင်ရှင်နှင့် မန်နေဂျာတိုကို အမှုဖွင့်ထားသည်ဟု သိရသည်။
1 067
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးရှိမည့် လုပ်ငန်းများ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေး
𝙎𝙀𝙋~𝟐𝟑
ဘယ်လာရုစ်နိုင်ငံ မင့်စ်မြိုသို ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် အပြည်ပြည်ဆိုင်ရာပြပွဲနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတိုအကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးရှိမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
1 067
ပြည်ဖျက်မိစ္ဆာ ဂွမ်မော် ရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို အချိန်တန်ပြီ
KIA အကြမ်းဖက်အဖွဲခေါင်းဆောင် ဂွမ်မော် က ဗန်းမော်သို ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုမှ သင်္ဘော ၂၀ ခန့်ကို KIA က တိုက်ခိုက်နစ်မြုပ်ခဲ့ရာတွင် ပါဝင်သွားသော ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဖြစ်ရပါတယ်လို ဝန်ခံရေးသား ထားပါတယ်။
ပြည်ဖျက်မိစ္ဆာ ဂွမ်မော်က သူ့ရဲ့ facebook လူမှုကွန်ရက်မှာ သင်္ဘောပိုင်ရှင်များသို ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၃ ) ရက်နေ့က ရေးသားထား
1 067
ချမ်းမြသာစည်မြိုနယ်တွင် ရွှေထည်နှင့် ငွေကြေးလုယက်ရန် အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူ ၂ ဦး ဖမ်းဆီးရမိ
𝙎𝙀𝙋~𝟐𝟑
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြိုနယ်တွင် နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်ပစ္စည်းနှင့် ငွေကြေးများ ရယူရန်အတွက် အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူ အမျိုးသား ၂ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြိုနယ်၊ မြိုသစ်(၅)ရပ်ကွက်၊ ၁၁၁(A)လမ်း၊ ၆၈(A)လမ်းနှင့် ၆၈(B)လမ်းကြားရှိ နေအိမ်တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဒေါ်တင်ပြည့်၊ ၆၃ နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်စိုး၊ ၅၉ နှစ်တိုကို ခန္ဓာကိုယ်အနှံ ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
1 067
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ၏အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့်အဖွဲအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၂၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ၏အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သောကိုယ်စားလှယ်အဖွဲအား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
1 067
တောင်ကြီးမြိုတွင် အဆောက်အဦများ တည်ဆောက်ရာ၌ ငလျင်ဒဏ်ခံနိုင်သောဒီဇိုင်း မဟုတ်လျှင် ခွင့်မပြုဟု စည်ပင်ဝန်ကြီး ပြောကြား
တောင်ကြီးမြိုရှိ အဆောက်အဦများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်း မဟုတ်လျှင် ခွင့်မပြုဟု ရှမ်းပြည်နယ်အစိုးရအဖွဲဝင် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ က ပြောကြားလိုက်သည်။
1 067
ကဲ သက်ထွေးနိုင်တို ပြောလာပုံထောက်ရင်တော့ အာရက္ခတပ်တော်မှာ အလဲလဲအကွဲကွဲဖြစ်ပြီး မကြာခင် တပ်မတော်ကြီး အောင်လံစိုက်ထူနိုင်တော့မှာ သေချာနေပါပြီ။
1 067
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးရှိမည့်လုပ်ငန်းများကို ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကြိုးပမ်းသည်။ နေပြည်တော် စက်တင်ဘာ ၂၃
1 067
မြေပြင်မှာက AA အလောင်းပုံလို့ စည်းရိုးထိုးလို့ရနေပြီ ဒါကိုပဲ နီပိန်းလော်ဘီတသိုက်က ပုံဟောင်းတွေနဲ့ ဂျင်းထည့်လို့ကောင်းနေတုန်း😆😆😆
1 067
Repost from Nay Zin Latt
.
☯️
စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်ကြတာ မဟုတ်သလို၊ သင်္ကြန်တွင်း ရေပက်ကြတာလဲမဟုတ်ဘူး၊
4926 စစ်ဆင်ရေးဟာ
သမိုင်းတခုကျန်စေမဲ့ စစ်ဆင်ရေးဖြစ်သလို အဖက်ဖက်က စဉ်းစားဖြည့်ဆည်းထားတဲ့ စစ်ဆင်ရေးလဲဖြစ်ပါတယ်၊
ရခိုင်စစ်ဆင်ရေးဟာ ခိုင်ခံ့တဲ့ တံတိုင်းကြီးကို နာဒါဂီရိ ဆင်ပြောင်ကြီးနဲ့ ချွန်းဖွင့်တိုက်သလိုပါပဲ၊ သေရည်ဆယ်မောင်းတော့ တိုက်မထားဘူး၊ အကြွေးကို အတိုးတွေနဲ့တော့ တိုးထားတယ်၊
ခံနှိုင်ရင် ခံလော့
ငရို့.... ချွန်းကုန်ဖွင့်တိုက်လေပြီ....
( ကြားရတဲ့သတင်းတွေအရတော့ တဖက်က အတုန်းအရုံးပဲ )
☯️
.
1 067
နေပြည်တော်၊ စက်တင်ဘာ ၂၃
အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု အနှောင့်အယှက်မဖြစ်စေရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေးအတွက် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိင်က ပြောကြားသည်။
စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၏ မေးမြန်းချက်ကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ယင်းသို ပြောကြားခဲ့ခြင်းဖြစ်သည်။
နည်းပညာခေတ်တွင် မိုဘိုင်းဖုန်း၊ Tablet၊ iPad နှင့် Computer စသည့် Digital Device များကို အသုံးပြု၍ သင်ခန်းစာနှင့် ဘာသာစကားဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်သော်လည်း ကလေးငယ်များ ဖုန်းအလွန်အကျွံသုံးစွဲမှုမှ ကာကွယ်ရန်အပါအဝင် မသင့်လျော်သည့် အပြုအမူများကို အတုယူခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းသည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ကျောင်းသားကလေးငယ်များ၏ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်သည့် သီးသန့်ဥပဒေပြဋ္ဌာန်းချက် မရှိသေးသော်လည်း အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ခြိမ်းခြောက်ခြင်းနှင့် အမြတ်ထုတ်ခြင်းတိုမှ ကာကွယ်နိုင်ရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ကျောင်းချိန်ပြင်ပတွင်လည်း မိုဘိုင်းဖုန်းနှင့် Digital Device များကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဆရာ၊ မိဘနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
