en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

မင်းရဲကျော်စွာ

မင်းရဲကျော်စွာ

Open in Telegram

Truth, Constructive, Update

Show more
The country is not specifiedThe category is not specified
1 179
Subscribers
No data24 hours
-37 days
-3030 days
Posts Archive
သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြ
+6
သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြား

- ဖမ်းဆီးရမိတဲ့ PDF  စစ်သုံ့ပန်းတစ်ဦးကို တပ်မတော်သားတစ်ဦးက ထမင်းခွံ့ကျွေးနေတာ။ ဒီလိုတွေမြင်ရတော့လည်း စိတ်ကမကောင်းဘူး။ မှိုင်းဝေ

ဖောင်းပြင်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက် ===============
+7
ဖောင်းပြင်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက် ====================== ဖောင်းပြင်၊ ဇူလိုင် (၁၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးလွင်ထွန်း၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန စခန်းမှူး ဦးစောမျိုးထိုက်နှင့် ဒုတိယဦးစီးမှူး ဦးမျိုးမြင့်‌ကျော်တို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ရေဘေးအန္တရာယ်၊ မီး‌ဘေးအန္တရာယ်၊ လေပြင်းအန္တရာယ်နှင့် ငလျင်ဘေးအရေးပေါ်အ‌ခြေအနေတွင် ယူဆောင်သွားရမည့် Emergency Go BAC အ‌ကြောင်းကို အသိပညာပေးဟောပြောခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူ လက်တွေ့ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

သီပေါမြိုရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်၊ မန္တလေး-လားရှိးရထား ပြန်ပြေးနိုင်ရေး ဆောင်ရွက်မည် ===== ရှမ်းပြည်နယ်မြောက်ပိ
သီပေါမြိုရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်၊ မန္တလေး-လားရှိးရထား ပြန်ပြေးနိုင်ရေး ဆောင်ရွက်မည် ===== ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြိုရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းကို ဇူလိုင် ၁၅ ရက်က စတင်ခဲ့ပြီး ပိုဆောင်ရေးဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။   အဆိုပါစက်ရုံမှ ထုတ်လုပ်မည့် ဇလီဖားတုံးများသည် မန္တလေး-လားရှိး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ရေးအတွက် ကြီးစွာအထောက်အကူပြုမည်ဖြစ်သည်။   ရထားလမ်းပိုင်း ပြန်လည်ပြေးဆွဲနိုင်ပါက ဒေသခံပြည်သူများ ခရီးသွားလာရေးနှင့် ဒေသထွက်ကုန်များအား စရိတ်သက်သာစွာဖြင့် မြန်ဆန်စွာ သယ်ယူပိုဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့တွေ ပျော်ဘွယ်မြိုနယ်၊ ညောင်ကုန်းရွာ ရဲစခန်းကို တိုက်ဖို့ နတ်မောက်မြိုနယ် ကန်လေးကုန်းရွာ
ဇူလိုင်လ ၁၄ ရက်နေ့က PDF အကြမ်းဖက်အဖွဲ့တွေ ပျော်ဘွယ်မြိုနယ်၊ ညောင်ကုန်းရွာ ရဲစခန်းကို တိုက်ဖို့ နတ်မောက်မြိုနယ် ကန်လေးကုန်းရွာက ဘုန်းကြီးကျောင်းမှာရောက်နေတယ်လို ဒေသခံပြည်သူတွေက သတင်းပေးခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ချက်ချင်းသွားရောက်စစ်ဆေးစဉ်မှာ အကြမ်းဖက် PDF တွေ ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်.... ဇာတ်လမ်းက ခုမှ စတာ.... အကြမ်းဖက် PDF တွေက ဘုန်းကြီးကျောင်းက ထွက်ပြေးပြီး ဘယ်ရောက်သွားတယ်ထင်တုန်း...... စာသင်ကျောင်းထဲ ရောက်သွားတာတဲ့ဗျာ....ဒါတင်မကသေးဘဲ စာသင်နေတဲ့ ကျောင်းသားတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပြီး စာသင်နေတဲ့ အပြစ်မဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာတွေရကုန်တယ်တဲ့ဗျာ.... ဘယ်လောက်တောင် မိုက်ရိုင်းတဲ့လုပ်ရပ်လဲဆိုတာ တွေးကြည့်ပေါ့.... PDF အကြမ်းဖက်သမားတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်တွေကို လက်ရှိအချိန်မှာ တပ်မတော်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုတွေဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ ကလေးတွေစာသင်နေတာသိရက်နဲ့ လူသားဒိုင်းအဖြစ် အသုံးချပြီး အကြမ်းဖက်လုပ်ရပ်ကိုကျူးလွန်တာတော့ အလွန်အောက်တန်းကျလွန်းပါတယ်ဗျာ....👎 မင်းရဲကျော်စွာ

ပဲစိုက်တောင်သူတစ်ဦးရဲ့ ရင်ဖွင့်သံ

ပြင်သစ်နိုင်ငံတွင် ခြင်များကို အဓိကထား တိုက်ဖျက်နိုင်သည့် အလေးချိန် ၄၀ ဂရမ်သာရှိသော ဒရုန်းတစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်ကြောင်းသိရှိရသည်။ Tornyol ဟု အမည်ပေးထားသည့် ယင်းဒရုန်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ခြင်များကို အခြားအင်းဆက်ပိုးမွှားများနှင့် ခွဲခြားသိမြင်နိုင်ပြီး ပျံသန်းနေသည့် ခြင်များကို ခြေရာခံကာ သတ်ဖြတ်နိုင်စွမ်းရှိသည်။ လူသားများ နေထိုင်သည့်နေရာများတွင် ခြင်များကို လုံးဝပပျောက်စေရေး ရည်ရွယ်ချက်ဖြင့် အဆိုပါဒရုန်းကို တီထွင်ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ မင်းရဲကျော်စွာ

AA အကြမ်းဖက်ရခီးတွေ လေဘဲတွေရဲ့ ကောင်းကင်က ဖွင့်ပြတဲ့ သံစဉ်တွေနဲ့ အားရပါးရ ကခုန်နေကြရတော့မယ်ဆိုတာ တွေးပြီး ဝမ်းသာအားရဖြစ်မိတယ်.... 👍👍👍 မင်းရဲကျော်စွာ

မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်း ဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာသည်။ အခွန်ထမ်းပြည်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်သော မော်တော်ယာဉ်များအား လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်း မှတ်ပုံတင်နိုင်ရန် အခွန်စိစစ်သည့် ကိစ္စရပ်များကို ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ Vehicle Automatic Valuation System (VAVS) ဖြင့် ပြောင်းလဲကျင့်သုံး ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အခွန်ထမ်းပြည်သူများအနေဖြင့် https://vavs.ird.gov.mm ၌ မိမိ၏ ဖုန်းနံပါတ်ကို အသုံးပြု၍ စနစ်အတွင်းသို့ ဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပေးခြင်းဖြင့် စနစ်မှ အလိုအလျောက် တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ကာ Online Payment ဖြင့် ကျသင့်အခွန်ကို ပေးဆောင်နိုင်မည် ဖြစ်သည်။ အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD’s Tax Payment Hub မှ တစ်ဆင့် MPU Debit Card ဖြင့်လည်းကောင်း၊ MMQR Code ကို အသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay၊ uab Pay၊ A plus Wallet၊ Citizen Pay၊ OK$၊ Wave Money၊ Trusty Pay၊ Zego Pay၊ M-Pitesan၊ GTB Pay၊ MoMoney စသည်တို့ဖြင့်လည်းကောင်း၊ uab Bank ၊ Shwe Bank၊ A Bank တို့၏ Mobile Banking စနစ်များဖြင့်လည်းကောင်း ပေးဆောင်နိုင်မည် ဖြစ်သည်။ အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ ရရှိသည့် အီလက်ထရောနစ် အခွန်ဆိုင်ရာ စိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက် (e-Tax Clearance Certificate) QR Form ကို ကြည်လင်ပြတ်သားစွာ ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ် အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ကနဦးမော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ဝင်ငွေရလမ်း တင်ပြမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူလဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ ရုံးများတွင် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 1515 သို့လည်းကောင်း၊ techsupport.vavs@ird.gov.mm နှင့် callcenter.vavs@ird.gov.mm သို့ အီးမေးလ်ပေးပို့၍ လည်းကောင်း၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုဌာနခွဲ(ရန်ကုန်) (၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂)၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) (၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃ဝ၅၄၄)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) (၀၂-၄၀၃၀၆၃၇၊ ၀၂-၄၀၃၀၆၃၈)၊ အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center) (၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁) နှင့် နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်သွားရောက်၍ လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေး ကြေညာထားသည်။

သားကြီးလာရင် နိုင်ငံ့ခေါင်းဆောင် လုပ်ချင်ပါတယ်ဆိုတဲ့ လူငယ်လေးတစ်ဦး..... 👍👍👍 မင်းရဲကျော်စွာ

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ နေပြည်တော် ဇူလိုင်
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၆  ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ နေပြည်တော်   ဇူလိုင်   ၁၆ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းတွင် ပုဗ္ဗသီရိအားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြသည်။ မင်းရဲကျော်စွာ

ယူကရိန်းဘက်က ဘရောင်းနင်း (Browning) အမျိုးအစား စက်သေနတ်ကြီးကို တပ်ဆင်ထားတဲ့ မြေပြင်သုံးစက်ရုပ်စနစ်များ (Ground-Based Robotic Systems - GBRS) ကိုအသုံးပြုပြီး ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဗီဒီယိုဖိုင် ထုတ်ဖော်ပြသလာပါတယ်..... ဒီစက်ရုပ်တွေက အနာဂတ်စစ်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်ကို လျှော့ချပေးနိုင်မှာဖြစ်တဲ့အပြင် အဝေးမှ ထိန်းချုပ်ကာ တိုက်ခိုက်မှုများ ပြုလုပ်နိုင်တဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ဖြစ်လာမှာ အသေအချာပါပဲ..... မင်းရဲကျော်စွာ

အာဂျင်တီးနား ၂-၁ အင်္ဂလန်

NP News Talk Show

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးဟာ တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (တိဘက်) မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာပူးပေါ
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးဟာ တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (တိဘက်) မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်ကို တက်ရောက်ဖိုအတွက် ယနေ့ ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံသို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား သံတမန်ရေးရာ ဆက်ဆံရေး ပိုမိုနက်ရှိင်းစေရုံတင်မကဘဲ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်တွေကို ဖော်ဆောင်နိုင်ဖို ရည်ရွယ်ထားတာပါ။ နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ဖို သွားရောက်တဲ့ ဒု-သမ္မတရဲ့ ဒီခရီးစဉ်ကနေ ဘယ်လိုရလဒ်ကောင်းတွေ သယ်ဆောင်လာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေတစ်ခု ဖြစ်လာပါတယ်။ မင်းရဲကျော်စွာ