en
Feedback
Note

Note

Open in Telegram

Show more
The country is not specifiedThe category is not specified
330
Subscribers
No data24 hours
-27 days
-5330 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
August '26
August '260
in 1 channels
July '26
+383
in 0 channels
Get PRO
June '260
in 1 channels
Get PRO
May '26
+1
in 1 channels
Date
Subscriber Growth
Mentions
Channels
18 August0
17 August0
16 August0
15 August0
14 August0
13 August0
12 August0
11 August0
10 August0
09 August0
08 August0
07 August0
06 August0
05 August0
04 August0
03 August0
02 August0
01 August0
Channel Posts
တကယ်တော့.... ကိုယ်တို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံးဖြစ်ခဲ့ကြသလို၊ တစ်ယောက်ကိုတစ်ယောက် အချစ်ဆုံးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်.....။ ဒါပေမဲ့ လောကကြီးရဲ့ "အဆင်မပြေမှု" ဆိုတဲ့ စည်းမျဉ်းတစ်ခုကြားမှာ ကိုယ်တို့နှစ်ယောက်စလုံး ဒူးထောက်အရှုံးပေးခဲ့ရတယ်နော်။ မင်းကို ကိုယ်တောင်းပန်ချင်တာကလေ.... ကိုယ်တို့အတူတူရှိခဲ့စဉ်က မင်းအပေါ် နားလည်မှုမပေးနိုင်ခဲ့တဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ မရင့်ကျက်မှုတွေကြောင့် မင်းမျက်ရည်ကျခဲ့ရတဲ့ ခဏတာတွေအတွက် တကယ်တောင်းပန်ပါတယ်။ ကိုယ့်ကြောင့် မင်းစိတ်ညစ်ခဲ့ရတာတွေကိုပဲ မေ့ဖျောက်ပစ်ခဲ့ပြီး ကိုယ်တို့အတူတူရယ်မောခဲ့တဲ့ အချိန်လေးတွေကိုပဲ မှတ်မိနေပေးပါ။ နောက်ပြီး..... မင်းကို ကိုယ်ကျေးဇူးတင်ပါတယ် ကိုယ့်ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေမှာ မင်းဟာ အလင်းရောင်တစ်ခု ဖြစ်ပေးခဲ့လို့ပါ။ လူတွေအများကြီးကြားထဲမှာ ကိုယ့်ကိုရွေးချယ်ပြီး ချစ်ပေးခဲ့လို့၊ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို သည်းခံပေးခဲ့လို့ မင်းကိုအမြဲတမ်း ကျေးဇူးတင်နေမှာပါ။ မင်းနဲ့တွေ့ခဲ့ရတာဟာဘဝရဲ့အလှပဆုံး အချိန်တစ်ခုပါပဲ။ ကိုယ်မှာချင်တာကတော့..... ရှေ့ဆက်မယ့် မင်းရဲ့နေ့ရက်တွေမှာ ကိုယ်မရှိတော့တဲ့နောက် မင်းကိုယ်မင်း ပိုချစ်ပါ။ ကိုယ့်ကိုသတိရလို့ ဝမ်းနည်းနေမယ့်အစား မင်းရဲ့အိမ်မက်တွေကိုပဲ အကောင်အထည်ဖော်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင်တောင်တစ်ဖက်လူ ပျော်ရွှင်နေတာကို မြင်ရရုံနဲ့ ကျေနပ်ရတာမျိုးပါ။ တကယ်လို့ တစ်နေ့နေ့မှာ မင်းကို ကိုယ့်ထက်ပိုချစ်တဲ့သူ၊ ကိုယ့်ထက်ပိုပြီး ဂရုစိုက်နိုင်တဲ့သူနဲ့ တွေ့ခဲ့ရင်... ဝန်လေးမနေဘဲ အပြည့်အဝလက်ခံလိုက်ပါ။ မင်းရဲ့ပျော်ရွှင်မှုက ကိုယ့်အတွက် အဝေးကကြည့်နေရမယ့် ဆုလာဘ်တစ်ခုမို့ပါ။ အဆုံးသတ်မှာ.... ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက နိဂုံးမလှခဲ့ပေမယ့် "ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြဖူးတယ်" ဆိုတဲ့ အသိလေးနဲ့တင် ကိုယ့်ဘဝက ပြည့်စုံပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူ့အနားမှာပဲရှိရှိ... မင်းအမြဲတမ်း ပြုံးနေနိုင်ပါစေ။ မင်းကိုအဝေးကနေ အမြဲဆုတောင်းပေးနေမယ့် တစ်ချိန်က မင်းကိုအရမ်းချစ်ခဲ့တဲ့ " လူ " -crd

2
Zodiac sign တွေရဲ့ love language များ (1) Aries ♈️ 👉 ဖတ်ရန် (2) Taurus ♉️ 👉ဖတ်ရန် (3) Gemini ♊️👉 ဖတ်ရန် (4) Cancer ♋️ 👉 ဖတ်ရန် (5) Leo ♌️ 👉 ဖတ်ရန် (6) Vigro ♍ 👉 ဖတ်ရန် (7) Libra ♎️ 👉 ဖတ်ရန် (8) Scorpio ♏️ 👉ဖတ်ရန် (9) Sagittarius ♐️ 👉ဖတ်ရန် (10) Capricorn ♑️ 👉ဖတ်ရန် (11) Aquarius ♒️ 👉ဖတ်ရန် (12) Pisces ♓️ 👉ဖတ်ရန် #zodiac_sign_love_languages #crd
87
3
Pisces တို့ရဲ့ Love Language (၅) မျိုး (၁) Pisces တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နားထောင်သူတွေပါ ။ သူတို့ဟာ ချစ်သူက စိတ်ညစ်လို့ပဲဖြစ်ဖြစ် အလုပ်အဆင်မပြေလို့ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ စိတ်ကူးအိပ်မက်တွေကိုပဲဖြစ်ဖြစ် ရင်ဖွင့်လာရင် သူတို့က လှောင်ပြောင်တာမျိုး လုံးဝမလုပ်ဘဲ သေချာနားထောင်ပေးတတ်ပါတယ်  ။ (၂) Pisces တို့ရဲ့ အချစ်က ရိုးရိုးရှင်းရှင်းကြီး မဟုတ်ဘဲ နည်းနည်း စိတ်ကူးယဉ်ဆန်ပါတယ် ။ ချစ်သူကို ပျော်စေချင်လွန်းလို့ အသေးအဖွဲလေးကအစ အနုပညာဆန်ဆန် ဂရုစိုက်တတ်ကြပါတယ် ။ ဥပမာ- - ချစ်သူ ကြိုက်တတ်တဲ့ သီချင်းလေးတွေနဲ့ Playlist လုပ်ပေးတာ ၊ စာနာစိတ်အပြည့်နဲ့ ဂရုစိုက်တဲ့ စာတိုလေးတွေ ပို့ထားတာ ၊ ဒါမှမဟုတ် နှစ်ယောက်တည်း ရှိမယ့် ရိုမန်တစ်ဆန်တဲ့ Date မျိုးကို ဖန်တီးပေးတာမျိုးပါ ။ သူတို့နဲ့ တွဲရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရုပ်ရှင်ထဲက ဇာတ်လိုက်တစ်ယောက်လို ခံစားရစေမှာ အသေအချာပါပဲ ။ (၃) Pisces တို့မှာ ပင်ကိုယ်ဗီဇအရကို သူတပါးရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနိုင်တဲ့ (Empath) စွမ်းရည် ရှိကြပါတယ် ။ သူတို့ဟာ ချစ်သူ မျက်နှာနည်းနည်း ညှိုးရုံနဲ့တင် ဘာဖြစ်နေလဲဆိုတာကို ချက်ချင်း ရိပ်မိတတ်ကြပါတယ် ။ ဒါကြောင့် ချစ်သူ စိတ်ဆိုးဒေါသထွက်နေရင် ဒါမှမဟုတ် စိတ်ဓာတ်ကျနေရင် တူတူ ညင်ညင်သာသာ ဖက်ထားပေးတာမျိုး စိတ်အေးချမ်းစေမယ့် စကားလုံးတွေနဲ့ ချော့မော့ပေးတာမျိုးလေးတွေ လုပ်ပေးလေ့ ရှိကြပါတယ် ။ (၄) Pisces တွေနဲ့ ချစ်သူတော်ရတဲ့အထဲ အကောင်းဆုံးအရာကတော့ အရမ်းအလိုလိုက်ခံရတာပါပဲ ။ သူတို့ဟာ အချစ်အတွက်ဆိုရင် ကိုယ့်ရဲ့ လိုအင်တွေထက် ချစ်သူ ဘာစားချင်လဲ ၊ ဘယ်သွားချင်လဲ ၊ ဘာလုပ်ချင်လဲဆိုတာကို ဦးစားပေးတတ်ပါတယ် ။  သူတို့ဟာ ချစ်သူ ပျော်နေတာကို မြင်ရရင်ပဲ သူတို့လည်း လိုက်ပျော်နေတတ်တဲ့ လူစားမျိုးတွေပါ ။ (၅) သူတို့ဟာ ချစ်သူအပေါ် အရမ်းသစ္စာရှိပြီး ကတိတည်တတ်ကြပါတယ် ။ ချစ်သူကို သူတို့ရဲ့ ဘဝအစိတ် အပိုင်းတစ်ခုလို သဘောထားတာကြောင့် လျှို့ဝှက်ချက်မထားဘဲ ပွင့်လင်းစွာ ဆက်ဆံတတ်ပါတယ် ။ တဖက်လူက်ို “ငါ့ချစ်သူရှိရင် ဘာမှပူစရာမလိုဘူး” ဆိုတဲ့ ရွေးချယ်စရာမလိုတဲ့ ခံစားချက်မျိုး ရအောင်ပေးတတ်တာဟာ Pisces တွေရဲ့ အားသာချက်ပါပဲ။ #crd #Pisces_love_language #zodiac_sign
38
4
Aquarius တို့ရဲ့ Love Language (၅) မျိုး (၁) Aquarius တို့ဟာ ရုပ်ရည်ထက် အတွေးအခေါ်ကို ပိုဦးစားပေးပါတယ် ။ Aquarius တစ်ယောက်ဟာ သင်နဲ့ အတူ ကမ္ဘာကြီးအကြောင်း ၊ စကြဝဠာအကြောင်း ဒါမှမဟုတ် ထူးဆန်းတဲ့ သီအိုရီတွေအကြောင်း နာရီပေါင်းများစွာ ငြင်းခုံဆွေးနွေးလို့ ရနေပြီဆိုရင် ဒါဟာ သူ သင့်ကို အတော်လေး သဘောကျနေလို့ပါ ။ (၂) “ငါ့ကို ချစ်ရင် ငါ့ကို လွှတ်ထားပေးပါ" ဆိုတာ Aquarius တွေရဲ့ ဆောင်ပုဒ်ပါ ။ သူတို့ဟာ ချစ်သူဖြစ်သွားလို့ဆိုပြီး တစ်ချိန်လုံး တွယ်ကပ်နေတာမျိုးကို မကြိုက်သလို တစ်ဖက်လူကိုလည်း လွတ်လပ်ခွင့် အပြည့်အဝ ပေးတတ်ပါတယ် ။ သင့်ရဲ့ ကိုယ်ပိုင် ဝါသနာတွေ၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာတွေကို နားလည်ပေးပြီး "ငါ့ကမ္ဘာထဲမှာ မင်းရှိသလို၊ မင်းကမ္ဘာထဲမှာလည်း မင်းရှိပါစေ" ဆိုတဲ့ ပုံစံနဲ့ ချစ်တတ်ကြပါတယ် ။ (၃) Aquarius တွေဟာ လက်ဆောင်ပေးတဲ့အခါ ပန်းစည်း ဒါမှမဟုတ် ချောကလက်လို ရိုးရိုးလက်ဆောင်မျိုးထက် တစ်မူထူးခြားတဲ့လက်ဆောင်တွေ ပေးရတာကို ပိုနှစ်သက်ပါတယ် ။ သင်စိတ်ဝင်စားနေတဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ ရှားပါးစာအုပ် ၊ သင်တစ်ခါက ပြောဖူးတဲ့ အမှတ်တရပစ္စည်းလေး ဒါမှမဟုတ် သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုခုကို ပေးတတ်ပါတယ် ။  သူတို့ပေးတဲ့ လက်ဆောင်တိုင်းမှာ "မင်းအကြောင်းကို ငါသေချာ လေ့လာထားတယ်" ဆိုတဲ့ အဓိပ္ပာယ် ပါနေတတ်ပါတယ် ။ (၄) Aquarius တွေဟာ ရိုမန်တစ်ဆန်တဲ့ စကားလုံးတွေထက် သင့်ရဲ့ အခက်အခဲတွေကို အကောင်းဆုံး အကြံပေးဖော် ၊  အခင်ဆုံး သူငယ်ချင်းတစ်ယောက်လို ဘေးနားက ရပ်တည်ပေးခြင်းနဲ့ အချစ်ကို သက်သေပြတတ်ပါကြတယ် ။ ဒါကြောင့် Aquarius တစ်ယောက်နဲ့ တွဲတဲ့အခါ “ချစ်သူ" တစ်ယောက်အပြင် “အချစ်ဆုံး သူငယ်ချင်းတစ်ယောက်” ပါ အပိုထပ်ဆောင်းရစေသလို ခံစားရမှာ အသေအချာပါပဲ ။ (၅) Aquarius တို့ဟာ အနာဂတ်ကို အမြဲကြည့်တတ်တဲ့ ရာသီဖွားတွေ ဖြစ်တာကြောင့် သင့်ကို သူတို့ရဲ့ "နောင် (၁၀) နှစ်စာ အစီအစဉ်" တွေထဲမှာ ထည့်သွင်းပြောဆိုလာပြီဆိုရင် ဒါဟာ သင့်ကို တကယ်လေးနက်နေပြီဆိုတဲ့ လက္ခဏာပါ ။  အတူတူ တိုးတက်ဖို့ အတူတူ လေ့လာဖို့နဲ့ ဘဝရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးတာဟာ သူတို့ရဲ့ အနှစ်သာရရှိဆုံး အချိုမြိန်ဆုံး Love Language တစ်ခုပဲ ဖြစ်ပါတယ် ။ #zodiac_sign #Aquarius_love_language #crd
32
5
Capricorn တို့ရဲ့ Love Language (၅) မျိုး (၁) Capricorn တွေအတွက် "စကားလုံး" ထက် "လုပ်ရပ်” က ပိုအရေးကြီးပါတယ် ။ “ငါ မင်းကို ချစ်တယ်" လို့ တဖွဖွပြောနေမယ့်အစား သူတို့ဟာ ချစ်ရသူအတွက် လုပ်ငန်းခွင်/ငွေကြေးအခက်အခဲတွေကို ကူညီဖြေရှင်းပေးတာ ဒါမှမဟုတ် ရည်မှန်းချက်တွေအောင်မြင်ဖို့ နောက်ကွယ်ကနေ ပံ့ပိုးပေးတာမျိုးနဲ့ အချစ်ကို ဖော်ပြတတ်ကြပါတယ် ။ သူတို့က တဖက်လူရဲ့ဘဝကို ပိုမိုလွယ်ကူချောမွေ့အောင် လုပ်ပေးခြင်းဖြင့် ချစ်ခြင်းကို သက်သေပြသူတွေပါ ။ (၂) Capricorn တွေဟာ အလုပ်အရမ်းကြိုးစားသူတွေဖြစ်တာကြောင့် သူတို့ရဲ့ "တန်ဖိုးရှိတဲ့အချိန်" ကို သင့်အတွက် ဖယ်ပေးထားတယ်ဆိုရင် ဒါဟာ သင့်ကို တကယ်ချစ်လို့ပါ ။ ဖုန်းတွေပိတ်ထားပြီး နှစ်ယောက်တည်း အနာဂတ်အကြောင်း ဆွေးနွေးတာ / တိတ်ဆိတ်တဲ့နေရာမှာ အတူရှိနေတာမျိုးက သူတို့အတွက် အလေးအနက်ထားတဲ့ သူတို့ရဲ့အချစ်ကို ဖော်ပြပုံပါပဲ ။ (၃) Capricorn တွေဟာ ချစ်သူကို လက်ဆောင်ပေးတဲ့အခါမှာ တဖက်လူအတွက် အသုံးတည့်ပြီး အရည်အသွေးကောင်းတာလေးတွေကိုသာ ပေးလေ့ရှိပါတယ် ။ သူတို့ရဲ့ လက်ဆောင်တွေက "မင်းရဲ့ဘဝမှာ ငါအမြဲရှိနေတယ်" ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြလို့နေပါတယ် ။ (၄) Capricorn တွေဟာ အပြင်ပန်းမှာ တည်ငြိမ်အေးစက်သလို ထင်ရပေမယ့် သူတို့တကယ်ချစ်တဲ့သူနဲ့ဆိုရင်တော့ အရမ်းနွေးထွေးကြပါတယ် ။ သူတို့ဟာ လူကြားထဲမှာ သိပ်ပြီး ချစ်မပြတတ်ပေမယ့် နှစ်ယောက်တည်း အတူရှိနေချိန်မှာတော့ လက်ကိုင်ထားတာ၊ ပုခုံးလေးဖက်ထားတာမျိုးတွေ လုပ်ကြပါတယ် ။ ဒါဟာ သူတို့ချစ်ရသူကို နွေးထွေးမှုနဲ့ စိတ်လုံခြုံမှုပေးတဲ့ နည်းလမ်းတစ်မျိုးပါ ။ (၅) Capricorn တွေဟာ ဟန်ဆောင်ပန်ဆောင် ချီးမွမ်းလေ့မရှိပါဘူး ။  ဒါပေမယ့် သင့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ စကားတစ်ခွန်း ပြောပြီဆိုရင် ဒါဟာ သူတို့ရဲ့ နှလုံးသားထဲက ထွက်လာတဲ့ စစ်မှန်တဲ့စကားတွေပဲ ဖြစ်ပါတယ် ။ အားပေးစကားတွေ ချီးကျုးစကားတွေပြောတယ်ဆိုတာ သူတို့ရဲ့ Love Language တစ်မျိုးပါပဲ ။ #crd #zodiac_sign #Capricorn_love_language
27
6
Sagittarius တို့ရဲ့ Love Language (၅) မျိုး (၁) Sagittarius တို့ဟာ စွန့်စားရတာကို အလွန်နှစ်သက်ပါတယ် ။ “ကမ္ဘာပတ်ရင် မင်းကို တစ်ပါတည်း ခေါ်သွားချင်တယ်" ဆိုတာဟာ သူတို့ရဲ့ အကြီးမားဆုံးသော အချစ်ကို ဖော်ပြခြင်းပဲ ဖြစ်ပါတယ် ။ သူတို့ရဲ့ ဘဝရည်မှန်းချက်က အချစ်ဆုံးသူနဲ့အတူ နေရာသစ်တွေကို သွားမယ် ၊  အစားအစာအသစ်တွေကို မြည်းစမ်းမယ် ၊ ခရီးတွေ အတူတူထွက်မယ် ဆိုတာမျိုးပါ ။ ဒါကြောင့် Sagittarius တစ်ယောက်က သင့်ကို သူနဲ့အတူတူ ခရီးသွားဖို့ ခေါ်နေတယ်ဆိုရင်တော့ ဒါဟာ သင့်ကို တကယ်ချစ်လို့ပါပဲ ။ (၂) Sagittarius တို့ဟာ ချိုသာတဲ့ စကားလုံးတွေထက် "ရိုးသားမှု" ကို ပိုဦးစားပေးပါတယ် ။ တကယ်လို့ Sagittarius တစ်ယောက်ဟာ သင့်ကို သူတို့ရဲ့ အတွင်းစိတ်ကို ဖွင့်ဟပြတဲ့အပြင် သင်စိတ်ဆိုးမှာ အထင်လွဲမှာတောင် မကြောက်ဘဲ စကားကိုပွင့်ပွင့်လင်းလင်း တည့်တိုးပြောဆိုနေပြီဆိုရင်တော့ အခြေအနေကောင်းပြီလို့သာ မှတ်လိုက်ပါတော့ ။ (၃) Sagittarius တွေဟာ ဗဟုသုတ ရှာမှီးရတာကို ဝါသနာပါသူတွေပါ ။ ဒါကြောင့် သူတို့ချစ်တဲ့သူကိုလည်း အသစ်အသစ်သော အရာတွေကို  သင်ယူနိုင်ဖို့ အမြဲတွန်းအားပေးတတ်ပါတယ် ။ စာအုပ်ကောင်းလေးတွေ လက်ဆောင်ပေးတာ  စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို နာရီပေါင်းများစွာ ဆွေးနွေးတာတွေဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ ဖော်ပြမှုတစ်မျိုးပါပဲ ။ (၄) ဒါဟာ Sagittarius တွေဆီမှာသာ ရနိုင်တဲ့ အဖိုးတန်ဆုံး love language တစ်ခုပါ ။ သူတို့ဟာ လွတ်လပ်မှုကို မြတ်နိုးသူတွေမို့လို့  သူတို့ချစ်တဲ့သူကိုလည်း "ချုပ်ချယ်ခြင်း ကင်းမဲ့တဲ့ အချစ်" ကိုပဲ ပေးအပ်တတ်ပါတယ် ။ သင့်ရဲ့ ကိုယ်ပိုင်ဝါသနာ၊ ကိုယ်ပိုင်အချိန်တွေကို နားလည်ပေးပြီး အနားမှာ အရိပ်တကြည့်ကြည့် မနေဘဲ ယုံကြည်မှု အပြည့်အဝပေးထားတာဟာ သူတို့ရဲ့ ချစ်ခြင်းကို ဖော်ပြတာပါ ။ (၅) Sagittarius တွေဟာ ဟာသဉာဏ် ရွှင်သူတွေပါ ။ သူတို့ အချစ်ခံရသူဟာ ဘယ်တော့မှ ပျင်းနေရမှာ မဟုတ်ပါဘူး ။ Sagittarius တို့ဟာ သူတို့ရဲ့ အခက်အခဲတွေကိုတောင် ဟာသကလေးနှောပြီး တဖက်လူကို ရယ်မောအောင် လုပ်နိုင်တဲ့ စရိုက်ရှိသူတွေပါ ။ ဒါကြောင့် Sagittarius တွေဟာ သူတို့ရဲ့ချစ်သူကို ဘဝရဲ့ အနိမ့်အမြင့်အတက်ကျ တိုင်းမှာ အမြဲပြုံးပျော်နေအောင် ဖန်တီးပေးနိုင်စွမ်းရှိသူတွေပါ ။ Sagittarius တစ်ယောက်နဲ့တွဲမယ်ဆိုရင် လူမချမ်းသာရင်တောင် ဘယ်တော့မှ စိတ်ဆင်းရဲရမှာ မဟုတ်ပါဘူး ။ #crd #Sagittarius_love_language #zodiac_sign
26
7
Scorpio တို့ရဲ့ Love Language (၅) မျိုး (၁) Scorpio တွေအတွက် "အချိန်ပေးခြင်း" ဆိုတာဟာ ရိုးရိုးတန်းတန်း အတူရှိနေတာမျိုး မဟုတ်ဘဲ “Emotional Intimacy” လို့ခေါ်တဲ့ “စိတ်ချင်းထိတွေ့မှု” ရယူတာပါ ။ Scorpio တွေဟာ သူတို့ချစ်ရတဲ့သူနဲ့ဆိုရင် လောကကြီးကို မေ့ထားပြီး နှစ်ယောက်တည်းရှိနေတဲ့ ခံစားချက်မျိုးကို ဖန်တီးချင်ကြပါတယ် ။ သူတို့ရဲ့ အကြီးမားဆုံး Love Language ကတော့ သစ္စာရှိမှုပါပဲ ။ ဒါကြောင့် သူတို့ဟာ “ငါ့ဘက်မှာ မင်းရှိနေတယ်" ဆိုတဲ့ ခံစားချက်ကို အချိန်ပေးမှုကတစ်ဆင့် သက်သေပြလေ့ရှိပါတယ် ။ (၂) Scorpio တွေဟာ အပေါ်ယံ အမွှန်းတင်စကားတွေကို သဘောမကျပါဘူး ။  သူတို့ရဲ့ Love Language က နက်ရှိုင်းပြီး အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေ ဖြစ်ပါတယ် ။ “မင်းကိုချစ်တယ်" ဆိုတဲ့ စကားထက် "မင်းရဲ့ ဒီလိုစိတ်ဓာတ်မျိုးကို ငါလေးစားတယ်" ဒါမှမဟုတ် "မင်းရဲ့ အားနည်းချက်တွေကိုပါ ငါလက်ခံတယ်" ဆိုတဲ့ စကားမျိုးတွေက Scorpio တို့အတွက် သူတို့ရဲ့အချစ်ကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုပါ ။ (၃) Scorpio တွေဟာ သူတို့ချစ်တဲ့သူအပေါ်မှာ ကာကွယ်စောင့်ရှောက်ပေးလိုစိတ် အရမ်းကို မြင့်မားကြပါတယ် ။ သူတို့ဟာ တစ်ဖက်သား အခက်အခဲကြုံနေရချိန်မှာ ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးတာ ၊ ပြဿနာတွေကို ဖြေရှင်းပေးတာမျိုးတွေဟာ သူတို့ရဲ့ "ချစ်ခြင်း" ကို ဖော်ပြတာပါပဲ ။ (၄) Intensity အရှိဆုံး ရာသီဖွားတွေ ဖြစ်တဲ့အတိုင်း ကိုယ်ခန္ဓာချင်းအထိအတွေ့ ကလည်း သူတို့အတွက် အရေးကြီးပါတယ် ။  ဒါဟာ ကာမဂုဏ်တစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ ယုံကြည်မှု (Trust) ကို ဖော်ပြတာပါ ။ Scorpio တစ်ယောက်က သင့်လက်ကို မြဲမြဲဆုပ်ကိုင်ထားတာ ဒါမှမဟုတ် ပုခုံးပေါ် ခေါင်းမှီတာမျိုးဟာ "ငါ မင်းကို အကြွင်းမဲ့ ယုံကြည်ပြီး အနားယူချင်တယ်" ဆိုတဲ့ အဓိပ္ပာယ်ပါ ။ ဒါဟာ သူတို့ရဲ့ အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုပုံပါပဲ ။ (၅) Scorpio တွေရဲ့ အထူးခြားဆုံး Love Language ကတော့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို မျှဝေတာပါပဲ ။ Scorpio တွေဟာ သူတို့ရဲ့ အတွင်းစိတ်ကို လူတိုင်းကို ပေးမသိဘဲ လျှို့ဝှက်ထားတတ်သူတွေပါ ။ အကယ်၍ သူတို့ရဲ့ အကြောက်တရားတွေ၊ အိမ်မက်တွေနဲ့ ဘယ်သူ့ကိုမှ မပြောဖူးတဲ့ လျှို့ဝှက်ချက်တွေကို သင့်ကို ပြောပြလာပြီဆိုရင် ဒါဟာ သင့်ကို သူတို့တကယ် ချစ်ခင်စုံမက်နေပြီ ဖြစ်ပါတယ် ။ သူတို့ရဲ့ "Personal Space" ထဲကို သင့်ကို ပေးဝင်လိုက်တာဟာ "မင်းကို ငါ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ" လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ ။ #crd #scorpio_love_language #zodiac_sign
20
8
Libra တို့ရဲ့ Love Language (၅) မျိုး (၁) Libra တွေက Venus (သောကြာဂြိုဟ်) ရဲ့ အုပ်စိုးမှုကို ခံရတဲ့သူတွေဖြစ်လို့ စကားအပြောအဆိုမှာ အနုပညာဆန်ပါတယ် ။ Libra တို့ဟာ ချစ်ရသူတွေကို “ငါနင့်ကိုချစ်တယ်" ဆိုတဲ့ စကားမျိုးထက် "နင့်ရဲ့ဒီနေ့ ဝတ်စုံလေးက အရမ်းလိုက်ဖက်တယ်" ဒါမှမဟုတ် "နင်ဒီလိုလုပ်ပေးတာလေးကို ငါအရမ်းတန်ဖိုးထားတယ်" ဆိုတဲ့ အသိအမှတ်ပြုစကားမျိုးတွေကို ပိုပြီး ပြောဆိုတတ်ကြပါတယ် ။ (၂) Libra တွေအတွက် ချစ်သူနဲ့ အတူရှိနေဖို့က အရေးကြီးသလို "ဘယ်လိုနေရာမျိုးမှာလဲ" ဆိုတာကလည်း အရေးကြီးလှပါတယ် ။ Libra တို့ဟာ ချစ်သူနဲ့ သာမန်နေရာမှာ အချိန်ဖြုန်းတာထက် လှပတဲ့ ကော်ဖီဆိုင်လေးတွေ ၊ ပန်းချီပြပွဲတွေ ဒါမှမဟုတ် လေကောင်းလေသန့်ရှူလို့ရတဲ့ နေရာမျိုးမှာ အေးအေးဆေးဆေး စကားပြောရင်း အချိန်ကုန်ဆုံးရတာကို တအားကြိုက်ကြပါတယ် ။ (၃) Libra တွေဟာ “မျှတမှု” လို့ခေါ် တဲ့ “Balance" ကို အလေးထားတဲ့သူတွေမို့ သူတို့ဟာ “အကြင်နာဆိုတာ အပြန်အလှန်တော့ ရှိသင့်ပါတယ်” ဆိုတဲ့စကားကို လက်ကိုင်ထားကြပါတယ် ။ ဒါကြောင့် Libra တို့ဟာ အပေးအယူမျှတဲ့ ဆက်ဆံရေးကိုပဲ လိုလားကြပြီး သူတို့ကပဲ ပေးဆပ်နေတာကို မကြိုက်သလို သူတို့ကပဲ အမြဲရယူချင်နေတဲ့ တဖက်သက်ဆန်တဲ့သူတွေလည်း မဟုတ်ပါဘူး ။ ဒါကြောင့် Libra တစ်ယောက်ကို ချစ်သူတော်ထားရပြီဆို အနိုင်ကျင့်ခံရမှာတို့ တစ်ကိုယ်ကောင်းဆန်ခံရမှာတို့ကို လုံးဝ ကြောက်ဖို့မလိုပါဘူး ။ (၄) Libra တို့ဟာ လက်ဆောင်ပေးတဲ့အခါမှာ တခြားသော အကြောင်းအရာတွေထက် "လှပဖို့နဲ့ ကဗျာဆန်ဖို့" ကို အဓိက ဦးစားပေးကြပါတယ် ။ Libra တွေဟာ အမြင်အာရုံကို အလေးထားသူတွေမို့ ချစ်သူကို လက်ဆောင်ပေးတဲ့အခါမှာ လက်ဆောင်ထုပ်ပိုးပုံလေးကအစ သေသပ်လှပနေတာကို တွေ့ရမှာပါ ။ ဒါကြောင့် လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ လက်ဆောင်လှလှလေးတွေ မကြာခဏ လိုချင်ရင်တော့ Libra တစ်ယောက်ကိုသာ မြန်မြန်ရွေးချယ်လိုက်ပါနော် ။ (၅) Libra တွေရဲ့ ထိတွေ့မှုက ရိုးရှင်းပြီး နူးညံ့ပါတယ် ။ သူတို့ဟာ ချစ်ရသူက်ို လူကြားထဲမှာ လက်တွဲထားတာမျိုး၊ ပုခုံးလေးကို အသာအယာ ဖက်ထားတာမျိုး ဒါမှမဟုတ် နွေးနွေးထွေးထွေး ပွေ့ဖက်တာမျိုးတွေကို သိပ်သဘောကျကြပါတယ် ။ ဒါဟာ Libra တို့ တဖက်လူကို လုံခြုံမှုနဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ဖော်ပြပေးတဲ့ နည်းလမ်းတစ်မျိုးပါ ။ #zodiac_sign #Libra_love_language #crd
21
9
Virgo တို့ရဲ့ Love Language (၅) မျိုး (၁) Virgo တွေဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူရဲ့ အခက်အခဲပြဿနာတွေကို သူ့ပြဿနာလို့ သဘောထားပြီးတော့ကို ကူညီဖြေရှင်းပေးတတ်ကြပါတယ် ။ (၂) Virgo တွေဟာ လက်ဆောင်ပေးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ခံစားမှုထက်စာရင် ဦးနှောက်ကိုပိုပြီး ဦးစားပေးကြပါတယ် ။ တဖက်လူလိုချင်တဲ့အရာထက် လိုအပ်တဲ့အရာ တစ်နည်းအားဖြင့် ပြောရရင်တော့ “လက်တွေ့မှာ အသုံးအဝင်ဆုံးဖြစ်မယ့်အရာ” ကိုသာ ဝယ်ပေးလေ့ရှိကြပါတယ် ။ ဒါကြောင့် သူတို့ပေးတဲ့လက်ဆောင်တိုင်းမှာ “မင်းအကြောင်းကို ငါ အသေးစိတ် ဂရုစိုက်နေတယ်” ဆိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတတ်ပါတယ် ။ (၃) Virgo တွေရဲ့ အချစ်ဟာ သီးသန့်(Privacy) ဆန်ပါတယ် ။ သူတို့ဟာ သူတို့ရဲ့ချစ်ခြင်းကို လူပုံအလယ်မှာ ထုတ်ပြတာမျိုးထက်စာရင် နှစ်ယောက်ထဲရှိနေတဲ့အချိန်မှာ တအားနွေးထွေးပြီး ကြင်နာယုယပေးရတာကို ပိုပြီး နှစ်သက်ကြပါတယ် ။ (၄) ဒါဟာ Virgo တွေရဲ့ အဓိကအကျဆုံးLove Language ပါပဲ။ Virgo တွေဟာ “ငါ မင်းကို ချစ်တယ်" လို့ စကားနဲ့ ပြောမယ့်အစား တဖက်လူ လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးတာ / ဖြေရှင်းဖို့လိုအပ်နေတာလေးတွေကို ကူဖြေရှင်းပေးတာမျိုးလေးတွေနဲ့ပဲ ပြသတတ်ကြပါတယ်။ ဥပမာ - သူ့ရဲ့အချိန်ထဲက ဖဲ့ပေးပြီး ကျောင်းလာကြို/ရုံးလာကြိုပေးတာ ၊ ဖျားနေရင် ဆေးတိုက်တာ ဒါမှမဟုတ် တဖက်လူရဲ့ အလုပ်တွေကို ကူညီပေးတာမျိုးပါ ။ (၅) Virgo တွေဟာ တဖက်လူကို ချီးကျူးစကားနဲ့ အားပေးစကားလေးတွေ ပြောဆိုပြီးလည်း သူတို့ရဲ့ချစ်ခြင်းကို ဖော်ပြတတ်ကြပါတယ် ။ “မင်းက တော်လိုက်တာ” ၊ “ဒီနေ့မင်းဝတ်ထားတာ သိပ်လှတာပဲ” ၊ “မင်းဘာလုပ်လုပ် ငါမင်းနောက်မှာ ရှိနေမယ်” စသည်ဖြင့် ချီးကျူးစကား /အားပေးစကားပြောပေးတာလေးတွေက Virgo တို့ရဲ့ အချစ်ဘာသာစကားပါပဲ ။ #crd #zodiac_sign #Vigro_love_language
18
10
Leo တို့ရဲ့ Love Language (၅)မျိုး (၁)Leo တို့ဟာ ဘယ်တော့မှ တိတ်တခိုး မချစ်တတ်တဲ့သူတွေပါ ။ Leo တို့ဟာ တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါမှာ သူတို့အဲဒီလူကို ချစ်နေကြောင်းကို နည်းမျိုးစုံနဲ့ ထုတ်ပြတတ်ကြပါတယ် ။ Social media မှာ တစ်မျိုး…အပြင်မှာ လူချင်းတွေ့ရင် တစ်ဖုံ စသည်ဖြင့် မရိုးနိုင်အောင် ချစ်ပြပေးတတ်တာကြောင့် Leo တို့ရဲ့အချစ်ကို ခံရတဲ့သူကတော့ ကိုယ့်ကိုယ်ကိုယ် အချစ်ပုံပြင်တစ်ပုဒ်ထဲက “main character” တစ်ယောက်လို ခံစားစေရမှာ အသေအချာပါပဲ ။ (၂) Leo တွေက သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သူတို့ရဲ့ တန်ဖိုးကို အသိအမှတ်ပြုခံရတာကို အရမ်းနှစ်သက်ကြပါတယ် ။  "မင်းက တကယ်တော်တာပဲ"၊ "ဒီနေ့ အရမ်းလှနေတယ်" ဆိုတဲ့ စကားမျိုးတွေက သူတို့ကို စွမ်းအင်တွေ ပြည့်ဝစေပါတယ် ။  (၃) Leo တွေဟာ အာရုံစိုက်ခံရတာကို ကြိုက်ကြပါတယ် ။ အထူးသဖြင့် သူတ်ို့ဟာချစ်တဲ့သူနဲ့ အတူရှိနေချိန်မှာ တစ်ဦးပေါ်တစ်ဦး အာရုံစူးစိုက်မှု အပြည့်အဝပေးတာကို လိုချင်ကြပါတယ် ။ ဒါကြောင့် Leo တို့ဟာ ချစ်သူနဲ့ ဒိတ်တဲ့အခါမှာ ဖုန်းတွေဘေးချပြီး နှစ်ယောက်ထဲ စကားပြောတာမျိုး ၊ အတူတူ လျှောက်လည်တာမျိုးတွေကို လုပ်ရတာကို သဘောကျကြပါတယ် ။ (၄) Leo တစ်ယောက်ရဲ့ အချစ်ကို ရပြီဆိုရင် သင်ဟာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးဖြစ်သွားပါလိမ့်မယ် ။ သူတို့က သူတို့ချစ်တဲ့သူကို ဘယ်သူ့အထိခိုက်မှမခံဘဲ အစွမ်းကုန် ကာကွယ်ပေးတတ်သလို အရမ်းလည်း သစ္စာရှိကြပါတယ် ။ (၅) Leo တို့ဟာ သူတို့ချစ်သူအပေါ်မှာ အသေးအဖွဲလေးတွေထက် ဆန်းဆန်းပြားပြားနဲ့ ခမ်းခမ်းနားနား လုပ်ပေးရတာကို ကြိုက်ပါတယ် ။ ဥပမာ- Surprise တိုက်တာမျိုး၊ ဈေးကြီးတဲ့ လက်ဆောင်တွေ ပေးတာမျိုး ဒါမှမဟုတ် လူအများရှေ့မှာ ချစ်သူကို ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြသတာမျိုးတွေ လုပ်တတ်ပါတယ်။ #zodiac_sign #Leo_love_language #crd
17
11
Cancer တို့ရဲ့ Love Language (၅)မျိုး (၁)Cancer တွေဟာ အစားအသောက် အင်မတန်မက်ပါတယ် ။ သူတို့မက်သလ်ိုပဲ သူတို့ချစ်သူကို သူတို့လို ကောင်းကောင်းမွန်မွန် စားသောက်စေချင်ကြပါတယ် ။ ဒါကြောင့် Cancer တစ်ယောက်က သင့်ကို ချစ်ပြီဆိုရင် အစားမှန်မှန်စားရဲ့လားဆိုတာ အမြဲမေးပါလိမ့်မယ် ။ ချိန်းတွေ့တဲ့အခါတိုင်းလည်း သင်ကြိုက်တတ်တဲ့မုန့် တစ်ခုမဟုတ် တစ်ခု အမြဲဝယ်လာပါလိမ့်မယ်/ ဝယ်ကျွေးပါလိမ့်မယ် ။ (၂) Cancer တွေဟာ ရုပ်ပိုင်းဆိုင်ရာချမ်းသာမှုထက် စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုကိုပိုပြီး ဦးစားပေးကြပါတယ် ။ ဒါကြောင့် သူတို့ဟာ သူတို့ချစ်သူဆီကနေ စျေးကြီးတဲ့ပစ္စည်းတွေထက် သူတို့ချစ်သူကိုယ်တိုင် လက်နဲ့လုပ်ထားတဲ့ handmade ပစ္စည်းတွေ ဒါမှမဟုတ် ကိုယ်တိုင်ရေးထားတဲ့စာတွေကိုပဲ ပိုပြီး လိုချင်ကြပါတယ် ။ သူတို့ကိုယ်တိုင်ကလည်း အဲဒီလိုပစ္စည်းလေးတွေ မကြာခဏ လက်ဆောင်ပေးလေ့ရှိပါတယ် ။ (၃)Cancer တွေဟာ သူတို့ချစ်ရသူနဲ့ ပတ်သက်ရင် အသေးအဖွဲက အစ အကုန် မှတ်မိတတ်ကြပါတယ် ။ တကယ်လို့ သင်ဟာ Cancer တစ်ယောကို ချစ်သူတော်ထားရပြီဆိုရင် သင့်အတွက် အရေးကြီးတဲ့ကိစ္စတွေအကုန်လုံး (ဘယ်နေ့မှာ meeting ရှိတယ်…ဘယ်နေ့မှာ exam ရှိတယ်) စသဖြင့် သင် notes ထဲမှာ မှတ်ထားဖို့မလိုအောင်ကို သတိပေးပါလိမ့်မယ် ။ ကာယကံရှင်ဖြစ်တဲ့ သင်ကိုယ်တိုင်ထက်တောင် ပိုမှတ်မိနေတာ တွေ့ရပါလိမ့်မယ် ။ (၄) Cancer တွေဟာ သူတို့ရဲ့ မွေးနေ့နဲ့ ပတ်သက်ပြီး တအား Sensitive ဖြစ်ကြပါတယ် ။ ဒါကြောင့် သူတို့မွေးနေ့ မမှတ်မိတာတို့ သူတို့မွေးနေ့မှာ သူတို့အပေါ် အပြစ်လုပ်မိတာတို့ဆို တအားစိတ်ဆိုးတတ်ကြလို့ Cancer တစ်ယောက်နဲ့ ချစ်သူဖြစ်နေတယ်ဆိုရင် သတိထားကြဖ်ို့ အကြံပေးချင်ပါတယ် ။ (၅) တကယ်လို့ သင့်ချစ်သူဟာ Cancer ဆိုရင် သင် အမေနောက်တစ်ယောက် ထပ်ရပြီလို့သာ မှတ်လိုက်ပါတော့ ။ သူဟာ သင့်ကို အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်နေမှာ ဖြစ်သလို အမှားတစ်ခုခုလုပ်မိရင်လည်း အမေတွေဆူသလို လိုက်ဆူနေမှာ ဖြစ်တာကြောင့်ပါပဲ ။ #crd #zodiac_sign #Cancer_love_language
14
12
Gemini တို့ရဲ့ Love Language (၅) မျိုး (၁)Gemini တွေနဲ့ အထင်ရှားဆုံး love language ကတော့ စကားတအားပြောနိုင်တာပါပဲ ။ သူတို့ဟာ ချစ်ရသူနဲ့သာဆို မနက်(၂) နာရီ / (၃) နာရီထိ မအိပ်ဘဲ ဘဝရည်မှန်းချက်တွေက အစ ကလေးဘဝအမှတ်တရတွေအထိ အဆုံး စကားတွေ မရပ်မနား တရစပ်ပြောနိုင်ကြပါတယ် ။ (၂)Gemini တွေဟာ သာမန်အချိန်မှာသာ ခပ်တည်တည်နေနိုင်ပေမယ့် သူတို့ချစ်ရသူနဲ့တွေ့ပြီဆိုရင်တော့ လူရွှင်တော်ကြီးတွေ အဖြစ် အသွင်ပြောင်းသွားကြပါတယ် ။ တကယ်လို့ Gemini တစ်ယောက်က သင့်ကို စိတ်ကောက်တဲ့အထိ စနောက်နေတယ်ဆိုရင် ဒါဟာ သူ သင့်ကို တကယ်ချစ်လို့ပါ ။ (၃)Gemini တွေဟာ သာမန်ဒိတ်ရတာကို အင်မတန်ငြီးငွေ့ကြသူတွေပါ ။ ဒါကြောင့် သူတို့ဟာ ချစ်သူနဲ့ ဒိတ်ရင် ထူးထူးခြားခြား အမှတ်ရစေမယ့်ဒိတ်မျိုးတွေကို ပိုပြီးရွေးချယ်လေ့ရှိကြပါတယ် ။ ဥပမာ- လက်မှုပစ္စည်းတစ််ခုအတူတူလုပ်တာ ၊ စွန့်စားခရီးသွားတာ ၊ မစားဖူးတဲ့ အစားအစာတစ်ခုကို တူတူ try တာ ။ (၄)Gemini တွေဟာ သူတို့ချစ်သူတွေကို “ဘယ်ရောက်နေလဲ” ၊ “အလုပ်ဆင်းပြီလား” ၊ “ညစာစားပြီပြီလား” စသည်ဖြင့် ဘယ်သွားသွား ဘာလုပ်လုပ် တချိန်လုံး လိုက် check တတ်ပါတယ် ။ ဒါဟာ ထိန်းချုပ်တာ ၊ သံသယများတာ လုံးဝ မဟုတ်ဘဲ အဲဒီလို အဆက်အသွယ်အမြဲလုပ်နေမှသာ သူတို့စိတ်ထဲမှာ ချစ်သူနဲ့ စိတ်ချင်းနီးစပ်တယ်လို့ ခံစားရလို့ပါ ။ (၅)Gemini တွေကို Mercury ဂြိုဟ်က လွှမ်းမိုးထားတဲ့အတွက် သူတို့ဟာ စူးစမ်းလိုစိတ်ပြင်းပျပြီး အမြဲတမ်းတက်တက်ကြွကြွနေတတ်ကြပါတယ် ။ ဒါ့အပြင် Gemini တွေဟာ လွတ်လပ်မှုကို တန်ဖိုးထားကြပါတယ် ။ သူတို့ကိုယ်တိုင် တန်ဖိုးထားသလို သူတို့ချစ်ရသူတွေရဲ့ ဝါသနာတွေ ၊ ဘဝနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ၊ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြပါဘူး ။ #zodiac_sign #Gemini_love_language #crd
16
13
Taurus တို့ရဲ့ Love Language(၅) မျိုး (၁)Taurus တွေရဲ့ အထင်ရှားဆုံး love language ကတော့ ချက်ပြုတ်ကျွေးမွေးခြင်းပါပဲ ။ Taurus တွေဟာ သူတို့ချစ်ရသူတွေကို ချက်ပြုတ်ကျွေးမွေးရတာကို အလွန်နှစ်သက်ကြပါတယ် ။ (အချက်အပြုတ်မကျွမ်းတဲ့ Taurus ဖြစ်ရင်တောင်မှ ချစ်တဲ့သူနဲ့တွေ့ရင် လက်စွမ်းပြချင်ကြပါတယ်) (၂) Taurus တွေကို Venus ဂြိုဟ်က လွှမ်းမိုးထားတဲ့အတွက် Taurus တွေဟာ Physical touch ကို တအားသဘောကျကြပါတယ် ။ ချစ်သူကို နောက်ကနေ သိုင်းဖက်ထားတာ ၊ အတူရှိနေချိန် ဖက်အိပ်တာတွေဟာ သူတို့ဘယ်လောက်ချစ်ကြောင်း ပြသတာ ဖြစ်ပါတယ် ။ (၃) Taurus တွေဟာ ချစ်သူနဲ့အတူ ညဘက်လူရှင်းတဲ့အချိန်မှာ ကားပတ်မောင်းတာ ၊ ရုပ်ရှင်တူတူကြည့်တာ ၊ Road trip သွားရတာတွေကို သဘောကျကြပါတယ် ။ (၄) Taurus တွေဟာ ချစ်တယ်လို့ တဖွဖွပြောတတ်တဲ့ လူစားထဲမှာ မပါကြပါဘူး ။ သူတို့ဟာ အချစ်ကို လုပ်ရပ်နဲ့သာ သက်သေပြတတ်ကြတဲ့သူတွေပါ ။ (၅) Taurus တွေဟာ ချစ်သူတဲ့သူဆီက ရတဲ့ရနံ့ကိုလည်း စွဲမက်ကြပါတယ် ။ ဒါကြောင့် Taurus တွေ ချစ်သူကို လက်ဆောင်ပေးရင် ရေမွှေးကို မပါမဖြစ် ထည့်ပေးတတ်ကြပါတယ် ။ #zodiac_sign #Taurus_love_language #crd
17
14
Aries တို့ရဲ့ Love Language (၅)မျိုး (၁) Aries တွေဟာ ချစ်သူနဲ့အတူ quality time တွေ ဖန်တီးရတာကို သဘောကျပါတယ် ။ သူတို့ဟာ ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ…ချစ်ရသူအတွက်ဆိုရင် အချိန်ဖဲ့ပေးတတ်ကြပါတယ် ။ (၂) Aries တွေဟာ သူတို့ချစ်ရသူကို ဘယ်သူမှ လာမထိရဲ ရန်မစရဲအောင် ကာကွယ်စောင့်ရှောက်လေ့ရှိပါတယ် ။ (၃) လူရှေ့လည်း မရှက်ဘဲ ရဲရဲကြီး လက်တွဲထားရဲတာ ၊ နဖူးလေးကို ခပ်ဖွဖွနမ်းတာ ၊ ရုတ်တရတ်ကြီး လာဖက်တာတွေဟာ Aries တွေရဲ့ love language တစ်မျိုးပါပဲ ။ (၄) Aries တွေဟာ လူတစ်ယောက်ကို ချစ်ပြီးဆိုရင် သိုဝှက်မထားတတ်ကြပါဘူး ။ တိတ်တခိုးချစ်တယ်ဆိုတာ သူတို့ အဘိဓာန်မှာ မရှိပါဘူး ။ ဒါကြောင့် Aries တစ်ယောက်ဟာ သင့်ကို ချစ်ပြီဆိုရင် တည့်ဖွင့်ပြောပါလိမ့်မယ် ။ (၅) Aries တွေဟာ ချစ်ရသူကို နောက်ကွယ်ကနေ အဖက်ဖက်ပြည့်စုံလာအောင် ပံ့ပိုးပေးလေ့ရှိကြပါတယ် ။ သူတို့ဟာ သူတို့ချစ်ရတဲ့သူ အမြဲတမ်း အောင်မြင်ပြီး ပြီးပြည့်စုံတဲ့ဘဝတစ်ခုရတာကိုပဲ မြင်ချင်တဲ့သူတွေပါ ။ #zodiac_sign #Aries_love_language #crd
18