en
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Open in Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Show more
Myanmar33 142The category is not specified
314
Subscribers
+124 hours
-57 days
-1930 days
Posts Archive
လူမှန်နေရာမှန်မှာ တွေ့ချင်မိရုံပါ။ ရွှေငါးလေး မြောင်းရေထဲ ရောက်နေလို့ လွှတ်ပေးလိုက်ရခြင်းဟာ မချစ်လို့မှ မဟုတ်ဘဲ။ -အံ့လွန်းပျို

လူတစ်စုကြောင့် လူတွေကိုယုံဖို့ခက်လာတယ် ကျေးဇူးတွေလဲတင်ပါတယ်။

အကြောင်းအရာတစ်ချို့ကြောင့် အုံနာကဗျာရေးတာကို အချိန်အတိုင်းအတာတစ်ခုထိနားထားပါမယ်ခမျာ။

Me too bro.
Me too bro.

အဆိပ်ရဲ့ အရသာကို မေ့သွားနိုင်တယ်။ မင်းနှုတ်ခမ်းရဲ့ အရသာကိုတော့ မမေ့နိုင်ဘူး။ -ကျူး

‎ကိုယ်ကြိုက်လို့သောက်ခဲ့တဲ့ အဆိပ်ပဲ။ ‎အမှားပေမယ့် လှတယ် ‎အချစ်ဆိုတာ တရားတွေရဲ့ လကွယ်။ ‎ ‎-မြတ်နွယ် ‎
‎ကိုယ်ကြိုက်လို့သောက်ခဲ့တဲ့ အဆိပ်ပဲ။ ‎အမှားပေမယ့် လှတယ် ‎အချစ်ဆိုတာ တရားတွေရဲ့ လကွယ်။ ‎ ‎-မြတ်နွယ် ‎

Morning 🌄 Can I Borrow A Kiss (I Promise To Give It Back)

ခေါင်းစဉ်မဲ့ ဒဏ်ရာချင်းတူပါတယ် ဒါပေမဲ့ တစ်ချို့က ထုတ်မပြတတ်ကြဘူး။ ဝေဒနာချင်းတူပါတယ် ဒါပေမဲ့ နာကျင်ပုံချင်းတော့ မတူနိုင်ကြဘူးမလား။ ပျော်နေသူရဲ့ ကမ္ဘာမှာလဲ မပြီးပြည့်စုံမှုတွေရှိကြောင်း ဘယ်သူတွေကများ သိမှာတဲ့လဲ။ လောကကြီးဟာ တရားပါတယ် အိပ်မက်တွေကလည်း ဈေးကြီးပါတယ် ပေါပေါလောလောရနေတာဆိုလို့ သစ္စာမဲ့မှုတွေပဲရှိမယ် ထင်တယ်။ ကိုယ်ချစ်တဲ့ လူရဲ့ ကမ္ဘာမှာ သူချစ်တဲ့ လူရဲ့ ကမ္ဘာလေးရှိကြောင်း ဘယ်သူကများကြားချင်မှာတဲ့လဲ။ လူတစ်ယောက်ကို မြို့တစ်မြို့.. သီချင်းတစ်ပုဒ်.. အရောင်တစ်ရောင်နဲ့တွဲမမှတ်ရဘူးတဲ့ ဒီစကားကို ချစ်မိမှပဲ သိ‌တော့တယ်။ အရာရာဟာ တရားပါတယ်... လှပပါတယ်...‌ သဘာဝကျပါတယ်။ အဆုံးသတ်မှာ ပိုချစ်ရတဲ့သူဟာ ချန်ထားခဲ့ခံရပြီး ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ကွေးကွေးလေး ကျန်နေခဲ့တော့တာပါပဲ။ - လိပ်ပြာ

အပြုံးတွေကိုယ်စီရဲ့အဆုံးမှာ အကိုတို့ဝေးခဲ့ကျတယ် ခိုင့်အတွက်အကိုရေးတဲ့ကဗျာတွေ ဒီမှာပဲအဆုံးသက်တော့မယ် အဆက်အသွယ်ရတဲ့တစ်နေ့ အကို့ကို မျက်နှာချင်းဆိုင်ရဲ့တဲ့တစ်နေ့ တစ်နေ့နေ့ပေါ့ခိုင်ရယ် အကိုမသေသေးရင် အရင်နေရာလေးမှာပဲစောင့်နေတယ်။ - ‌နေကြာဖြူ

လိုချင်တပ်မက်မှုတွေမရှိဘူး။ ‌ဖြစ်ချင်တဲ့ ဆန္ဒတွေလဲမရှိဘူး။ မင်းစိတ်တိုင်းကျ ရှင်ဆိုရှင် သေဆိုသေရတဲ့ဘဝမှာ ငါ့မှာမင်းပဲရှိပါတယ်။ -အံ့လွန်းပျို

Move on!

Old but ကျော်ကြီး

''​မှင်ရည်စိုသော ဒဏ်ရာများ'' ​ကျွန်တော်တို့ဟာ ကဗျာဆရာတွေမို့ အချစ်ကို ရှာဖွေပုံချင်းကအစ ရူးသွပ်မှုတွေ စွန်းထင်ခဲ့ကြတာပေါ့ တစ်
''​မှင်ရည်စိုသော ဒဏ်ရာများ'' ​ကျွန်တော်တို့ဟာ ကဗျာဆရာတွေမို့ အချစ်ကို ရှာဖွေပုံချင်းကအစ ရူးသွပ်မှုတွေ စွန်းထင်ခဲ့ကြတာပေါ့ တစ်ချိန်က... မျက်ဝန်းတစ်စုံကို ကမ္ဘာပြုပြီး အတိုင်းအဆမရှိ တိုးဝင်လို့ ချစ်ခဲ့ကြဖူးတယ် ဂရုစိုက်မှုသေးသေးလေးတွေအောက်မှာ စကြာဝဠာတစ်ခုလုံးကို ပိုင်ဆိုင်သလိုမျိုး တန်ဖိုးရှိရှိ အချစ်ခံခဲ့ကြဖူးတယ် ''ဇာတ်ညွှန်းကပြောင်းပြန်လှန်သွားပြီ'' ​အပစ်ခံရတဲ့ ကဗျာဆရာဆိုတာ အော်ဟစ်ငိုကြွေးဖို့တောင် ခွန်အားမရှိတော့တဲ့လူစားမျိုး နှုတ်ခမ်းကို တင်းတင်းစေ့ အံကိုကြိတ်လို့ နာကျင်မှု အပိုင်းအစတွေကိုပဲ စာမျက်နှာပေါ် ကောက်တင်ခဲ့ရတယ် ကျတော်တို့ကတော့ ဟောင်းနွမ်းသွားတဲ့ ဒဏ်ရာတွေကို ''ကဗျာ''ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလှဆင်ရင်း ရူးသွပ်နေရဆဲ ​တကယ်တော့ ကဗျာဆိုတာ ကျတော်တို့ ပေးဆပ်ခဲ့ရတဲ့ အချစ်တွေနဲ့ အပစ်ခံခဲ့ရတဲ့ နာကျင်မှုတွေရဲ့ အနုပညာဆန်ဆန် သေတမ်းစာပါပဲ။
-ကျော်ကြီး(ကျော်ရိပ်ညို)

ခေတ္တစောင့်ဆိုင်းခြင်းမှာ ငါတို့တွေ ကမ္ဘာခြားခဲ့ကြ -မြတ်နွယ်
ခေတ္တစောင့်ဆိုင်းခြင်းမှာ ငါတို့တွေ ကမ္ဘာခြားခဲ့ကြ -မြတ်နွယ်

ထာဝရထက်တစ်ရက်ပို ဆိုတာ အလကားစကားမဟုတ်ဘူး မင်းကိုချစ်ခဲ့တယ်ဆိုတာ ဆယ်ဘဝစာထက်ပိုတယ်။ - နေကြာဖြူ
ထာဝရထက်တစ်ရက်ပို ဆိုတာ အလကားစကားမဟုတ်ဘူး မင်းကိုချစ်ခဲ့တယ်ဆိုတာ ဆယ်ဘဝစာထက်ပိုတယ်။ - နေကြာဖြူ

Morning 🌅 And After မင်းအကြောင်းအိပ်မက်။

Good night 🌉

လက်ခလယ်ထောင်တဲ့သူ @Hanong1234 လာပြော

ထမင်းလေးဘာလေးဝအောင်စား အသက်ရှည်ချင်ကင် အငုံစိတ်လေးလျှော့