ကေ ဒရမ်မာ စီးရီးဘောက်စ်
Open in Telegram
2 814
Subscribers
+224 hours
+37 days
+1030 days
Posts Archive
OK! Let's Get Divorced (2026)
တစ်ယောက်ကိုတစ်ယောက် မုန်းလို့ မဟုတ်ဘဲ ပင်ပန်းလွန်းလို့ လမ်းခွဲချင်ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ ရယ်စရာ၊ ဝမ်းနည်းစရာနဲ့ တလွဲဟာသလေးတွေကို မျှမျှတတကြည့်ရမယ့် Rom Com ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။
ဒီကားထဲမှာတော့ Monthly Magazine Home မှ မင်းသား Kim Ji Suk နဲ့ Villains ဇာတ်ကားမှ မင်းသမီး Lee Min Jung တို့ အဓိကပါဝင်ထားပြီး တခြား သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအညွှန်း
ငယ်စဉ်က အဖေဖြစ်သူ ဝတ်စုံဆိုင်ဖွင့်ထားတာကို ကြည့်ရင်း Baek Mi Young (Lee Min Jung) ဟာ အမျိုးသမီး အပ်ချုပ်သမားတစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးစလုံးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ အလုပ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ရင်း မင်္ဂလာဝတ်စုံဆိုင်တစ်ခုမှာ အတူတူအလုပ်လုပ်နေတဲ့ ဒီဇိုင်နာ Ji Won Ho (Kim Ji Suk) နဲ့ ဆုံတွေ့ခဲ့ပါတယ်။
Won Ho ကလည်း Mi Young ကို မြင်မြင်ချင်း သဘောကျမိသွားပြီး ချစ်သူဖြစ်ပြီး ၆ လအကြာမှာ လက်ထပ်ခဲ့ပြီးနောက် နှစ်ယောက်အတူတူ G&White ဆိုတဲ့ မင်္ဂလာဝတ်စုံကုမ္ပဏီကို တည်ထောင်ပြီး အလုပ်နဲ့ဘဝကို အတူတူ တည်ဆောက်ခဲ့ကြပါတယ်။
အစပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ပြဿနာကြီးကြီးမားမားမရှိဘဲ အဆင်ပြေချောမွေ့ခဲ့ပေမဲ့ အိမ်ထောင်သက် ၄ နှစ်မြောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ အက်ကြောင်းတွေ စတင်ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ “ကွာရှင်းကြရအောင်” ဆိုတဲ့အခြေအနေအထိ ရောက်ရှိလာပါတော့တယ် …။
တခြားသောဇနီးမောင်နှံတွေရဲ့ အချစ်ခရီးလမ်းအစကို မင်္ဂလာဝတ်စုံတွေနဲ့ လှပအောင် ဖန်တီးပေးနေကြတဲ့ သူတို့ဇနီးမောင်နှံဟာ သူတို့ရဲ့ ကိုယ်ပိုင် အိမ်ထောင်ရေးကရော ဒီလိုနဲ့ပဲ အဆုံးသတ်သွားတော့မှာလား…
ဒါမှမဟုတ် တစ်ချိန်က အတူတူတည်ဆောက်ခဲ့ကြတဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို ပြန်လည်ဆုပ်ကိုင်နိုင်ကြမလားဆိုတာကိုတော့ ရှုစားကြည့်လိုက်ပါဦးနော် .. ။
Episodes: 12
Aired: Aug 19, 2026
Aired On: Wednesday, Thursday
Original Network: MBC
Genres: Comedy, Romance, Drama
ချန်နယ် လင့် 👇👇
https://t.me/kdm445
အပိုင်း - 1
A trap called desire (2026) 🎭
မနက်ခင်းဒရမာ ကြိုက်နှစ်သက်သူများအတွက် ဇာတ်အိမ်အခိုင်အမာထွက်ရှိလာတဲ့ မိသားစုဒရာမာအသစ် "A trap called desire" ကို Happy ကနေ တင်ဆက်ပေးလိုက်ပါတယ် 📺
လူသတ်မှုတစ်ခုမှာ မတရားစွပ်စွဲခံရပြီး ဂုဏ်သိက္ခာနဲ့ဘဝပါပျက်သွားရတဲ့ ဂိုအွန်းဆော.... 💔 သူမဆုံးရှုံးခဲ့တာကို အကုန်ပြန်ရယူပြီး လက်စားချေဖို့ ဆုံးဖြတ်ချက်ချလိုက်ချိန်မှာ အတားအဆီးဖြစ်လာသူ ဂျိုမီရန်.... ⚔️
သူမကတော့ အပြင်ပန်းကတော့ နွေးထွေးတဲ့သူတစ်ယောက်အဖြစ် ဟန်ဆောင်ထားပေမဲ့ ကောက်ကျစ်ယုတ်မာပြီး သူများဘဝကိုနင်းချေကာ လိုချင်တာကိုရအောင်ယူတတ်တဲ့သူမျိုးပါ အွန်းဆောရဲ့ အမှန်တရားဖော်ထုတ်တဲ့ခရီးစဉ်မှာ ပြန်လည်ဆုံတွေ့ခဲ့တဲ့ အချစ်ဦး ချာဆော့ဂျင်... 💼 ဒါအပြင် ကျောင်းတော်ကရန်စ ပြိုင်ဖက်ဖြစ်တဲ့ ချွန်းမာလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ဂန်ဟယ်ရာ.... 🏢 သူတို့နဲ့ ပြန်လည်ဆုံတွေ့ချိန် အွန်းဆောရဲ့ လက်စားချေတဲ့ အစီအစဉ်ကအောင်မြင်ပါ့လား ရန်သူတွေဝိုင်းနေတဲ့ကြား သူ့ကို ကူညီမဲ့သူရောရှိပါ့မလားဆိုတာတွေကို မိသားစုဒရာမာတွေရဲ့ထုံးစံအတိုင်း အမိုက်စား plot တွေနဲ့ ရိုက်ကူးထားတာမို့ လက်မလွှတ်တမ်းစောင့်မျှော်ပေးကြပါဦးနော်။ 🍿
ချန်နယ် လင့် 👇👇
https://t.me/kdm445
အပိုင်း - 1
.
အပိုင်း - 2
.
အပိုင်း - 3
.
အပိုင်း - 4
.
အပိုင်း - 5
.
အပိုင်း - 6
.
အပိုင်း - 7
.
Repost from မြန်မာစာတန်းထိုး ဇာတ်ကားသစ်များ
Consumed (2024) IMDb 5.0
သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့
Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီးမျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horror
ဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့အခြေအနေမှာရှိပါတယ်။ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကိုတွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက်စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီးထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရောအတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ချန်နယ် လင့် 👇👇👇
https://t.me/bl_only
ဇာတ်ကား လင့် 👇👇
https://t.me/bl_only/1160
Repost from Cine Mix mm
တစုံတယောက်ရဲ့ ရည်းစားမဖြစ်ချင်ဘူးဆိုတဲ့မင်းက အခုတော့တစုံတယောက်ရဲ့ ဇနီးတောင်ဖြစ်နေပါပီလား…😭
500 Days of Summer (2009)
အညွှန်း -
Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ…
ကျွန်တော်တိုလို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်…
ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး…
အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်...
#crd
ချန်နယ် လင့် 👇👇
https://t.me/Cinemixmm
ဇာတ်ကား လင့် 👇👇
https://t.me/Cinemixmm/510
