ဖိုးမှန်
Open in Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Show moreThe country is not specifiedThe category is not specified
4 295
Subscribers
-3924 hours
-3037 days
-59330 days
Posts Archive
4 284
+6
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ် အထက်တည်ရှိနိုင်။
🚨 စစ်တောင်းမြစ်ရေ တောင်ငူမြို့၌ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။
☁️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။
https://t.me/phoehmann007
#ဖိုးမှန်
4 284
လာမည့် ၄၈ နာရီအတွင်း စစ်တောင်းမြစ်ရေ တောင်ငူမြို့၏စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
ပဲခူးတိုင်းရှိ စစ်တောင်းမြစ်ရေသည် ယနေ့ ဇူလိုင် ၂၃ ရက်ညနေပိုင်းက တိုင်းထွာချက်အရ တောင်ငူမြို့၏စိုးရိမ်ရေမှတ်အောက် (၃)ပေခွဲကျော်အလိုတွင်ရောက်ရှိနေကြောင်း သိရှိရ။
4 284
+2
Press Statement on the ASEAN Five-Point Statement, known as the ASEAN Five-Point Consensus
4 284
+2
အာဆီယံတူညီဆန္ဒ (၅)ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက် (၅)ရပ်နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်။
4 284
ရေဘေး အသိပညာပေး
🚨“ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ”🚨
https://t.me/phoehmann007
#ဖိုးမှန်
4 284
📰 တိုကျိုတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် လူ ၂၆၀ ကျော် အရေးပေါ်ဆေးရုံတင်ရ
🌡 ဂျပန်နိုင်ငံတဝန်း အပူလှိုင်းဆက်တိုက်ဖြတ်နေတာကြောင့် ဇူလိုင်လ ၂၁ ရက်က တိုကျိုမြို့မှာ အပူရှပ်တယ်လို့ ယူဆရသူ လူနာ ၂၆၁ ယောက်ကို ဆေးရုံသို့ တင်ပို့ကုသခဲ့ရပါတယ်။
💬 အဓိက အချက်များ:
🔹 ဇူလိုင် ၂၁ ရက် ည ၉ နာရီအထိ ရရှိတဲ့စာရင်းတွေအရ ဒါဟာ ၂၀၂၂ ခုနှစ်မှစတင် မှတ်တမ်းတင်ခဲ့တဲ့အချက်အလက်တွေထဲမှာ တစ်ရက်တာအမြင့်ဆုံးစံချိန် ဖြစ်လာခဲ့ပါတယ်။
🔹 အရေးပေါ် လူနာတင်ယာဉ်ပြေးဆွဲမှု ၃,၄၅၄ ကြိမ်အထိ ရှိခဲ့ပြီး ၁၉၆၃ ခုနှစ် စာရင်းစတင်ကောက်ယူကတည်းက အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
🔹 အပူရှပ်လူနာတွေထဲမှာ အသက် ၈၀ အရွယ်တွေက ၅၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး အသက် ၇၀ အရွယ် ၅၃ ယောက်နဲ့ အသက် ၅၀ အရွယ် ၂၇ ယောက် အသီးသီးပါဝင်ကာ ဇူလိုင် ၂၁ ရက်က တိုကျိုမြို့လယ်ခေါင်မှာ အပူချိန် ၃၆ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပါတယ်။
#ဖိုးမှန်
#Japan #Tokyo #Heatwave #LocalNews
4 284
ရခိုင်ပြည်နယ်အတွင်း AA ၏ လူမဆန်သော လုပ်ရပ်များအပေါ် ဝေဖန်မှုများ မြင့်တက်လာနေ
📌ရခိုင်ပြည်နယ် လက်ရှိပဋိပက္ခများအတွင်း AA မှ ဒေသခံများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံ ပြည်သူများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဝေဖန်ပြစ်တင်မှုများ မြင့်တက်လာနေပါတယ်။
#ဖိုးမှန်
#Myanmar #Rakhine #AA #HumanRights #LocalNews
4 284
+4
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ် အထက်ဆက်လက်တည်ရှိနိုင်။
☁️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။
https://t.me/phoehmann007
#ဖိုးမှန်
4 284
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ
📌 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia တို့ ဇူလိုင်လ ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြပါတယ်။
📌 ဆွေးနွေးချက်များ: နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
📌 ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာလာစေဖို့အတွက် အဓိက ဦးတည်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
#Myanmar #China #Military #LocalNews
4 284
+5
အောင်ပွဲရကျောက်မြောင်းသားတို အိမ်ပြန်ခရီး
=======================
အကြမ်းဖက်သမားတွေကိုချေမှုန်းသုတ်သင်ပြီး အောင်ပွဲနဲအတူပြန်လာကြတဲ့ ကျောက်မြောင်းမြို့ရှိ နယ်မြေခံတပ်ရင်မှ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တပ်မတော်သားမိသားစုဝင်များက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို
🕊🇲🇲❤️
https://t.me/phoehmann007
#ဖိုးမှန်
4 284
+7
ဝန်းသို သားတို့ရဲ့ ဂုဏ်ယူဖွယ် အိမ်အပြန်ခရီး
ဇူလိုင်လ ၂၂
နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သောအနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဝန်းသိုမြို့ နယ်မြေခံတပ်ရင်းမှ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား
🔸 တာဝန်ရှိသူများ၊
🔸 မိသားစုဝင်များ၊
🔸 ဌာနဆိုင်ရာများ
🔸 ဒေသခံပြည်သူများက
သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...
https://t.me/phoehmann007
#ဖိုးမှန်
4 284
+3
မြန်မာနိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ
==============================
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြို့အခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ လက်ခံတွေ့ဆုံခဲ့။
တွေ့ဆုံစဉ်
🔹နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊
🔹 ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး။
🔹မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊
🔹ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊
🔹နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့်
🔹နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရ။
https://t.me/phoehmann007
#ဖိုးမှန်
4 284
+9
ကလေး-တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက် ချင်း PDF များ ယာယီစိုးမိုးထားသည့် ကမ္မကြီးကျေးရွာကို တပ်မတော်က ချေမှုန်းသိမ်းပိုက်ရရှိ။
22-7-2026
🇲🇲❤️🕊
https://t.me/phoehmann007
#ဖိုးမှန်
