Read Me
Open in Telegram
1 161
Subscribers
+124 hours
-37 days
-1430 days
Posts Archive
1 161
"ဒီစာအုပ်ဟာ... ညဘက် ကောင်းကင်ကို မော့ကြည့်လိုက်တိုင်း လင်းလက်နေတဲ့ ကြယ်လေးတွေလိုပဲ၊ ပိုင်ဆိုင်ခွင့် မရခဲ့ပေမယ့် ရင်ဘတ်ထဲမှာ ထာဝရလင်းလက်နေမယ့် ကိုယ့်ရဲ့ 'အချစ်ဦး' အကြောင်းကို မျက်ရည်ဝဲမတတ် ပုံဖော်ပေးမယ့် မှန်အိမ်တစ်ချပ်ပေါ့ချစ်မေတ္တာကို ကြယ်တွေဆီမှာ ချည်ထားတယ်
1 161
တစ်ခါတလေမှာ ကျွန်တော်တို့ဟာ လူတစ်ယောက်ကို 'ပိုင်ဆိုင်' ရဖို့ထက်၊ ရင်ဘတ်ထဲမှာ အလုံခြုံဆုံး 'သိမ်းဆည်း' ထားဖို့ကို ပိုသဘောကျတတ်ကြတယ်။
အချိန်တွေ ဘယ်လောက်ကြာကြာ၊ ဘယ်တော့မှ မေ့ပစ်လို့မရအောင် စိတ်အောက်ခြေအထိ ထိုးဖောက်ဝင်ရောက်သွားတဲ့... သန့်စင်လွန်းတဲ့ အချစ်မျိုးကို ကြုံဖူးလား?"
💎 သာမန် အချစ်ဝတ္ထုတစ်အုပ် မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ် ကျောင်းဝတ်စုံလေးတွေနဲ့ စတင်ခဲ့တဲ့ အချစ်ဦး၊ ဖွင့်မပြောရဲဘဲ ရင်ထဲမှာပဲ ကြိတ်သိမ်းထားခဲ့ရတဲ့ (Crush) ခံစားချက်တွေကနေစလို့... နှစ်ပေါင်းများစွာ တည်မြဲတဲ့ မေတ္တာတရားတစ်ခုအထိ လူသားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ တွယ်တာမှု (Psychology of Attachment) ကို အနုပညာမြောက်စွာ ပုံဖော်ထားတာပါ။
လူငယ်တွေအတွက် အချစ်ဆိုတာ အမြဲတမ်း ပူလောင်နေဖို့ မဟုတ်ဘဲ၊ ကြယ်လေးတွေလို အဝေးကနေ ငေးကြည့်ရင်းနဲ့တောင် လှပနေနိုင်တယ်ဆိုတဲ့ "ရင့်ကျက်တဲ့ အချစ်ဒဿန" ကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာအောင် ခံစားရစေမှာပါ။
ပျောက်ဆုံးနေတဲ့ အတိတ်က အမှတ်တရတွေကို ပြန်လည်တူးဖော်ပေးမယ့် စာအုပ်ကောင်းလေးပါပဲ။
(ချစ်မေတ္တာကို ကြယ်တွေဆီမှာ ချည်ထားတယ် (နွေအိမ်မောင်ဝင်း)
#Freebooklibrary #စာအုပ်
#freebook1 161
မမြဲခြင်းတရားတွေကို ကျွန်တော်လိုကောင်က ဘယ်ကြိူးနဲ့ ချည်နိုင်မှာလဲ မမရယ်
မမ ငြီးငွေ့သွားတဲ့ ရုပ်သေးရုပ်လေးရယ်ပါ ၊❤️🩹💔
1 161
နေမကောင်းဘူး။ ☁️ စိတ်လဲ မကောင်းဘူး။ 😔 လူငယ်တွေကို အောက်ဆီဂျင်ပေးမယ်။ ကိုယ်တိုင်တော့ အောက်ဆီဂျင်လုံးလုံးမရှိသော နေ့ရက်များ 💨#Freebooklibrary
1 161
အတွေးဆိုတာ တိမ်တွေလိုပါပဲ ☁️၊ လာပြီးရင် ပြန်သွားမှာပါ။ အဲ့ဒီတိမ်တွေနောက်ကို လိုက်မသွားဘဲ 🚫 "အလုပ်" ဆိုတဲ့ မြေပြင်ပေါ်မှာပဲ 🌱 မြဲမြဲရပ်နေဖို့ လိုပါတယ်။
1 161
ဗဟုသုတတွေပဲ လေ့လာနေတာဟာ "အလုပ်လုပ်နေတယ်" လို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာ ပါ (Productive Procrastination) 🎭။ စာအုပ်ဖတ်နေတာ၊ သင်ခန်းစာကြည့်နေတာဟာ ကားမောင်းတတ်အောင် စာအုပ်ကြည့်နေသလိုပါပဲ 📚🚗။ တကယ်မမောင်းမချင်း ဘယ်တော့မှ တတ်မှာမဟုတ်ပါဘူး 🛑။
ကုထုံး: ၁:၃ စည်းကမ်း ကို သုံးပါ 📏။ သင်ခန်းစာ ၁ နာရီ လေ့လာရင် လက်တွေ့အလုပ် ၃ နာရီ လုပ်ရပါမယ် ⏱️။ လေ့လာတာထက် လုပ်ဆောင်တာက ပိုများနေပါစေ 🚀။
1 161
The 2-Day Rule:
ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် (၂) ရက်ဆက်တိုက် မပျက်ပါစေနဲ့။ တစ်ရက်ပျက်ရင် နောက်တစ်ရက်မှာ အင်အားအပြည့်နဲ့ ပြန်စပါ။1 161
အောင်မြင်တဲ့သူတွေနဲ့ မအောင်မြင်တဲ့သူတွေမှာ "ပန်းတိုင်" (Goal) ချမှတ်တာချင်း တူနိုင်ပေမဲ့ "စနစ်" (System) ချမှတ်ပုံချင်း မတူကြပါဘူး။1 161
သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ
"လူ့စိတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းသိမြင်ပြီး လောကကစားပွဲမှာ အသာစီးရယူနိုင်မယ့် စိတ်ပညာလက်နက်တိုက်။"1 161
Look Expensive ဖြစ်တဲ့လူ၊ တန်ဖိုးမြင့်တဲ့လူဖြစ်ဖို့*
ငွေသိန်းသန်းပေါင်းများစွာ ချမ်းသာနေစရာမလိုပါဘူး။
လက်ရှိ ကိုယ့်ရဲ့အနေအထားနဲ့တင် Look Expensive ဖြစ်ဖို့
ပြုပြင်ပြောင်းလဲနိုင်တာတွေ အများကြီးပါ။ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ပါဝင်သလိုစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။
1. ကောင်းကောင်းမွန်မွန်ဝတ်စားပါ။
ဟောင်းနွမ်းတာတွေ မဝတ်ပါနဲ့။ တံဆိပ်အတုတွေ မဝတ်ပါနဲ့။ ကြောင်ကြောင်ကျားကျားတွေ မဝတ်ပါနဲ့။ အဝတ်အစားအများကြီး မဝယ်နိုင်သေးရင် အဖြူ၊ အနက်၊ ခဲ၊ အညိုလို neutral color တွေ ရွေးဝယ်ပါ။ ဗြောင်တွေ ရွေးဝယ်ပါ။ သူတို့က ဘယ်လောက်ဝတ်ဝတ်၊ ထပ်တယ်လို့ မထင်ရစေပါဘူး။ Accessories အနေနဲ့ အိတ်တစ်လုံး၊ နာရီတစ်ခု၊ ဖိနပ်နှစ်ရံလောက်ရှိရင် လုံလောက်ပါပြီ။ ရှိတာလေးနဲ့ပဲ ကာလံဒေသံ လိုက်ဖက်အောင်ပြင်ဆင်ပါ။ တောင်းမှာအကွပ်၊ လူမှာအဝတ်မို့ ငွေကြေးပိုလျှံတဲ့အခါ အဝတ်အစားတွေ ဝယ်ထားပါ။ အရေးကြီးရင်ကြီးသလို သေချာဝတ်ဆင်ပါ။
2. တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ။
ခြေသည်းလက်သည်းလေးတွေ သန့်ရှင်းပြီး တစ်ကိုယ်လုံး မွှေးရနံ့သင်းနေတဲ့လူဟာ တန်ဖိုး auto မြင့်ပါတယ်။ သန့်သန့်ရှင်းရှင်းမရှိဘူးဆိုရင်တော့ ရုပ်ဘယ်လောက်ချောချော နှာခေါင်းရှုံ့ခံရမှာပေါ့။ ခန္ဓာကိုယ်၊ သွား၊ ဆံပင်နဲ့ ခြေသည်းလက်သည်းလေးတွေကို အမြဲသန့်ရှင်းအောင်ထားပါ။ Roll-on သုံးပါ။ ကိုယ်တတ်နိုင်တဲ့ ရေမွှေးသုံးပါ။ အမြဲ သန့်သန့်လေးနဲ့ မွှေးမွှေးလေးဖြစ်အောင် ဂရုစိုက်ပါ။
3. ဗဟုသုတနဲ့ ဘဝအတွေ့အကြုံတွေ စုဆောင်းပါ။
လူတွေနဲ့တွေ့ဆုံတဲ့အခါပဲဖြစ်ဖြစ်၊ အလုပ်တွေလုပ်ကိုင်တဲ့အခါပဲဖြစ်ဖြစ် ပညာရဲရင့်မှ ပွဲလယ်တင့်မှာဖြစ်ပါတယ်။ ပညာဆိုတာ ကျောင်းပညာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဗဟုသုတနဲ့ ဘဝအတွေ့အကြုံတွေကို ဆိုလိုတာဖြစ်ပါတယ်။ စာတွေဖတ်ပါ။ ရုပ်ရှင်တွေကြည့်ပါ။ ခရီးတွေထွက်ပါ။ ဗဟုသုတနဲ့ ဘဝအတွေ့အကြုံတွေများလေလေ၊ တန်ဖိုးမြင့်တဲ့သူဖြစ်လေလေပါပဲ။
4. လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေ ထိန်းသိမ်းပါ။
တွေ့ရာနေရာ အမှိုက်မပစ်တာ၊ ကျော်မတက်ဘဲ အလှည့်ကျတန်းစီတာ၊ သူများကိုယ်ရေးကိုယ်တာကို မစပ်စုတာ၊ ဖုန်းမကိုင်ရင် နှစ်ခါထက်ပိုမခေါ်တာ စတဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေကို သေးသေးလေးကအစ သေသေချာချာစောင့်ထိန်းတဲ့သူဟာ လူ့ဘောင်အဖွဲ့အစည်းအတွက် တန်ဖိုးရှိတဲ့သူဖြစ်ပါတယ်။
5. မှန်မှန်ကန်ကန် ဝင်ငွေရှာဖွေပါ။
လူတိုင်း လူတိုင်း ဝင်ငွေရှာဖွေရပါတယ်။ အလုပ်လုပ်မှ ဝင်ငွေရှာတာ မဟုတ်ပါဘူး။ လမ်းဘေးမှာတောင်းစားတာလည်း ဝင်ငွေရှာတာပါပဲ။ သူများငွေကို အချောင်မယူရပါဘူး။ သူများငွေကို လိမ်လည်မယူရပါဘူး။ သူများငွေကို မတရားမယူရပါဘူး။ သူများငွေချေးပြီးရင် ပြန်မဆပ်ဘဲ မနေရပါဘူး။ သမာအာဇီဝကျကျ အလုပ်လုပ်တဲ့သူဟာ တန်ဖိုးမြင့်တဲ့သူပါပဲ။1 161
လောကကြီးမှာ အကြောက်စရာအကောင်းဆုံး ရန်သူဟာ ကိုယ့်ရဲ့ 'စိတ်' ပါပဲ။
“ကိုယ့်စိတ်ကို ကိုယ်တိုင် မကြိုးကိုင်နိုင်ရင်၊ တခြားသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုအောက်ကို အလိုလို ရောက်သွားလိမ့်မယ်” ဆိုတဲ့ အချက်က ဒီစာအုပ်ရဲ့ အသက်ပါ။
ဆရာကြီး ဒေါက်တာကျော်စိန်က နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ လူမှုဆက်ဆံရေး ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဆုံးဖြတ်ချက်ချရာမှာ မှားယွင်းတတ်တဲ့ စိတ်ပညာသဘောတရားတွေကို သွေးအေးအေးနဲ့ ထောက်ပြထားပါတယ်။ ဒီစာအုပ်ဟာ သင့်ကိုယ်သင် ပြန်လည် Master လုပ်နိုင်မယ့် လက်နက်တိုက်တစ်ခုပါပဲ။
#Freebooklibrary1 161
ချစ်တဲ့သူကို ချစ်ကြောင်းပြောထား။ ခွင့်လွှတ်ဖို့လဲ မမေ့နဲ့ ကျေးဇူးတင်ဖို့လဲ မမေ့နဲ့ ။ ဒီကမ္ဘာဟာ မနက်ဖြန်တောင် မသေချာဘူး ။ - မယ်ညို
