ဖိုးမှန်
Open in Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Show moreThe country is not specifiedThe category is not specified
4 704
Subscribers
-1124 hours
-507 days
-30630 days
Posts Archive
4 703
AI နည်းပညာကြောင့် အလုပ်အကိုင်ဈေးကွက်တွင် ဆူနာမီလှိင်းကဲ့သို ရို-က်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ဟု IMF သတိပေး
ဉာဏ်ရည်တုနည်းပညာ (AI) ဖွံဖြိုးတိုးတက်လာမှုကြောင့် ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်နှင့် အစိုးရများ၏ အခွန်ကောက်ခံမှုစနစ်တိုအပေါ် ဆူနာမီလှိင်းကဲ့သို ကြီးမားသော ရို-က်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ (IMF) ၏ မန်နေးဂျင်းဒါရိုက်တာ ခရစ္စတလီနာ ဂျော်ဂျီဗာက သတိပေးပြောကြားခဲ့သည်။
4 703
မြစ်ကြီးနားမြိုရှိ ဧရာဝတီမြစ်ကမ်းဘေးကမ်းနားလမ်းတစ်လျှောက်၌ Night Market ဖွင့်လှစ်မည်
ကချင်ပြည်နယ်အစိုးရအဖွဲက မြစ်ကြီးနားမြိုရှိ ဧရာဝတီမြစ်ကမ်းဘေးကမ်းနားလမ်းတစ်လျှောက်၌ Night Market ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြစ်ရေကျချိန်ခြောက်သွေ့ကာလ၌ အများပြည်သူအပန်းဖြေအနားယူနိုင်ရေးအတွက် သီတာရပ်ကွက်၊ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းမှ စီတာပူရပ်ကွက်၊ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းအထိ ဧရာဝတီမြစ်ကမ်းဘေးကမ်းနားတစ်လျှောက်ရှိ မြေ (၉)ဧက သဲသောင်ခုံနေရာတွင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
4 703
တောင်ကြီးမြိုတွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်မည်
တောင်ကြီးမြိုတွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။
4 703
M League II ရာသီသစ်တွင် အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးအပ်မည်
M League II 2026-27 ဘောလုံးရာသီတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ပေးအပ်မည်ဖြစ်ပြီး ရာသီအကုန် အကောင်းဆုံးကစားသမားဆုကြေးကိုလည်း ကျပ်သိန်း ၃၀ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။
M League II 2026-27 ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြိုရှိ Mercure Yangon Kabar Aye ဟိုတယ်တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဆိုင်ရာ အစီအစဉ်များနှင့် ဆုကြေးတိုးမြှင့်သတ်မှတ်မှုများကို အသိပေးခဲ့ခြင်းဖြစ်သည်။
4 703
ဝိတိုရိယဆေးရုံ၏ “Smile Mission” အစီအစဉ် ပြန်လည်စတင်မည်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ်ကုသပေးမည်
ဝိတိုရိယဆေးရုံ၏ လူထုအကျိုးပြုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် “Smile Mission” အစီအစဉ်ကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာခံစားနေရသည့် ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
4 703
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို
4 703
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့၊ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ(Indoor Stadium) တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး
4 703
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်အတွင်း ပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုစစ်ဆေး
4 703
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရွှေဝယ်သီရိ အားကစားကွင်း ပွဲကြည့်စင်အသစ်တည်ဆောက်ရန်လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်သမ္မတ က ပွဲကြည့်စင်အသစ်တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အားကစားကွင်းအား စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား။
ထို့နောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေး။
4 703
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေး
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ညောင်ရမ်း (တောင်)ရပ်ကွက်ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်ရှိ စာကြည့်တိုက်အတွင်း စာဖတ်ခန်း၊ E-Library ၊သုတစာအုပ်စင်နှင့် စာကြည့်တိုက် အတွင်း သုတ၊ ရသ စာအုပ်များ စနစ်တကျထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး။
ပြည်သူအသိဉာဏ်ပညာဗဟုသုတတိုးပွားလာစေရန်နှင့် စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေး စာကြည့်တိုက်လုပ်ငန်းများအား စနစ်တကျဖြင့် ဆောင်ရွက်သွားရန်နှင့်စာဖတ်သူများ ပိုမိုတိုးပွားလာစေရေး စည်းရုံးဆောင်ရွက်သွားရန် ထည့်သွင်းမှာကြားခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့။
4 703
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်သမ္မတက
🔹 ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေချိန်နှင့်ဖော်ဆောင်ပြီးစီးပါက ဖြစ်ပေါ် လာနိုင်သည့် လေယာဉ်သွားလာမှုများ ဆိုက်ကပ်ရပ်နားမှုများများပြားလာနိုင်မည်ဖြစ်ကြောင်း၊
🔹 ထားဝယ်လေဆိပ်နှင့်လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ကြိုတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့။
လုပ်ငန်းများဆောင်ရွက်ရာတွင်
🔹 ရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေး၊
🔹 လေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆင်းသက်နိုင်ရေး
🔹 လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများ စနစ်တကျတွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း ထည့်သွင်းမှာကြားခဲ့။
4 703
သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ရန်ကုန်ဆိပ်ကမ်း၌ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လိုပါက ပိတ်ရက်ခကြေး ပေးဆောင်ရမည်
ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့် ချလံရုံးများကို သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်သည့် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ပိတ်ထားမည်ဖြစ်ပြီး ယင်းကာလအတွင်း ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လိုပါက သတ်မှတ်ထားသည့် ပိတ်ရက်ခကြေး (Holiday Fees) ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားသည်။
4 703
ရီယာ့ဒ်လေဆိပ်ကို ဟူသီအဖွဲ၏ တို-က်ခိုက်မှုများအား တူကီယေး၊ ပါကစ္စတန်၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျတို ပူးတွဲရှုတ်ချ
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြိုရှိ ဘုရင်ခါလစ်နိုင်ငံတကာလေဆိပ်ကို ယီမင်ဟူသီအဖွဲက တို-က်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းအပေါ် တူကီယေး၊ ပါကစ္စတန်၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတိုက ပြင်းထန်စွာရှုတ်ချခဲ့ပြီး ယင်းတို-က်ခိုက်မှုများကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ လေးနိုင်ငံပါဝင်သည့် ဒေသတွင်းနိုင်ငံများအုပ်စု (R4) က အောက်တိုဘာ ၁၁ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ဟူသီအဖွဲ၏ တိုက်ခိုက်မှုများသည် အကြောင်းပြချက်တစ်စုံတစ်ရာဖြင့် လက်ခံနိုင်ခြင်းမရှိသည့် အန္တရာယ်ရှိသော ပဋိပက္ခအရှိန်မြှင့်တင်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
4 703
နီပေါနိုင်ငံတွင် ရေကြီးမြေပြိုမှုကြောင့် နိုင်ငံခြားသား တောင်တက်ခရီးသွား ၁၀၀ ကျော် ပိတ်မိနေ
နီပေါနိုင်ငံအလယ်ပိုင်းတွင် သီတင်းပတ်ကုန်ရက်က ဖြစ်ပွားခဲ့သည့် ရေကြီးမြေပြိုမှုကြောင့် တောင်တက်လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီး နိုင်ငံခြားသား တောင်တက်ခရီးသွား ၁၀၀ ကျော် နေရာအသီးသီး၌ ပိတ်မိနေကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
4 703
သထုံမြိုနယ်တွင် မြေဧက ၄၅ ဧကပေါ်၌ သုဝဏ္ဏမွေးမြူရေးဇုန် အကောင်အထည်ဖော်ရန် စီစဉ်နေ
မွန်ပြည်နယ်၊ သထုံမြိုနယ်အတွင်း မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဖွံဖြိုးတိုးတက်စေရေးအတွက် မြေဧရိယာ ၄၅ ဧကပေါ်၌ သုဝဏ္ဏမွေးမြူရေးဇုန်ကို အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မွေးမြူရေးဇုန်ကို သထုံမြိုနယ်၊ ထောင်မှူးကျေးရွာ၊ ကွင်းအမှတ် (၅၁၄)၊ ကျီတီကွင်းရှိ မြေဧရိယာ ၄၅ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
4 703
ဇယ်လန်စကီး အလွန်အကျွံ လုပ်လွန်းနေပြီဟု မတ်စ် ဆို
"ဇယ်လန်စကီး အလွန်အကျွံ လုပ်လွန်းနေပြီ" လို စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်က သူ့ရဲ့ X (တွစ်တာ) အကောင့်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရင်း မတ်စ်က ခုလို ရေးသားခဲ့တာပါ။
ထရမ့်က ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို ယူကရိန်းကို ဝါရှင်တန်က အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်းနဲ့ ဇယ်လန်စကီးအနေနဲ့ ယူကရိန်းပဋိပက္ခကို အကြိမ်ကြိမ် ဖြေရှင်းလို ရနိုင်ပါလျက်နဲ့ မဖြေရှင်းဘဲ ရှောင်လွှနေခဲ့တာလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထရမ့်က ယူကရိန်းအနေနဲ့ သမ္မတသစ် လဲလှယ်ရမယ့်အချိန် ရောက်ပြီဖြစ်ကြောင်းနဲ့ သဘောတူညီချက် ရယူနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရှာဖွေရမယ်လိုလည်း ပြောကြားခဲ့ပါတယ်။
4 703
ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က ICC ကို အမေရိကန်ကပိတ်ဆိုမှု လက်မခံနိုင်စရာဟု ရှုတ်ချ
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို အမေရိကန်က ယခုတစ်ခါ ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆိုလိုက်မှုသည် အဓိပ္ပါယ်မဲ့ပြီး လက်မခံနိုင်စရာဖြစ်ကြောင်း ၂၀၂၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နာဗီပီလေး က ရှုတ်ချပြော ဆိုလိုက်သည်။
တောင်အာဖရိကနိုင်ငံသူ ICC တရားသူကြီးဟောင်း ပီလေးသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဥပဒေကို မြှင့်တင်ဆောင်ရွက်ခဲ့မှုများအတွက် အောက်တိုဘာ ၉ ရက်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသည်။
4 703
မော်လမြိုင်မြို GPS KTV ဝင်းအတွင်း ကားပါကင်၌ အမျိုးသားတစ်ဦးထံမှ Happy Water များ ဖမ်းဆီးရမိ
မော်လမြိုင်မြိုGPS KTV ဝင်းအတွင်း ကားပါကင်၌ အမျိုးသားတစ်ဦးထံမှ Happy Water (စိတ်ပြောင်းဆေးဝါး) များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၁ ရက် ည ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲက မူးယစ်ဆေးဝါးသတင်းအရ GPS KTV အတွင်း စောင့်ဆိုင်းနေစဉ် Clink R – 160 အမျိုးအစားမော်တော်ဆိုင်ကယ်ဖြင့် စီးနင်းဝင်ရောက်လာသူ ချစ်ထူးကျော် (ခ) ချစ်ထူးဆိုသူအား GPS KTV ဝင်းအတွင်းရှိ ကားပါကင်တွင် တားဆီးစစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် အမည်းရောင်ဘောင်းဘီရှည်၏ ဘယ်ဘက်အိတ်ကပ်အတွင်း RC စာတမ်းပါ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော Happy Water အဖြူ/ပန်းရောင်အလေးချိန် ခြောက်ဂရမ်ခန့်ပါ နှစ်ထုပ်၊ စုစုပေါင်း ၁၂ ဂရမ်ခန့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
4 703
သထုံမြိုတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် အပူရှောင်စခန်းအမှတ် (၁) ဖွင့်လှစ်ထား
မွန်ပြည်နယ်၊ သထုံမြိုတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်အန္တရာယ်မှ ဒေသခံပြည်သူများ ကာကွယ်နိုင်ရေးအတွက် ရွှေစာရံစေတီတော်မြတ်ကြီးရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်ကြီး၌ အပူရှောင်စခန်းအမှတ် (၁) ကို ဖွင့်လှစ်ထားကြောင်း သိရသည်။
4 703
ကြည့်မြင်တိုင်မြိုနယ်နှင့် လှိင်မြိုနယ်တိုတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ အောက်တိုဘာ ၁၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၁၀ ရက်နေ့ ၁၅၃၀ အချိန် ကြည့်မြင်တိုင်မြိုနယ်၊ ဆေးငြိမ်းရပ်ကွက်တွင် အောင်မျိုးဦး အား စိတ်ကြွဆေးပြား ၈၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
