Corner Tips by Rice
Open in Telegram
395
Subscribers
-124 hours
-67 days
-730 days
Posts Archive
🎉 🌟 Congratulations ⚽️
ကိုယ့်အသင်းအတွက် ရင်နာရပေမယ့် တစ်ဖက်က ချန်ပီယံကိုလည်း အသိအမှတ်ပြုပါတယ်။ ပြိုင်ပွဲတစ်ခုမှာ တစ်သင်းက ပျော်ရွှင်ရင် တစ်သင်းကတော့ ဝမ်းနည်းရစမြဲမို့ပါ ။
ကွင်းထဲမှာ ကစားသမားတွေ ကြိုးစားသွားတာကို မြင်ရရုံနဲ့တင် ကျေနပ်ပါတယ် ။
ဖိုက်တင်းပါ အာဆင်နယ်ဖန် ညီကိုတွေ ။
🙏 ဒေါသရှေ့မထားမိဖို့တရားတော် 🙏
🌅 "မင်္ဂလာရှိသော မနက်ခင်းအချိန်အခါသမယတွင် စိတ်နှလုံးကို အေးချမ်းစေပြီး ဘဝအတွက် အသိအမြင်နှင့် ဗဟုသုတများ တိုးပွားစေမည့် ‘မနက်ခင်းတရားတော်’ ဖြစ်ပါသည်
ဒေါသထွက်လာတဲ့အခါ စကားကို ချက်ချင်းမတုံ့ပြန်ပါနဲ့။ စိတ်ဆိုးပြီး ပြောလိုက်တဲ့ စကားလုံးတွေဟာ သူတစ်ပါးကိုတင် မဟုတ်ဘဲ မိမိရဲ့ စိတ်နှလုံးကိုပါ အရင်ဆုံး ပူလောင် ပျက်စီးစေတတ်လို့ ဖြစ်ပါတယ်။
ငါနိုင်တာပဲဆိုပြီးတော့လည်း မပြောနဲ့။
"ငါပြောတာ မှန်တယ်၊ ငါနိုင်တယ်" ဆိုတဲ့ မာနစိတ်နဲ့ အနိုင်ယူဖို့ ဒေါသရှေ့တန်းမတင်ပါနဲ့။ လောကမှာ စကားနိုင်လုပြီး အနိုင်ယူတာထက် မိမိရဲ့ ဒေါသကို သည်းခံပြီး ထိန်းချုပ်နိုင်သူကသာ စစ်မှန်တဲ့ အောင်နိုင်သူ ဖြစ်ပါတယ်။
အချိန် (၁) မိနစ်လောက်ပဲ မပေးရပါတယ် 📖 ဒါလေးကို ဆုံးအောင်ဖတ်ပြီး ဗဟုသုတ အသိအမြင်ကောင်းတွေ ရကြပါစေ။ 🙏
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ မြတ်စွာဘုရားကို ကိုးကွယ်ရာအစစ်အမှန်ဟု ယုံကြည်မြတ်နိုးစွာဖြင့်... မင်္ဂလာနံနက်ခင်းပါ။"
"ဘုရားရှင်၏ အေးရိပ်၌ ခိုလှုံရင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။"
တစ်နေ့တာဆောင်ရွက်သမျှတွေ အားလုံး အဆင်ပြေပါစေဗျာ ။
မိဘအပေါ် သိတက်ပီး မိဘအပေါ် စိတ်ချမ်းသာအောင် ထားနိုင်တဲ့ညီကို
များဖြစ်ကြပါစေဗျာ ။
ကောင်းသောနေ့လေးဖြစ်ကြပါစေဗျာ ။
✨ကောင်းသောညလေး ဖြစ်ပါစေဗျာ ညီအစ်ကိုတို့... 💤
ဒီနေ့အတွက်တော့ ပွဲစဉ်တွေလည်း ရွေးချယ်သွားပြီမို့ ကျွန်တော်လည်း အနားယူ တော့မှာ ဖြစ်ပါတယ်ခင်ဗျာ။
🌅 မနက်ဖြန် မနက်ခင်းမှာ -
ညီအစ်ကိုတို့ စိတ်အေးချမ်းပြီး ဗဟုသုတရစေမယ့် "မနက်ခင်းတရားတော်များနှင့် မေတ္တာပို့စာသားများ"
ရင်ခုန်စိတ်လှုပ်ရှားစရာ ကမ္ဘာ့ဘောလုံးလောကရဲ့ "အပြောင်းအရွှေ့ သတင်းထူးအသစ်များ" ကို စနစ်တကျ ပြုစုပြီး မနက်ဖြန် တင်ဆက်ပေးသွားပါဦးမယ်ဗျာ။
ဒီနေ့မှာ အဆင်ပြေခဲ့သူရော၊ အဆင်မပြေဖြစ်ခဲ့သူများပါ စိတ်အပန်းပြေအောင် ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူလိုက်ကြပါဦးနော်။ မနက်ဖြန် မနက်ခင်းမှာ ပြန်ဆုံကြပါမယ်။
Sweet Dreams ပါ ညီအစ်ကိုတို့ရေ... 👋
