en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

သိင်္ခ

သိင်္ခ

Open in Telegram

အသိတိုး

Show more
The country is not specifiedThe category is not specified
1 085
Subscribers
-124 hours
-227 days
-5530 days
Posts Archive
အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်း တရုတ်(တိုင်ပေ) သို ရောက်လာတော့မည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသော တရုတ်(တိုင်ပေ)က တရုတ်၏
အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်း တရုတ်(တိုင်ပေ) သို ရောက်လာတော့မည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသော တရုတ်(တိုင်ပေ)က တရုတ်၏တိုက်ခိုက်မှုအလားအလာကိုဟန့်တားရန် ၎င်း၏စစ်ရေးစွမ်းရည်များကိုအဆင့်မြှင့်တင်လျက်ရှိရာ တရုတ်(တိုင်ပေ)သည် အောက်တိုဘာ ၂ ရက်တွင် အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်းကို လက်ခံရရှိမည်ဖြစ်သည်။ F-16V တိုက်လေယာဉ်များသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပထမသက်တမ်းအတွင်းတွင် အတည်ပြုခဲ့သည့် F-16V တိုက်လေယာဉ် ၆၆ စင်းအတွက် အမေရိကန်ဒေါ်လာရှစ်ဘီလျံရှိ‌ အရောင်းအဝယ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုတိုက်လေယာဉ်များကို ယခုနှစ်တွင်ပေးပိုသွားရန်စီစဉ်ထားသည်။

ဆန္ဒပြကျောင်းသား ၂၀၀၀ကျော်ကို ပြင်သစ်ရဲတွေ ဖမ်းဆီး အောက်တိုဘာ - ၂ ( သောကြာနေ့ ) ပြင်သစ်နိုင်ငံ၊ ပါရီမြိုပြင်က စိန့်ဒန်နစ် မှာ
ဆန္ဒပြကျောင်းသား ၂၀၀၀ကျော်ကို ပြင်သစ်ရဲတွေ ဖမ်းဆီး အောက်တိုဘာ - ၂ ( သောကြာနေ့ ) ပြင်သစ်နိုင်ငံ၊ ပါရီမြိုပြင်က စိန့်ဒန်နစ် မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကြာသပတေးနေ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ သပိတ်မှောက်မှုတွေအတွင်း ပြင်သစ်တစ်ဝန်းမှာ ကျောင်းသား ၂,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန် ရဲတပ်ဖွဲကို နိုင်ငံတော်သမ္မတတိုက
တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန် ရဲတပ်ဖွဲကို နိုင်ငံတော်သမ္မတတိုက်တွန်း 𝙊𝘾𝙏~𝟐 ပြည်သူများ၏ လိုအပ်ချက်များကိုနားလည်ပြီး တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

အမြန်လမ်းရှိ လမ်းပိုင်းအချို၌ နှစ်စဥ် အောက်တိုဘာ လမှ ဖေဖော်ဝါရီလအထိ မြူထူများဖြစ်ပေါ်လေ့ရှိ၍ အရှိန်လျော့ပြီးဂရုပြုမောင်းနှင်က
အမြန်လမ်းရှိ လမ်းပိုင်းအချို၌ နှစ်စဥ် အောက်တိုဘာ လမှ ဖေဖော်ဝါရီလအထိ မြူထူများဖြစ်ပေါ်လေ့ရှိ၍ အရှိန်လျော့ပြီးဂရုပြုမောင်းနှင်ကြရန်သတိပေး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ လမ်းပိုင်းနေရာအချိုတွင် နှစ်စဥ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ မြူထူ/မြူ(Fog/Mist)များဖြစ်ပေါ်လေ့ရှိ၍ ယာဥ်မောင်းများအနေဖြင့် အရှိန်လျော့၍ဂရုပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီး ကြပ်ရေးအဖွဲက သတိပေးခဲ့သည်။

တနင်္သာရီတိုင်း မြိုနယ်ငါးမြိုနယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၅၆ ကျောင်းအနက် ၅၅ ကျော
တနင်္သာရီတိုင်း မြိုနယ်ငါးမြိုနယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၅၆ ကျောင်းအနက် ၅၅ ကျောင်း ပြန်လည်ဖွင့်လှစ်ကြောင်း သိရ မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုဖြစ်ပေါ်၍ မြိုနယ်အချိုတွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုကြောင့် တနင်္သာရီမြိုရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချိုအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အပြင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာအချိုတွင်လည်း ရေကျော်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို အပါအဝင် မြိုနယ် ငါးမြိုနယ်တိုရှိ အခြေခံပညာကျောင်း ၅၆ ကျောင်းအား စက်တင်ဘာ ၂၈ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသို စတုတ္ထအကြိမ် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ ပြန်လည်ရောက်ရှိ 𝙊𝘾𝙏~𝟐
အိန္ဒိယနိုင်ငံသို စတုတ္ထအကြိမ် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ ပြန်လည်ရောက်ရှိ 𝙊𝘾𝙏~𝟐 မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲသည် အိန္ဒိယနိုင်ငံသို စတုတ္ထအကြိမ် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ပြီးနောက် အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိလာကြသည်ဟု သိရသည်။

ထိုင်းငါးဖမ်းလှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းများ ပြန်တွေ့ 𝙊𝘾𝙏~𝟐 ထိုင်းနိုင်ငံ ချွန်ဘူရ
ထိုင်းငါးဖမ်းလှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းများ ပြန်တွေ့ 𝙊𝘾𝙏~𝟐 ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ စက်သဟစ်မြိုနယ် အန်ဆမ်ဆာကမ်းခြေအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ ငါးဖမ်းစက်လှေပေါ်မှ ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၃၀ ရက် ည ၇ နာရီ ၁၀ မိနစ်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ “စ.ကန်နာဝါရီ ၈၈၈” အမည်ရှိ ငါးဖမ်းစက်လှေဟာ စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီခန့်က အန်ဆမ်ဆာပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ လှိင်းလေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်ခဲ့တာဖြစ်ပြီး လှေပေါ်မှာ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၂၀ ဦး စုစုပေါင်း ၂၂ ဦး လိုက်ပါခဲ့ပါတယ်။

ပြီးခဲ့သည့်သီတင်းပတ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ချိန်က မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အပါအဝင
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ချိန်က မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အပါအဝင် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

(၆၂) နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ - ၁ (၆၂)နှစ်မြေ
+2
(၆၂) နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ - ၁ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်း အနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန-၁ (MICC-1)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

🙏🙏🙏
🙏🙏🙏

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို ဂျပန်နိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို ဂျပန်နိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘာ ၁ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ ယိုရှိတာခဲ ရှိဂို အား ၁-၁၀-၂၀၂၆ ရက်နေ့ ၁၄ ၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ဘော့စ်ဝါနာတွင် လွတ်လပ်ရေးအထိမ်းအမှတ်ပွဲများအတွက် ဆင်သားဝေပေးရန် ဆင် ၂၃ ကောင်ကို သတ်ခွင့်ပြု ကမ္ဘာပေါ်တွင် ဆင်ကောင်ရေအများဆုံး
ဘော့စ်ဝါနာတွင် လွတ်လပ်ရေးအထိမ်းအမှတ်ပွဲများအတွက် ဆင်သားဝေပေးရန် ဆင် ၂၃ ကောင်ကို သတ်ခွင့်ပြု ကမ္ဘာပေါ်တွင် ဆင်ကောင်ရေအများဆုံးရှိရာ နိုင်ငံဖြစ်သည့် ဘော့စ်ဝါနာတွင် လွတ်လပ်ရေးအထိမ်းအမှတ် အခမ်းအနားများအတွက် ဆင် ၂၃ ကောင်ကို သတ်ဖြတ်ပြီး ဆင်သားဝေပေးရန် ခွင့်ပြုခဲ့သဖြင့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်နေကြသည်။

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက် လမ်းအခြေအနေများကြည့်ရှုစစ်ဆေး

ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် နယူးဧရာ-၁၁ စပါးမျိုး စိုက်ပျိုးမှု စိတ်ဝင်စားမှုမြင့်တက်ပြီး တစ်ဧက တင်း ၁၈၀ မှ ၂၂၀ ကျော်အထိ ထွက်ရှိကြောင်း တောင်သူများပြော၊ နှစ်စဉ် ဧက ၃၅,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင် စိုက်ပျိုး ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသရှိ မအူပင်၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ဖျာပုံမြိုနယ်တိုတွင် ရေကျနောက်စိုက်နှင့် နွေစပါးအဖြစ် စိုက်ပျိုးနိုင်သည့် နယူးဧရာ-၁၁ အထွက်တိုးစပါးမျိုးကို တောင်သူများ စိတ်ဝင်စားစိုက်ပျိုးမှု များပြားလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ အဆိုပါဒေသများတွင် နယူးဧရာ-၁၁ စပါးမျိုးကို နှစ်စဉ် ဧက ၃၅,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင်အထိ စိုက်ပျိုးလေ့ရှိပြီး အပင်ဖြစ်ထွန်းမှု၊ အပင်သန်မာမှု၊ ရောဂါဒဏ်ခံနိုင်မှုနှင့် အထွက်နှုန်းတိုကြောင့် စိုက်ပျိုးမှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံတောင်သူများ၏ အတွေ့အကြုံအရ နယူးဧရာ-၁၁ စပါးမျိုးမှာ တစ်ဧကလျှင် တင်း ၁၈၀ မှ ၂၂၀ ကျော်အထိ ထွက်ရှိကြောင်း သိရပြီး ဆန်ရည်ဆန်သား၊ ဆန်ထွက်နှုန်းနှင့် စပါးအရည်အသွေးပိုင်းတိုကြောင့် ဆန်စက်များ၏ ဝယ်ယူမှုလည်းရှိကြောင်း သိရသည်။ Noted: ဒီလောက်စပါးထွက်နေတာသေချာရင် တာဝန်ရှိသူတွေက ဒီမျိုးစပါးကို အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဖြန့်ဖို့ ဘာအတွက်ကြန့်ကြာနေတာလဲ စိတ်ဝင်စားစရာပဲ။

photo content

ဇနီးကွယ်လွန်ပြီးနောက် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဆေးရုံတက်ရ ကွာလာလမ်ပူ၊ အောက်တိုဘာ ၁ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ
ဇနီးကွယ်လွန်ပြီးနောက် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဆေးရုံတက်ရ ကွာလာလမ်ပူ၊ အောက်တိုဘာ ၁ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်သည် ဇနီးဖြစ်သူ စီတီ ဟာစမာ မိုဟာမက်အလီ ကွယ်လွန်ပြီးနောက်တစ်ရက်အကြာ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ကျန်းမာရေးအခြေအနေ စောင့်ကြည့်စစ်ဆေးမှုခံယူရန် ကွာလာလမ်ပူမြိုရှိ နိုင်ငံတော်နှလုံးရောဂါကုဌာန (IJN) သို တက်ရောက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယဆေးတွေကိုတော့ အမေရိကန်က အခွန်ကင်းလွတ်ခွင့်ပေးထား အောက်တိုဘာ - ၁ ( ကြာသပတေးနေ့ ) အမေရိကန်က အချိုသော မူပိုင်ခွင့်ရ ဆေးဝါ
အိန္ဒိယဆေးတွေကိုတော့ အမေရိကန်က အခွန်ကင်းလွတ်ခွင့်ပေးထား အောက်တိုဘာ - ၁ ( ကြာသပတေးနေ့ ) အမေရိကန်က အချိုသော မူပိုင်ခွင့်ရ ဆေးဝါး တင်သွင်းမှုတွေအပေါ် ၁၀၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့် ကောက်ခံခဲ့ရာမှာ အိန္ဒိယနိုင်ငံအနေနဲ့ အင်္ဂါနေ့တုန်းက ကင်းလွတ်ခွင့်အချို ပြန်လည်ရရှိခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ အထူးကု ဆေးဝါးတွေနဲ့ အဆိုပါဆေးဝါးပြုလုပ်ရာမှာ သုံးတဲ့ ပါဝင်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့သလို၊ သာမန်ဆေးဝါး တွေနဲ့ ၎င်းတိုရဲ့ ပါဝင်ပစ္စည်းတွေကိုလည်း လောလောဆယ် အထိ အဆိုပါ အခွန်ကောက်ခံမှုထဲကနေ လုံးဝ ကင်းလွတ်ခွင့်ပြုထားပါတယ်။

မြန်မာသင်္ဘောသားတစ်ဦးအပါအဝင် သင်္ဘောသားတွေကို ဆိုမာလီပင်လယ်ဓားပြတွေအဆုံးစီရင် ဆိုမာလီကမ်းလွန်မှာ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့
မြန်မာသင်္ဘောသားတစ်ဦးအပါအဝင် သင်္ဘောသားတွေကို ဆိုမာလီပင်လယ်ဓားပြတွေအဆုံးစီရင် ဆိုမာလီကမ်းလွန်မှာ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့ ရေနံတင်သင်္ဘောကို ဒေသခံ လုံခြုံရေးတပ်ဖွဲတွေ ပြန်မကယ်ခင်မှာပဲ သင်္ဘောသား ၅ ယောက် အဆုံးစီရင်ခြင်းခံခဲ့ရတယ်လို ဒေသဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပန့်လန်း (Puntland) ဒေသရဲ့ ဒုတိယပြန်ကြားရေးဝန်ကြီး Bile Qabowsade ကတော့ ဒေသခံတပ်ဖွဲတွေ MT Hoarner 25 သင်္ဘောပေါ် မတက်ခင်မှာပဲ အဲ့ဒီ ၅ ယောက်ကို ပင်လယ်ဓားပြတွေက အဆုံးစီရင်ခဲ့တာလို ဆိုပါတယ်။

ယူရီးယားမြေဩဇာများ သိုလှောင်ပြီး ဈေးကစားခြင်းများမရှိစေရေး၊ မြိုနယ်အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန် ပြည်ထောင်စုဝန်ကြီး မှ
ယူရီးယားမြေဩဇာများ သိုလှောင်ပြီး ဈေးကစားခြင်းများမရှိစေရေး၊ မြိုနယ်အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန် ပြည်ထောင်စုဝန်ကြီး မှာကြား နေပြည်တော်၊ အောက်တိုဘာ ၁ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ယူရီးယားတန်ချိန် ၁၄၂၀၀၀ ၊ ကွန်ပေါင်းနှင့် အခြားမြေဩဇာ ၅၇၀၅၈၄ တန် ထောက်ခံပေးခဲ့ပါကြောင်း ယမန်နေ့က သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှ သိရသည်။

နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုသည် ၂၀၂၆
နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုသည် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးအခြေအနေသို ရောက်ရှိနိုင် လာမည့်ဆောင်းရာသီနှင့် နွေရာသီတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုသည် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးအခြေအနေသို ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။