en
Feedback
Level up community: Daily Motivation📚

Level up community: Daily Motivation📚

Open in Telegram

သင့်ရဲ့ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်လာစေဖို့နဲ့ အောင်မြင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိစေဖို့၊ နေ့စဉ် စိတ်ခွန်အားသစ်တွေ ရယူဖို့ ကျွန်ုပ်တို့ရဲ့ Community မှာ ပါဝင်လိုက်ပါ။ Together, let's reach the next level! 🔥

Show more
691
Subscribers
No data24 hours
-67 days
+1230 days
Posts Archive
"စိတ်ဓာတ်တွေ အရမ်းကျနေတဲ့အချိန်ဆို ဘာတွေလုပ်ဖြစ်လဲ"
Anonymous voting

"ကျွန်တော်တို့တွေဟာ ကြီးမားတဲ့ ရလဒ်တွေကို လိုချင်ကြတဲ့အတွက် နေ့စဉ် လုပ်ဆောင်နေတဲ့ သေးငယ် တဲ့ အလေ့အကျင့်တွေကို အရေးမပါဘူးလို့
"ကျွန်တော်တို့တွေဟာ ကြီးမားတဲ့ ရလဒ်တွေကို လိုချင်ကြတဲ့အတွက် နေ့စဉ် လုပ်ဆောင်နေတဲ့ သေးငယ် တဲ့ အလေ့အကျင့်တွေကို အရေးမပါဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းတော့ အောင်မြင်မှုဆိုတာ တစ်ခါတစ်ရံမှ လုပ်တဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေကနေ ဖြစ်လာတာမဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်နေတဲ့ ၁ ရာခိုင်နှုန်းလောက်သော တိုးတက်မှုလေးတွေကနေမှ နှစ်ကာလ‌တွေ ကြာလာတဲ့အခါမှာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားတဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်တာပါ။ သင်ဟာ ဒီနေ့ တစ်ရက်တည်းနဲ့ ဘာမှမပြောင်းလဲသွားဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်နှစ်ပတ်လုံး နေ့စဉ် မနားတမ်း ကြိုးစားသွားမယ်ဆိုရင်တော့ သင်ဟာ အစကထက် အဆပေါင်းများစွာ သာလွန်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ အောင်မြင်မှုဆိုတာ လမ်းကြောင်းတစ်ခုပါ၊ အဲဒီလမ်းကြောင်းပေါ်မှာ နေ့တိုင်း တသမတ်တည်း လျှောက်လှမ်းနိုင်ခြင်းဟာ အရေးအကြီးဆုံး ပါရမီတစ်ခုပါပဲ။" Atomic Habits James Clear #Time@TheLevelupCommunity @MJR👑

သင့်ဘဝရဲ့ ပန်းတိုင်က ဘာဖြစ်မလဲ...
Anonymous voting

"ကျွန်တော်ဟာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့သူပါ။ ဒါပမယ့် သေခါနီးမှာတော့ ဘာမှယူဆောင်မသွားနိုင်ခဲ့ ပါဘူး။ ကျွန်တော် သေ
"ကျွန်တော်ဟာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့သူပါ။ ဒါပမယ့် သေခါနီးမှာတော့ ဘာမှယူဆောင်မသွားနိုင်ခဲ့ ပါဘူး။ ကျွန်တော် သေတဲ့အခါ ကျွန်တော်လက်တွေကို အပြင်ထုတ်ထားပေးပါ၊ ကမ္ဘာကြီးကိုတောင် ပိုင်ဆိုင်စိုးမိုးခဲ့သူဟာ သေတဲ့အခါမှာတော့ ဘာမှမပါသွားဘူးဆိုတာ လူတွေ သိသွားအောင်ပါ။" "Bury my body and don't build any monument. Keep my hands out so the people know the one who won the world had nothing in hand when he died." Alxeander the great #TIME@TheLevelupCommunity @MJR👑

"လူတစ်ယောက်ကို ချစ်ရတာဟာ အန္တရာယ်များလွန်းပါတယ်။ ဒါပေမဲ့ တကယ်ချစ်တတ်ဖို့ဆို အဲဒီအန္တရာယ်‌တွေကို လက်ခံရမှာပဲ။ နှလုံးသားကွဲကြေသ
"လူတစ်ယောက်ကို ချစ်ရတာဟာ အန္တရာယ်များလွန်းပါတယ်။ ဒါပေမဲ့ တကယ်ချစ်တတ်ဖို့ဆို အဲဒီအန္တရာယ်‌တွေကို လက်ခံရမှာပဲ။ နှလုံးသားကွဲကြေသွားတိုင်းမှာ မင်း တကယ်ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်း သက်သေပြ‌နေတာပါ။" "To love is to risk not being loved in return. To hope is to risk pain. To try is to risk failure. But risk must be taken because the greatest hazard in life is to risk nothing." Nicholas Sparks #Time@TheLevelupCommunity @MJR👑

"မင်းရဲ့ ဘဝမှာ အရေးကြီးဆုံးနေ့နှစ်ရက်ရှိတယ် မင်းမွေးဖွားလာတဲ့နေ့နဲ့ အဲဒီလိုမွေးဖွားလာရတဲ့ အကြောင်းရင်းကို သိလိုက်တဲ့နေ့ပဲ ဖြစ
"မင်းရဲ့ ဘဝမှာ အရေးကြီးဆုံးနေ့နှစ်ရက်ရှိတယ် မင်းမွေးဖွားလာတဲ့နေ့နဲ့ အဲဒီလိုမွေးဖွားလာရတဲ့ အကြောင်းရင်းကို သိလိုက်တဲ့နေ့ပဲ ဖြစ်တယ်။" "The two most important days in your life are the day you are born and the day you find out why." Mark Twain #time@TheLevelupCommunity

"လောကကြီးက လိုတာထက်ပိုပြီး မြန်ဆန်လွန်းနေပါတယ်။ တစ်ခါတစ်ရံမှာတော့ အရာအားလုံးကို ခဏလောက် ရပ်တန့်ထားပြီး ကိုယ့်အသက်ရှူသံကိုပဲ ပ
"လောကကြီးက လိုတာထက်ပိုပြီး မြန်ဆန်လွန်းနေပါတယ်။ တစ်ခါတစ်ရံမှာတော့ အရာအားလုံးကို ခဏလောက် ရပ်တန့်ထားပြီး ကိုယ့်အသက်ရှူသံကိုပဲ ပြန်နားထောင်ကြည့်ဖို့ လည်းလိုအပ်ပါတယ်။ မင်း အခု လျှောက်လှမ်းနေတဲ့ လမ်းကြောင်းတွေ ရိုးရှင်းပါစေ။ လောဘတွေ၊ ဒေါသတွေ၊ ပြီးတော့ တခြားသူတွေရဲ့ မျှော်လင့်ချက်တွေကို မင်းရဲ့ပခုံးပေါ်မှာ မဝန်ပိစေပါနဲ့။ နေဝင်ချိန်မှာ ကောင်းကင်ကြီးက အရောင်တွေပြောင်းပြီး တိတ်ဆိတ်စွာ အနားယူသွားသလိုပဲ၊ မင်းလည်း တစ်နေ့တာအတွက် မင်းတတ်နိုင်သလောက် ကြိုးစားခဲ့ပြီးပြီဆိုရင် ကျေနပ်လိုက်ပါ။ မနက်ဖြန်ဆိုတာကလည်း အသစ်တစ်ဖန် ပြန်စတင်ဖို့ ရှိနေဦးမှာပါ။ အခုချိန်မှာတော့ အရာအားလုံးကို ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ပါ။ အပြေးပြိုင်နေစရာမလိုသလို၊ ဘယ်သူ့ကိုမှလည်း ကျော်တက်နေစရာ မလိုပါဘူး။ မင်းရဲ့ကိုယ်ပိုင် အရှိန်အဟုန်နဲ့ပဲ ပန်းတိုင်ဆီကို ရောက်အောင်သွားပါလေ။ ဒီညတော့... စိတ်ထဲမှာရှိတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ခဏလောက် ဘေးချထားလိုက်ပါ။ အေးအေးဆေးဆေးနဲ့ အနားယူပြီး အားအင်တွေ ပြန်ဖြည့်လိုက်ပါ။ အရာအားလုံး အဆင်ပြေသွားမှာပါ..." #Time@TheLevelupCommunity @MJR👑

"ဒီနေ့ တစ်နေ့တာမှာ အဆင်တွေပြေရဲ့လား။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကုန်ဆုံးခဲ့ရဲ့လား"
Anonymous voting

ချစ်ခြင်းကို အကြောင်းပြပြီး ငါ့ရဲ့ခံစားချက်တွေကို အတင်းဖိနှိပ်ခဲ့သလို၊ မုန်းခြင်းကို အကြောင်းပြပြီး ငါ့ကို အကြိမ်ကြိမ် နာကျင်
ချစ်ခြင်းကို အကြောင်းပြပြီး ငါ့ရဲ့ခံစားချက်တွေကို အတင်းဖိနှိပ်ခဲ့သလို၊ မုန်းခြင်းကို အကြောင်းပြပြီး ငါ့ကို အကြိမ်ကြိမ် နာကျင်စေခဲ့တဲ့ မင်းရဲ့ လုပ်ရပ်တွေဟာ ငါ့ရဲ့ စေတနာတွေကို အမှုန့်ချေပစ်ခဲ့တယ်။ အခုတော့ ငါ့နှလုံးသားမှာ ပေးစရာဆိုလို့ ဘာမှမကျန်တော့တဲ့အပြင် အနာတရတွေနဲ့ပဲ ပြည့်နှက်နေတယ်။ဒီလိုအခြေအနေမှာ မင်းနဲ့ ချစ်ခြင်း၊ မုန်းခြင်းအကြောင်း မပြောလိုတော့ပါဘူး။ မင်း ထွက်သွားချင်တယ်ဆိုရင် သွားဖို့အတွက် ငါ့ခွင့်ပြုချက် မလိုပါဘူး။ ငါ့ရဲ့ နာကျင်နေတဲ့ နှလုံးသားအတွက်နဲ့တင် ငါဟာ လုံလောက်တဲ့ ဝေဒနာကို ခံစားနေရပြီးသားမို့၊ မင်း ထွက်သွားခြင်းကသာ ငါ့အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ #Time@TheLevelupCommunity #MJR

တိမ်တိုက်တွေကြားက လွတ်လပ်တဲ့ ငှက်ငယ်လေးတစ်ကောင်လိုပါပဲ၊ ဘဝရဲ့ အချိန်တိုင်း စက္ကန့်တိုင်းမှာ သင့်စိတ်ကို အချုပ်အနှောင်ကင်းစွာန
တိမ်တိုက်တွေကြားက လွတ်လပ်တဲ့ ငှက်ငယ်လေးတစ်ကောင်လိုပါပဲ၊ ဘဝရဲ့ အချိန်တိုင်း စက္ကန့်တိုင်းမှာ သင့်စိတ်ကို အချုပ်အနှောင်ကင်းစွာနဲ့ လွတ်လပ်စွာ ထားရှိတတ်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်ဟာ တစ်ခါတစ်ရံမှာ မလိုအပ်တဲ့ အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အကျဉ်းချခံထားရသလို ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ လွတ်လပ်ခြင်းဆိုတာ ဘယ်သူမှ ပေးအပ်နိုင်တဲ့ အခွင့်အရေးမျိုး မဟုတ်ဘဲ၊ ကိုယ့်ရဲ့ စိတ်နေသဘောထားကနေ စတင်တဲ့ ရွေးချယ်မှုတစ်ခုသာ ဖြစ်ပါတယ်။ မရောက်လာသေးတဲ့ အနာဂတ်အတွက် ကြိုတင်စိုးရိမ်နေမှုတွေကို သင့်ရဲ့ ပခုံးပေါ်မှာ ထမ်းပိုးထားဖို့ မလိုအပ်လှပါဘူး။ အဲဒီဝန်ထုပ်ဝန်ပိုးတွေကို အမြင့်ဆုံးတိမ်တိုက်တွေကြားမှာ ထားခဲ့ပြီးတော့ လက်ရှိ ပစ္စုပ္ပန်အချိန်လေးမှာ အသက်ရှုရှိုက်လိုက်ပါ။ ဒီနေ့၊ ဒီအချိန်၊ ဒီစက္ကန့်မှာပဲ သင့်ရဲ့ အကောင်းဆုံးစွမ်းအားတွေကို အပြည့်အဝ ထုတ်ဖော်ပြီး ပျော်ရွှင်စွာ ပျံသန်းကြည့်လိုက်ပါ။ အပြင်ပန်း အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ သင့်စိတ်ကသာ လွတ်လပ်နေမယ်ဆိုရင် ဘယ်အရာကမှ သင့်ရဲ့ ပျံသန်းမှုကို တားဆီးနိုင်‌တော့မှာ မဟုတ်ပါဘူး။ #Time@TheLevelupCommunity

တစ်ခါက လူတစ်ယောက်မှာ နေ့တိုင်း မနက်မိုးလင်းတာနဲ့ သူ့ရဲ့ ဘဏ်အကောင့်ထဲကို ဒေါ်လာ ၈၆,၄၀၀ အခမဲ့ ထည့်ပေးတဲ့ ဘဏ်တစ်ခုရှိခဲ့တယ်။ ဒါပ
တစ်ခါက လူတစ်ယောက်မှာ နေ့တိုင်း မနက်မိုးလင်းတာနဲ့ သူ့ရဲ့ ဘဏ်အကောင့်ထဲကို ဒေါ်လာ ၈၆,၄၀၀ အခမဲ့ ထည့်ပေးတဲ့ ဘဏ်တစ်ခုရှိခဲ့တယ်။ ဒါပေမဲ့ စည်းကမ်းချက်က - ၁။ အဲဒီပိုက်ဆံကို နောက်နေ့အထိ သိမ်းထားလို့မရဘူး။ ၂။ တစ်နေ့တာကုန်ဆုံးလို့ မသုံးရသေးတဲ့ ပိုက်ဆံတွေရှိရင် အလိုအလျောက် ဖျက်သိမ်းခံရမယ်။ ဆိုတော့ အဲဒီလူက ဘာလုပ်မလဲ? ရှင်းပါတယ်..သူတတ်နိုင်သမျှ သူလိုချင်တာတွေဝယ်မယ်၊ ဖြစ်ချင်တာတွေလုပ်မယ် အကုန်လုံးကို အကျိုးရှိရှိ သုံးပစ်လိုက်မှာပါ။ တကယ်တော့ ကျွန်တော်တို့အားလုံးမှာ အဲဒီလို ဘဏ်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ "အချိန်" ပါပဲ။ နေ့တိုင်း ကျွန်တော်တို့အ‌ယောက်တိုင်းဆီမှာ စက္ကန့်ပေါင်း ၈၆,၄၀၀ အတူတူရရှိပါကြပါတယ်။ ညရောက်လို့ အိပ်ရာဝင်ချိန်မှာ ကျွန်တော်တို့ အသုံးမချရသေးတဲ့ စက္ကန့်တွေဟာ အလိုအလျောက် ပျောက်ဆုံးသွားမှာပါ။ မနေ့က အချိန်ကို ပြန်ယူလို့မရသလို၊ မနက်ဖြန်အတွက် ကြိုသုံးထားလို့လည်း မရပါဘူး။ ကျွန်တော်တို့ဟာ ပိုက်ဆံကို နှမြောတတ်ကြပေမဲ့ ပိုက်ဆံထက် တန်ဖိုးရှိတဲ့ "အချိန်" ကိုတော့ အလဟဿ ကုန်ဆုံးစေတတ်ကြပါတယ်။ ဒီနေ့ ရရှိထားတဲ့ စက္ကန့် ၈၆,၄၀၀ ကို အကောင်းဆုံးစီမံ အသုံးချပြီး ကိုယ့်ရဲ့ အိမ်မက်တွေဆီ ခြေတစ်လှမ်းသာ‌အောင်လှမ်း တက်လိုက်ကြစို့" #Time

"ဒီနေ့ တစ်နေ့တာမှာ အဆင်တွေပြေရဲ့လား။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကုန်ဆုံးခဲ့ရဲ့လား။"
Anonymous voting

"ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့် Post တင်တာ ခဏလောက် အဆက်အသွယ်ပြတ်သွားခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ အခုတော့ ပိုပြီးတက်ကြွတဲ့ စိတ်ဓာတ်တွေနဲ့အတူ Level Up Communityသို့ ပြန်ရောက်လာပါပြီ။ အားလုံးပဲ အရင်လို တက်တက်ကြွကြွနဲ့ ပြန်လည်နိုးကြားပြီး ဆွေးနွေးတိုင်ပင်ဖို့ အဆင်သင့်ပဲလားဗျို့?"

"မျိုးကြီးရဲ့ သီချင်းထဲကလို နောက်ကျောကို ဓားနဲ့ထိုးတိုင်း ပြုံးပြနေလို့လည်း အဆင်မပြေပါဘူး။ ကိုယ့်ကိုယ်ကိုယ် နာကျင်စေနိုင်တဲ့အ
"မျိုးကြီးရဲ့ သီချင်းထဲကလို နောက်ကျောကို ဓားနဲ့ထိုးတိုင်း ပြုံးပြနေလို့လည်း အဆင်မပြေပါဘူး။ ကိုယ့်ကိုယ်ကိုယ် နာကျင်စေနိုင်တဲ့အရာတွေဆို ပန်းအစ လူအဆုံး မပတ်သက်မိဖို့တော့ ဂရုစိုက်ရပါမယ်။" "It is not convenient to keep smiling every time you are stabbed in the back like in Myo Gyi's song. You must be careful not to be involved with things that can hurt you, from flowers to people." #Motivation #DailyInspiration #LevelUp

"ဘဝမှာ ခြံစည်းရိုးခတ်ထားတာဟာ လူတကာကို မုန်းလို့မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပန်းခြံလေးထဲက ပန်းတွေကို နင်းခြေမခံရအောင် ကာကွယ်ထားတာပါ။ လ
"ဘဝမှာ ခြံစည်းရိုးခတ်ထားတာဟာ လူတကာကို မုန်းလို့မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပန်းခြံလေးထဲက ပန်းတွေကို နင်းခြေမခံရအောင် ကာကွယ်ထားတာပါ။ လူတချို့က မင်းပေးတဲ့ အခွင့်အရေးကို 'အခွင့်အရေး' လို့ မမြင်ဘဲ 'ငါပိုင်တာပဲ' လို့ ထင်တတ်ကြတယ်။ အဲ့ဒီအခါမျိုးမှာ မင်းဘက်က ပြတ်သားဖို့ လိုပါတယ်။ မင်းရဲ့ စည်းကို ကျော်လာသူတွေကို 'တော်ပြီ' လို့ ပြောလိုက်တာဟာ မင်းရဲ့ ရပိုင်ခွင့်ဖြစ်သလို၊ မင်းရဲ့ အောင်မြင်မှုလမ်းကြောင်းကို ဖြတ်လမ်းမလိုက်စေဖို့အတွက် အကောင်းဆုံး ကာကွယ်မှုလည်း ဖြစ်ပါတယ်။" မှတ်သားစရာ - "တန်ဖိုးမသိတဲ့သူကို အခွင့်အရေးပေးတာဟာ ကိုယ့်ရဲ့ အချိန်နဲ့ စွမ်းအင်တွေကို အလဟဿ ဖြုန်းတီးလိုက်တာနဲ့ အတူတူပါပဲ။" Setting boundaries is self-respect, not hostility. It's protecting your peace from those who mistake your kindness for entitlement. Be brave enough to say 'No' to anyone who tramples on your worth." Quote: "Don't spend your energy on people who view your generosity as a given." #Motivation #DailyInspiration #LevelUp

အသစ်တစ်ခုခုကို စတင်တော့မယ်ဆိုရင် ငါမှားသွားမလား၊ အဆင်မပြေဖြစ်မလား အလုပ်မဖြစ်တော့ရင်ရော၊ ဆိုတဲ့ စိုးရိမ်စိတ်က အမြဲးအရင်ရောက်လာ
အသစ်တစ်ခုခုကို စတင်တော့မယ်ဆိုရင် ငါမှားသွားမလား၊ အဆင်မပြေဖြစ်မလား အလုပ်မဖြစ်တော့ရင်ရော၊ ဆိုတဲ့ စိုးရိမ်စိတ်က အမြဲးအရင်ရောက်လာတတ်ပါတယ်။ အဲ့ဒီလိုတွေ တွေး‌နေမယ့်အစား "တကယ်လို့ ငါသာ အောင်မြင်သွားရင်ကော" ဆိုတဲ့ အတွေး ပြောင်းတွေးကြည့်ရင်ကော? "Instead of letting the 'What if it fails?' take over your mind, try asking yourself: 'But what if I fly?' Letting go of the fear of falling is the first step toward success." #Motivation #DailyInspiration #LevelUp

Level Up အဖွဲ့ဝင်တိုင်းကိုမေးပါရစေ... အလုပ်အကိုင်တွေရော အဆင်ပြေပြေ ရှိရဲ့လား? 💼 ကိုယ့်ကိုယ်ကိုယ်ရော အချိန်ပေးဖြစ်ရဲ့လား? 🧘‍♂️ လေ့ကျင့်ခန်းတွေရော ပုံမှန်လုပ်ဖြစ်ရဲ့လား? 🏃‍♂️ အစားအသောက်တွေရော ပုံမှန်စားဖြစ်ရဲ့လား? 🍱 အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်မှုကိုလည်း ဦးစားပေးဖို့ မမေ့ကြနဲ့ဦးနော်။

"အရှုံးကို လက်ခံပြီး ငိုမလား? အခွင့်အရေးကို ဆုပ်ကိုင်ပြီး ကြိုးစားမလား?" ဆုံးရှုံးစရာတွေသိပ်များလွန်းတဲ့လောကကြီးမှာ အနိုင်လို
"အရှုံးကို လက်ခံပြီး ငိုမလား? အခွင့်အရေးကို ဆုပ်ကိုင်ပြီး ကြိုးစားမလား?" ဆုံးရှုံးစရာတွေသိပ်များလွန်းတဲ့လောကကြီးမှာ အနိုင်လိုချင်ရင် အခက်ခဲပေါင်းများစွာကို လက်ခံရင်ဆိုင်ရဲမှ ဖြစ်နိုင်မှာပါ။ လှေ မရှိပဲ သမုဒ္ဒရာပြင်ကြီးတစ်ခုကို ကူးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ "Choose: accept defeat and cry, or grab the chance and fight. To win in a world of constant loss, you must be ready to face every hardship. You can't cross the ocean without a boat, and you can't reach the top without courage." #Motivation #DailyInspiration #LevelUp

ကျွန်တော်တို့ ညဘက် လမ်းလျှောက်တဲ့အခါ မီးအိမ်လေးတစ်လုံး ရှိတယ်ဆိုပါစို့။ အဲဒီမီးအိမ်က လမ်းအဆုံးထိ လင်းမနေနိုင်ပါဘူး။ ကိုယ့်ခြေ
ကျွန်တော်တို့ ညဘက် လမ်းလျှောက်တဲ့အခါ မီးအိမ်လေးတစ်လုံး ရှိတယ်ဆိုပါစို့။ အဲဒီမီးအိမ်က လမ်းအဆုံးထိ လင်းမနေနိုင်ပါဘူး။ ကိုယ့်ခြေလှမ်း ရှေ့က ၅ ပေ၊ ၁၀ ပေ လောက်ကိုပဲ လင်းစေတာပါ။ ဒါပေမဲ့ အဲဒီလင်းတဲ့ နေရာလေးကို သေသေချာချာကြည့်ပြီး တစ်လှမ်းချင်း လှမ်းသွားမယ်ဆိုရင် နောက်ဆုံးမှာ လိုရာခရီးကို ရောက်သွားတာပါပဲ။ ဘဝဆိုတာလည်း အဲဒီလိုပါပဲ။ ရှေရှေဝေးဝေး သိပ်တွေးစရာမလိုပါဘူး ရှေရှေဝေးဝေးလျှောက်နိုင်ဖို့ပဲလိုပါတယ်။ Imagine we are walking through the night with a small lantern. That lantern cannot illuminate the road all the way to the end; it only lights up the next five or ten feet in front of us. However, if we focus clearly on that lit path and take it one step at a time, we will eventually reach our destination. Life is exactly like that. You don't need to overthink the distant future; you just need to keep moving forward. #Motivation #DailyInspiration #LevelUp

Work is not just a responsibility it is an opportunity to prove your worth. Let’s give it our best! All the hard work you put
Work is not just a responsibility it is an opportunity to prove your worth. Let’s give it our best! All the hard work you put in today is the best investment for your success tomorrow💪 အလုပ်ဆိုတာ တာဝန်တစ်ခုတင်မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးတစ်ခုဘဲ အကောင်းဆုံးကြိုးစားကြည့်ရအောင်၊ ဒီနေ့အတွက် ပင်ပန်းထားသမျှတွေက မနက်ဖြန်ရဲ့ အောင်မြင်မှုအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေပါပဲ💪 #Motivation #Dailylnspjiration #LevelUp