en
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Open in Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Show more
Myanmar33 142The category is not specified
314
Subscribers
+124 hours
-57 days
-1930 days
Posts Archive
ရည်းစားထားတော့မှာမို့ စိတ်မကောက်တတ် မရစ်တတ်တဲ့ထဲကပြပေး။

လွမ်းခြင်း - ၆ ပျော်စရာမကောင်းတဲ့ လောကကြီးမှာ ငါဟာ တစ်ရက်ပြီး တစ်ရက် တစ်သက်ပြီး တစ်သက် တိုးလာလို့ ရှင်သန်နေထိုင်ပါတယ်။ လွမ်းခြင်း - ၇ ကော်ဖီစစ်စစ်သောက်ရဖို့ မေတ္တာစစ်စစ်အရင်ပေးလိုက်ရတယ်။ လွမ်းခြင်း - ၈ သီချင်းသံတွေမတိုးတော့ဘူး လေသံတွေမကျယ်တော့ဘူး အသက်တွေတိုတိုလာပြီ။ လွမ်းခြင်း - ၉ နွေဦးလွန်ခဲ့ပြီ လေရူးထဲ ပြန့်လွင့်မိတဲ့ စိတ်တွေလဲ အိမ်ထဲက စုဗူးလေးထဲပြန်လည်ရောက်ရှိ လာပါပြီ။ လွမ်းခြင်း - ၁၀ ကိုအောင့်သီချင်းတွေ နားမထောင်မိတော့တာ မင်းထွက်သွားပြီးထဲကပဲ အသက်။ - လိပ်ပြာ

‎အမှတ်တရတွေ အငွေ့ပျံတဲ့အခါ ‎နှလုံးသားဟာ အစိမ်းတိုက်သင်္ဂြုဟ်ခံရတယ်။ ‎ ‎သေဆုံးသွားတဲ့ စေတသိက်တွေကို ‎အင်္ဂါဂြိဟ်ပေါ်မြှုပ်ထားတယ်။ ‎ ‎မင်းပျော်တဲ့ အပိုင်းအခြားတွေတိုင်း ‎ကိုယ့်ဝိဉာဉ်ဟာ အူမြူးတယ်။ ‎ ‎တချို့သောအခါတွေမှာ ‎သေပြီးသားဝိဉာဉ်ဟာ ‎နှစ်ခါပြန်အသတ်ခံရ။ ‎ ‎ဒုတိယလူဆိုတာ ‎ဓားရာမပေါ်တဲ့ ဒဏ်ရာတစ်ခုပဲ။‌ ‎မောင်ကတော့ဘယ်သိမလဲလေ ‎သွေးမထွက်ပေမယ့် အနာနက်ခဲ့တယ်။ ‎ ‎-မြတ်နွယ်

ချစ်မိလိုက်တာနဲ့ ငါတို့ဟာ တိမ်တွေလို တလွင့်လွင့်နဲ့ ကောင်းကင်နဲ့ပဲ အတူနေချင်ကြတဲ့ အဖြစ်ပေါ့။ ကောင်းကင်က တိမ်တွေရှိမှ ပြည့်စုံသလို တိမ်တွေကလည်း ကောင်းကင်ထက်မှာ ဝဲပျံနေမှ ပြီးပြည့်စုံခြင်းကို ရမှာဆိုပေမဲ့ တစ်ခါတလေမှာ ကောင်းကင်ဟာ တိမ်စိုင်တွေကို အလိုမရှိခဲ့ပါဘူး မလိုအပ်ခဲ့ပါဘူး။ တိမ်တွေဟာ ငိုချင်တဲ့အခါ မိုး‌ရေက‌နေ မျက်ရည်အဖြစ် စီးဆင်းရွာချပေးရပါတယ်။ တစ်ရက်ပြီး တစ်ရက် လွင့်ချင်တိုင်း လွင့်နေတဲ့ တိမ်တွေဟာ တစ်ခါတလေမှာ တစ်စုံတစ်ရာကို မျှော်တတ်ကြပါတယ်။ ကြယ်လေးဖြစ်ဖြစ် လမင်းကြီးဖြစ်ဖြစ်ပေါ့လေ။ လူတွေ စိတ်ပင်ပန်းလာကြတဲ့အခါ ကောင်းကင်ကြီးကို မော့ကြည့်လို့ တိမ်တိုက်တွေစီ စိတ်ကနေဆက်သွယ်ကြတယ်။ တိမ်တိုက်ကလေးတွေ ပင်ပန်းလာတဲ့ အခါကြရင်လည်း ကောင်းကင်ကြီးကို မသိမသာ ခိုးကြည့်လို့ တိတ်တိတ်ကလေး သက်ပြင်းချကြပါတယ်။ လေနှင်ရာ လွင့်ချင်ပေမဲ့ လွင့်မရတဲ့ အခိုက်တန့်တွေမှာ တိမ်တွေဟာ သနားစရာကောင်းလှပါတယ်။ - လိပ်ပြာ

ကံကြောင့်ပဲကွဲကွဲ ဉာဏ်အားပဲနည်းနည်း 2နှစ်ဆိုတဲ့အချိန်က အမှန်ဆိုခနလေးပါ ကိုယ့်ဟာ မင်းနဲ့ပတ်သက်တာကလွဲရင် အားလုံးကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ - နေကြာဖြူ

"ထင်ယောင်ထင်မှားဖြစ်ခဲ့ရုံပါ" ဒီကမ္ဘာကြီးက ဘယ်တော့မှ ငါ့ဘက်မှာရှိမနေခဲ့ဘူး။ #crd
"ထင်ယောင်ထင်မှားဖြစ်ခဲ့ရုံပါ" ဒီကမ္ဘာကြီးက ဘယ်တော့မှ ငါ့ဘက်မှာရှိမနေခဲ့ဘူး။ #crd

လွမ်းခြင်း - ၁ အလွမ်းဟာ ဉတုအလိုက်ပါပဲ နွေဆိုလည်း အသက်ကို လွမ်းတယ် မိုးဆိုလည်း အသက်ကိုလွမ်းတယ် ဆောင်းရောက်လည်း အသက်ကိုလွမ်းတယ်။ လွမ်းခြင်း - ၂ လူတွေ ဘယ်လောက်ဝေးဝေး နှလုံးသားတွေ နီးနေရင် ရပြီမဟုတ်လား အသက်။ လွမ်းခြင်း - ၃ ချစ်ခြင်းမေတ္တာမှာ လိမ်လို့မရတာဟာ မျက်ဝန်းတွေတဲ့ မင်းမျက်ဝန်းတွေမှာတော့ သူ့ပုံရိပ်တွေနဲ့ ငါ့ကိုချစ်ခဲ့တာ။ လွမ်းခြင်း - ၄ သတိတရ အမှတ်ရလို့ မနက်ခင်းတိုင်းမှာ ကိုယ့်ရဲ့ ဘယ်ဘက်ခြမ်းလေးကို စမ်းကြည့်မိနေစဲ။ လွမ်းခြင်း - ၅ မိုးတွေရွာနေပြီ ထီးစောင်ရမှာ ပျင်းတဲ့ မင်းလေး ဘယ်ဆီများ ရောက်နေမလဲလို့ ကိုယ်တွေးမိပါတယ်။ - လိပ်ပြာ

အချို့နေရာတွေက မဖြစ်မနေမို့လို့သာသွားနေရတာ စိတ်ဆန္ဒအရ ရှောင်ဖယ်ထားတဲ့နေရာတွေရှိတယ် အမှန်ဆို ပင်ပန်းနေပါပြီ။ - နေကြာဖြူ

Aries တွေမှာ အနည်းငယ် ရှောင်ဖယ်တတ်တဲ့စရိုက်ရှိတတ်ပါတယ်။ သူတို့က တခြားသူတွေကို အနှောင့်အယှက်မပေးချင်သလို၊ တခြားသူတွေကလည်း သူတို့ကို အနှောင့်အယှက်ပေးတာ မကြိုက်ကြပါဘူး။ Ariesတွေကလူပေါင်းဆက်ဆံရေးမှာတော်တော်ကျွင်းကျင်ပေမယ့်လူတွေနဲ့ အမြဲတမ်းပေါင်းသင်းနေချင်တဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။ သူငယ်ချင်းက လာခေါ်ရင် လိုက်ပျော်ပေးမယ်၊ အတူတူအချိန်ဖြုန်းပေးမယ်၊ ဒါပေမယ့် ကိုယ်တိုင်ကတော့ အရင်စပြီး ဆက်သွယ်တာမျိုး နည်းပါတယ်။ တချို့အချိန်တွေမှာ တစ်ယောက်တည်း နေရတာကို သဘောကျတတ်ပြီး၊ တစ်ပတ်လုံး အပြင်မထွက်ရလည်း ပြဿနာမရှိပါဘူး။ အထီးကျန်မှုကို ကြောက်နေသလို ထင်ရပေမယ့်၊ တစ်ဖက်မှာလည်း အထီးကျန်နေခြင်းကို ပျော်ရွှင်စွာ ခံစားနိုင်ကြပါတယ်။ အကြောင်းမရှိဘဲ ဖုန်းဆက်တာ၊ စကားစတာမျိုး သိပ်မလုပ်တတ်ပါဘူး။ သူငယ်ချင်းတွေ အကူအညီလိုရင် တတ်နိုင်သလောက် ကူညီပေးမယ်၊ ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လည်း မထားတတ်ပါဘူး။ ဘယ်နေရာကိုပဲ သွားသွား တစ်ယောက်တည်း သွားနိုင်ပြီး၊ ပတ်ဝန်းကျင်အသစ်နဲ့လည်း လွယ်လွယ်ကူကူ လိုက်လျောညီထွေဖြစ်နိုင်ပါတယ်။ Aries ရဲ့ မျက်စိထဲဝင်တဲ့ သူငယ်ချင်းက အရမ်းနည်းပြီး၊ သူတို့ရဲ့ နှလုံးသားထဲထိ ဝင်နိုင်တဲ့သူကတော့ ပိုတောင် နည်းပါသေးတယ်။ တစ်ခါတစ်ရံမှာ သူငယ်ချင်းတို့၊မိသားစုတို့တောင် မလိုအပ်သလို နေနိုင်တဲ့အထိ အထီးကျန်တတ်ကြပါတယ်။ ချစ်ခြင်းမေတ္တာကို တောင့်တနေသလို ထင်ရပေမယ့်၊ တကယ်တော့ မရှိလည်း ဖြစ်သလို နေနိုင်တဲ့သူမျိုး ဖြစ်ပါတယ်။ #Aries♈️

ရင်ထဲသို့ ကျုပ်လက်ကို မသက်ထားနွေ မဆုပ်ကိုင်တော့တဲ့နောက် ကျုပ်ရဲ့ နေ့စဥ်ဘဝဟာ မသက်ထားနွေကို လွမ်းတဲ့ စိတ်နဲ့ပဲကုန်ဆုံးပါတယ် မသက်ထားနွေသိလား ပင်လယ်ပြင်ကြီး ဘယ်လောက်ကျယ်ကျယ်ကျုပ်စိတ်မဝင်စားဘူး ဒါပေမဲ့ မသက်ထားနွေ ကျုပ်ရင်ခွင်ထဲ မရှိတော့တဲ့နောက် ကျုပ်တို့မြို့လေး အတော်ကျယ်သွားတယ်ဆိုတာကိုတော့ ကျုပ်သတိပြုမိပါတယ်။ မတွေ့တော့ဘူး... ရှာလေဝေးလေ.. လိုက်လေပြေးလေပဲ မသက်ထားနွေရဲ့။ ၁၂လရာသီက သူ့ဘာသာလည်ပတ်ပြီး တစ်ကျော့ပြန်လည် လာတာတောင် မသက်ထားနွေကို ကျုပ်မတွေ့ရတာ ၁၀နှစ်ဆိုတဲ့ ကာလတစ်ခုထိရှိခဲ့ပြီ ၁၀နှစ်ဆိုတဲ့ အချိန်အတွင်း မသက်ထားနွေရော အရင်လိုပဲလား ပြောင်းလဲသွားပြီလားဆိုတာတောင် ကျုပ်သိခွင့်မရဘူး။ ဆံပင်တွေရှည်လာပြီလား ကမ္ဘာသစ်မှာရော ပျော်နေပြီလား အခုလက်ရှိ ဘယ်မြို့မှာအခြေချနေသလဲ တောင်တန်းတွေဆီ ခရီးသွားတုန်းပဲလား အရင်လို ဒိုးလုံးသီချင်းတွေနားထောင်တုန်းလား ကျုပ်ဘာမှမသိရတာ ၁၀နှစ်ရှိခဲ့ပြီ။ ကျုပ်ချစ်ရသူလေး နေကောင်းကျန်းမာရဲ့လားတောင် မသိရတဲ့ ဘဝမှာ ကျုပ်ကပျော်နေရမှာတဲ့လား။ ဒါတွေခင်ဗျားမသိပါဘူး ခင်ဗျားသိတာက ခင်ဗျားပင်ပန်းလာပြီဆို ကျုပ်လက်ကို အလွယ်လေးလွှတ်ချသွားဖို့ပဲလေ ကျုပ်စကားတွေ မှန်တယ်မလား မသက်ထားနွေ လာပြီးဖြေလှည့်ပါဦးခင်ဗျားရဲ့။ ကျုပ်ရင်ထဲဆို့နင့်စွာ ကြေကွဲနေမိလို့ပါ သက်ထားနွေ။ - လိပ်ပြာ

ဒီဘက်တော့ လွမ်းနေတယ်

အသက်တိုစေတတ်သော အချစ်ဟာ ဘဝကိုရှည်စေခဲ့။ -မြတ်နွယ်

ဒီဘက်မှာတော့ စာမေးပွဲတွေဖြေနေရပြီဗျာ။😭

ကိုယ်ချင်းစာစိတ်ရှိရင် ကောင်းမှာပဲ အသက်။ အခုတော့ ငါကမ္ဘာပျက်နေတာကိုကျ လျစ်လျူရှုခဲ့တဲ့မင်းက ဟိုလူမျက်နှာညှိုးမှာကိုတော့ ကြောက်တတ်နေပြီ...။ -အံ့လွန်းပျို

True love is not have in reality Go to sleep go go......

ရှာလေဝေးလေ သတိရခြင်းကို အင်္ကျီအိတ်ကပ်ထဲထည့်လို့ ကျုပ်ခင်ဗျားကိုလိုက်ရှာမိတယ်။ ငိုတစ်လှည့် ပြိုတစ်လှည့် မရပ်မနားရှာဖွေမိပါတယ်။ ကျုံးဘက်ကိုလဲရောက်တယ် ဦးပိန်ကိုလဲ ၂ခါလျှောက်ခဲ့တယ်။ ခင်ဗျားကျုပ်ရင်ထဲက ထွက်သွားပြီးတည်းက ကျုပ်တို့ ချစ်ခဲ့ကြိုက်ခဲ့ကြတဲ့ မြို့ကလေးဟာ သိပ်ကို ကျယ်သွားသလား‌တောင်မှတ်ရပါတယ်။ မတွေ့ဘူး... မတွေ့တော့ဘူး.. မသက်ထားနွေကို ကျုပ်မတွေ့တော့ဘူး။ ၁၀နှစ်.. ၁၀နှစ်ရှိပြီ ကျုပ်မတွေ့တော့တာ။ လိုက်ရှာသူကျုပ်ကပဲ ညံ့တာလား ထွက်သွားလေသူ ခင်ဗျားကပဲတော်တာလား။ ကျုပ်ခင်ဗျားကို ဘယ်မှာရှာရှာ.. ဘယ်လိုရှာရှာ.. မတွေ့တော့ဘူး မသက်ထားနွေရေ။ ဖြစ်နိုင်မယ်ဆို... တွေ့ခွင့်သာရှိမယ်ဆို... နောက်ကျောလေးပဲတွေ့ရတွေ့ရ ခြေဖမိုးလေးပဲမြင်ရမြင်ရအဆင်ပြေပါတယ်။ အဓိကက... ခင်ဗျားကို ကျုပ်တွေ့ရဖို့ပဲ ကျုပ်တို့ တစ်ခါလောက်ပြန်ဆုံကြရဖို့ပါပဲ ဒီလောက်ပါပဲခင်ဗျားရဲ့ကျုပ်ဘာမှမမျှော်လင့်ပါဘူး။ အကယ်၍... အကယ်၍များ... အခွင့်အခါသင့်လို့ ပြန်ဆုံရကြေးဆို မျက်နှာချင်းဆိုင်မဟုတ်တောင် ကျောချင်းကပ်လျက်ပြန်ဆုံရလဲ အဆင်ပြေပါတယ် မသက်ထားနွေ။ - လိပ်ပြာ

လောကဝတ် ဒဏ်ရာတံဆိပ်ကပ်အင်္ကျီတစ်ထည် အရှက်လုံအောင် ငါတို့ဝတ်ခဲ့ရ။ -မြတ်နွယ်
လောကဝတ် ဒဏ်ရာတံဆိပ်ကပ်အင်္ကျီတစ်ထည် အရှက်လုံအောင် ငါတို့ဝတ်ခဲ့ရ။ -မြတ်နွယ်

ကဗျာမရွတ်တာကြာပြီဆိုတော့ ညကျကဗျာရွတ်ရင်ကောင်းမလားပဲ

ဇာနည်သွေးတို့ ရဲစေသော်ဝ် အာဇာနည်တဲ့ ကိုးဦးကွဲ့ ဂုဏ်လဲ့လို့ပြောင် သူတို့ဆောင်။ နိုင်ငံ့အကျိုး ထောက်ပံ့ပိုး အမျိုးထိပ်ခေါင် ကြံတိုင်းအောင်။ သမိုင်းတို့သည် ဆက်၍တည် ရောင်ခြည်ထိန်တောင် ဂုဏ်မမှောင်။ အတုယူကြ ကိုးဦးမှ သူ့နှလုံးနောင် သိမ်းထားဘောင်။ နောင်လာနောင်သား မျိုးကောင်းထား ကြိုးစားလို့လောင် တို့မီးမြောင်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်