သိင်္ခ
Open in Telegram
အသိတိုး
Show moreThe country is not specifiedThe category is not specified
1 067
Subscribers
No data24 hours
-187 days
-5530 days
Posts Archive
1 067
တရုတ်သို လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပိုနိုင်ရေး GACC မှတ်ပုံတင်မှု မကွေးတွင် ရှင်းလင်း
တရုတ်နိုင်ငံသို လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပိုနိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြိုတွင် စက်တင်ဘာ ၁၇ ရက်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပိုရာတွင် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ GACC မှတ်ပုံတင်ခြင်း သိုမဟုတ် သက်ဆိုင်ရာခွင့်ပြုချက်များ ရယူရန်လိုအပ်ပြီး တရားဝင်ဈေးကွက်ဝင်ရောက်ခွင့် (Market Access) ရရှိရေးအတွက်လည်း သတ်မှတ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်သည်။
1 067
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပိုသည့် လွှပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပိုနေကြကြောင်း ISP က ထုတ်ပြန်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် မိသားစုထံပေးပိုသည့် လွှပြောင်းငွေအများစုကို တရားဝင် လိုင်စင်မရှိသည့် ပွဲစားများမှတစ်ဆင့် ပေးပိုနေကြကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) က ထုတ်ပြန်ခဲ့ကြောင်း Thai BPS World သတင်းတွင် ဖော်ပြခဲ့သည်။
1 067
စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြိုနယ် သံသုမာလမ်း သုဝဏ္ဏဘူမိ EVENT PARK ၌ ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပရန် စီစဉ်ထားမှုများအား တွေ့ရစဉ်
1 067
ရှီနှင့် ထရန့်တိုက လက်ရှိ ပြိုင်ဆိုင်မှုများကို လျှော့ချရန်ပြောဆို
စက်တင်ဘာလ ၂၅ ရက်
သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ပိန့်လီးယွမ်တိုသည် မေလအတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို ခရီးစဉ်အပြီး၊ နှစ်ပေါင်း ၁၀ စုနှစ်နီးပါးကာလအတွင်း ရှီ၏ ပထမဆုံး အမေရိက ခရီးစဉ်အဖြစ် ကြာသပတေးနေ့တွင် အိမ်ဖြူတော်သို ရောက်ရှိလာခဲ့ကြသည်။
ထရမ့်ပ်သည် ရှီကို လက်ဆွဲနှုတ်ဆက်ကာ ကြိုဆိုခဲ့ပြီးနောက် B-2 Spirit ဗုံးကြဲလေယာဉ်တစ်စီး၊ F-22 Raptor တိုက်လေယာဉ် လေးစီးတိုဖြင့် ဝေဟင်မှ ပျံသန်းအလေးပြုခြင်းနှင့် စစ်ရေးပြအခမ်းအနားတိုဖြင့် အမေရိကန်၏ စစ်ရေးစွမ်းအားကို ပြသခဲ့သည်။ မိန့်ခွန်းများတွင် ရှီနှင့် ထရမ့်ပ်တို နှစ်ဦးစလုံးက မိမိတိုနိုင်ငံများသည် ဘုံအကျိုးစီးပွားများကို အာရုံစိုက်ခြင်းဖြင့် များစွာ အောင်မြင်နိုင်ကြောင်း ပြောကြားခဲ့ကြပြီး၊ ရှီက AI နည်းပညာ၏ အန္တရာယ်များမှု ကို သတိပေးခဲ့သည်။
1 067
ဖနွမ်းပင်တွင် နည်းပညာသုံး လိမ်လည်မှု သံသယဖြင့် နိုင်ငံခြားသား ၇ ဦး ကိုဖမ်းဆီး
ဖနွမ်းပင်၊ စက်တင်ဘာ ၂၅
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြိုရှိ နည်းပညာအသုံးပြု လိမ်လည်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသည့် နေရာများကို အာဏာပိုင်များ ဝင်ရောက်စီးနင်းရာ ဗီယက်နမ်နိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈,၉၀၀ အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
1 067
အမျိုးသမီးနှစ်ဦးကို တရုတ်မယားအဖြစ် လုပ်ကိုင်ပါက ကျပ်သိန်း ၉၀/၁၀၀ ရရှိပြီး IPhone ကိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။
1 067
ထရန့်က ရှီကို အိမ်ဖြူတော်တွင် နိုင်ငံတော်အဆင့် ညစာစားပွဲဖြင့် ဧည့်ခံခဲ့ပြီး ထိုညစာစားပွဲကို အီလွန်မာ့စ်၊ တင်မ်ကွတ်နှင့် ဇူကာဘက်တိုအပါအဝင် နည်းပညာကုမ္ပဏီများ၏ ထိပ်သီးအကြီးအကဲများတက်ရောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် စက်တင်ဘာ ၂၄ ရက်က တရုတ်သမ္မတ ရှီကျင်းပင်နှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အိမ်ဖြူတော်တွင် နိုင်ငံတော်အဆင့် ညစာစားပွဲဖြင့် ခမ်းနာစွာ ဧည့်ခံခဲ့ပြီး ထိုညစာစားပွဲကို အမေရိကန် နည်းပညာကုမ္ပဏီများ၏ ထိပ်သီးအကြီးအကဲများ တက်ရောက်ခဲ့သည်။
အဆိုပါ ညစာစားပွဲသို Tesla စီအီးအို အီလွန် မာ့စ်၊ Apple စီအီးအိုဟောင်း တင်မ် ကွတ်ခ် ၊ Nvidia စီအီးအို ဂျန်ဆန် ဟွမ်၊ Meta စီအီးအို မာ့ခ်ဇူကာဘက် နှင့် OpenAI စီအီးအို ဆမ် အက်မန်းတို အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီများမှ ထိပ်သီး အကြီးအကဲ အများအပြား တက်ရောက်ခဲ့ကြပြီး ယင်းက ရှီ၏ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် AI နည်းပညာတိုသည် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့ကြောင်း ပေါ်လွင်စေသည်။
1 067
အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ တိုးချဲ့ပေးနေ
𝙎𝙀𝙋~𝟐𝟓
အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်စရိတ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအပါအဝင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို အကောင်အထည်ဖော်ပေးလျက်ရှိကြောင်း အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
1 067
ပြည်တွင်းစက်သုံးဆီဈေး တစ်ပတ်အတွင်း သိသိသာသာမြင့်တက်၊ 92 ဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ် ၆၄၀ ကျပ် တက်
ရန်ကုန်တွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဒီဇယ် ၄,၇၉၀ ကျပ်အထိ ရောက်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၅
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်အတွင်း သိသိသာသာ ပြန်လည်မြင့်တက်လာပြီး ရန်ကုန်မြိုတွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄,၇၉၀ ကျပ်အထိ ရောက်ရှိလာကြောင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ရန်ကုန်မြိုတွင် 92 Ron တစ်လီတာ ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာ ၄,၆၀၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄,၇၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၅,၇၉၅ ကျပ်အထိ ရှိလာသည်။
ယခင်တစ်ပတ်နှင့် နှိင်းယှဉ်ပါက 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ 95 Ron တစ်လီတာ ၆၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ်အထိ အသီးသီး ဈေးမြင့်တက်လာခြင်းဖြစ်သည်။
1 067
နေတန်ယာဟု က ကုလသမဂ္ဂညီလာခံမှာ ပွဲကြမ်းလို ကိုယ်စားလှယ်တွေ နားမထောင်ဘဲ ထွက်ခွာသွား
စက်တင်ဘာ - ၂၅ ( သောကြာနေ့ )
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟု ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပေဂျာ (ဖုန်းခေါ်ရင်အသံမြည်တဲ့ပစ္စည်း) တစ်လုံးကို ထုတ်ပြခဲ့ပါတယ်။ ဒါဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ထောင်ပေါင်းများစွာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး သေဆုံးခဲ့ရတဲ့၊ လီဘနွန်နိုင်ငံရှိ ဟဇ်ဘိုလာ အဖွဲကို ပစ်မှတ်ထားခဲ့တဲ့ ၂၀၂၄ ခုနှစ်က သေကျေပျက်စီးမှု များပြားခဲ့တဲ့ လျှိဝှက် ဖောက်ခွဲဖျက်ဆီးရေး စစ်ဆင်ရေးကို ပြန်လည် အမှတ်ရစေခဲ့တာပါ။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့မှာ လီဘနွန်တစ်ဝှမ်းလုံးမှာရှိတဲ့ ဟဇ်ဘိုလာ အဖွဲဝင်တွေ ကိုင်ဆောင်ထားတဲ့ ပေဂျာ ထောင်ပေါင်းများစွာ စတင် ပေါက်ကွဲခဲ့ပြီး၊ နောက်တစ်နေ့မှာတော့ ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ စကားပြောစက်(ဝေါ်ကီတော်ကီ) ရာပေါင်းများစွာ ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အနီးအနားမှာရှိနေတဲ့ အရပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူတိုရဲ့ မိသားစုဝင်တွေ အပါအဝင် လူပေါင်း ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီစစ်ဆင်ရေးဟာ သူတိုလက်ချက်ဖြစ်ကြောင်း အစ္စရေးဘက်က ဝန်ခံခဲ့ပါတယ်။
1 067
စမွတ်ပရာကန်မှာ မြန်မာလုပ်သားချင်း ရန်ဖြစ်ရာမှ ဓားထိုးမှုကြောင့် ၁ ဦးသေဆုံး
𝙎𝙀𝙋~𝟐𝟓
ထိုင်းနိုင်ငံ ဘန်ကောက်မြိုတောင်ဘက်ရှိ စမွတ်ပရာကန်ခရိုင်၊ စမွတ်ပရာကန်မြိုတွင် စက်တင်ဘာ ၂၄ ရက် ညပိုင်းက မြန်မာလုပ်သားအချင်းချင်း ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
1 067
သံဖြူဇရပ် - ရေး ကားလမ်းတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲတစ်ဖွဲ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနာက် ပြန်လည်လွတ်မြောက်
သံဖြူဇရပ် - ရေးကားလမ်းတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲတစ်ဖွဲ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနာက် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ (၂) နာရီခန့်က သံဖြူဇရပ် - ရေးကားလမ်း သံဖြူဇရပ်မြိုနယ် ရွာသာအေးကျေးရွာအနီး ဇမြွန်းပင်လမ်းဆုံတွင် လက်နက်ကိုင်အဖွဲတစ်ဖွဲမှ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ရပ်တန့်စေပြီး တပ်မတော်သားများနှင့် ဝန်ထမ်းများ ပါရှိလာမှု ရှိ/မရှိ စစ်ဆေးနေစဉ် သံဖြူဇရပ်မြိုမှ ရေးမြိုဘက်သို ဆိုင်ကယ်ဖြင့် မောင်းနှင်သွားသည့် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ အသက် (၂၉) နှစ်အရွယ် သံဖြူဇရပ် - ရေးကားလမ်း ဦးမျိုးသီဟမှာ ထိုလက်နက်ကိုင်အဖွဲ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးမျိုးသီဟ ကိုင်ဆောင်တဲ့ ဖုန်းကို လက်နက်ကိုင်အဖွဲက စစ်ဆေးတဲ့အခါမှာ စားသုံးသူရေးရာဦးစီးဌာနရဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဓါတ်ပုံတွေ တွေ့ရှိခဲ့လို ဖမ်းဆီးသွားတလို သိရပါတယ်” ဟု ပြောကြားသည်။
ဦးမျိုးသီဟအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သံဖြူဇရပ်မြိုနယ် အောင်သပြေကျေးရွာရှိ နေအိမ်တစ်လုံးတွင် ချုပ်နှောင်ထားခဲ့ကြောင်းနှင့် စက်တင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် ၎င်းအား ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။
1 067
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ်
𝙎𝙀𝙋~𝟐𝟓
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာ ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်း ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဖလမ်းမြိုရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်တာဝန်ခံတိုက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
1 067
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေး စကားပြောမယ်လို အီရန်ဘက်က ပြောပြီ
စက်တင်ဘာ - ၂၅ ( သောကြာနေ့ )
အီရန်ဟာ လအတော်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမေရိကန်တွေရဲ့ နိုဝင်ဘာ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ အဆုံးသတ်နိုင်ဖို အမေရိကန်ကို သဘောတူညီချက် အသစ်တစ်ခု ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ အီရန်ဘက်က သဘောတူညီချက်ရဖိုအတွက် ရွေးကောက်ပွဲ ပြီးတဲ့အထိ တမင်စောင့်ဆိုင်းနေတာပါဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို တိုက်ရိုက် စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။
1 067
NSPNC နှင့် MNTJP/MNDAA တိုတွေ့ဆုံပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နယ်စပ်ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲပါဝင်ရေး ကိစ္စများ ဆွေးနွေး
𝙎𝙀𝙋~𝟐𝟓
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ(NSPNC) နှင့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA) တိုသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ တွေ့ဆုံပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာကိစ္စများ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ဒေသဖြတ်သန်းစီမံကိန်းများ၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးတိုကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
1 067
ယာယီနေရပ်စွန့်ခွာသူများ၏ဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မည်သိုအစီအမံများ ထားရှိထားသည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း ဦးသက်နိုင်ဦး မေးမြန်း
မိမိတို၏ လွှတ်တော်မေးခွန်းများသည် နိုင်ငံတော်အစိုးရအား အကြပ်ရိုက်စေလိုသည့် ရည်ရွယ်ချက် မပါဘဲ နိုင်ငံတော်အစိုးရနှင့်ပြည်သူအကြား ယုံကြည်မှုပိုမိုခိုင်မာ အားကောင်းလာစေရန် သာဖြစ်ကြောင်း၊ မေးခွန်းဆိုသော်လည်း အပြုသဘောအကြံပြုချက်သာဖြစ်ပါကြောင်း၊
၂၀၂၁-၂၀၂၅ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလ၌ လူမှုစီးပွားဘဝများ အိုးအိမ်တိုက်တာ နေရာထိုင်ခင်းများ ပျက်စီးဆုံးရှုးခဲ့ကြရသော ယာယီနေရပ်စွန့်ခွာ မိဘပြည်သူများ၏ ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မည်သို အစီအမံများ ထားရှိသည်ကို သိရှိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊
၂၀၀၈ ခုနှစ်၊ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု တိတိ ကျကျ ပြဋ္ဌာန်းထားသော်လည်း နိုင်ငံတော်သည် နိုင်ငံသူနိုင်ငံသား မိဘပြည်သူတို၏ အသက် အိုးအိမ်စည်းစိမ်ချမ်းသာတိုကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ကို မတွေ့ရပါကြောင်း၊ ဘာကိုညွှန်းသလဲဆိုလျှင် ဒီနိုင်ငံမှာ လူသည် သစ်ပင်တစ်ပင်လောက် တန်ဖိုး ထားမခံရ၊ စာဖွဲမခံရဘူးဆိုသည့် အနက်အဓိပ္ပာယ်အထိ ရောက်သွားသည်ကို သတိပြုကြရန် ဖြစ်ပါကြောင်း၊
1 067
လက်ရှိတွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သား၊ သမီးများ စစ်မှုထမ်းနေကြသည့်အတွက် မိမိတိုနိုင်ငံတွင် အကျုံးဝင်သည့် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ၄င်းတို၏ သားသမီးများကိုပါ စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ် ရှိ၊ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်း
■ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ နည်းဥပဒေ၊ ဥပဒေများ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အမျိုးသားတိုင်း အလှည့်ကျသည့်အချိန်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
လက်ရှိတွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သား၊ သမီးများ စစ်မှုထမ်းနေကြသည့်အတွက် မိမိတိုနိုင်ငံတွင် အကျုံးဝင်သည့် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ၄င်းတို၏ သားသမီးများကိုပါ စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ် ရှိ၊ မရှိ ဗိုလ်တထောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက် က လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
