A poem that is not a poet's poem
Open in Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Show moreMyanmar33 142The category is not specified
314
Subscribers
+124 hours
-57 days
-1930 days
Posts Archive
မေလမှာမွေးတဲ့
ကိုယ့်ရဲ့ တနင်္လာနာမ်မိန်းကလေးရေ
အသေးလေးလို့ခေါ်တိုင်း
ပြုံးနေတတ်ပြီး
အဒေါ်ကြီးလို့ခေါ်ရင်
နှုပ်ခမ်းလေးဆူသွားတာကို
ချစ်တယ်
ဘယ်သူ့လက်သီးပိုပြင်းလဲဆိုပြီး
ကိုယ့်လက်မောင်းကိုထိုးတာ
မင်းမလား
ဘယ်သူအရပ်ရှည်လဲဆိုပြီး
ပြိုင်ခဲ့သေးတယ်
အရက်ဘယ်သူသောက်နိုင်လဲဆိုပြီး
ပြိုင်ခဲ့သေးတယ်။
မင်းခေါင်းလေးမှီခဲ့တဲ့ဒီရင်ခွင်
တစ်နည်းပြောရင်
အဲ့နေ့ကကိုယ်ဝတ်တဲ့အင်္ကျီ
မင်းကိုယ်သင်းရနံ့စွဲကျန်နေတုန်းပဲ။
- နေကြာဖြူ
Vd crd
ဘယ်ဘူတာမှာ
ဘယ်ရထားနဲ့လွဲလွဲ
မင်းနဲ့မလွဲရင်
ငါကျေနပ်ပြီ။
-အံ့လွန်းပျို
ရေစက်ကုန်ပြီ...
ခေတ်မှီရထားပေါ်မှာ နောက်ပြန်ထိုင်စီးရင်း
အရာအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်..
အသက် 25နှစ်မှ လက်ထပ်မယ်ဆိုတာ ကျန်ခဲ့ပြီ
ပြင်ဦးလွင်မှာ အခြေချမယ်ဆိုတာ ကျန်ခဲ့ပြီ
သားတစ်ယောက် သမီးတစ်ယောက် မွေးမယ်ဆိုတာ မေ့လိုက်ပြီ။
ခင်ရေ...
ကံအကြောင်းဆုံရင် ပြန်ဆုံချင်တယ်
နှုတ်ဆက်ဖို့ပါ။
-နွေသစ်လွင်
နမ်းရှိုက်ခဲ့ဖူးတဲ့ ဆံနွယ်ဟာ
ခုတော့ မာနပန်တစ်ကုံးနဲ့
ဣန္ဒြေရရဆံထုံးထုံးလို့
-မြတ်နွယ်
မြန်မာနိုင်ငံမှာတဖြည်းဖြည်းနဲ့
အထွက်တိုးလာတာက
ဆန်စပါးမဟုတ်ဘူး
အာဏာရှင်တွေကွ
အာဏာရှင်တွေ
သခင်မျိုးဟေ့ ဒို့ဗမာလား
အာဏာရူးတဲ့ ဒို့မြန်မာလား
မသဲကွဲတော့ဘူး။
-နေကြာဖြူ
ကိုယ့်ချစ်သူကို
ပျော်နေစေချင်တာဟာ
လူတိုင်းရဲ့ ဆန္ဒဆိုရင်
မင်းကိုလဲ တခြားတစ်ယောက်
ရင်ခွင်မှာ ငါပျော်နေစေချင်တယ်။
-အံ့လွန်းပျို
ကျက်သရေအပေါင်းနဲ့
ပြည့်စုံတဲ့အမျိုးသမီးငယ်
သို့မဟုတ်
ကိုယ့်ရဲ့ ချစ်ရတဲ့သူရေ
ဘယ်နှစ်ခုနှစ်ထိစိတ်ကောက်နေမှာလဲ
ဘယ်လောက်ရာစုနှစ်ထိ
ဝေးနေရအုံးမှာလဲ
ဒဏ်ရာတွေကိုတော့
ဦးနှောက်မပါပဲချုပ်ပြီးပြီအချစ်။
- နေကြာဖြူ
