en
Feedback
Nadi Aya Farm

Nadi Aya Farm

Open in Telegram

မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269

Show more
The country is not specifiedThe category is not specified
450
Subscribers
No data24 hours
+557 days
+5630 days
Posts Archive
အဖေလိုင်း ဆာမူရိုင်း+မီဆူဝမ် အမေလိုင်း ‌Sunkrai+lampang တစုံ 3သိန်း မျိုးရိုးအာမခံတယ်။ကြီးလာလို့ကောင်းမကောင်းတော့အာမမခံဘူး။

photo content
+3

photo content
+3

ဒီအတွေ့အကြုံကို အရင်က Brown တွေ မွေးတုန်းက ရခဲ့တဲ့ လက်တွေ့ Experience လေးတစ်ခုပါ။ Brown တွေဆိုရင် အသားတတ်နှုန်းတွေရော ရောဂါခံနိုင်ရည်တွေရော ကျဆင်းသွားတတ်တယ်။ အဲ့ပြသနာကိုရှင်းဘို့ ကူဝိုင်လာနဲ့ Outcrossing လုပ်ပေမယ့် ဈေးကွက်အခြေအနေတခုကြောင့်မအောင်မြင်ခဲ့ဘူး။

ဒီနေ့လည်းအရင်ကမေ့နေခဲ့တဲ့ Breeding နဲ့ပါတ်သတ်တဲ့ အရေးပါတဲ့ အချက်လေးတစ်ခု Pro Breeding group chat ထဲကနေ လေ့လာမိတယ်။ ဖောက်ကြက်တွေမှာ expired ရှိတယ်ဆိုတဲ့အချက်နဲ့ပါတ်သတ်ပြီးကျွန်တော်မိတ်ဆွေတွေကိုသတိထားစေခြင်ပါတယ်။ ဖောက်ကြက်တွေက ကျန်းမာရေးအခြေအနေနဲ့ ကြက်တကောင်ခြင်းစီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ဗီဇအရ 4နှစ်လောက်အထိဘဲအကောင်းမွန်ဆုံး မျိုးရိုးဗီဇလက်ဆင့်ကမ်းနိုင်တယ်။ များသောအားဖြင့် ပုံမှန်ကြက်ဆို 4နှစ်ကျော်ရင် မျိုးမချတတ်တော့ဘူး။မျိုးအောင်နှုန်းလည်းကျသွားတတ်သလို ဗီဇစီးဆင်းမှုလည်းအားနည်းသွားတတ်တယ်။ ဆိုလိုတာက များသောအားဖြင့်ကြက်ဖတကောင်က 4နှစ်ကျော်ရင်သားချတာနည်းသွားတာ။ ညီကိုတို့လည်း သတိထားလို့ရအောင်ပါ။

Black Dragon ရဲ့အမေဆိုပါလား။

photo content

ပြီးခဲ့တဲ့ 2လက ဆရာ Shwe Oah -Dr Min Htay နဲ့ ဆရာတပည့်တွေ စကားလက်ဆုံပြောဖြစ်ကြတယ်။ ပြောဖြစ်တဲ့ Topic က တိုက်ကြက်တွေ ရဲ့ Genetic အကြောင်းပြောဖြစ်တာ။ လက်တွေ့လေးတစ်ခုနဲ့ ဆရာပြောတာနဲ့ တိုက်ဆိုင်တာလား? အမှန်တကယ် မှန်နေတာလားတော့တကယ်မခွဲတတ်ဘူး။ 2023ခုနှစ် 2လပိုင်းမှာ မော်လမြိုင်က ဂုရုကြီးဆီကန သားထိုးကြက်တကောင် 1သိန်း 1သောင်းဗြာလို့နာမည်ပေးထားတဲ့ကြက်ကြီးကို 4သိန်းခွဲနဲ့ကျွန်တော်တို့ သူငယ်ချင်းတွေစုဝယ်ဖြစ်တယ်။ အဲ့ကြက်ကြီးကို ကြက်မ 5ကောင်အထက်မပြတ်အောင်သားထိုးတာ သူ့သားတွေ 13အုပ်လောက်ရလိုက်တယ်။ အဲ့ 13 အုပ်လောက်မှာ အပေါ်တန်းအဆင့် 3ကောင်လောက်တောင်မပါဘူး။ 2024 11လ ပိုင်းမှာ အဲ့ကြက်ကြီး ခြေခုံရောင်လို့ ကျွန်တော်ခြံကုဘို့လာပို့တယ်။ ကျွန်တော့်ခြံမှာ ကြက်မ 1ကောင်နဲ့ကပ်လိုက် အဲ့ကြက်မဝပ်မှ နောက်ကြက်မ 1ကောင်ထပ်ကပ်လိုက်နဲ့ ကြက် 3မ ဖောက်ဖြစ်သွားတယ်။ အဲ့ကြက် 3မက ပေါက်တဲ့ ကြက်ဖ 5ကောင်တင်တာ ကြိုက်တဲ့ပေတံနဲ့တိုင်း အများလက်ခံတဲ့ကြက်တွေဖြစ်နေတယ်။ ကြက်ဖကြီး ပြန်သက်သာလာလို့ ကျွန်တော့် ခြံမှာ ကြက်မ 8ကောင်လောက် တစ်ပြိုင်တည်းကပ်ထားတာ 8သား‌ထပ်ပေါက်တယ်။ သုံးစားရတဲ့ကြက် လက် 5ချောင်းတောင်မပြည့်ဘူးထွက်လာတာ။ သုံးစားရတဲ့ကြက်ထဲကမှ 1ကောင်တောင်အပေါ်ဝိုင်းမရောက်ဖူးဘူး။ အမှန်အတိုင်းဝန်ခံရရင် သုံးစားရတဲ့ကြက် 4ကောင်မှာ 1ကောင်တောင် လက်ရင်း 5သိန်းအထက်မနိုင်ဖူးသလို တိုက်လည်းမတိုက်ဖူးဘူး။ပုသိမ် ရန်ကုန်ဆင်းတိုက်ဘို့ဆိုဝေးရော။ ကြက်ဖကြီး ဖလံဖြူထလို့ တခြားခြံတစ်ခုမှာ Casino သမီးတကောင်နဲ့ ကြက်ဖ ကြက်မ 2ကောင်တည်း သေသေရှင်ရှင် ဆိုပြီး ဆေးကုနေရင်းနဲ့ သားထိုးဖြစ်တယ်။ နာက်တော့ ပန်တိုင် မငေးစုက ကိုအေးချမ်းကို သားထိုး ဘို့အဲ့ကြက်ဖကို ပြန်ရောင်းပေးလိုက်တယ်။ အဲ့ ကြက်ဖနဲ့ Casino သမီး နဲ့ ကြက်ဖ 1ကောင် ကြက်မ 1ကောင် စိတ်ဖိစီးမှု မရှိ လွတ်လွတ်လပ်လပ် ပေါက်တဲ့အုပ်က ကြက်ကလေး 7ကောင်မှာ အထီး 3ကောင် အမ 1ကောင်ကျန်တယ်။ ကြက်မလေးက ကြက်မခြင်းခွပ်တာ ကြက်မ3ကောင်ရှိပြီ နှုတ်ကျွတ်ရင်ကျွတ်မကျွတ်ရင် ဘတ်သီးအကန်း ဘဲတီးတာ။ ကြက်ဖ 3ကောင်မှာ တကောင်က ဟိုင်းကြီးမှာ ကြက်ကျော် 1ကောင် နောက်တကောင်က ပန်တိုင် မငေးစုဝိုင်းမှာ သန်လျင်ဘက်က နာမည်ကြီး ဖောက်ခြံတစ်ခုက ကြက်နီလေးကို လှဲခဲ့တဲ့ ရွက်ပုန်းသီး 1ကောင် နောက်ဆုံး 1ကောင်က ရန်ကုန်မှာ 1ဝိုင်း မကစ မှာ ကျောက်ပန်းတောင်းအကျော်ကို မိုးကျခါနီးမှ လှဲခဲ့တဲ့ကြက်ဖြစ်လာတယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော့်ဆီက Casino သမီး က်ြမက ဒီကြက်ဖနဲ့ 4သားဖောက်တာ ဒုတိယတခါ နဲ့ 4ခါမြောက်ဘဲ သုံးလို့ရနေတယ်။ အဲ့ သုံးလို့ရတဲ့ 2ခါ စလုံးကလည်း ကြက်ဖနဲ့ ကြက်မ 2ကောင်တည်း လွတ်ပြီး ဖောက်ထားတဲ့ အုပ်တွေ ဘဲ‌ဖြစ်နေတယ်။ ကျွန်တော့်ဆရာ ဒီနေ့ပေးခဲ့တဲ့ ကျွန်တော့် အတွက် massage လေးတခုက " ကောင်လေး ကြက်ဖ 1ကောင်က 1ရက်ကို ကြက်မများရင်များသလို 15/20 ကြိမ်လောက်လိုက်တတ်တယ်။ က်ြဖရဲ့ ဗီဇလွှမ်းမိုးမှု အားအကောင်းဆုံး အချိန်က အိပ်တန်းဆင်းဆင်းခြင်း ပထမဆုံးလိုက်တဲ့ အကြိမ်က ဗီဇလွှမ်းမိုးမှုအားအကောင်းဆုံးအချိန်ဘဲ။ မင်းမှတ်ထားရမှာက ကြက်တွေရဲ့ စိတ်ဖိစီးမှု အကင်းဆုံးအချိန်ဟာ မျိုးရိုးဗီဇစီးဆင်းမှု အားအကောင်းဆုံးအချိန် ဘဲ" Massage လေးတစ်ခုဟာ ဆရာပြောသလို အမှန်ဖြစ်နေမလား? တိုက်ဆိုင်မှုဘဲလားဆိုတာ တော့ ကျွန်တော်လည်းဝေခွဲမရဖြစ်နေတယ်။ဒီ channel ထဲမှ ညီကိုများလည်း မိမိ တွေ့ကြုံခဲ့ဘူးတဲ့ ဒီ ဖြစ်ရပ်နဲ့တိုက်ဆိုင်တာလေးတွေကို အပြုသဘောဆောင်တဲ့ဘက်ကနေတွေးပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဘို့ဖိတ်ခေါ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ chat box မှာလာရောက်ဆွေးနွေးခြင်တယ်ဆိုလည်း လှိုက်လှိုက်လဲလဲ ကြိုဆိုပါတယ်ဗျာ။ စကားမစပ် ကြက်ဖောက်တဲ့ ပညာရပ်တစ်ခုမှာ ကြက်တကောင်ရဲ့ စိတ်ခံစားမှုက အရေးကြီးတယ်ဆိုတဲ့အချက်ကိုသတိမူစေခြင်ပါတယ်။ဒါကလည်းခြံလှောင်သမားတွေသိတမူသင့်တဲ့ သဘာဝကိုဖီဆန်နေတဲ့ တမင်ဖန်တီးယူထားတဲ့အရာ တစ်ခုဖြစ်နေပါသလော?

ဒိုင်မုန်းသားရော သေမင်းတမန်သမီးရော အဲ့အတွဲကိုဝယ်ရင်းဈေးအတိုင်း 2ကောင် 15ပုံးနဲ့ပြန်ရောင်းပေးလိုက်တယ်။ တာဝန်ကျေတယ် ချစ်သားသမီး
+1
ဒိုင်မုန်းသားရော သေမင်းတမန်သမီးရော အဲ့အတွဲကိုဝယ်ရင်းဈေးအတိုင်း 2ကောင် 15ပုံးနဲ့ပြန်ရောင်းပေးလိုက်တယ်။ တာဝန်ကျေတယ် ချစ်သားသမီးတွေရေ။ ဒီကြက်မလေးရဲ့ကလေး 3အုပ်ရထားတယ်။

ဇိမ်းလေးခြေစခြေန ကြည့်ဖြစ်တာ 6မိနစ်ဝန်းကျင်ဘဲကြာတယ် မတော်ခြေနဲ့ ခွပ်လက်လာပုတ်တဲ့ညီလေးကြက် မျက်လုံးအိမ်ပျက်သွားတယ်။ ဒီဇိမ်းလေးက ငယ်ငယ်က ကြက်နာလည်းကျဘူးတယ် ချိလည်းချိဘူးတယ် ငယ်ငယ်ကတည်းက အသက်ရှုလမ်းကြောင်းရောဂါအခံရှိလို့တိုက်မယ်ဆိုရင်တောင်စိတ်ချရတဲ့အနေအထားမှာမရှိဘူး။ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဇိမ်းကို ဝိုင်းထဲပို့နိုင်တဲ့အရည်အချင်းကျွန်တော့်မှာမရှိဘူး။

အကူအညီလေး တခုတောင်းပါရစေ။ ထိုင်းနိုင်ငံ ဆာရာဘူရီ ကနေ မြန်မာကိုကြက်မလေး 3ကောင် ကြက်ဖ 1ကောင်လောက်သယ်ခြင်လို့ စိတ်ချရတဲ့ လူရှိရင် ဆက်သွယ်ပေးပါဦး။ 09757254269

ခုနက file ထဲက ဘိုကေလေးက ဒီကြက်မရဲ့သား။

photo content
+1

ဒီညနေ ဟိုင်းကြီးဘက်က 4ဝိုင်းတတ်တကောင် ခြံအထိလာပြီး ကြက်လာကပ်လို့ လက်ရင်း 5သိန်းလောက်နဲ့ဧည့်ခံပေးလိုက်တယ်။ ဟိုင်းကြီးအဆိုင်းက 4/50 လောက်တိုက်ခြင်တာ ကိုယ်လည်းကိုနိုင်သလောက်လေးခံမော့ပေးလိုက်တယ်။ Casino သမီးကြံခွံရဲ့သား ဘိုကေလေးပထမဆုံး‌အောင်ပွဲခံ။ 😂😂😂😂👍👍👍👍👍👍