en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

သိင်္ခ

သိင်္ခ

Open in Telegram

အသိတိုး

Show more
The country is not specifiedThe category is not specified
1 058
Subscribers
No data24 hours
-67 days
-5330 days
Posts Archive
ပဲခူးတိုင်းဝန်ကြီးချုပ် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
+9
ပဲခူးတိုင်းဝန်ကြီးချုပ် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေသော်လည်း ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူကားလမ်းပေ
+9
ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေအနည်းငယ်ပြန်ကျနေသော်လည်း ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူကားလမ်းပေါ်ရေကျော်နေဆဲဖြစ်သည့်အတွက် မော်တော် ယာဉ်များသွားလာနိုင်ခြင်းမရှိသေး

ကျုံပျော်မှာ ရေတဖြည်းဖြည်းတက်လာပြီး ရွာပေါင်း ၃၀ လောက် ‌ရေနစ်မြုပ် လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကျိုးပေါက်မှု သုံးပတ်ကျေ
+4
ကျုံပျော်မှာ ရေတဖြည်းဖြည်းတက်လာပြီး ရွာပေါင်း ၃၀ လောက် ‌ရေနစ်မြုပ် လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကျိုးပေါက်မှု သုံးပတ်ကျော်ကြာလာပြီးတဲ့နောက်မှာ မြစ်ရေဟာ အထက်ကနေ အောက်ကိုစီးဆင်းရင်း ကျုံပျော်မြို့ဟာ တဖြည်းဖြည်းရေတွေ တက်လာနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ ကျုံပျော်မြို့ ရဲ့ ရေဘေးအန္တရာယ်ဟာ လေးမျက်နှာမြို့မှာ ကျိုးပေါက်ခဲ့တဲ့ င၀န်မြစ်ရေကို ကာထားတဲ့တာ အချိန်မီပြုပြင်နိုင်ရေး နဲ့ မိုးရွာသွန်းမှု အပေါ်မှာ မူတည်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ "ဒယ်အိုးကြီးပုံစံဖြစ်နေတာ။ ရေက ပြန်မကျဘူး။ နေ့တိုင်းတက်နေတာ။ ကျွန်တော့် အိမ် ၃ လုံးနဲ့ ဆိုင်လည်း မြုပ်သွားပြီ။ ကယ်ဆယ်ရေးစခန်းတွေတောင်မှ ရေထပ်တက်ရင် မြုပ်မယ့်သဘောရှိတယ်" လို့ ကျုံပျော်မြို့၊ ကမ်းနားလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒေါ်လာကို လက်နက်အဖြစ် အသုံးချနေသလား — အမေရိကန်ရဲ့ ဘဏ္ဍာရေးအင်အား အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုဟာ စစ်ရေးနယ်ပယ်တစ်ခုတည်းမှာ မဟုတ်တော့ဘဲ ဘဏ္ဍာရေးနဲ့ စီးပွားရေးနယ်ပယ်အထိ ရောက်ရှိလာနေပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အီရန်အပေါ် “ဘဏ္ဍာရေးစစ်ဆင်ရေး” စတင်တော့မယ်လို့ ပြောဆိုခဲ့သလို၊ သမ္မတ Donald Trump ကလည်း အီရန်ကို ပိုမိုပြင်းထန်တဲ့ စီးပွားရေးဖိအားတွေနဲ့ အထီးကျန်အောင်လုပ်မယ်လို့ ကြေညာထားပါတယ်။ ဒီဖြစ်ရပ်က မေးခွန်းတစ်ခုကို ပြန်လည်ပေါ်ပေါက်စေပါတယ်။ အမေရိကန်ရဲ့ အကြီးမားဆုံး စီးပွားရေးလက်နက်ဟာ စစ်ရေးအင်အားထက် ဒေါ်လာနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်အပေါ် လွှမ်းမိုးနိုင်စွမ်းပဲလား။ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ ဒေါ်လာရဲ့ အရေးပါမှုကြောင့် အမေရိကန်ဟာ တစ်နိုင်ငံကို တိုက်ရိုက်စစ်မတိုက်ဘဲ ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ငွေပေးချေမှုစနစ်တွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ကန့်သတ်ပြီး စီးပွားရေးဖိအားပေးနိုင်ပါတယ်။ ထို့အပြင် ပစ်မှတ်ထားတဲ့ နိုင်ငံနဲ့ ဆက်ဆံနေတဲ့ တတိယနိုင်ငံတွေကိုပါ အမေရိကန်ဈေးကွက်နဲ့ ဘဏ္ဍာရေးစနစ် အသုံးပြုခွင့် ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကနေတစ်ဆင့် ဖိအားပေးနိုင်ပါတယ်။ ဒါကြောင့် ဒေါ်လာဟာ စီးပွားရေးအတွက် အသုံးပြုတဲ့ ငွေကြေးတစ်ခုသာမက နိုင်ငံရေးနဲ့ မဟာဗျူဟာအင်အားတစ်ခုအဖြစ်ပါ အသုံးချနိုင်တဲ့ ကိရိယာ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီလိုဖိအားပေးမှုတွေက အမေရိကန်အတွက်လည်း ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုကျယ်ပြန့်လာလေလေ၊ အမေရိကန်နဲ့ သဘောထားမတူတဲ့ နိုင်ငံတွေကလည်း ဒေါ်လာအပေါ် မှီခိုမှုလျှော့ချဖို့ အခြားငွေကြေးနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေကို ရှာဖွေလာနိုင်ပါတယ်။ အဲဒီအတွက် အီရန်အပေါ် လက်ရှိပြုလုပ်နေတဲ့ “ဘဏ္ဍာရေးစစ်ဆင်ရေး” ဟာ အီရန်တစ်နိုင်ငံတည်းနဲ့ ပတ်သက်တဲ့ ပြဿနာမဟုတ်ပါဘူး။ ဒါဟာ ဒေါ်လာရဲ့ ကမ္ဘာ့အခန်းကဏ္ဍ၊ အမေရိကန်ရဲ့ စီးပွားရေးအင်အားနဲ့ နိုင်ငံတကာအာဏာချိန်ခွင်လျှာ ပြောင်းလဲလာနိုင်ခြေတို့နဲ့ပါ ဆက်စပ်နေတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ယနေ့ခေတ်မှာ စစ်ပွဲဆိုတာ စစ်မြေပြင်မှာပဲ ဖြစ်နေတာမဟုတ်တော့ပါဘူး။ ငွေကြေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်တွေဟာလည်း နိုင်ငံတကာအာဏာပြိုင်ဆိုင်မှုရဲ့ အရေးကြီးတဲ့ စစ်မြေပြင်တွေ ဖြစ်လာနေပါပြီ။
သိင်္ခ
https://t.me/theinkha007/2429

photo content

အမေရိကန်က အီရန်ကို တနင်္လာနေ့မှာ 'ဘဏ္ဍာရေးစစ်ဆင်ရေး' စလုပ်တော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီး ပြောကြား ​တနင်္လာနေ့မှာ အမေရိကန်အစိုးရဘ
အမေရိကန်က အီရန်ကို တနင်္လာနေ့မှာ 'ဘဏ္ဍာရေးစစ်ဆင်ရေး' စလုပ်တော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီး ပြောကြား ​တနင်္လာနေ့မှာ အမေရိကန်အစိုးရဘက်ကနေ အီရန်အပေါ်ကို "ဘဏ္ဍာရေးစစ်ဆင်ရေး" တစ်ခု စတင်ဖို့ရှိတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။ ​"အခုဆိုရင် ကျွန်တော်တို့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ မိုးလင်းတာနဲ့ စီးပွားရေးအရ D-Day စပါတော့မယ်။ ဒါဟာ ရန်သူတစ်ယောက်အပေါ် လုပ်ခဲ့ဖူးသမျှထဲမှာ အကြီးကျယ်ဆုံးသော ဘဏ္ဍာရေးစစ်ဆင်မှုကြီးပါပဲ" လို့ တနင်္ဂနွေနေ့ညပိုင်းက X မှာ သူက ရေးသားခဲ့ပါတယ်။ ​ဒီမတိုင်ခင်လေးကပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို အရင်ကနဲ့မတူတဲ့ အတိုင်းအတာမျိုးနဲ့ စီးပွားရေးစစ်ပွဲဆင်နွှဲပြီး အထီးကျန်ဖြစ်အောင်လုပ်မယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဒါ့အပြင် အီရန် (တီဟီရန်) ကို ထောက်ပံ့ကူညီပေးမယ့် ဘယ်နိုင်ငံရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း၊ လေဆိပ် ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းမဆို အမေရိကန်ဆီကနေ ပြင်းထန်တဲ့ စီးပွားရေးအရ အရေးယူတုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သမ္မတက သတိပေးထားပါတယ်။

တာဝေးပစ်ဒုံးကျည်ထုတ်လုပ်မှုကို ပံ့ပိုးရန် ယူကရိန်းသို့ ဗြိတိန်ဝန်ကြီးချုပ် သွားရောက်မည် ၂၄.၈.၂၀၂၆ ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း
+1
တာဝေးပစ်ဒုံးကျည်ထုတ်လုပ်မှုကို ပံ့ပိုးရန် ယူကရိန်းသို့ ဗြိတိန်ဝန်ကြီးချုပ် သွားရောက်မည် ၂၄.၈.၂၀၂၆ ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း -UK) ဝန်ကြီးချုပ် အန်ဒီဘာနမ် (Andy Burnham) သည် ရာထူးတာဝန်ယူပြီးနောက် ၎င်း၏ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဩဂုတ်လ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်း၏ တာဝေးပစ်ဒုံးကျည် ပြည်တွင်း၌ ထုတ်လုပ်မှုကို တိုးတက်စေရန် ဗြိတိန်၏ပံ့ပိုးမှုကို ကြေညာမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ ယူကရိန်းကိုထောက်ခံသော နိုင်ငံများအဖွဲ့တစ်ခုဖြစ်သည့် Coalition of the Willing ၏ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် ဘာနမ်သည် ယူကရိန်းတွင် ဩဂုတ်လ ၂၄ ရက်၌ ရှိနေမည်ဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

အမြန်လမ်းတွင် ကတ္တရာကွန်ကရစ်ခင်းနေ၍ အရှိန်လျော့မောင်းနှင်ကြရန်သတိပေး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကတ္တရာကွန်က ရစ်ခင်းနေ၍
+1
အမြန်လမ်းတွင် ကတ္တရာကွန်ကရစ်ခင်းနေ၍ အရှိန်လျော့မောင်းနှင်ကြရန်သတိပေး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကတ္တရာကွန်က ရစ်ခင်းနေ၍ လုပ်ငန်းဆောင်ရွက်နေသည့်နေရာအနီးရောက်ရှိချိန်၌ အရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ယနေ့ သြဂုတ် ၂၄ ရက်တွင် သတိပေးခဲ့သည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၃/၅ နှင့် ၂၄/၆ (အပြန်လမ်း)တွင် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများအသုံးဆောင်ရွက်နေခြင်းဖြစ်ရာလုပ်ငန်းခွင်အနီးရောက်ရှိချိန်၌ ဂရုတစိုက်အရှိန်လျှော့၍ မောင်းနှင်ကြပါရန်နှင့် မိုးရွာနေချိန်/ညအချိန်များတွင်လည်း အရှိန်လျှော့မောင်းနှင်ကြပါရန် အထူးသတိပေးအပ်ခဲ့သည်။

နောက်၂၄နာရီအတွင်း ရာနှုန်းပြည့်မိုး အခုပိုစ့်တင်ချိန်မှ နောက်၂၄နာရီအတွင်း သေချာပေါက် မိုးရွာမယ့်ဒေသများကိုသာ တိုင်းနှင့်ပြည်နယ် အစဉ်အလိုက် တစ်ဒေသချင်းစီ ရွေးချယ် တင်ပြထားပါတယ်။ ကချင်ပြည်နယ် ပန်နန်းဒင်၊ နောင်မွန်း၊ ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ ခရုဘမ်း၊ ဆွမ်ပရာဘွမ်၊ မကော၊ တနိုင်း၊ ရှင်ဗွေယန်၊ ဆော့လော၊ ပန်ဝါ၊ တီယန်ဇွပ်၊ နောင်းမီ၊ လုံးခင်း၊ ဖားကန့်၊ ဆိပ်မူ၊ တာမခန်၊ ဟောင်းပါး၊ ကာမိုင်း၊ လဝါး၊ မိုးကောင်း၊ နမ္မတီး၊ အင်ဂျန်းယန်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီ၊ တာလောကြီး၊ လိုင်ဇာ၊ လဂျားယန်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ မံစီ၊ ဗန်းမော်၊ မိုးမောက်၊ မိုင်းခေါင်၊ မိုင်းဂျာယန်၊ လွယ်ဂျယ်၊ ပန်ခမ်း၊ ရွှေကူ၊ မြို့လှ၊ ပင်းဘော၊ ဟိုပင်၊ နန်းမား၊ မိုးညှင်း၊ အင်းတော်ကြီး၊ လုံးတုံ၊ မိုင်းနောင်၊ နမ့်မွန်း၊ ချောင်းဝ၊ ရွှေလက်ပန်၊ လွဲမွန်၊ မော်ဟန်၊ နန့်စီးအောင်။ ကယားပြည်နယ် ကော်သူဒိုး၊ မော်ချီး။ ကရင်ပြည်နယ် လိပ်သို၊ သံတောင်၊ သံတောင်ကြီး၊ ဘုရင့်နောင်မြို့၊ ဘောဂလိ၊ နတ်တောင်၊ လှဂွန်းပျို၊ ကတိုင်တိ၊ မြိုင်ကြီးငူ၊ ကမမောင်း၊ ရင်းဘိုင်း၊ ရွှေဂွန်း၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ မင်းဇီ၊ နောင်ကမြိုင်၊ တောင်ဝိုင်း၊ ဘားအံ၊ ဇွဲကပင်တောင်၊ နောင်လုံ၊ အိန္ဒု၊ ဝင်းစိန်၊ ကျုံဒိုး၊ ကော့ကရိတ်၊ ဇာသပြင်၊ ကော့ဘိန်း၊ စုကလိ၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး၊ မြို့ဟောင်းရွာ၊ တံခွန်တိုင်၊ ကမ်းနီ။ ချင်းပြည်နယ် မတူပီ၊ ဆမီး၊ ပလက်ဝ၊ ကန်ပက်လက်။ မွန်ပြည်နယ် ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။ ရခိုင်ပြည်နယ် ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်း၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ မန်တီးရိုး၊ သာမိုးညဲ၊ ကွတ်ခိုင်၊ မုံးကိုး၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်တစ်၊ ကွမ်းလုံ၊ ဟိုပန်၊ ပန်လုံ၊ နာဝီး၊ မိုင်းမော၊ ပန်ဆန်း၊ မက်မန်း၊ လားရှိူး၊ သိန္နီ၊ တန့်ယန်း။ ရှမ်းပြည်နယ်အရှေ့ပိုင်း ရာနှုန်းပြည့် မိုးရွာမည့်ဒေသ မရှိပါ။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး၊ မိုင်းစံ၊ ကာလိ၊ ကွန်ဟိန်း၊ ခိုလမ်၊ ရွာငံရေပြာအိုင်၊ ပင်လောင်း၊ ပေါင်းလောင်း။ စစ်ကိုင်းတိုင်းအထက်ပိုင်း ပန်ဆောင်၊ နန်းယွန်း၊ လဟယ်၊ ခန္တီး၊ လေရှီး၊ ထမံသီ၊ ဆွမ္မရာ၊ ဟုမ္မလင်း၊ ကောလင်း၊ ဝန်သို၊ ပင်လည်ဘူး၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ရာနှုန်းပြည့် မိုးရွာမည့်ဒေသ မရှိပါ။ မန္တလေးတိုင်း မိုးကုတ်။ မကွေးတိုင်း တောင်တွင်းကြီး အရှေ့ပိုင်း၊ အောင်လံ၊ ကျောက်ပန်းတောင်းရွာ၊ ရွှေပန်းတောရွာ။ နေပြည်တော် ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။ ပဲခူးတိုင်းအရှေ့ပိုင်း ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။ ပဲခူးတိုင်းအနောက်ပိုင်း ပေါင်းတလည်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပုတီးကုန်း၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ လက်ပံတန်း၊ သာယာဝတီ၊ သုံးဆယ်။ ရန်ကုန်တိုင်း အဖျောက်၊ ဥက္ကံ၊ တိုက်ကြီး၊ လှည်းကူး၊ ဖောင်ကြီး၊ မှော်ဘီ၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ သန်လျင်၊ သုံးခွ၊ ကျောက်တန်း၊ ခရမ်း၊ တံတား၊ ဒလ၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ၊ ကမာရွတ်၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ။ ဧရာဝတီတိုင်း ဇလွန်၊ ညောင်တုန်း၊ ဓနုဖြူ။ တနင်္သာရီတိုင်း ဒေသအားလုံးတွင် ရာနှုန်းပြည့် မိုးရွာမည်။ ဒီမိုးရွာမယ့်စာရင်းထဲမှာ မပါဝင်တဲ့ဒေသတွေက မိုးတိမ်တောင်တွေ ယာယီဖြတ်သန်းသွားလို့ မိုးပြေးလေးတွေပဲရွာတာ၊ တကိုယ်စွတ်မိုးလေးပဲရွာတာ၊ မိုးဖွဲဖွဲပဲကျတာ၊ တိမ်တွေရှိနေလို့ မိုးအုံ့နေတာမျိုးနဲ့ မိုးအုံ့တစ်လှည့် နေသာတစ်လှည့်တွေသာ ဖြစ်နိုင်ပါတယ်ဗျ။ မိုး သေချာပေါက်ရွာဖို့အတွက် ရာနှုန်းမပြည့်မီလို့ မထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒီထဲက ဒေသအချို့ကို ရက်ကြိုခန့်မှန်းချက် တင်ပေးခဲ့ပြီးသား ဖြစ်ပြီး တစ်ခါတစ်လေ အချို့ဒေသတွေမှာ ခန့်မှန်းချိန်ထက် နာရီအနည်းငယ် နောက်ကျပြီးမှ ရွာတတ်ပါတယ်ဗျ။ အကယ်၍ ဒီစာရင်းထဲမပါဘဲ မိုးရာနှုန်းပြည့် ရွာသွန်းခဲ့ရင် ယမန်နေ့က တင်ပေးခဲ့တဲ့ ခန့်မှန်းချက်တွေထဲမှာ ပါဝင်ခဲ့ပြီးသားဖြစ်ပါတယ်ဗျ။ ပြန်ရှာဖတ်လို့ရပါတယ်။ ဒီထဲမှာ မိုးကြီးမယ့်ဒေသတွေလဲ ပါကောင်းပါနိုင်ပါတယ်ဗျ။ Issued Time: 24-08-2026/2:30PM Derived from: Multi-Model Consensus (ECMWF, GFS, ICON, UKMO, GEM, JMA, WRF, PPD, ACCESS, GSM, CMA, NCUM, NCMRWF) ဒေါက်တာ စိုင်းခွန်အာကာ

photo content

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အားကစားသမား ၃၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် နေပြည်တော် ဩဂုတ်
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အားကစားသမား ၃၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်   နေပြည်တော် ဩဂုတ် ၂၃   ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကြီးကို ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ၁၀ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။   ပြိုင်ပွဲတွင် မျှတမှုရှိစေရေးနှင့် မျိုးဆက်သစ်များ အခွင့်အရေးရရှိစေရန်အတွက် အာရှအားကစား ပြိုင်ပွဲ (ASIAN Games) နှင့် ဆီးဂိမ်းပြိုင်ပွဲ (SEA Games) တို့တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများကို ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဘဲ စည်းမျဉ်း စည်းကမ်းနှင့် မကိုက်ညီသူများ ပါဝင်ပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။   ယခုပြိုင်ပွဲတွင် အမျိုးသားနှင့်အမျိုးသမီး တံခွန်စိုက်ဆုများအပြင် နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများအတွက် ပထမဆုငွေကျပ် ငါးသိန်း၊ ဒုတိယ ဆု သုံးသိန်း၊ တတိယဆုနှစ်သိန်းချီးမြှင့်မည်ဖြစ်ကာ လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင်ပထမဆုငွေကျပ် ၁၀သိန်း၊ဒုတိယဆု ခုနစ်သိန်းနှင့်တတိယဆု ငါးသိန်းအထိချီးမြှင့်ပေးသွားမည်ဖြစ်သည်။

မြန်မာသင်္ဘောသားအချို လိုက်ပါလာသည့် ပနားမားအလံတင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ရာ လူ ၂၀ ကျော် ပျောက်ဆုံးနေ မြန်မာသင်္ဘောသားအ
မြန်မာသင်္ဘောသားအချို လိုက်ပါလာသည့် ပနားမားအလံတင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ရာ လူ ၂၀ ကျော် ပျောက်ဆုံးနေ မြန်မာသင်္ဘောသားအချို လိုက်ပါလာသည့် ပနားမားအလံတင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ရာ လူ ၂၀ ကျော် ပျောက်ဆုံးနေသည်ဟု Reuters သတင်းတွင် ဖော်ပြသည်။ MV Ocean Winner နာမည်ရှိ အဆိုပါသင်္ဘောမှာ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ် ပါရာဒစ်ရေနက် ဆိပ်ကမ်းတွင် သံရိုင်းများတင်ဆောင်လာပြီးနောက် အိန္ဒိယနိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၂၂ ရက်က နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ အဆိုပါ သင်္ဘောပေါ်တွင် ဝန်ထမ်း ၂၄ ဦး လိုက်ပါလာပြီး နစ်မြုပ်သွားခဲ့ပြီး နောက် အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းစောင့်တပ်နှင့် ရေတပ်တိုသည် တောင်ပိုင်းကမ်းရိုးတန်းအနီးတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များကို တနင်္ဂနွေနေ့က ဆက်လက်လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံသား နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

စစ်ရေးဆက်ဆံမှု မြှင့်တင်ရန် တရုတ်နှင့် အင်ဒိုနီးရှား သဘောတူ စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ရန်နှင့် သတ္တုတွင်းထွက်၊ စွမ်းအင်နှင
စစ်ရေးဆက်ဆံမှု မြှင့်တင်ရန် တရုတ်နှင့် အင်ဒိုနီးရှား သဘောတူ စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ရန်နှင့် သတ္တုတွင်းထွက်၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတိုက သောကြာနေ့တွင် သဘောတူညီခဲ့ကြသည်။ တောင်တရုတ်ပင်လယ်အရေးအပါအဝင် စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ ရှိနေချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဂျကာတာခရီးစဉ်အစတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နှစ်နိုင်ငံစလုံးအနေဖြင့် “အချိန်အခါကို အမိအရ ဆုပ်ကိုင်သင့်သည်” ဟု ပြောကြားခဲ့သည်။ ဝမ်ယိနှင့်အတူ တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်း (Dong Jun) လည်း လိုက်ပါလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။