ဇတ်ကားမြို့တော်
Open in Telegram
မြန်မာစာတန်းထိုးများ
Show moreThe country is not specifiedThe category is not specified
303
Subscribers
-424 hours
+17 days
+130 days
Posts Archive
Repost from N/a
Marrowbone (2017)
တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။
အမေဖြစ်သူနဲ့ သားသမီးလေးယောက်တိုဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံတာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလိုအမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။
ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖိုတာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။
ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတိုအိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလည်း၊ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီး အရသာရှိပါလိမ့်မယ်
#Credit
Repost from N/a
တရားခွင်ထက်က မျှတမှု (夏雨来)
H*e*y ,H*o*u L*a*i 20*26
တရားခွင်ထက်က မျှတမှု (夏雨来)
Hey ,Hou Lai 2026 Movie
ဇာတ်လမ်းအကျဉ်း 📝
ချင်းမင်းဆက်နှောင်းပိုင်းကာလ Chaoshan ဒေသရဲ့ တစ်သက်လုံး အမှုမရှုံးဖူးတဲ့ နာမည်ကြီး ရှေ့နေကြီး Xia Yulai ဟာ ဒေသခံဆင်းရဲသားတွေအတွက် အမြဲတမ်း မတရားမှုကို တိုက်ဖျက်ပေးနေသူ ဖြစ်ပါတယ်
ဒါပေမဲ့ သူရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး မြေခွေးတစ်ကောင်လို ပါးနပ်လွန်းတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ချင်းမင်းဆက်ရဲ့ ပထမဆုံး အမျိုးသမီးရှေ့နေဖြစ်ဖို့ ရည်မှန်းထားတဲ့ သမီးဖြစ်သူ Xia Laibi နဲ့ ခဏခဏ သံသယတံတိုင်းတွေဖြစ်ပြီး သဘောထားကွဲလွဲ အငြင်းပွားလေ့ ရှိပါတယ်
အဲဒီအချိန်မှာပဲ နိုင်ငံခြားအရင်းရှင်နယ်ချဲ့ အင်အားစုတွေဟာ Chaoshan ရဲ့ စီးပွားရေးဈေးကွက်ထဲကို အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ် လူထုကြားထဲက ရယ်မောစရာအမှုအခင်းတွေနဲ့ ပြင်းထန်လှတဲ့ စီးပွားရေးစစ်ပွဲတွေကို ရင်ဆိုင်ရင်းနဲ့မှ Xia သားအဖနှစ်ယောက်ဟာ နိုင်ငံခြားသားတွေရဲ့ နောက်ကွယ်က ခြောက်ခြားစရာ ကြံစည်မှုကြီးကို ရိပ်မိသွားခဲ့ကြပါတယ်
ဒါပေမဲ့ မမျှော်လင့်ဘဲ ကောက်ကျစ်တဲ့ ရန်သူတွေရဲ့ အကွက်ချဆင်မှုကြောင့် သမီးဖြစ်သူ Xia Laibi ဟာ လူသတ်မှု မီးရှို့မှုတွေနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ထဲ ရောက်သွားခဲ့ရရှာပါတယ် သမီးလေးကို ကယ်တင်ဖို့အတွက် ဖခင်ဖြစ်သူ Xia Yulai ဟာ တရားခွင်ကြီးထဲကို ရဲရဲဝံ့ဝံ့ ခြေချခဲ့ပြီး လာဘ်စားတဲ့ အရာရှိကြီးတွေနဲ့ ကောက်ကျစ်တဲ့ စီးပွားရေးသမားတွေကို မိမိရဲ့ ပြိုင်ဘက်ကင်း နှုတ်လျှာအစွမ်းနဲ့ ဉာဏ်ပညာချင်းပြိုင် တိုက်ခိုက်ပါတော့တယ်
နောက်ဆုံးမှာတော့ သားအဖနှစ်ယောက် Chaoshan ဒေသက မိမိတို့သွေးချင်းပြည်သူတွေအားလုံးကို စနစ်တကျ စည်းရုံးကာ တိုင်းပြည်ကို လုယူမယ့် အပြင်ရန်သူတွေကို ဘယ်လို အပြတ်ရှင်း ထုတ်ပယ်သွားမလဲဆိုတာ.....
Repost from N/a
Marrowbone (2017)
တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။
အမေဖြစ်သူနဲ့ သားသမီးလေးယောက်တိုဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံတာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလိုအမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။
ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖိုတာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။
ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတိုအိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလည်း၊ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီး အရသာရှိပါလိမ့်မယ်
#Credit
Repost from N/a
ကွန်တိန်နာထဲက အတိတ်မေ့နေသူ
ကွန်တိန်နာထဲက အတိတ်မေ့နေသူ
L_a de-s_co-no_ci-da ( 2-0-2-6 )
IMDB ⭐️ 5.4/10
ဒီကားလေးကတော့ စုံထောက်အက်ရှင်ကိုမှ ဇာတ်အေးအေးပုံစံမျိုးနဲ့ နောက်ပိုင်းအရှိန်မြင့်လာမဲ့ ဇာတ်လမ်းမျိုးလေးပါပဲ
စပိန်ရိုက်ဇာတ်ကားလေးဖြစ်ပြီး La desconocida ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ
အမည်နောက်တစ်မျိုးကတော့ the marked woman အဖြစ်လည်း ဒီရုပ်ရှင်ကို သိကြပါတယ်
ဇာတ်လမ်းကတော့ ဘာစီလိုနာဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ ကွန်တိန်နာထဲမှာ နှိပ်စက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ပါ ပါလာခဲ့ပါတယ်
အဲဒီအမျိုးသမီးမှာ သူ့ရဲ့အတိတ် သူနဲ့ပတ်သက်တဲ့အကြောင်း ဘာဆိုဘာမှ မမှတ်မိတော့တာကြောင့် သူပါလာတဲ့ကွန်တိန်နာ တာထွက်လာတဲ့
နေရာကလွဲရင် ရဲတွေလည်း ဘာသဲလွန်စမှမရလို့ အကျပ်ရိုက်နေပါပြီ
အယ်ဂီစီရက်ကနေ လာတဲ့ သင်္ဘောဆိုတာကလွဲရင် ဘာသဲလွန်စမှ မရတဲ့အခါ ဒီအမျိုးသမီးဘယ်သူလဲ ဘာလဲ နောက်ကြောင်းကိုစုံစမ်းဖို့
အတွက် မောင်သေလို့ စိတ်ထိခိုက်နေတဲ့ ရစ်ပိုဆိုတဲ့ စုံထောက်မကို တာဝန်ပေးလိုက်ပါတော့တယ်
သူနဲ့အတူ အယ်ဂီစီရက်က ကိစ္စတစ်ခုကြောင့် အစစ်ဆေးခံနေရတဲ့ ဇာရာတေးဆိုတဲ့ရဲကပါ ရောက်လာတဲ့အခါမှာတော့...
အတိတ်မေ့နေတဲ့ကောင်မလေး စိတ်ထိခိုက်နေတဲ့ စုံထောက်မနဲ့ ပြည်ထဲရေးဌာနက အစစ်ဆေးခံနေရတဲ့ ဇာရာတေးတို့သုံးယောက်ဟာ အချင်းချင်း မတည့်ဘဲကိုက်ကြရင်း အဲဒီကြားထဲကနေ ဒီလျှို့ဝှက်ချက်များနေတဲ့ အမှုကို ဘယ်လိုဖော်ထုတ်သွားမလဲ
ဘာလို့ကွန်တိန်နာထဲမှာ လူတစ်ယောက်ပါလာရသလဲ ဒီကောင်မလေးရဲ့ အတိတ်မှာရော ဘယ်လိုလူဖြစ်ခဲ့လဲ
လျှို့ဝှက်ချက်များစွာကို တဖြည်းဖြည်းဖြည်ချရင်း ဖော်ထုတ်ပြသွားမှာဖြစ်လို့ လျှို့ဝှက်ဆန်းကြယ်စုံထောက်ကားမျိုး ကြည့်ချင်နေသူရှိရင်တော့
ဒီကားလေးက သင်တို့အတွက်ပါပဲ
Repost from N/a
K-u-n-c-e-n (2025) တောင်စောင့်ပုဂ္ဂိုလ်
==============
IMDb Rating (7.9)
၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ ထွက်ထားတဲ့ အင်ဒိုနီးရှား သရဲကားအသစ်စက်စက်လေး "Kuncen" တင်ထားပါတယ်။
ဒီကားက ဒါရိုက်တာ Jose Poernomo ရိုက်ကူးထားတာဖြစ်ပြီး တောင်တက်ရင်း ကြုံတွေ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို အခြေခံထားတာပါ။
"Kuncen" ဆိုတဲ့ စကားလုံးက ဂျာဗားရိုးရာအရ တောင်တွေ၊ နတ်ကွန်းတွေလို သန့်ရှင်းမြင့်မြတ်တဲ့ နေရာတွေကို စောင့်ရှောက်ရတဲ့ "ပွဲထိန်း" ဒါမှမဟုတ် "တောင်စောင့်ပုဂ္ဂိုလ်" ကို ခေါ်တာပါ။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းလေးကတော့ အာဝင်ဒယာ (Awindya) ဆိုတဲ့ အထက်တန်းကျောင်းသူလေးကနေ စထားတယ်။ သူ့ကောင်လေး ဒက်ဗလင် (Devlin) က မာဘာဘူ (Merbabu) တောင်ကို တောင်တက်သွားရာကနေ ၂၄ နာရီကြာတဲ့အထိ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒါနဲ့ စိတ်ပူသွားတဲ့ အာဝင်ဒယာက သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ အက်ဂ်နက်စ် (Agnes) နဲ့ မိုဂျို (Mojo) တို့ကို ခေါ်ပြီး ကောင်လေးကို လိုက်ရှာဖို့ တောင်ပေါ်ကို တက်သွားကြပါတော့တယ်။
ဒါပေမဲ့ တောင်ခြေရွာကို ရောက်တဲ့အခါမှာတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) ကြီး အ-တ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းဆိုးကြီးကို ကြားလိုက်ရတယ်။ တောင်စောင့်ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် လူ့လောကနဲ့ နာမ်လောကကြားက အတားအဆီးတွေ ပျက်စီးသွားပြီး မကောင်းဆိုးဝါးတွေ သောင်းကျန်းပါတော့တယ်။ အဲဒီအချိန်မှာ သူတို့လိုပဲ တောင်ပေါ်မှာ လူပျောက်ရှာနေတဲ့ ယိုဂါ (Yoga) နဲ့ ဒစ္စကာ (Diska) တို့နဲ့ သွားဆုံကြတယ်။
သူတို့သူငယ်ချင်းတွေကို ပြန်ရှာတွေ့ဖို့နဲ့ ဒီတောင်ပေါ်ကနေ အသ-က်ရှင်ရက် ပြန်ထွက်နိုင်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) အသစ် တစ်ယောက်ကို အမြန်ဆုံး အစားထိုး ရှာဖွေပေးဖို့ပါပဲ။ သူတို့တွေ အသ-က်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား၊ ပျောက်နေတဲ့ သူတွေကိုရော ပြန်ရှာတွေ့ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။
ဒီကားက သာမန် သရဲခြောက်တဲ့ ဇာတ်လမ်းမျိုးလောက်တင် မဟုတ်ဘဲ ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုတွေ၊ တောင်တက်ရင်း ကြုံရတတ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေကိုပါ သဘာဝကျကျ ထည့်ရိုက်ထားတာမို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရဲကား ကြိုက်တဲ့သူတွေ၊ အထူးသဖြင့် တောင်တက်တာ ဝါသနာပါတဲ့သူတွေဆိုရင် သဘောကျမယ့် ကားမျိုးပါ။
Genre…. Horror
Colony (2026)
*
IMDb Rating (7.2)
[Colony 2026 ရုံတင်ကားကြီးဟာ အခုချိန်အထိ ရုံမချသေးတဲ့အတွက် လက်ရှိမှာတော့ HDCam ဗားရှင်းပဲ ရပါသေးတယ်။
အသံပိုင်း ရုပ်ပိုင်းဆိုင်ရာက hdcam version မို့ quality ကောင်းကြိုက်တဲ့သူတွေအတွက်က ဘယ်လိုမှအဆင်ပြေမည်မဟုတ်ပါ။
ဒါ့ကြောင့် စောင့်နိုင်ရင်တော့ လုံးဝ ဒေါင်းမကြည့်ကြပါနဲ့.... Quality ကောင်းတာထွက်လာတာနဲ့ အမြန်ဆုံး update ပေးပါသွားပါ့မယ်။]
Train To Busan ရဲ့ ဒါရိုက်တာ Yeon Sang-Ho က ရိုက်ကူးပေးထားပြီး Main Cast အနေနဲ့ Jun Ji-Hyun,
Koo Kyo-Hwan, Ji Chang-Wook, Shin Hyun-Been, Kim Shin-Rok တို့အပြင် မင်းသားကြီး Go Soo ကလည်း
ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားသလို လက်ရှိ ကြည့်ရှုသူ 5.9 သန်းကျော်နဲ့ 2026 ခုနှစ်ရဲ့
ရုံဝင်သူအများဆုံး နံပါတ် 2 ကိုးရီးယားရုပ်ရှင်အဖြစ်လည်း ရပ်တည်နေပါသေးတယ်။
ဒီကားကတော့ ကြည့်ဖူးနေကျ ရိုးရိုးဇွန်ဘီကားတွေလို အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတဲ့
ဇာတ်လမ်းမျိုးမဟုတ်ဘဲ ကူးစက်ခံရတဲ့ကောင်တွေက အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့
(Evolving Zombies) ပုံစံမျိုးနဲ့ အသစ်ဖန်တီးထားတာ ဖြစ်လို့ ကြည့်ရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။
- ဇာတ်လမ်းအကျဉ်း -
ဆိုးလ်မြို့လယ်က မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း
အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့
အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့
အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။ အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ
ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့....
ပါမောက္ခ ဂွန်ဆယ်ဂျောင်း (Jun Ji-Hyun) ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့
အဆောက်အဦထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့
ဇာတ်ကားကောင်းဖြစ်တာမို့ မျှော်နေတဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
Joinရန်လင့်🔽🔽
https://t.me/zatkarch12
Zကားလင့်🔽🔽
https://t.me/zatkarch12/64
Repost from N/a
(၂၀၂၆)ရဲ့ ဝင်ငွေအကောင်းဆုံး အအောင်မြင်ဆုံး ဟော်ရာရုံတင်ကားသစ်ကြီး
⚠️Copyright Disclaimer
No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use. All rights reserved goes to its rightful owner.
(၂၀၂၆)ရဲ့ ဝင်ငွေအကောင်းဆုံး အအောင်မြင်ဆုံး ဟော်ရာရုံတင်ကားသစ်ကြီး
ーーーーーーーーーーーーーーーーーーー
အဆုံးမရှိတဲ့ အဝါရောင်အခန်းတွေနဲ့ မှိတ်တုတ်မှိတ်တုတ် မီးရောင်တွေ၊ တိတ်ဆိတ်မှုအောက်မှာ ဖုံးကွယ်နေတဲ့ ကြောက်မက်ဖွယ်အရာတွေကို အခြေခံထားတဲ့ ဇာတ်ကားကြီးပါ။
ပရိဘောဂအရောင်းဆိုင်ရဲ့ မြေအောက်ခန်းမှာ ထူးဆန်းတဲ့ တံခါးတစ်ချပ် ပေါ်လာပြီး၊ အဲဒီတံခါးကို ဖြတ်ဝင်လိုက်သူဟာ အဆုံးမရှိတဲ့ အခန်းလမ်းကြောင်းတွေထဲမှာ ပိတ်မိသွားပါတယ်။ ပျောက်ဆုံးသွားတဲ့ လူနာကို ကယ်တင်ဖို့ စိတ်ကုဆရာဝန် က အဲဒီနေရာထဲ ဝင်ရောက်ရှာဖွေရာကနေ လက်တွေ့ဘဝနဲ့ မတူတဲ့ အန္တရာယ်တွေ၊ မသိနိုင်တဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်ရပြီး လွတ်မြောက်နိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားပါတယ်။
Joinရန်လင့်🔽🔽
https://t.me/zatkarch12
Zကားလင့်🔽🔽
https://t.me/zatkarch12/62
ငွေနောက်လိုက် လူမိုက်
B_a-l_t-i (2-0-2-6)
IMDB ⭐️ 6.4/10
"အားကစားသမားဘဝကနေ လူမိုက်လောကထဲကို ခြေစုံပစ်ဝင်မိတဲ့အခါ... လမ်းဟောင်းကို ပြန်လျှောက်ခွင့် မရှိတော့ဘူး"
Action Drama ကားကြမ်းကြမ်းလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ကယ်ရာလာ နဲ့ တမီးလ်နာဒူး နယ်စပ်ဒေသလေးကို အခြေခံထားတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားမှာ အဓိက ခေါင်းဆောင်မင်းသားတွေအနေနဲ့ ပရိသတ်အချစ်တော် Shane Nigam နဲ့အတူ မလေယာလမ် ရုပ်ရှင်လောကကို (၁၆) နှစ်ကြာမှ ပြန်လည်ခြေချလာတဲ့ မင်းသား Shanthanu Bhagyaraj တိုက အပြိုင်ကြဲထားတာပြီး မင်းသမီးချောလေး Preethi Asrani လည်း ပါဝင်ထားပါတယ်
ဇာတ်လမ်းကတော့ ဗေလန်ပါလာယမ်ဆိုတဲ့ မြိုလေးမှာ အခြေတည်ထားပါတယ်။ အဲဒီမြိုလေးမှာ တရားမဝင် ငွေချေးလုပ်ငန်းတွေနဲ့ မြေယာကိစ္စတွေကို ဩဇာကြီးတဲ့ ဘိုင်ရာဗန်၊ ဆိုဒါဘာဘူ နဲ့ ဂျီမား တို ၃ ယောက်က အုပ်စီးပြီး ချုပ်ကိုင်ထားတာပါ။
ဇာတ်လိုက်ကြီး အူဒါယန် (ခေါ်) ဘယ်လ်တီ ကတော့ ကာဘူဒီ အားကစားကို ရူးသွပ်သူဖြစ်ပြီး သူ့သူငယ်ချင်းတွေဖြစ်တဲ့ ကူးမား၊ ရာမက်ရှ်၊ မာနီ၊ ပရာဒိ တိုအုပ်စုနဲ့အတူ သံယောဇဉ်ကြီးကြီး ဖြတ်သန်းနေတဲ့ လူငယ်လေးပေါ့။
တစ်ရက်မှာ သူတိုသူငယ်ချင်းတစ်စုဟာ နယ်ခံ ကာဘူဒီပြိုင်ပွဲမှာ နာမည်ကြီး ဘိုင်ရာဗန်ရဲ့အသင်းကို အနိုင်ယူလိုက်ရာကနေ ပြဿနာစပါတော့တယ်။ အစပိုင်းမှာ ရန်စောင်ကြပေမဲ့ သူတိုအုပ်စုရဲ့ စည်းလုံးမှုနဲ့ လက်ရုံးရည်ကို သဘောကျသွားတဲ့ ဘိုင်ရာဗန်က သူ့အသင်းအတွက် ကိုယ်စားပြုကစားပေးဖို ကမ်းလှမ်းလာပါတယ်။
အဲဒီကနေ တစ်ဆင့် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲပေးရာကနေ ဘိုင်ရာဗန်ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတွေဖြစ်လာပြီး တရားမဝင် ငွေချေးလုပ်ငန်းရဲ့ အမှောင်လောကထဲကို တဖြည်းဖြည်းနဲ့ ခြေစုံပစ် ဝင်မိသွားကြပါတော့တယ်။
ဒါပေမဲ့ "ငွေကြေးနဲ့ အာဏာ" ကြီးစိုးတဲ့ လောကမှာ "လူမိုက်ဆိုတာ သက်တမ်းမရှည်ဘူး" ဆိုတဲ့အတိုင်းပါပဲ...။ ဘိုင်ရာဗန်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် အူဒါယန်ချစ်ရတဲ့ ကောင်မလေးရဲ့မိသားစု ထိခိုက်နစ်နာလာရတဲ့အခါမှာတော့…
မိသားစုလို ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ဩဇာကြီးတဲ့ ဘော့စ်ကြီးကြားမှာ အူဒါယန် တစ်ယောက် ဘယ်လို ရပ်တည်မလဲ...။ ကာဘူဒီကစားသမား လူငယ်လေးတွေ ဂိုဏ်းစတားလောကရဲ့ သွေးစွန်းတဲ့လမ်းပေါ်ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတာကို ရှုစားကြပါဦး။
Joinရန်လင့်🔽🔽🔽
https://t.me/zatkarch12
Zကားလင့်🔽🔽🔽
https://t.me/zatkarch12/60
Repost from N/a
ဇာတ်မြှုပ်နေထိုင်နေတဲ့ ဓားသမားရဲ့ သမီးကိုကျွန်အဖြစ်ရောင်းစားမိတဲ့အခါ...
😀➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️
⚠️ Copyright DisclaimerNo copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner
ဇာတ်မြှုပ်နေထိုင်နေတဲ့ ဓားသမားရဲ့ သမီးကိုကျွန်အဖြစ်ရောင်းစားမိတဲ့အခါ...
T_h-e S_w-o_r-d_s-m_a-n (2020)IMDb…7.0
ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်….
တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်…
ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်…
#Credit
Joinရန်လင့်🔽🔽
https://t.me/zatkarch12
Zကားလင့်🔽🔽
https://t.me/zatkarch12/58
Repost from N/a
B*R*O (20*23)
=========
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "BRO" ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ မာ့ခ်ဟာ သူ့ဘဝတစ်ခုလုံးကို မိသားစုအတွက်ပဲပေးဆပ်လာခဲ့ပြီးတော့ အမြဲတမ်းအလုပ်များနေတဲ့သူတစ်ယောက်ပါ
သူ့ညီအစ်ကိုမောင်နှမကိစ္စတွေဆိုရင်လည်း အားလုံးကိုပဲ သူပဲလိုက်စီမံထိန်းချုပ်ပြီး သူ့အလိုအတိုင်းပဲလုပ်တတ်တဲ့သူတစ်ယောက်ပေါ့
ဒီလိုနဲ့တစ်ရက်မှာတော့ ဗိုင်ဇက်ကနေ ဟိုက်ဒရာဘတ်ကိုသွားတဲ့အချိန် လမ်းမှာအက်စီးဒင့်ဖြစ်ခဲ့ပါတယ် သူနိုးလာတဲ့အချိန်မှာတော့
အနက်ရောင်အင်္ကျီဝတ်ထားတဲ့၊ သူ့ကိုယ်သူ "အချိန်"လို့ပြောတဲ့လူတစ်ဦးနဲ့တွေ့ခဲ့ပြီး အဲဒီလူကနေမှ သူကမ္ဘာပေါ်မှာနေရမယ့်အချိန်တွေကုန်သွားပြီလို့
ပြောလာခဲ့ပါတယ် မာ့ခ်တစ်ယောက်သူ့မိသားစုကိုစိတ်မချဘူး၊ သူ့မှာလုပ်စရာတွေကျန်သေးတယ်လို့ပြောပြီး နောက်ဆုံးမှာ အချိန်ရက် ၉၀ ပေးဖို့ညှိနိုင်ခဲ့ပါတယ်
မာ့ခ်တစ်ယောက်သူ့ရဲ့နောက်ဆုံးရက် ၉၀ အတွင်းမှာ ဘာတွေကိုပြင်ဆင်သွားမလဲ၊ အသက်ရှင်နေစဉ် သူသတိမထားမိခဲ့တဲ့
ဘယ်လိုဖြစ်ရပ်တွေရှိနေနိုင်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်