en
Feedback
Cine Mix mm

Cine Mix mm

Open in Telegram

🎬 Welcome to CineMix MM 🎬 ဒီ Channel မှာ 🇰🇷 Korean Drama 🇮🇳 Bollywood Movies 🌍 International Movies & Series အစုံအလင်တင်ပေးပါတယ်။ 🔥 Daily Update 🔥 Subtitle Available 👉 Join Now

Show more
The country is not specifiedThe category is not specified
4 923
Subscribers
+524 hours
+127 days
+3 35230 days
Posts Archive
photo content

500 Days of Summer (2009)

500 Days Of Summer (2009)
Copyright Disclaimer No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use. All rights reserved goes to its rightful owner.

တစုံတယောက်ရဲ့ ရည်းစားမဖြစ်ချင်ဘူးဆိုတဲ့မင်းက အခုတော့တစုံတယောက်ရဲ့ ဇနီးတောင်ဖြစ်နေပါပီလား…😭 500 Days of Summer (2009) အညွှန်း
တစုံတယောက်ရဲ့ ရည်းစားမဖြစ်ချင်ဘူးဆိုတဲ့မင်းက အခုတော့တစုံတယောက်ရဲ့ ဇနီးတောင်ဖြစ်နေပါပီလား…😭 500 Days of Summer (2009) အညွှန်း - Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ… ကျွန်တော်တိုလို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်… ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး… အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်... #crd ချန်နယ် လင့် 👇👇 https://t.me/Cinemixmm ဇာတ်ကား လင့် 👇👇

Kabir Singh (2019) အညွှန်း 🔽 ၂၀၁၉ ခုနှစ် ဘောလီဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh ကားလေးပြန်တင်ပေးလိုက်ပါတယ
Kabir Singh (2019) အညွှန်း 🔽 ၂၀၁၉ ခုနှစ် ဘောလီဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh ကားလေးပြန်တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့Remake ဖြစ်ပါတယ်။အဲ့ဒိတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက်ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်။ဒေါက်တာ ကဗီး(ရ်) ရာဂ်ျဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ဘက်စုံထူးချွန်တဲ့အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့။နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်းဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ပရီသီးဆိုတဲ့ကောင်မလေးပါပဲ။"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ်။အဲ့ဒိထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ်ငါ့အတွက်ကတော့ ဒီကောင်မလေးပဲသူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲအဲ့ဒိတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"အဲ့ဒိလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲကွဲကွာသွားတဲ့အခါမှာတော့. # Crd ချန်နယ်လင့် 👇 https://t.me/mmsubmh4 ဇာတ်ကားလင့် 👇 https://t.me/mmsubmh4/908

P_e-ts O n A Tra-i-n (2025) ရထားပေါ်က တိလေးတို့ရဲ့စွန့်စားခန်း IMDB ⭐️ 6.2/10 ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ rating မြင့်မြင့်က
P_e-ts O n A Tra-i-n (2025) ရထားပေါ်က တိလေးတို့ရဲ့စွန့်စားခန်း IMDB ⭐️ 6.2/10 ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ rating မြင့်မြင့်ကာတွန်းဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဖယ်ကွန်ဆိုတဲ့ရက်ကွန်းလေးဟာ သူ့လိုပဲလေလွင့်တိရစ္ဆာန်လေးတွေအတွက် ခရစ္စမတ်စားသောက်ပွဲတော်လုပ်ပေးဖို့အတွက် ဟန်စ်ဆိုတဲ့ခွေးတူဝက်တူကောင်နဲ့ ရထားပေါ်ကအစားအစာကိုဖြတ်လုဖို့ အစီအစဉ်ဆွဲခဲ့ပါတယ်။ ဒါပေမဲ့ဖယ်ကွန်မသိခဲ့တာကတော့ ဟန်စ်ကတော့သူနဲ့အကြံမတူဘဲ သူ့ရဲ့ရည်ရွယ်ချက်အမှန်ကတော့ ရထားပေါ်မှာပါလာမဲ့ ရဲခွေးရက်စ်ကိုလက်စားချေချင်တာပါ။ ဟန်စ်တစ်ယောက်ရထားကို ဟက်လိုက်ပြီး အရှိန်အမြင့်ဆုံးတင်ကာရထားကို တိုက်မိပြီးမှောက်အောင်လုပ်ဖို့ ကြံရွယ်ပါတော့တယ်။ ရထားပေါ်မှာလည်း လူတစ်ယောက်မှမပါသွားတဲ့အတွက် တိလေးတွေကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုရထားကို ရပ်ကြမလဲဆိုတာကတော့…. #crd ချန်နယ် လင့် 👇👇 https://t.me/moviehouse1200 ဇာတ်ကား လင့် 👇👇 https://t.me/moviehouse1200/642

King Richard (2021) Disclaimer: No copyright infringement intended. I give full credit to the rightful owners

“ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲ” 🎾🏆 ဇာတ်လမ်းအကျဥ်း 🎬 နှစ်နာရီခွဲဆိုတဲ့ အချိန်ကိုဘာမှန်းမသိအောင်ကုန်သွားမယ့် ရုပ်ရှင်မျိုးဖြစ်ပြီး ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ 🎥 တင်းနစ်အားကစားကို ကြိုက်တဲ့သူတွေဆို ဆီရီနာ နှင့် ဗီးနပ်စ်ဝီလီယျံ ကိုသိလောက်မယ်ထင်ပါတယ်။👯‍♀️ တင်းနစ်ကို ဒီဘက်မှာ သိပ်မကြည့်ကြပေမယ့် Grand Slam အိုပင်း နှင့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ‌တွေမှာ 23 နှစ် အထိ အနိုင်ရရှိထားတဲ့ ညီအစ်မနှစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အဆင့်ဆိုတဲ့ 1 နှင့် 2 နေရာတွေကို သူတို့ညီမကပဲ ရယူထားခဲ့ကြတာပါ။ 🌍🥇🥈 ဒီလိုအောင်မြင်မှုတွေတသီကြီးရဖို့ဆိုတာကလည်း သူတို့ဖခင် ရစ်ချက် ဝီလီယျံ ကြောင့်လည်း ပါ၀င်ပါတယ်။👨‍👧‍👧 သူတို့ဖခင်ရဲ့ ပရိုတစ်နစ်ကစားသမားတွေဖြစ်အောင် ကြီးကြပ်ထိန်းကျောင်းမှုနဲ့အတူ သူတို့ညီအစ်မနှစ်ယောက်လည်း ဘယ်လိုတောင် ရုန်ကုန်ကြိုးစားခဲ့ရလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ တ၀ကြီးကြည့်ရှုရမှာဖြစ်ပါတယ်။ 💪 လူမဲမရှိတဲ့ တင်းနစ်ကစားသမားတွေကြား လူမဲညီအမနှစ်ယောက် ကြိုးစားရုန်းကန်ရတယ်ဆိုတာ လူမဲလူဖြူ ခွဲခြားမှုတွေရှိနေတဲ့အချိန်မှာ ပိုလို့တောင် ခက်ခဲမှာပါ။ 🚧🌍 ဒါပေမယ့်လည်း ယုံကြည်ချက်အပြည့်နဲ့ ဖခင်ရဲ့သင်ကြားပေးမှုနဲ့အတူ ညီအစ်မနှစ်ယောက်ရဲ့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်မှုတွေက ဒီလိုအောင်မြင်မှုတွေရရှိလာတာကလည်း လူငယ်တွေအ‌တွက် တော်တော်လေး အတုယူဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ✨👏 ချန်နယ် လင့် 👇👇 https://t.me/Cinemixmm ဇာတ်ကား လင့် 👇👇

photo content

ODYSSEY (2026) ဒီကားကသာမန်ဒဏ္ဍာရီလာစိတ်ကူးယဉ်ဇာတ်လမ်းမျိုးချည်းသက်သက်မဟုတ်ဘဲ Nolan ရဲ့စတိုင်အတိုင်းသမိုင်းကြောင်းနဲ့အဖြစ်မှန်
ODYSSEY (2026) ဒီကားကသာမန်ဒဏ္ဍာရီလာစိတ်ကူးယဉ်ဇာတ်လမ်းမျိုးချည်းသက်သက်မဟုတ်ဘဲ Nolan ရဲ့စတိုင်အတိုင်းသမိုင်းကြောင်းနဲ့အဖြစ်မှန်ကို အခြေခံပြီး တကယ့်ကိုလက်တွေ့ကျကျ မြင်ယောင်လာအောင်ရိုက်ကူးထားတာပါ။ထရိုဂျန်မြင်းကြီးပါတဲ့အခန်းတွေနဲ့ နောက်ဆုံးအဆုံးသတ်တိုက်ပွဲအခန်းတွေဆိုရင်အသက်ရှူမှားလောက်အောင်မိုက်ပါတယ်။ နိုလန်ကတော့ ဒါကို လူ့သဘောနဲ့ပိုနီးစပ်အောင်ပြုပြင်ထားတာပဲဖြစ်ပါတယ်။ အော်ဒစ်ဆီးယပ်စ်တစ်ယောက်  အိမ်မပြန်နိုင်တာဟာ ပိုဆိုက်ဒွန်ကြောင့်လား သူလိပ်ပြာမလုံလို့လား ဆိုတာမျိုး စဉ်းစားစရာဖြစ်အောင် ပြသထားတာပါ။ ဂရိဒဏ္ဍာရီထဲက နာမည်ကြီး Homer ရဲ့ The Odyssey ကို အသက်သွင်းထားတာပါ။ ထရိုဂျန်စစ်ပွဲကြီးအပြီးမှာ အစ်သီကာ ဘုရင် အော်ဒစ်ဆေးယပ်စ်တစ်ယောက် မိန်းမဖြစ်သူ ပန်နယ်လိုပီဆီကို အိမ်ပြန်ဖို့ ကြိုးစားတဲ့ ခရီးစဉ်အကြောင်းပေါ့။ အိမ်အပြန်ခရီးက လွယ်လွယ်ကူကူ မဟုတ်ဘဲ လမ်းမှာ ဒဏ္ဍာရီလာ သတ္တဝါတွေ၊ ဘုရားသခင်တွေရဲ့ အမျက်ဒေါသတွေနဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပါ။ ချန်နယ် လင့် 👇👇 https://t.me/moviehouse1200 ဇာတ်ကား လင့် 👇👇 https://t.me/moviehouse1200/637

"လူရိုးလေးဘဝကနေ သွေးစွန်းနေတဲ့ မြေအောက်လောကရဲ့ နတ်ဆိုးတစ်ပါး ဖြစ်လာတဲ့အခါ.." IMDB ⭐️ 7.8/10 ဇာတ်လမ်းအကျဉ်းလေးကတော့... ကာလီဒါစ
"လူရိုးလေးဘဝကနေ သွေးစွန်းနေတဲ့ မြေအောက်လောကရဲ့ နတ်ဆိုးတစ်ပါး ဖြစ်လာတဲ့အခါ.." IMDB ⭐️ 7.8/10 ဇာတ်လမ်းအကျဉ်းလေးကတော့... ကာလီဒါစာ (ခေါ်) ကာလီ (သို့) K*D ဆိုတာ ရပ်ကွက်ထဲမှာ ရေနံဆီရောင်းရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း နေချင်တဲ့ ရည်မှန်းချက်သေးသေးလေးတွေပဲရှိတဲ့ သာမန် လူငယ်လေးတစ်ယောက်ပါ။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို အေးဆေးပေးမနေပါဘူး။ မထင်မှတ်ထားတဲ့ အလွဲအချော်တွေနဲ့ ပြင်ပအခြေအနေတွေကြောင့် အင်အားကြီးတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ထိပ်တိုက်တိုးပါတော့တယ်။ တစ်ဖက်မှာ သူအားကျရတဲ့ မြေအောက်လောကရဲ့ ဘုရင်ကြီး ဒါ့ခ်ဒေဗာ နောက်တစ်ဖက်မှာ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့ အစ်ကိုအရင်း ဒါမာ နဲ့ သူချစ်ရတဲ့ ကောင်မလေး ဒီလို ရှုပ်ထွေးနေတဲ့ ပတ်သက်မှုတွေကြားမှာ ကာလီ တစ်ယောက် ဘယ်လို ရုန်းကန်ရမလဲ။ မိသားစုကို ကာကွယ်ဖို့၊ သစ္စာဖောက်တွေကို ရှင်းထုတ်ဖို့နဲ့ လက်စားချေဖို့အတွက် ဘဝကို ခပ်ပေါ့ပေါ့ ဖြတ်သန်းနေတဲ့ အောက်ခြေက ကောင်လေးတစ်ယောက် သွေးသံရဲရဲနဲ့ ရာဇဝတ်လောကထဲကို ခြေစုံပစ်ဝင်သွားတဲ့အခါ"နတ်ဆိုး"လို့ တင်စားရတဲ့ K*D အဖြစ် ဘယ်လို အသွင်ပြောင်းသွားမလဲ ဆိုတာကိုတော့.. #crd ချန်နယ် လင့် 👇👇 https://t.me/mmsubmh4 ဇာတ်ကား လင့် 👇👇 https://t.me/mmsubmh4/906

Sir Alex Ferguson:Never Give In (2021) မန်ချက်စတာယူနိုက်တက်ဖန်တွေဘာကြောင့် ဒီလောက်ရဲရတာလဲ…ဆိုပြီး ၁၉ သင်းဖန်တွေအနေနဲ့ ဒွိဟဖြစ
Sir Alex Ferguson:Never Give In (2021) မန်ချက်စတာယူနိုက်တက်ဖန်တွေဘာကြောင့် ဒီလောက်ရဲရတာလဲ…ဆိုပြီး ၁၉ သင်းဖန်တွေအနေနဲ့ ဒွိဟဖြစ်ဖူးကြမှာပါ…တကယ်တော့ Manchester is Red ဖြစ်နေကြတာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အရှုံးမပေးကြေးစိတ်ဓာတ်နဲ့ မန်ယူခေတ်ကို မှီခဲ့ကြလို့ပါပဲ။“အောင်မြင်မှုဆိုတာ အရှုံးမပေးတာကနေအစပြုပါတယ်…” ဖာဂူဆန်ဟာ ဉုံဖွဆိုပြီး အောင်မြင်လာတာတော့မဟုတ်ပါဘူး။လူတိုင်းလူတိုင်းရဲ့ ဘဝမှာ အတက်အကျဆိုတာ ရှိစမြဲပဲမဟုတ်လား..အဲ့လိုပဲ ဖာဂူဆန်အနေနဲ့ ဘောလုံးလောကမှာ ဆာအဲလက်စ်ဆိုတဲ့နာမည်တစ်ခု မရလာခင်ဘာသာရေး၊ နည်းပြမှု၊ ကစားသမားဆက်ဆံရေးစတဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ဒီအခက်အခဲတွေကို လုံးဝအရှုံး မပေးဘဲ ကြိုးစားခဲ့တဲ့ပုံကို Interview, Flashback ပုံစံနဲ့ဖာဂူဆန်ရဲ့သား ဂျေဆင်ဖာဂူဆန်ကိုယ်တိုင် ရိုက်ကူးထားတာပါ။ "The rest is history and You know who he is". ချန်နယ် လင့် 👇👇👇 https://t.me/moviehouse1200 ဇာတ်ကား လင့် 👇👇👇 https://t.me/moviehouse1200/634

Big_Baby (2025)

Big Baby (2025) IMDb Rating (7.0) / Rotten Tomatoes (55%) ဒီဇာတ်ကားကတော့ Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ
Big Baby (2025) IMDb Rating (7.0) / Rotten Tomatoes (55%) ဒီဇာတ်ကားကတော့ Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ J.R. Poli က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Patrick Censoplano, Danielle Baez, Robert LaSardo နဲ့ Josh Server တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်ညွှန်းရေးဆရာ အာဒမ်ဟာ သူရေးသားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါ် ပေါ့ဒ်ကတ်စ် သုံးသပ်သူတွေရဲ့ အဆိုးမြင် ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျပြီး ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။ အဲဒီ စိတ်ဖိစီးမှုတွေကြားထဲကနေပဲ သူဟာ "ကလေးကြီး" လို့ အမည်ရတဲ့ ခန္ဓာကိုယ်ထွားကြိုင်းပြီး ကလေးမျက်နှာဖုံး စွပ်ထားတဲ့ ရက်စက်လွန်းလှတဲ့ မိစ္ဆာလူသတ်သမားတစ်ယောက်အကြောင်း ဇာတ်ညွှန်းအသစ်ကို စတင်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ ရေးသားနေတဲ့ စာအုပ်ထဲက ထိတ်လန့်စရာ သတ်ဖြတ်မှုတွေဟာ လက်တွေ့ပြင်ပမှာပါ တကယ့်အဖြစ်အပျက်တွေလို အစဉ်လိုက် ဖြစ်ပေါ်လာပါတော့တယ်။ #crd ချန်နယ် လင့် 👇👇👇 https://t.me/Cinemixmm ဇာတ်ကား လင့် 👇👇👇

အဘွားဆီက အမွေရဖို့ ကြိုးစားရင်း မျက်ရည်ကျခဲ့ရတဲ့ မြေးတစ်ယောက်ရဲ့ ဇာတ်လမ်း IMDb Rating (8.4) ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရ
အဘွားဆီက အမွေရဖို့ ကြိုးစားရင်း မျက်ရည်ကျခဲ့ရတဲ့ မြေးတစ်ယောက်ရဲ့ ဇာတ်လမ်း IMDb Rating (8.4) ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။ GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့  ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။ How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။ #crd ချန်နယ် လင့် 👇👇👇 https://t.me/bl_only ဇာတ်ကား လင့် 👇👇👇 https://t.me/bl_only/1139

Sardar [2022] အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စပိုင်အက်
Sardar [2022] အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုဗီဂျေးဟာ တမီလ်နာဒုပြည်နယ်တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိပေါ့သူ့ကြောင့်နဲ့တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ် သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီးကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာသူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေသူ့ဆီတော့လာရိုက်ခတ်နေပါတယ် ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့အမည်တပ်ပြီးပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်။ဒါကို သိတဲ့တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကိုရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်... ကဲ ရှေ့ဆက်ရမယ့်ကောင်းခန်းတွေကို ကိုယ်တိုင်သာရှုစားလိုက်ပါတော့နော်. ချန်နယ် လင့်👇👇👇 https://t.me/mmsubmh4 ဇာတ်ကား လင့် 👇👇👇 https://t.me/mmsubmh4/897

Por Thozhil (2023) တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့အမိုက်စား မှုခင်းရုံကားလေးတစ်ခု နဲ့မိတ်
Por Thozhil (2023) တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့အမိုက်စား မှုခင်းရုံကားလေးတစ်ခု နဲ့မိတ်ဆက်ပေးပါ့မယ်.. Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင်ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ ချန်နယ် လင့်👇👇👇 https://t.me/mmsubmh4 ဇာတ်ကား လင့် 👇👇👇 https://t.me/mmsubmh4/894

Secret Zoo (2020) တိရစ္ဆာရုံမှာ အကောင်တွေ မရှိတော့လို့ လူတွေကဘဲ ဟန်ဆောင်ပြီး ပြစားရသောအခါ ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူကို အ
Secret Zoo (2020) တိရစ္ဆာရုံမှာ အကောင်တွေ မရှိတော့လို့ လူတွေကဘဲ ဟန်ဆောင်ပြီး ပြစားရသောအခါ ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူကို အကြွေးနဲ့သိမ်းခံရတော့မယ့် နိုင်ငံခြားက ဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ကုမ္ပဏီကခိုင်းစေလာပါတယ်။လွယ်တယ်ထင်ရပေမယ့် ထူးခြားတာက အဲ့တိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှမရှိတာပါပဲ။ ကျန်တဲ့ အသေးအမွှားတိရိစ္ဆာန်လေးတွေပဲ ကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေကအကြွေးကြောင့် ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။အဲ့ဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဂန်းထယ်ဆူကို ၃လအတွင်းဦးစီးပြီး အကြွေး သိန်းတစ်သောင်းကို JH ကဆပ်ခိုင်းထားပါတယ်။ ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်တွေမရှိတဲ့ တိရိစ္ဆာန်ရုံကိုဦးစီးပြီး အကြွေးဆပ်ဖို့ရှိသမျှအကြံထုတ်ရပါတော့ပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်မလဲ...? ဒီကားလေးနဲ့ ရယ်မောပြီးအနားယူခံစားကြည့်စေချင်ပါတယ်ဗျာ။ #crd ချန်နယ် လင့် 👇👇👇 https://t.me/bl_only ဇာတ်ကား လင့် 👇👇👇

Lucky St-rik-e (2026) ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်သစ်ကြီး Disclaimer: No copyright infringement intended. I give full credit to the rightful owners

Luc-ky St-rike (2026) ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်သစ်ကြီး ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ပူပူနွေးနွေး ထွက်ရှိထားပြီးတော့ ဖြ
Luc-ky St-rike (2026) ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်သစ်ကြီး ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ပူပူနွေးနွေး ထွက်ရှိထားပြီးတော့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူး တင်ဆက်ထားတဲ့အတွက် W-a-r A-c-t-i-o-n ဇာတ်ကားမျိုး ကြိုက်တဲ့သူတွေဆိုရင် မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။ #crd ချန်နယ် လင့် 👇👇 https://t.me/Cinemixmm ဇာတ်ကား လင့် 👇👇