သိင်္ခ
Open in Telegram
အသိတိုး
Show moreThe country is not specifiedThe category is not specified
1 063
Subscribers
No data24 hours
-207 days
-7530 days
Posts Archive
1 063
ထိုင်းနိုင်ငံရဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ် ရွှေ့ပြောင်းမြန်မာတွေစိုးရိမ်
ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့်စည်းမျဥ်းသစ်ဟာ ပိုတင်းကျပ်ထားပြီး သြဂုတ်လ ၂၈ ရက်နေ့က စလိုအသက်ဝင်ခဲ့ပါတယ်။ ဒီစည်းမျဥ်းသစ်ကြောင့် မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာတွေဖြစ်လာတယ်လို ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်တဲ့သူတွေနဲ့ အလုပ်သမားတွေကပြောပါတယ်။
1 063
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သာစည် - ရွှေညောင် - တောင်ကြီးရထားလမ်းပိုင်း ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၅
ပိုဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယမန်နေ့က တောင်ကြီးမီးရထားရိပ်သာ၌ ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နိုင်ငံ့ဝန်ထမ်းပီသစွာ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဌာနအချင်းချင်း ပူးပေါင်းညှိနှိင်းပေါင်းစပ်ဆောင်ရွက်ရန်၊ ဌာနရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းကောင်းမွန်ရေး အမြဲဆောင်ရွက်ရန် မှာကြားသည်။
1 063
တပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ယောက်အစားထိုး ပြောင်းလဲ
နေပြည်တော်၊ စက်တင်ဘာ ၁၅
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ငါးဦးကို အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
1 063
ဗီယက်နမ်ခရီးသွားများ ပိုမိုလာရောက်နိုင်ရေး FAM Trip များ စီစဉ်ဖိတ်ခေါ်ပြီး ခရီးစဉ်ဒေသများကို မျက်မြင်လေ့လာစေမည်
JN ( Sep- 15)
ဗီယက်နမ်နိုင်ငံမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို ပိုမိုလာရောက်လည်ပတ်နိုင်စေရေးအတွက် ဗီယက်နမ်ခရီးသွားကုမ္ပဏီများနှင့် သတင်းမီဒီယာများ ပါဝင်သည့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (FAM Trip) များ စီစဉ်ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးစဉ်ဒေသများသို ပိုဆောင်ပေးရန် စီစဉ်နေကြောင်း သိရသည်။
1 063
ဒါပဲလေ ရခိုင်ပြည်နယ်က ဒုက္ခပေါင်းစုံဖြစ်နေတဲ့ကြားက အမြတ်ကြီးစားတော့ ရခီးလေးတွေ စားဝတ်နေရေး အဆင်ပြေပြီပေါ့ ။ ထွန်းမြတ်နိုင်က အစိုးရတစ်ရပ်ယောင်ယောင် ဘာယောင်ယောင်လုပ်တော့ ဖြတ်လေးဖြတ်နဲ့တိုးပြီပေါ့ ။ ဘယ်သူမပြု မိမိမှုပဲလေ။
1 063
ယူကရိန်းနှင့် ဒီဇယ်ဆီဆိုင်ရာ သဘောတူညီချက်ရရှိထားကြောင်း ထရမ့် ပြောကြား
ရုရှား၏ ဒီဇယ်ဆီထုတ်လုပ်ရေး စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လန်းစကီးကို တောင်းဆိုခဲ့ဖူးသည့် ထရမ့်က ရုရှားနှင့် ယူကရိန်းတိုသည် တစ်ဖက်နှင့်တစ်ဖက် ဒီဇယ်ဆီဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်မထားရန် သဘောတူညီချက်တစ်ရပ်ကို ကြားဝင်ညှိနှိင်းပေးခဲ့ကြောင်း Truth Social လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထိုပြင် လောင်စာဆီဈေးနှုန်း ရုတ်တရက် မြင့်တက်လာမှုသည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့်မဟုတ်ဘဲ ယူကရိန်းပဋိပက္ခကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
Noted: သူလုပ်ပေးတာပေါ့လေ။ တကယ်တော့ သူလည်း သူ့အကျိုးစီးပွားအတွက် လုပ်နေတာပါ။ ဥရောပနဲ့ အနောက်နိုင်ငံကလူတွေ လူလည်တွေပါ။ မလည်တာက ကိုယ်တွေ နိုင်ငံသူ/ သားတွေပါ။ ဘူမသိ ကိုးမသိနဲ့ နောက်ဆုံးတော့ ငထွားပဲ ခါးနာနေရရှာတာ။ စာများများဖတ်ကြပါ။
1 063
❝မြန်မာနိုင်ငံတွင် အေးချမ်းသာယာသော အခြေအနေများကို တွေ့မြင်ရပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့် ကွာခြားလျက်ရှိကြောင်း ဂျပန်အောက်လွှတ်တော်အမတ် ပြောကြား❞
≋ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆို≋
မိမိတိုနှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို ရောက်ရှိလာသည့်အခါတွင် အေးချမ်းသာယာသော အခြေအနေများကို တွေ့မြင်ရပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့် ကွာခြားလျက်ရှိကြောင်း ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
Noted: ဒီစကားကြားရတာ ဝမ်းနည်းဝမ်းသာဖြစ်မိပါတယ်။ ဘာလို့ဝမ်းသာတာလည်းဆိုတော့ ဂျပန်နဲ့ သံတမန်ရေး ပူးပေါင်းမှုတွေအပြင် စီးပွားရေးလုပ်ငန်းတွေပါ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တာကြောင့်ပါ။ ဝမ်းနည်းမိတာက ကိုယ်တွေနိုင်ငံရဲ့ သတင်းမီဒီယာ ကဏ္ဍက နိုင်ငံတကာကို မထိုးဖောက်နိုင်သေးဘူးဆိုတာကို ဒီစကားကဖော်ပြနေလို့ပါ။ အနာဂတ်မှာ လူမှန်နေရာမှန်နေရာချထားမှုဟာ အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာသင့်ပါတယ်။
1 063
မကြုံစဖူးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သော AI နည်းပညာကို အရေးတကြီး ထိန်းချုပ်ရန် ကုလသမဂ္ဂ တောင်းဆို
ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက မကြုံစဖူး အန္တရာယ်များကို ဖြစ်ပေါ်စေမည်ဟု သတိပေးလိုက်သည့် AI နည်းပညာကို အရေးတကြီး ထိန်းချုပ်ရန် နိုင်ငံများ၊ နယ်ပယ်သစ် AI ကုမ္ပဏီများကို စက်တင်ဘာ ၁၃ ရက်တွင် တောင်းဆိုလိုက်သည်။
နိုင်ငံများ၊ AI ဖန်တီးသူများထံ ပေးပိုခဲ့သော ပေးစာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗောလ်ဂါတက်က နောက်ကြောင်းပြန်မလှည့်နိုင်သော အပြောင်းအလဲ၏ စပ်ကူးမပ်ကူးအချိန်ကို ရောက်နေပြီဖြစ်ရာ ထိုအပြောင်းအလဲက မိမိတိုကိုသာမက နောင်လာမည့်လူသားမျိုးဆက်များကိုပါ သက်ရောက်လိမ့်မည်ဟု သတိပေးခဲ့သည်။
Noted: သူများဆီမှာသာ AI ကအန္တရာယ်ဖြစ်နိုင်တယ်ပြောတာပါ။ ကိုယ်တွေဆီမှာက အခုမှ open AI လောက်နဲ့လည်နေတုန်း၊ AI Agent ၊ Coding တွေဘက်ကို အဆင့်မြင့်မြင့်မလှည့်နိုင်သေးတာတွေ့ရပါတယ်။ ဆိုလိုတာက AI ကို AI တစ်ခုအဖြစ် သီးခြားမြင်နေရင်တော့ အနာဂတ်မှာ ငါးပါးမှောက်ပါလိမ့်မယ်။ အခုအမေရိကန်က တရုတ်ရဲ့ AI တိုးတက်လာမှုကို ကြောက်လန့်ပြီး ကန့်သတ်ဖို့ ကြိုးစားလာရအထိပါပဲ။ နည်းပညာနဲ့ပတ်သက်ရင် အစိုးရပိုင်းက အတော်အားနည်းတာ တွေ့ရပါတယ်။
1 063
တာချီလိတ်မြိုတွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၁၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အလုံးစုံပပျောက်ကင်းရှင်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး နှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲအစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
1 063
CIA အကြီးအကဲဟောင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတို လိုက်ပါလာသည့်ရထားကို ရုရှားက ပစ်မှတ်ထားခဲ့ဖွယ်ရှိဟု ယူကရိန်းဘက်ကဆို
ယူကရိန်းနှင့်ပိုလန် နယ်စပ်အနီးတွင် ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန် CIA အကြီးအကဲဟောင်း ဒေးဗစ်ပက်ထရီးယပ်စ်တို လိုက်ပါလာသည့် ရထားကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူကရိန်းဘက်က ပြောကြားလိုက်သည်။
ရုရှားဒရုန်းက ရထားတစ်စင်းကို ထိမှန်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်းနှင့် ဥရောပနိုင်ငံများမှ ထိပ်တန်းလုံခြုံရေးအရာရှိများ ဖြတ်သန်းသွားပြီးနောက် မကြာမီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒရုန်းတိုက်ခိုက်မှုကြောင့် ရထားစက်ခေါင်း ထိမှန်ခဲ့သော်လည်း ရထားပေါ်ရှိ ခရီးသည်အားလုံးကို ဘေးလွတ်ရာသို ရွှေ့ပြောင်းပေးထားပြီး ဖြစ်သည့်အတွက် လူသေဆုံးမှု မရှိခဲ့ဟု ယူကရိန်းအာဏာပိုင်များက ပြောသည်။
1 063
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ရေနံချက်စက်ရုံများ လျင်မြန်စွာပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတိုက်တွန်း
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခမဖြစ်ပွားမီကာလတွင် စက်သုံးဆီဈေးနှုန်းများသည် ရေနံစိမ်းကုန်ကြမ်းဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်းခန့်သာ ပိုမိုခဲ့သော်လည်း လက်ရှိတွင် နှစ်ဆခွဲခန့်အထိ မြင့်တက်လာသည့်အတွက် ရေနံချက်စက်ရုံများ လျင်မြန်စွာပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က တိုက်တွန်းပြောကြားသည်။
ယမန်နေ့ စက်တင်ဘာ ၁၄ ရက်နေ့က သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဉ် တစ်ဆင့်ချင်းအလိုက် စမ်းသပ်လည်ပတ်နေသည့်လုပ်ငန်းခွင်သို တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
1 063
ကျိုက်ထိုမြိုနယ်တွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
ကျိုက်ထို၊ ဩဂုတ် ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် မြိုနယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် တောင်ကလေးကျေးရွာ၊ တောင်ကလေး-ကွင်းကလေး-ဝင်းပြန်-ငယ်ဒိုလမ်း ကတ္တရာလမ်းခင်းရန်အတွက် Sub-base လွှာ ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ဆောင်ရွက်မှုအား မွန်ပြည်နယ်တာဝန်ခံအင်ဂျင်နီယာချုပ်နှင့်တာဝန်ရှိသူများက ဩဂုတ်(၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
1 063
ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှရရှိနိုင်သောရေနံပမာဏ ၄ ရာခိုင်နှုန်းအထိဆုံးရှုးနိုင်
ဆော်ဒီအာရေဗျနိုင်ငံ၏ ပင်လယ်နီသို ဦးတည်သွယ်တန်းထားသော ပင်မအရှေ့-အနောက် ရေနံပိုက်လိုင်းကို ရက်ပိုင်းအတွင်း ပြန်မလည်ပတ်နိုင်ပါက ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှရရှိနိုင်သော ရေနံပမာဏ ၄ ရာခိုင်နှုန်းအထိ ဆုံးရှုးနိုင်ပြီး ကမ္ဘာ့ရေနံပြတ်လပ်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဆော်ဒီအာရေဗျမှ ရေနံဝယ်ယူသူများနှင့်ကုန်သည်များက စက်တင်ဘာလ ၁၃ ရက်တွင်သတိပေးသည်။
1 063
ဖိလစ်ပိုင်တောင်ပိုင်း ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှု စတင်
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားသည့် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်ရာ ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှုများ စတင်ခဲ့ကြောင်း သိရသည်။
1 063
ရေတာရှည်မြိုနယ်တွင် ဆွာချောင်းရေတိုက်စား၍ ချောင်းကမ်းပါးများ ပြိုကျခြင်းများ ကြုံတွေ့နေရပြီး စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုမှုရှိနေ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြိုနယ် ဆွာမြိုတွင် ဆွာချောင်းရေတိုက်စားမှုများကြောင့် ချောင်းကမ်းပါးပြို ကျပျက်စီးမှုများ ကြုံတွေ့နေရပြီး ဆွာချောင်းအနီး ကျေးရွာအချိုမှ စိုက်ပျိုးမြေများ ချောင်းအတွင်း မျောပါ ပျက်စီးဆုံးရှုးမှုများ ကြုံတွေ့နေရကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
အနောက်ပဲခူးရိုးမရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်တောများမှ ချောင်းဖျားခံ စီးဆင်းလာသည့် သိုင်းချောင်း သည် ဆွာမြို ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ကမ်းပါးနီကျေးရွာအနီးတွင် ဆွာချောင်းအတွင်းသို စီးဝင်ကြကြောင်း သိရသည်။
1 063
PDF များအတွက် သတင်းကောင်း
တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်ချင်သူ၊ မိသားစု/မိဘများနှင့် အေးချမ်းစွာ နေထိုင်လိုသူ၊ အကြမ်းဖက်ဝါဒကို ရွံမုန်းသူ PDF ညီငယ်၊ ညီမငယ်များအနေနဲ့ အလင်းဝင်ချင်ရင် အောက်မှာ ဖော်ပြထားတဲ့ Telegram acc Link နဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
-
အေးချမ်းစွာနေထိုင်ရဖိုနဲ့ လုံခြုံရေးအာမခံ အပြည့်အဝ ပေးပါတယ်။
-
မှတ်ချက်//
နှောင့်ယှက်သူများ၊ အပြောင်သဘောလာပြောသူများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။
-
ဆက်သွယ်ရန် >>
Tele Link >>
@hminewai1980
Phone no >> 09682071179
မှိုင်းဝေ
1 063
ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁,၀၀၀ ကျော်သွားခဲ့
လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၀ အထက် ရောက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်တက်လာတာပါ။
1 063
နီပေါနိုင်ငံ ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း ထပ်မံလှူဒါန်း
နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
1 063
AI ဖွံဖြိုးမှု အရှိန်လျှော့ဖို တောင်းဆိုမှုကို Cold War နည်းဗျူဟာဟု တရုတ်ဝေဖန်
ဉာဏ်ရည်တု (AI) ဖွံဖြိုးတိုးတက်မှု အရှိန်လျှော့ချဖို အမေရိကန် AI ကုမ္ပဏီ Anthropic အမှုဆောင်အရာရှိချုပ် Dario Amodei ရဲ့ တောင်းဆိုချက်ဟာ တရုတ်နိုင်ငံရဲ့ AI ဖွံဖြိုးတိုးတက်မှုကို ကန့်သတ်ဖို ရည်ရွယ်တဲ့ “Cold War” နည်းဗျူဟာတစ်ရပ်ဖြစ်တယ်လို တရုတ်အစိုးရပိုင် Global Times သတင်းစာက စက်တင်ဘာ ၁၄ ရက်မှာ ဝေဖန်လိုက်ပါတယ်။
