ဖိုးမှန်
Open in Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Show moreThe country is not specifiedThe category is not specified
4 377
Subscribers
-2024 hours
-2727 days
-52730 days
Posts Archive
4 378
+9
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲအခမ်းအနား - အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
https://t.me/phoehmann007
#ဖိုးမှန်
4 378
+9
အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) ရဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်များ
https://t.me/phoehmann007
#ဖိုးမှန်
4 378
+5
ဩဂုတ်လ ၁၄ ရက် ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF ကျား ၁၈ ဦး၊ မ ၂ ဦး တို့ လက်နက်/ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာကြောင်းသိရ...
https://t.me/phoehmann007
#ဖိုးမှန်
4 378
+5
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဩဂုတ် ၁၃ ရက်၊ မွန်းလွဲ ၂:၀၀ နာရီ)
⛈ မိုးကြီးနိုင်သော ဒေသများ: ရန်ကုန်၊ ဧရာဝတီ၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် စစ်ကိုင်း(အထက်ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးမည်)
🌧 သတိပြုရန် (မိုးတိမ်တောင်): ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်နှင့် ရှမ်း(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နေမှုကြောင့် ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျကာ လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်)
🏙 မြို့ကြီးများ: နေပြည်တော်နှင့် ရန်ကုန်တွင် မိုး တစ်ကြိမ်၊ နှစ်ကြိမ်၊ မန္တလေးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ (ရာနှုန်းပြည့်)
#ဖိုးမှန်
Ref: မိုး/ဇလ
4 378
+3
ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ထားရှိ
▪️ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် (၈၄၁) စင်တီမီတာသို့ ရောက်ရှိလာသဖြင့် ရေဘေးသင့်ပြည်သူများအတွက် ရွှေယဉ်မျှော်နှင့် အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခုကို ထပ်မံဖွင့်လှစ်ပေးခဲ့ပါတယ်။
▪️ လက်ရှိတွင် ကယ်ဆယ်ရေးစခန်း (၄) ခု၌ စုစုပေါင်း လူဦးရေ (၁၅၈၁) ဦးတို့ကို ယာယီပြောင်းရွှေ့နေရာချထားပေးပြီး တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #KayinState #HpaAn #FloodRelief
4 378
+4
၁၃.၈.၂၀၂၆
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာတွင် ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ။
https://t.me/phoehmann007
#ဖိုးမှန်
4 378
+8
⛴ ကမမောင်းမြို့တွင် ဇက်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
▪️ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေတို့သည် ဩဂုတ်လ ၁၃ ရက်နေ့က မြိုင်ကြီးငူအထူးဒေသနှင့် ကမမောင်းမြို့ အုန်းတောကူးတို့ဇက်ဆိပ်သို့ သွားရောက်ကာ ဇက်ရေယာဉ်များ၏ ကြံ့ခိုင်မှုအခြေအနေများ၊ ရေလမ်းကြောင်းအန္တရာယ်ကင်းရှင်းရေးနှင့် ဇက်ဆိပ် အတက်/အဆင်းနေရာများကို ကွင်းဆင်းစစ်ဆေးခဲ့ကြ။
▪️ ထို့အပြင် တာဝန်ရှိသူများက ကမမောင်း ကိုးနဝင်းဘုန်းတော်ကြီးကျောင်းအတွက် ၃ လစာ လှူဒါန်းငွေ ကျပ်သိန်း (၉၀) ကို ပေးအပ်ခဲ့ကြပြီး၊ အထက်တန်းကျောင်းရှိ ဆိုလာမီးတပ်ဆင်ပြီးစီးမှု၊ သံလွင်မြစ်ရေ မြင့်တက်လာမှုအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ မြို့မဈေး အဆင့်မြှင့်တင်ရေးနှင့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #KayinState #Kamamaung #Transport #Relief
4 378
ပေါ်တင်ကြီးကို ဈေးခေါ်နေပါလား...
ယိုသူမရှက် မြင်သူရှက်ဆိုတာ ဒါမျိုးပြောတာ...
https://t.me/phoehmann007
#ဖိုးမှန်
4 378
+1
အဲဒီမြွေက စစ်တပ်ထောက်ခံတဲ့ကောင် ...
ဒါကြောင့် ငါတို့ရဲလူကို ကိုက်တာ...
ဖမ်းဖမ်း ရအောင်ဖမ်း...
(နီပိတ်လေသံဖြင့် ဖတ်ရန်)
https://t.me/phoehmann007
#ဖိုးမှန်
