en
Feedback
Level up community: Daily Motivation📚

Level up community: Daily Motivation📚

Open in Telegram

သင့်ရဲ့ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်လာစေဖို့နဲ့ အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိစေဖို့၊ နေ့စဉ် စိတ်ခွန်အားသစ်တွေ ရယူဖို့ ကျွန်ုပ်တို့ရဲ့ Community မှာ ပါဝင်လိုက်ပါ။ Together, let's reach the next level! 🔥

Show more
691
Subscribers
No data24 hours
-67 days
+1230 days
Posts Archive
ဒီနေ့ သင် ဖြတ်သန်းခဲ့တဲ့ ပင်ပန်းမှုတွေဟာ အဓိပ္ပာယ်မဲ့နေတာ မဟုတ်ပါဘူး၊ မင်းတည်ဆောက်နေတဲ့ အနာဂတ်အတွက် သင် ပေးဆပ်လိုက်ရတဲ့ တန်ဖိ
ဒီနေ့ သင် ဖြတ်သန်းခဲ့တဲ့ ပင်ပန်းမှုတွေဟာ အဓိပ္ပာယ်မဲ့နေတာ မဟုတ်ပါဘူး၊ မင်းတည်ဆောက်နေတဲ့ အနာဂတ်အတွက် သင် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေပါ၊ ခဏလောက် နားလိုက်ပါ၊ ဒါဟာ ရှုံးနိမ့်ခြင်းမဟုတ်ဘဲ နောက်တစ်လှမ်း ထပ်လှမ်းဖို့ အားမွေးခြင်းသာ ဖြစ်တယ်။ "ပင်ပန်းတယ်လို့ ခံစားရတဲ့အခါ ရပ်လိုက်ဖို့ မစဉ်းစားပါနဲ့၊ ခဏနားဖို့သာ စဉ်းစားပါ။ The exhaustion you experienced today is not meaningless. It is the price you are paying for the future you are building. Take a break; this is not a defeat, but a way to recharge your energy to take the next step. When you feel tired, don't think about quitting—think about resting. #Motivation #Dailylnspjiration #LevelUp

ရှင်းပြမနေနဲ့၊ လုပ်ပြလိုက် (Don't Explain, Just Show) "Stop explaining. It’s neither their fault that they don’t understand y
ရှင်းပြမနေနဲ့၊ လုပ်ပြလိုက် (Don't Explain, Just Show) "Stop explaining. It’s neither their fault that they don’t understand your belief, nor is it your mistake. If it’s getting harder, it’s because the mountain you’re climbing is high. Those left at the bottom will never see the view from the top. Focus only on proving it to yourself. The day you make it happen, the critics will fall silent." ရှင်းပြမနေပါနဲ့။ မင်းရဲ့ ယုံကြည်ချက်ကို သူတို့ နားမလည်နိုင်တာဟာ သူတို့ အပြစ်မဟုတ်သလို၊ မင်းအမှားလည်း မဟုတ်ဘူး။ ခက်ခဲနေတယ်ဆိုတာ မင်းတက်နေတဲ့ တောင်က မြင့်လို့ပဲ။ အောက်ခြေမှာ ကျန်ခဲ့တဲ့သူတွေကတော့ အပေါ်က မြင်ကွင်းကို ဘယ်တော့မှ မြင်နိုင်မှာမဟုတ်ပါဘူး။ မင်းကို မင်း သက်သေပြဖို့ပဲ အာရုံစိုက်ပါ။ ဖြစ်နိုင်အောင် လုပ်ပြလိုက်တဲ့နေ့မှာ ဝေဖန်သံတွေ တိတ်ဆိတ်သွားပါလိမ့်မယ်။ #Motivation #DailyInspiration #LevelUp

"Only I truly know whether what I’m doing is right or wrong. No one knows my journey as deeply as I do. People might enter th
"Only I truly know whether what I’m doing is right or wrong. No one knows my journey as deeply as I do. People might enter the world I’ve built for a brief moment, but they won't always fit in right away and they might not even stay for the long run. The most important thing is to have unwavering faith in my own actions." ကိုယ်လုပ်နေတဲ့အလုပ် မှန်လာမှားလာဆိုတာ ကိုယ်ဘဲနားလည်တယ် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ဘဝအကြာင်း ကိုယ့်လောက် ဘယ်သူမှ သေချာမသိဘူး။ ကိုယ်တည်ဆောက်ထားတဲ့ ဆက်ဆံရေးနယ်မြေထဲကိုလဲ တစ်ခြားသူတွေ ခဏတာရောက်လာရုံနဲ့ သူတို့နဲ့ ချက်ချင်းအံဝင်ခွင်ကျ မဖြစ်နိုင်ပါဘူး။ ရေရှည်မှာလဲ သူတို့နဲ့ အဆင်ပြေချင်မှ ပြေလိမ့်မယ်။ အဓိကတော့ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တစ်ခု‌အပေါ် ယုံကြည်မှုရှိနေဖို့ပဲလိုတယ်။ #DailyInspiration #LevelUp #Motivation

Believe in hard work more than luck. 💯 Success isn't just for those who wait; it belongs to those who strive without giving
Believe in hard work more than luck. 💯 Success isn't just for those who wait; it belongs to those who strive without giving up. 🎯 ကံတရားထက် ကြိုးစားအားထုတ်မှု ကို ပိုယုံကြည်ပါ။ အောင်မြင်မှုဆိုတာ စောင့်ဆိုင်းတတ်တဲ့သူအတွက်မဟုတ်ဘဲ အားမလျှော့တမ်း ကြိုးစားတဲ့သူတွေအတွက်ပဲ သီးသန့်ဖြစ်တည်နေတာပါ။ 🏆 #LevelUp #DailyInspiration #Motivation

"ထိပ်ဆုံးကို ရောက်မယ့်လမ်းဟာ အမြဲတမ်း လူနည်း‌နေတတ်တယ်။ လူအုပ်ကြီးသွားရာ‌နောက် လိုက်နေရင် လူအုပ်ကြီးရောက်တဲ့နေရာပဲ မင်းရောက်လိ
"ထိပ်ဆုံးကို ရောက်မယ့်လမ်းဟာ အမြဲတမ်း လူနည်း‌နေတတ်တယ်။ လူအုပ်ကြီးသွားရာ‌နောက် လိုက်နေရင် လူအုပ်ကြီးရောက်တဲ့နေရာပဲ မင်းရောက်လိမ့်မယ်။ အများနဲ့မတူတဲ့ အောင်မြင်မှုမျိုး လိုချင်ရင် အများနဲ့မတူတဲ့ လမ်းကို ရွေးချယ်လျှောက်လှမ်းရဲမှဖြစ်နိုင်ပါမယ်"💯 #LevelUp #DailyInspiration #Motivation

"အောင်မြင်မှုဆိုတာ စျေးဝယ်‌နေရသလိုပါပဲ၊ ကိုယ်လိုချင်တဲ့ ပစ္စည်းက တန်ဖိုးကြီးလေလေ ပေးရမယ့် အဖိုးအခက များလေလေဖြစ်ပါတယ်။ လူအများ
"အောင်မြင်မှုဆိုတာ စျေးဝယ်‌နေရသလိုပါပဲ၊ ကိုယ်လိုချင်တဲ့ ပစ္စည်းက တန်ဖိုးကြီးလေလေ ပေးရမယ့် အဖိုးအခက များလေလေဖြစ်ပါတယ်။ လူအများစုက အောင်မြင်ချင်ကြပေမယ့်၊ အောင်မြင်မှုရဲ့အဖိုးအခကို မြင်ရတဲ့အခါမှာတော့ ဝယ်ယူဖို့ လက်တွန့်သွားတတ်ကြပါတယ်။" #LevelUp #DailyInspiration #Motivation

"Patience is bitter, but its fruit is sweet." "သည်းခံရတာ ခါးသီးပေမဲ့ အကျိုးဆက်ကတော့ ချိုမြိန်ပါတယ်။" Aristotle ( 384 - 322 BC
"Patience is bitter, but its fruit is sweet." "သည်းခံရတာ ခါးသီးပေမဲ့ အကျိုးဆက်ကတော့ ချိုမြိန်ပါတယ်။" Aristotle ( 384 - 322 BC) #LevelUp #DailyInspiration #Motivation

"It is not because things are difficult that we do not dare; it is because we do not dare that they are difficult." "တကယ်တော့
"It is not because things are difficult that we do not dare; it is because we do not dare that they are difficult." "တကယ်တော့ ကျွန်တော်တို့က ခက်ခဲလို့ မလုပ်ရဲတာမဟုတ်ပါဘူး။ မလုပ်ရဲလို့ ခက်ခဲနေကြတာပါ။" - Seneca (62 CE - 65 CE) #LevelUp #DailyInspiration #Motivation

လူငယ်ဆိုတာ စာမျက်နှာအလွတ်တစ်ခုလိုပဲ။ ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်ခွင့်ရှိသလို၊ မှားရေးမိရင်လည်း ပြန်ဖျက်ပြီး အသစ်ရေးဖို့ အားအ
လူငယ်ဆိုတာ စာမျက်နှာအလွတ်တစ်ခုလိုပဲ။ ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်ခွင့်ရှိသလို၊ မှားရေးမိရင်လည်း ပြန်ဖျက်ပြီး အသစ်ရေးဖို့ အားအင်တွေ အပြည့်ရှိနေတဲ့အရွယ်ပါ။ ကျရှုံးမှာကို ကြောက်ပြီး ဘာမှမလုပ်ဘဲနေတာဟာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ လူငယ်ဘဝကို အလဟဿ ဖြုန်းတီးပစ်တာနဲ့ အတူတူပါပဲ။ "ဒီအရွယ်မှ မစွန့်စားရင် ဘယ်အချိန်မှာ စွန့်စားခန်းဖွင့်မလဲ?" #LevelUp #DailyInspiration #Motivation

"အမြဲတမ်း နေသာမနေနိုင်သလို၊ အမှောင်ထုကလည်း အမြဲတမ်း မဖုံးလွှမ်းနိုင်ပါဘူး။ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေဟာလည်း မတည်မြဲပါဘူး။ အရ
"အမြဲတမ်း နေသာမနေနိုင်သလို၊ အမှောင်ထုကလည်း အမြဲတမ်း မဖုံးလွှမ်းနိုင်ပါဘူး။ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေဟာလည်း မတည်မြဲပါဘူး။ အရှေ့ကို တိုးမယ့်လမ်းမှာ ဘယ်လို အတားအဆီးတွေ ရှိနေပါစေ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်လိုက်ပါ။ ဘယ်ခရီး၊ ဘယ်ပန်းတိုင်ကမှ အဲ့ဒီလောက် လွယ်ကူတယ်ဆိုတာ မရှိပါဘူး။ သူများထက် သာချင်ရင် လူအုပ်ကြားကနေ ရုန်းထွက်ပြီး လူအုပ်ကြီး မလုပ်နိုင်တဲ့အရာကို အောင်အောင်မြင်မြင် လုပ်ပြနိုင်မှ ရမှာပါ။" #LevelUp #DailyInspiration #Motivation

​တစ်စုံတစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ ကိုယ်က လူဆိုးကြီး ဖြစ်ခဲ့ရင်တောင်၊ ကိုယ်ရေးတဲ့ ဇာတ်လမ်းမှာတော့ ကိုယ်က ပြိုင်ဆိုင်ရှား ဖြစ်ရပ
​တစ်စုံတစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာ ကိုယ်က လူဆိုးကြီး ဖြစ်ခဲ့ရင်တောင်၊ ကိုယ်ရေးတဲ့ ဇာတ်လမ်းမှာတော့ ကိုယ်က ပြိုင်ဆိုင်ရှား ဖြစ်ရပါမယ်။ ​တစ်စုံတစ်ယောက်က မင်းကို မလေးမစား၊ အထင်အမြင်သေးသလို ဆက်ဆံလာရင် ချက်ချင်း လှည့်ထွက်ခဲ့ပါ။ ဘာလို့လဲဆိုတော့ အဲ့လိုလူတွေက မေတ္တာပေးဖို့ မထိုက်တန်လို့ပဲ။ #LevelUp #DailyInspiration #Motivation

"ဘဝဆိုတာ ပန်းချီကားတစ်ချပ်ဆိုရင် အမှောင်ရင့်ရင့် ဆေးစက်တွေကလည်း ထိုပန်းချီကား ပိုမိုပေါ်လွင်ဖို့ ပံ့ပိုးပေးနေတဲ့ အလှတရားတွေပါ
"ဘဝဆိုတာ ပန်းချီကားတစ်ချပ်ဆိုရင် အမှောင်ရင့်ရင့် ဆေးစက်တွေကလည်း ထိုပန်းချီကား ပိုမိုပေါ်လွင်ဖို့ ပံ့ပိုးပေးနေတဲ့ အလှတရားတွေပါ။ အရာအားလုံးဟာ ဖြစ်သင့်လို့ ဖြစ်လာကြတာဖြစ်ပြီး အခုကြုံနေရတဲ့ အခက်အခဲတွေက ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ့ ပုံရိပ်သစ်တစ်ခုဖြစ်လာအောင် ထုဆစ်ပေးနေတာပါ။ စိတ်ဓာတ်မကျပါနဲ့... ဇာတ်သိမ်းပိုင်းကိုရောက်ရင် အရာအားလုံးဟာ 'အကောင်းဆုံး' အဖြစ် ပြောင်းလဲသွားမှာမို့လို့ပါ #LevelUp #DailyInspiration #Motivation

"ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ပြီး ကိုးကွယ်တဲ့ကောင်မို့ ဒီခရီးမှာ လှံပဲစိုက်စိုက် ကျားပဲကိုက်ကိုက် မတွန့်မဆုတ်ဘဲ ဖြစ်ချင်တာကိ
"ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ပြီး ကိုးကွယ်တဲ့ကောင်မို့ ဒီခရီးမှာ လှံပဲစိုက်စိုက် ကျားပဲကိုက်ကိုက် မတွန့်မဆုတ်ဘဲ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်ပြဦးမှာ။" #Motivation #levelup

"ရူးသွပ်ခြင်းဆိုတာ အောင်မြင်မှုရဲ့ ကနဦးခြေလှမ်းဖြစ်မယ်ဆိုလျှင်ဆိုရင် ငါကတော့ အောင်မြင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အရူးတစ်ယောက်ပေါ့
"ရူးသွပ်ခြင်းဆိုတာ အောင်မြင်မှုရဲ့ ကနဦးခြေလှမ်းဖြစ်မယ်ဆိုလျှင်ဆိုရင် ငါကတော့ အောင်မြင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အရူးတစ်ယောက်ပေါ့။ ဝေဖန်သံတွေကို တေးဂီတလိုပဲ သဘောထားလိုက်မယ်။ ငါ့ရဲ့ ပန်းတိုင်ဆီကို လျှောက်လှမ်းမယ့်ခြေလှမ်းတွေက‌ ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူး။" #motivation #Levelup

"Move in Silence" လောကမှာ ကိုယ်ကောင်းစားတာကို ကြည့်မရတဲ့သူတွေ၊ အပြစ်ရှာချင်တဲ့သူတွေ အမြဲရှိနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အာ
"Move in Silence" လောကမှာ ကိုယ်ကောင်းစားတာကို ကြည့်မရတဲ့သူတွေ၊ အပြစ်ရှာချင်တဲ့သူတွေ အမြဲရှိနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အားနည်းချက်ရော၊ အားသာ ချက်ကိုပါ လျှို့ဝှက်ထားခြင်းက မလိုအပ်တဲ့ ပြဿနာတွေနဲ့ မနာလိုမှုတွေကနေ သင့်ကို အကာအကွယ် ပေးပါလိမ့်မယ်။ ✨ #LevelUp #DailyInspiration #Motivation

မင်းမှာ စိတ်ကူး ရှိတယ်၊ ဝါသနာ လည်း ရှိတယ်၊ အစီအစဉ် တွေလည်း အထပ်လိုက် ရှိနေတယ်ဆိုရင်... မင်း ဘာတွေ အချိန်ဆွဲနေတာလဲ? လောကကြီးက
မင်းမှာ စိတ်ကူး ရှိတယ်၊ ဝါသနာ လည်း ရှိတယ်၊ အစီအစဉ် တွေလည်း အထပ်လိုက် ရှိနေတယ်ဆိုရင်... မင်း ဘာတွေ အချိန်ဆွဲနေတာလဲ? လောကကြီးက မင်းကို ထိုင်ပါအုံးဆိုပြီး အခွင့်အရေး လာပေးမယ်လို့ ထင်နေတာလား? ပြီးပြည့်စုံတဲ့အချိန်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။ 🚫 အစီအစဉ်ရှိရုံနဲ့ဆိုရင်တော့ လမ်းဘေးကလူလည်း ဘုရင်ဖြစ်‌‌နေလောက်ပြီ။ တကယ့် "လူ" နဲ့ "လူဖျင်း" ကြားမှာ ကွာခြားချက်က "လက်တွေ့လုပ်ဆောင်မှု" ပဲ။ 🏃‍♂️ မင်း တွန့်ဆုတ်နေတဲ့အချိန်မှာ တခြားသူတွေက လဲကျလိုက်၊ ပြန်ထလိုက်နဲ့ ရှေ့ကို ရောက်ကုန်ပြီ။ မင်းကတော့ စာရွက်ပေါ်က အစီအစဉ်တွေကို ပွတ်သပ်ပြီး ကြောက်နေတုန်းပဲလား? #LevelUp #DailyInspiration #Motivation

ဘဝမှာ အဆင်ပြေနေတဲ့အချိန်၊ ပျော်ရွှင်နေတဲ့အချိန်ဆို ဘေးနားမှာ ဝိုင်းဝိုင်းလည်နေမယ့်သူတွေက အများကြီးရှိတက်ပါတယ်။ ဒါပေမဲ့ ကိုယ်တ
ဘဝမှာ အဆင်ပြေနေတဲ့အချိန်၊ ပျော်ရွှင်နေတဲ့အချိန်ဆို ဘေးနားမှာ ဝိုင်းဝိုင်းလည်နေမယ့်သူတွေက အများကြီးရှိတက်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် အမှောင်ဆုံးအချိန်၊ အကျပ်တည်းဆုံးအချိန်တွေရောက်တဲ့အခါ ကိုယ့်နားမှာ ဘယ်သူရှိမှရှိမနေတက်ပါဘူး။ ထိုအချိန်မှာမှ သင့်အပေါ်  မည်သူက"လူစစ်၊ လူမှန်" လည်းဆိုတာကို ခွဲခြားလို့ရတဲ့ အကောင်းဆုံး အချိန်ပါ။ ကိုယ့်ဒုက္ခကို မြင်လျက်နဲ့ လှည့်ထွက်သွားသူဟာ သင့်အပေါ် ဘာတန်ဖိုးမှမထားကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ #LevelUp #DailyInspiration #Motivation

ရွှေနဲ့ကပ်တာ ခံချင်ရင် စိန်ဖြစ်ဖို့တော့ လိုတာပေါ့။ သူတစ်ပါးမြတ်နိုးတာ ခံချင်ရင် ကိုယ်ကိုယ်တိုင်က တန်ဖိုးရှိဖို့တော့လိုမယ်။ Cr
ရွှေနဲ့ကပ်တာ ခံချင်ရင် စိန်ဖြစ်ဖို့တော့ လိုတာပေါ့။ သူတစ်ပါးမြတ်နိုးတာ ခံချင်ရင် ကိုယ်ကိုယ်တိုင်က တန်ဖိုးရှိဖို့တော့လိုမယ်။ Credit: မောင်သာချို #DailyInspiration #Motivation #LevelUp

​တစ်ယောက်တည်းနေတတ်ခြင်းရဲ့ အနုပညာ ✨ ​ကိုယ့်ကိုယ်ကိုယ် အားကိုးပါ 🧘‍♂️ လောကမှာ ဘယ်သူမှ ကိုယ့်အနားမှာ ထာဝရရှိမနေနိုင်ပါဘူး။ တစ်
​တစ်ယောက်တည်းနေတတ်ခြင်းရဲ့ အနုပညာ ✨ ​ကိုယ့်ကိုယ်ကိုယ် အားကိုးပါ 🧘‍♂️ လောကမှာ ဘယ်သူမှ ကိုယ့်အနားမှာ ထာဝရရှိမနေနိုင်ပါဘူး။ တစ်ယောက်တည်း နေတတ်လာတဲ့အခါ တခြားသူတွေအပေါ် မျှော်လင့်ချက်တွေ လျော့ကျသွားပြီး စိတ်ဒဏ်ရာ ရနိုင်ခြေလည်း နည်းသွားပါတယ်။ 🛡️ ​လက်တွေ့ဘဝကို နားလည်ပါ 🔥 လူတွေက သူတို့ဘဝအဆင်ပြေဖို့အတွက်ဆိုရင် တခြားသူတွေရဲ့ ဘဝကို တက်နင်းဖို့လည်း ဝန်မလေးကြပါဘူး။ ဒါဟာ ခါးသီးပေမဲ့ လက်ခံရမယ့် အမှန်တရားတစ်ခုပါပဲ။ 👣 ​ကြံ့ကြံ့ခံ ရင်ဆိုင်ပါ 💪 မင်းဘေးမှာ ဘယ်သူမှမရှိတော့တဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ အားငယ်‌နေမယ့်အစား အားတင်းပြီး တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါ။ မင်းရဲ့ အရည်အချင်းတွေက တစ်ယောက်တည်းရှိနေချိန်မှာ ပိုပြီး တောက်ပလာမှာပါ။ 🌟 #Motivation#DailyInspiration#LevelUp

မင်္ဂလာပါခင်ဗျာ Level Up Book Store မှာ ကိုယ့်ရဲ့ social media ကို အသုံးချပြီး အချိန်လွတ်ဝင်ငွေရနိုင်တဲ့ online partner လေးတွေ ခေါ်ယူနေပါတယ် 📚 Post share လုပ်ပေးရုံနဲ့ Order ရလာတဲ့အခါ commission ပေးပါတယ်။ စိတ်ဝင်စားရင် DM နဲ့ အသေးစိတ်ရှင်းပြပေးပါမယ်ခင်ဗျာ။ ဆက်သွယ်ရန်📲 @Levelup2121