en
Feedback
ကေ ဒရမ်မာ စီးရီးဘောက်စ်

ကေ ဒရမ်မာ စီးရီးဘောက်စ်

Open in Telegram

@Zaw2042

Show more
The country is not specifiedThe category is not specified
2 826
Subscribers
-1024 hours
+257 days
+2430 days
Posts Archive
" T.he E.ast P.alace " (2026) ပရိသတ်တွေအတွက် ထူးခြားဆန်းပြားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Mystery Fantasy ဇာတ်လမ်းကောင်းသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ် ​​ထူးဆန်းပြီးထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတွေခြောက်လှန့်နေတဲ့ စိတ်ကူးယဉ်ဘုရင်နိုင်ငံတော်ကြီးတစ်ခု...... တစ်နေ့မှာတော့ ဘုရင်ကြီးဟာ နန်းတွင်းက လျှို့ဝှက်ဆန်းကြယ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် လူနှစ်ယောက်ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်ပါတယ် ​အဲ့ဒီလူတွေကတော့ ဝိညာဉ်လောကထဲကိုကူးပြောင်းပြီး ဝိညာဉ်အသွင်ပြောင်းလဲနိုင်စွမ်းရှိတဲ့ မာန်မာနကြီးပြီးအစွမ်းထက်တဲ့ သရဲအမဲလိုက်သမား ဂူချွန်း (Gu Cheon) နဲ့ သေဆုံးသွားတဲ့ဝိညာဉ်တွေရဲ့ စကားကိုကြားနိုင်၊ ပြောဆိုနိုင်တဲ့ ကျိန်စာသင့်နေတဲ့နန်းတွင်းအပျိုတော် ဆိန်းဂန်း (Saeng Gang) တို့ပဲ ဖြစ်ကြပါတယ်။ ​သူတို့နှစ်ယောက်ဟာ အိမ်ရှေ့စံမင်းသားစံမြန်းရာ "အရှေ့နန်းဆောင်" ထဲမှာပုန်းအောင်းနေတဲ့ မကောင်းဆိုးဝါးအမှောင်ထုအင်အားစုကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေခဲ့ကြပေမယ့် နန်းတွင်းတံတိုင်းတွေရဲ့နောက်ကွယ်ကရေရှည်မြုပ်နှံထားတဲ့လျှို့ဝှက်ချက်တွေကို အတူတူဖော်ထုတ်ရင်းနဲ့မှ... လူ့လောကနဲ့ဝိညာဉ်လောကရောယှက်နေတဲ့ နက်နဲတဲ့ကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားပါတော့တယ်။ ​ကျောချမ်းဖွယ်ကလဲ့စားချေဝိညာဉ်တွေ၊ နန်းတွင်းကသွေးအေးတဲ့ လုပ်ကြံမှုတွေနဲ့ အရှေ့နန်းဆောင်တစ်ခုလုံးကို ဝါးမြိုဖို့ကြံစည်နေတဲ့ မတွေးဝံ့စရာ အမှောင်ထုမ​​ကောင်းဆိုးဝါးကြီး...... ​သူတို့နှစ်ယောက် ဒီအန္တရာယ်ဆိုးကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲနန်းတွင်းထဲက လျှို့ဝှက်ချက်တွေကကောဘာတွေဖြစ်မလဲဆိုတာ..."The East Palace" ဆိုတဲ့အတိုင်း ရင်တဖိုဖိုနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။ ချန်နယ် Join ရန် 👇👇👇 https://t.me/kdm445

Collectors (2020) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင်ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီးဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစ
Collectors (2020) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင်ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီးဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာအပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ… ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်းဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ် ချန်နယ် Join ထားရန် 👇👇 https://t.me/kdm445 ဇာတ်ကား လင့် 👇👇

Arc-hit-ect-ure 1...0...1 (2012)

Arc-hit-ect-ure 1...0...1 (2012)
Arc-hit-ect-ure 1...0...1 (2012)

Bison: Kaalamaadan (2025) ":" IMDb - 8.3/10 နွားရိုင်းလို ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော် ကဘာဒီ ကစားသမားကြီး မာနာသီဂနေ့ဆန်ရဲ့ ဘ
Bison: Kaalamaadan (2025) ":" IMDb - 8.3/10 နွားရိုင်းလို ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော် ကဘာဒီ ကစားသမားကြီး မာနာသီဂနေ့ဆန်ရဲ့ ဘဝဇာတ် ကြောင်းကို အခြေခံပြီးရိုက်ကူးထားပြီး Box office ရူပီးသန်း ခြောက်ရာကျော် ပြန်ရခဲ့တဲ့ တမီလ်အားကစား အက်ရှင်ရုပ်ရှင်ကားကြီးကို တင် ဆက်ပေးလိုက်ပါတယ်။ ကလေးဘဝကတည်းက ကဘာဒီကစားနည်းကို စွဲစွဲ လန်းလန်းနှစ်ခြိုက်ခဲ့ရတဲ့ ကီတန်။ ရွာအသင်းကနေ ဝင်ကစားဖိုအတွက် အိပ်မက်တွေရှိပေမဲ့ ရွာအသင်းရဲ့ခေါင်းဆောင်နဲ့က မိသားစုရန်ငြိုးတွေရှိတာမို ကစားကွင်းထဲကိုတောင် ခြေချခွင့်မရှိတဲ့ ကီတန်။ ဒါပေမဲ့ ကီတန်ရဲ့ ကဘာဒီအားကစားအပေါ် အစွမ်းအစနဲ့ ရူးသွပ်မှုကိုမြင်သွားတဲ့ ဆရာကြောင့် ကျောင်းအသင်းမှာ ဝင်ကစားခွင့်ရတဲ့အခါ... ဇာတ်အနိမ့်အမြင့်တွေနဲ့ အုပ်စုကွဲပြီး သွေးချောင်းစီး တိုက်ပွဲတွေဖြစ်နေတဲ့ဒေသက ကီတန်တစ်ယောက် အိန္ဒိယအသင်းရဲ့ လက်ရွေးစင်ကဘာဒီအားကစား သမားတစ်ယောက် ဖြစ်လာခဲ့ချိန်မှာတော့...။ ချန်နယ် လင့် 👇👇 https://t.me/mmsubmh4

Repost from BL only💕
Love Class S03 (2026) ပရိသတ်ကြီးတို့မှာ ချစ်ခြင်းကို အပြည့်အဝ အပြန်အလှန်ခံစားဖို့ နှလုံးသားနဲ့ ရွေးချယ်ပါသလား ဦးနှောက်နဲ့ဆုံး
+3
Love Class S03 (2026) ပရိသတ်ကြီးတို့မှာ ချစ်ခြင်းကို အပြည့်အဝ အပြန်အလှန်ခံစားဖို့ နှလုံးသားနဲ့ ရွေးချယ်ပါသလား ဦးနှောက်နဲ့ဆုံးဖြတ်ပါသလား… တစ်ခါတရံ လွန်ဆွဲရတဲ့ အခြေအနေတွေကိုလည်း ကြုံဖူးကြမှာပါ….ဒီခံစားချက်လေးကို အရင်းတည်ထားတဲ့ ရင်ခုန်စရာ ကိုရီးယား BL ဇာတ်လမ်းသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်… idol survival show မှာ ဆုံတွေ့ခဲ့ကြတဲ့ ဟျွန်းဂျယ်နဲ့ ဆူအန်တို့ဟာ အချစ်မီးပွါးလေးပေါက်ဖွားခဲ့ကြပေမဲ့ ကံကြမ္မာမျက်နှာမပေးလေတော့ နှစ်ဦးထဲက တစ်ဦးသာ ပွဲဦးထွက်ခွင့်ရခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေးဟာလည်း ဝေးကွားခဲ့ရပါတယ်….. နှစ်တွေကြာလွန်ပြီးနောက် ကံကြမ္မာရဲ့လက်ဆောင်လို့ ပြောရမလား ကျီစယ်မှုလို့ပြောရမလား… သူတို့နှစ်ဦးဟာ ပြန်ဆုံတွေ့ခဲ့ရပေမဲ့ ဖျော်ဖြေရေးလောကထဲမှာ နေရာကိုယ်စီပိုင်ဆိုင်ထားကြတဲ့အလျောက် ခံစားချက်တွေ ဖွင့်ဟဖို့ ခက်ခဲခဲ့ကြပါတယ် အသက်မွေးဝမ်းကြောင်းနဲ့ စစ်မှန်တဲ့ခံစားချက်တွေကြား ဗျာများနေကြပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ကြမလဲဆိုတာကို .. BL ဇာတ်လမ်းပီပီ ချိုမြိန်တဲ့ဇာတ်ဝင်ခန်းလေးတွေနဲ့ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်...... #crd ချန်နယ် လင့် 👇👇 https://t.me/bl_only2 ဇာတ်ကား လင့် 👇👇 https://t.me/bl_only2/1200

ဒီညအတွက် အငြိမ်စား... သွေးပွက်ပွက်ဆူစေမယ့် ၈၀ ခုနှစ်တွေရဲ့ အကြမ်းဆုံး ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ ရုပ်ရှင် 🎥 ​အမေရိကန်စစ်တပ်က အရာရှိတစ်ဦးဖြစ်သူ Frank Dux ဟာ သူ့ကို သားအရင်းလို သဘောထားပြီး နင်ဂျုဆု (Ninjutsu) ပညာရပ်တွေ သင်ကြားပေးခဲ့တဲ့ ဂျပန်ဆရာကြီး Senzo Tanaka ရဲ့ ဂုဏ်သိက္ခာအတွက် ဟောင်ကောင်မှာ ၅ နှစ်မှတစ်ကြိမ် လျှို့ဝှက်ကျင်းပလေ့ရှိတဲ့ "Kumite" လို့ခေါ်တဲ့ သေတွင်းတိုက်ပွဲ (Underground full-contact martial arts tournament) ကို သွားရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ​စစ်တပ်က ခွင့်ပြုချက်မရှိဘဲ သွားရောက်တာဖြစ်လို့ စစ်ဘက်ဆိုင်ရာအေးဂျင့်တွေရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းရင်း ပြိုင်ပွဲဝင်ခဲ့ရပါတယ်။ ဟောင်ကောင်မှာ Frank ဟာ အမေရိကန်လူထွားကြီး Ray Jackson နဲ့ ခင်မင်ရင်းနှီးသွားသလို၊ ပြိုင်ပွဲအကြောင်း လျှို့ဝှက်စုံစမ်းနေတဲ့ သတင်းထောက်မလေး Janice Kent နဲ့လည်း နီးစပ်သွားခဲ့ပါတယ်။ ​ပြိုင်ပွဲအတွင်းမှာ Frank ဟာ သူ့ရဲ့ပါရမီနဲ့ အစွမ်းအစတွေကို ပြသနိုင်ခဲ့ပေမယ့် နောက်ဆုံးဗိုလ်လုပွဲမှာတော့ အကြင်နာတရားကင်းမဲ့ပြီး ပြိုင်ဘက်တွေကို သေအောင်သတ်လေ့ရှိတဲ့ လက်ရှိချန်ပီယံ Chong Li နဲ့ ရင်ဆိုင်ရပါတော့တယ်။ Chong Li က Frank ရဲ့သူငယ်ချင်း Jackson ကို ပွဲတွင်းမှာ အပြင်းအထန်ဒဏ်ရာရအောင် ရက်ရက်စက်စက် လုပ်ခဲ့တာကြောင့် Frank ဟာ သူငယ်ချင်းအတွက် ကလဲ့စားချေဖို့နဲ့ ဆရာ့ရဲ့ဂုဏ်သိက္ခာကို ဆယ်တင်ဖို့ အသက်စွန့်ယှဉ်ပြိုင်ရပါတော့တယ်။ ချန်နယ် join ထားပေးပါ 👇👇 https://t.me/moviehouse1200 ဇာတ်ကား လင့် 👇👇 https://t.me/moviehouse1200/528

Our Happy Days (2026) E77 WEB-DL 1080p

Repost from Cine Mix mm
အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ ပန်ဒါကလေးဟူဟူ အတွဲ ၂ ရောက်ရှိလို့လာပါပြီ... ဒီရုပ်ရှင်ကတော့ အက်ရှင်ကို ဟာသနဲ့ fantasy အရသာတွေကို ပေါင်းစပ်ထားတဲ့ ပျော်ရွှင်စရာ စွန့်စားခန်း ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်...အတွဲ ၂ မှာလည်း ဂျက်ကီချန်နဲ့ ချစ်စရာပန်ဒါလေးဟူဟူတို့က အဓိက ဇာတ်ဆောင်တွေဖြစ်တာပေါ... ဇာတ်လမ်းလေးကတော့ ဂျက်ကီနဲ့ ဟူဟူတို့က မတော်တဆ လျို့ဝှက်တောတစ်ခုထဲရောက်သွားပြီး ရှေးဟောင်းဝက်ဝံမျိုးနွယ်စုဆိုတဲ့ လူရိုင်းတွေနဲ့တွေ့တာပေါ့.. ထူးဆန်းစွာနဲ့ အဲ့မျိုးနွယ်စုမှာ အသက် ၆ နှစ်ပြည့်တာနဲ့ အမေလို့ ခေါ်ခွင့်ကို အားနည်းတယ်လို့ ယူဆပြီး ပိတ်ပင်တားဆီးထားတာပဲ... နောက်တစ်ခုကတော့ အချင်းချင်းပွေ့ဖက်ခြင်းဆိုတာက အားနည်းတဲ့အမူအရာလို့ ယူဆပြီး တားမြစ်ထားပြန်တယ်... အဲ့ဒီ မျိုးနွယ်စုဝင်တွေက ပန်ဒါဝက်ဝံကို နတ်ဘုရားတောရဲအနေနဲ့ ကိုးကွယ်တာဖြစ်လို့ ပန်ဒါလေးဟူဟူကိုလည်း သူတို့ရဲ့ နတ်ဘုရားလို့ ယုံကြည်ကိုးကွယ်ပြီး ဟူဟူရွေးချယ်ခဲ့တဲ့ ဂျက်ကီကိုလည်း သူရဲကောင်း တမန်တော်အဖြစ် ယုံကြည်သတ်မှတ်ခဲ့တာပေါ့...တစ်ဖက်မှာလည်း ဒီမျိုးနွယ်စုဆီကျရောက်မယ့် ကပ်ဘေးကို ကျော်လွှားနိုင်ဖို့အတွက် တောင်ထိပ်ကြီးကို ပန်ဒါလေးနဲ့ တမန်တော်က သွားပြီး ဖြေရှင်းပေးရမယ့် တာဝန်လည်း ရှိနေပြန်တယ် ဂျက်ကီ တမန်တော်ဖြစ်သွားတာကို မျိုးနွယ်စုသူရဲကောင်းတွေကလည်း ဘယ်ကျေနပ်ကြမှာလဲ... ဒါကြောင့်လည်း ဂျက်ကီနဲ့ ပန်ဒါလေးဟူဟူတို့ရဲ့ အန္တရာယ်များပြီး အကွေ့အကောက်များတဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တစ်ခုကို စတင်ခဲ့ရတာပေါ့... ဇာတ်ကားလေးထဲမှာ မင်းသား မင်းသမီးများစွာ ပါဝင်ပြီး အက်ရှင်တိုက်ခိုက်မှုတွေကို ဟာသနှောကာ တင်ဆက်ထားတာမို့ အားလုံး ဘဝအမောတွေကို ရယ်မောရင်း ဖြေဖျောက်နိုင်မယ့် ဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် သူရဲကောင်းဆိုတာ အင်အားကြီးပြီး အထီးကျန်ဆန်တာမဟုတ်ဘဲ နာကျင်တာကို ငိုကြွေးပြတာ ပျော့ညံ့တာမဟုတ်သလို ခင်မင်ရင်းနှီးမှုကို ဖော်ထုတ်တာလည်း အားနည်းတာမဟုတ်တဲ့ သဘောတရားကို အခြေခံထားတာမလို့ မိသားစုနဲ့အတူ ကြည့်ဖို့ အထူးသင့်တော်တဲ့ကားလေးပါလို့ မိတ်ဆက်ပေးလိုက်ပါတယ်.. #crd ချန်နယ် လင့် 👇👇 https://t.me/Cinemixmm

Horror Express (2025) NF WEB-DL 1080p

Horror Express (2025) * ဒီတစ်ခေါက်မှာတော့ Horror ချစ်သူများအတွက် မင်းသမီးသစ်လေး Ko Yi-Kyung, Queen Woo ထဲက မင်းသမီး Oh Hani နဲ့ Tale of the Nine Tailed ထဲက မင်းသား Lee Tae-Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သရဲကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - သရဲခြောက်တဲ့ Live တွေ လွှင့်ရင်း နာမည်ကြီးလာတဲ့ Youtuber ဂျူဂျောရင်း(Ko Yi-Kyung)... ဒါပေမဲ့လည်း ဒီအပျော်က ခဏတာပါပဲ... အခုအချိန်အထိ လွှင့်လာခဲ့တဲ့ သူ့ရဲ့ Live အားလုံးက လုပ်ဇာတ်သက်သက်သာဖြစ်ကြောင်း ပေါ်သွားတဲ့ ဂျူဂျောရင်းဟာ ချန်နယ်ပိတ်သိမ်းရခါနီး အခြေအနေထဲ ကျရောက်သွားခဲ့ပါတယ်။ ဒီအခြေအနေကို တစ်ခါတည်းနဲ့ ပြောင်းပြန်လှန်ပစ်ချင်နေတဲ့ ဂျူဂျောရင်းက နတ်ဆရာမလေး မာယာ (Oh Hani) ဆိုသူကို အတူတူ Live လွှင့်ကြဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။ သူတို့နှစ်ယောက်အတူ လူသူအရောက်နည်းတဲ့ ဝေးလံခေါင်ဖျားက အိမ်ကြီးတစ်လုံးဆီကို သွားရောက်ကာ အသက်ရင်းပြီး သရဲအိမ် live ကို စတင် လွှင့်ကြတဲ့အခါမှာတော့... လုံးဝ မဖွင့်သင့်တဲ့ တံခါးကိုမှ မှားယွင်းဖွင့်လိုက်မိတဲ့ သူတို့က ဘယ်လို ထိတ်လန့်ဖွယ် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ... အဲဒီအိမ်ကြီးထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ပုန်းကွယ်နေမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦးနော်။ ချန်နယ် join ရန် 👇👇 https://t.me/kdm445

The Outer Threat***2026 ===== Adventure.... THRILLER *** သိပ္ပံနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိ
The Outer Threat***2026 ===== Adventure.... THRILLER *** သိပ္ပံနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် နာမည်ကြီးမင်းသမီးချော Constance Wu အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၆ ထွက် ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ချန်နယ်JOIN ထားပေးနော်👇👇👇 https://t.me/bl_only ဇာတ်ကား ကြည့်ရန် 👇👇 https://t.me/bl_only/1035

Boy (2026) IMDb Rating (7.2) The Uncanny Counter ထဲက Cho Byeong-Kyu နဲ့ Yoo In Soo၊ NMIXX အဖွဲ့ဝင်ဟောင်း JINI နဲ့ Seo In-Guk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဒီကားလေးကိုတော့ ဖိုဂူမြို့လို့ ခေါ်တွင်တဲ့ စိတ်ကူးယဉ်မြို့လေးကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ယူရိုဟန် (Cho Byeong-Kyu) နဲ့ ဂယိုဟန် (Yoo In Soo) တို့ ညီအစ်ကိုနှစ်ဦးကတော့ အဲဒီဖိုဂူမြို့လေးမှာ နေထိုင်နေကြပြီး "တက္ကဆက်ရေပူစမ်း"လို့ ခေါ်တဲ့ နေရာလေးကို စီမံအုပ်စိုးနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အထက်မှာ အာဏာချုပ်ကိုင်ထားတဲ့ ဆရာကြီးကတော့ ဦးထုပ်သည် (Seo In-Guk) ဆိုသူပါ။ တက္ကဆက်ရေပူစမ်းဆိုတကတောာ့ သွားစရာလမ်းပျောက်နေတဲ့ လူတွေ စုဝေးနေကြပြီး မူးယစ်ဆေး၊ လောင်းကစားစတဲ့ သာယာမှု စည်းစိမ်မျိုးစုံကို ခံစားနိုင်တဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ ဆေးစွဲနေတဲ့ အမေဖြစ်သူနောက်ကို လိုက်ရင်း အီဂျယ်အင်း (JINI) ဆိုတဲ့ မိန်းကလေးက တက္ကဆက်ရေပူစမ်းဆီကို ရောက်ရှိလာပါတော့တယ်။ ဥပဒေကင်းမဲ့ပြီး စည်းစနစ်နဲ့ အကြမ်းဖက်မှုတွေသာ ရှိတဲ့ ဒီနေရာလေးမှာ ဂျယ်အင်းဆိုတဲ့ မိန်းကလေးရဲ့ နွေးထွေးတဲ့ ဂရုစိုက်ပေးမှုလေးတွေကြောင့် ရိုဟန်ရဲ့ ဘဝလေး ယိမ်းယိုင်စပြုလာပြီး စည်းစနစ်တွေကို စတင် ချိုးဖောက်မိတဲ့အခါမှာတော့... အဆုံးမှာ ရိုဟန်၊ ဂယိုဟန်၊ ဂျယ်အင်းတို့ သုံးဦးက ဒီငရဲခန်းနဲ့တူတဲ့ နေရာကနေ လွတ်မြောက်ပြီး ပျော်ရွှင်ခွင့်ရနိုင်မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ ချန်နယ် Join ထားပေးပါ 👇👇 https://t.me/kdm445 ဇာတ်ကား ကြည့်ရန် 👇👇👇