en
Feedback
မင်းရဲကျော်စွာ

မင်းရဲကျော်စွာ

Open in Telegram

Truth, Constructive, Update

Show more
The country is not specifiedThe category is not specified
1 180
Subscribers
-124 hours
-107 days
+230 days
Posts Archive
နီပိန်းတွေရဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု လုပ်ထားတဲ့ စကေးကတော့ တောက်တောက်လျှမ်းပဲ မင်းတို့တော်လှန်ရေးလဲ အဲ့လိုပဲ အပေါ်က ကြီးပြီ
နီပိန်းတွေရဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု လုပ်ထားတဲ့ စကေးကတော့ တောက်တောက်လျှမ်းပဲ မင်းတို့တော်လှန်ရေးလဲ အဲ့လိုပဲ အပေါ်က ကြီးပြီး အောက်ကျ အဖျားရှူးသွားတာ... ဒါပေမယ့် မင်းတို့ကျွမ်းကျင်တာတွေလည်း ရှိပါတယ်လေ.. မုဒိမ်းကျင့်တာ၊ လူသတ်တာ၊ ဆက်ကြေးကောက်တာ၊ ခွက်ခေါက်တာတွေပေါ့....

အာဖရိကတိုက်၊ အနောက်အာဖရိကဒေသရှိ ရွှေတွင်းများစွာပိုင်ဆိုင်ထားတဲ့ ဘာကီနာဖာဆို (Burkina Faso) နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကင်းလှည့်နေတဲ့ လုံခြုံရေးဆိုင်ကယ်ယာဉ်တန်းပါတဲ့... ဘာကီနာဖာဆို တပ်ဖွဲ့ဟာ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ နယ်မြေရှင်းလင်းခြင်း သို့မဟုတ် ဒီဒေသမှာရှိတဲ့ အဖိုးတန်ရွှေတွင်းတွေနဲ့ သယံဇာတလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ဒီလိုလုံခြုံရေးဆိုင်ကယ်တွေနဲ့ ဆောင်ရွက်ပေးလေ့ရှိကြောင်း သိရှိရပါတယ်.... သွားရှုပ်လို့တော့မရဘူး....😏😏 မင်းရဲကျော်စွာ

တပ်မ(၁၀၁) ပခုက္ကူသားတို့ရဲ့ အိမ်ပြန်ခရီး.... အောင်ပွဲနဲအတူပြန်လာကြတဲ့ တပ်မ (၁၀၁)မှ အောင်ပွဲရစစ်သည်တော်များအား တပ်မဌာနချုပ်မှ
+9
တပ်မ(၁၀၁) ပခုက္ကူသားတို့ရဲ့ အိမ်ပြန်ခရီး.... အောင်ပွဲနဲအတူပြန်လာကြတဲ့ တပ်မ (၁၀၁)မှ အောင်ပွဲရစစ်သည်တော်များအား တပ်မဌာနချုပ်မှ တာဝန်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တပ်မတော်သားမိသားစုဝင်များက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။

နေပြည်တော်ဒေသမှာ တွေ့ရတတ်တဲ့ ရှားပါး လိပ်ကြ က်တူရွေး ၊ လိပ်ကြ က်တူရွေးရဲ့ ဗိုက်ထဲမှာ စိန် တုံးမျိုချထားတတ်တယ်လို ပြောကြလို အလုအယက်လိုက်ဝယ်တတ်ကြပါတယ်၊ တကယ်တန်းက မဟုတ်ကြပဲ ရှားပါးသတ္တဝါလေးတွေ အသက်ဆုံးရှုံးရတာပဲ အဖတ်တင်ပါတယ် ၊ သူတို့ရဲ့ နှုတ်သီးက ကြက်တူရွေးငှက်ရဲ့ နှုတ်သီးလို ချွန်ထက်ပြီး အပေါ်ကိုကွေးညွတ်ကောက်နေလို့ ကြက်တူရွေးလိပ်လို့ခေါ်ဆိုကြတယ်လို့သိရပါတယ်။ ခန္ဓာကိုယ်နဲ့မမျှအောင် ကြီးမားတဲ့ ခေါင်းကြပါရှိတဲ့အတွက် အခြားလိပ်များလို ခေါင်းကို အခွံအတွင်း ပြန်ထည့်လို့မရပါဘူး။ သူရဲ့ အမြီးနဲ့ နှုတ်သီးအကူအညီနဲ့ ကျောက်တုံးများနှင့် မတ်စောက်သော တောင်စွယ်များကိုပင် တွယ်တက်နိုင်စွမ်း ရှိတယ်လို့လည်းသိရပါတယ်။ အာရှဒေသတွင်းမှာ တရားမဝင် တိရစ္ဆာန်ကုန်သွယ်မှုနဲ့ အစားအစာ၊ ဆေးဝါးအတွက် ဖမ်းဆီးမှုတွေကြောင့် ဒီလိပ်မျိုးစိတ်တွေဟာ ကမ္ဘာ့ရှားပါးစာရင်းကနေ မျိုးသုဉ်းဖို့ အလွန်စိုးရိမ်ရတဲ့အဆင့် (Critically Endangered) ကို ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် ဒေသန္တရ မျိုးရင်းစိတ်ကလေးတွေကို ထိမ်းသိမ်းစောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ..

◾️ Myanmar Now က စစ်တပ်ထိန်းချုပ်တဲ့ လွှတ်တော်အမတ်တွေအတွက် လစာ သိန်း ၁ သောင်းလောက် ကုန်နိုင်တယ်ဆိုပြီး အစဖော်လာတော့လည်း လွန်လေပြီးသော အတိတ်မှာ NLD အစိုးရ တာဝန်ယူကာလတုန်းက စာရင်းအင်းတွေ ပြန်သတိရမိတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရမည်းသင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းတော့…NLD ပါတီနိုင်ရင် အဂတိကင်းတဲ့ အစိုးရ ဖြစ်အောင် လုပ်ပြမယ်ဆိုပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ တာလေး ပြန်သတိရမိတယ်။ ----- ◾️ NLD လက်ထက်မှာ အဂတိကင်းစင်သလား၊ မကင်းစင်သလားဆိုတာ အဲ့ဒီခေတ်က အချက်အလက်တွေကို ပြန်ချိန်ထိုးစဉ်းစားကြည့်ပေါ့။ ဥပမာဆိုပါစို… အဲကွန်း ၂ ကောင်အား တစ်လုံး တန်ဖိုး ၈ သိန်းလောက်ပေါက်ချိန်မှာ ၂၅၇ သိန်း၊ တီဗီတစ်လုံးကို သိန်း ၁၀၀၊ အမှိက်လှဲ ကား တစ်စီးကို သိန်း ၂၀၀၀၊ ပလပ်စတစ်ထိုင်ခုံတစ်လုံးအတွက် ၇ သောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေ သန်း ၉၀၀ ကို စာရင်းစစ်မခံနိုင်ဘူး။ သိန်း ၅၆၀ တန် အမှိက်သိမ်းကားက သိန်း ၁၅၆၀ ဖြစ်၊ ကိုးကင်းတန်ချိန် နှစ်တန်ကျော် ဖမ်းမိပေမယ့် နောက်တစ်နေ့ သကြားဖြစ်သွားတဲ့ ကိစ္စတွေ။ သိန်း နှစ်ရာကျော်တန် လူကူးတံတားက သိန်း ၄၀၀၀ စာရင်းပြ၊ ဆီဘောက်ဆာကားကနေ ရေကားဖြစ်သွားတဲ့ အမှုတွေ၊ ဆင်ဆာမီးပွိင့်တစ်လုံး ကို သိန်းတစ်ထောင်ပြပြီး မီးပွိင့် ၁၁ ခုအတွက် သိန်း ၁၁၀၀၀ စုန်းစုန်းမြုပ်သွားတဲ့ ကိစ္စတွေ၊ ရန်ကုန်တိုင်းအတွက် ကောင်းကင်ဓာတ်ပုံရိုက်ခ သိန်းပေါင်း တစ်သောင်းခွဲ၊ ရန်ကုန်တိုင်းအတွက်ပဲ ရေတွင်း ၂၇ တွင်းစာအတွက် သိန်းပေါင်း ၄၀၅၀ ၊ မင်္ဂလာဈေး ပြန်ဆောက်ဖို အရည်အသွေးစစ်ခက သိန်း ၆ သောင်း ၆ ထောင်၊ ဖြိုးမင်းသိန်း ဝယ်ပြီး အမှိက်ပုံထဲမှာ ပြစ်ထားတဲ့ ကျောင်းကား YBS က အစီးရေ ၁၀၀၀။ လက်သည် မပေါ်တဲ့ ဘဏ်ချေးငွေ ၅ ဘီလီယံ။ မအောင်မြင်တဲ့ ညဈေးစီမံချက်။ လွှတ်တော် ဆေးသုတ်ခက လွှတ်တော်ဆောက်စရိတ်ထက် ပိုများနေတဲ့ ဖြစ်ရပ်တွေ။ လေယာဉ်ကွင်း ခြုံရှင်းတာကို တင်ဒါမခေါ်ဘဲ သိန်း ၄၀၀၀ ခိုးလိုက်တဲ့ လဲ့လဲ့မော်ရဲ့ အမှု၊ ဝင်းထိန်သမီး မင်္ဂလာဆောင်ကို လက်ဖွဲဖို ပြည်နယ်အစိုးရရန်ပုံငွေထဲက အဂတိ ကျူးလွန်ခဲ့တဲ့ အယ်ဖောင်ရှိး။ ရေးရင် မဆုံးနိုင်တဲ့ အဂတိမှုတွေ NLD လက်ထက်မှာ တသီကြီး။ ---------- ◾️ နောက်ဆုံး…ကုန်ကုန်ပြောရရင်…၂၀၁၀ မှာ တပ်မတော်ကနေ ယူနီဖောင်းချွတ်ပြီး အစိုးရ တက်လုပ်ချိန်တုန်းကတောင် လွှတ်တော်နဲ့ အစိုးရ က တပါတီတည်းဖြစ်ပေမယ့် လွှတ်တော်အခင်းအကျင်းပီပီသသရှိသေးတယ်။ ဒေါ်စုလက်ထက်တုန်းက…လွှတ်တော် မှာ တင်ပြရမယ့် အဆိုကို ပါတီရုံးချုပ်မှာ အရင်ဖတ်ပြပြီးမှ ခေါင်းညိတ်၊ ခေါင်းခါ လုပ်ခဲ့ကြ ရတာကို မသိကြတာလည်းမဟုတ်။ ဒါတောင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဖြစ်ရင် လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ပါတီရဲ့ တချက်လွှတ်အမိန့်နဲ့ ဒီမိုကရေစီနည်းလမ်းမကျ ရန်ပုံငွေဆိုပြီး ကောက်ခဲ့တာတွေ ရော…ဘာပြောကြဦးမလဲ။ ------ ◾️ ၃ တန်းတောင်မအောင်တဲ့ လွှတ်တော်အမတ်တွေ၊ ကျိုက်ထီးရိုးက သေနတ်တွေ ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့တာလိုပြောတဲ့ ဝန်ကြီးချုပ်တွေ။ အစိုးရ ရက်(၁၀၀)မှာ ယောင် နနနဲ့ စက်ဘီးစီးပြသလိုလို၊ အမှိက်ကောက်ပြသလိုလို ဖြစ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံတော်ရဲ့စီးပွားရေးအဆင့်ကိုတောင် မူဝါဒ မချနိုင်လို ရှောင်တာနယ်ကို ခေါ်ပြီး အကြံ ပေးခန့်ရတဲ့ အခြေအနေတွေ။ တခြားသူကို အာဏာရှင်လို ပြောပြီး ကိုယ်တိုင်ကြတော့ ဝန်ကြီးဌာန ၄ ခုလောက် ယူခဲ့ရတဲ့ ဖြစ်ရပ်တွေ။ ဒီလိုအခင်းအကျင်းကို ကပေါက်တီး ကပေါက်ခြာ ၅ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတာထက်စာရင်…ခုအခင်းအကျင်းက အများကြီး သာနေပါ သေးတယ်လေ။ (နရီမိုး)

ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဝင် ဦးဆောင်သည့်အဖွဲ နေပြည်တော်သို နေ့ချင်းပြန် လျှိဝှက်လာရောက်၍ မူးယစ်ဆေးဝါးနှင့် နယ်စပ်လုံခြုံရေးကိစ္စများဆွေးနွေး ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဝင်၊ ဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး Paiboon Koomchaya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ဇူလိုင်လ (၂၅) ရက်က နေပြည်တော်သို နေ့ချင်းပြန် လျှိဝှက်ခရီးစဉ်အဖြစ် လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲတွင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဝင်နှင့်အတူ တရားရေးဝန်ကြီး၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ ဒုတိယရဲချုပ်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို အကြီးအကဲများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ (ONCB) မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲဝင် (၁၀) ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းတိုသည် ဇူလိုင်လ (၂၅) ရက်၊ နံနက်ပိုင်းတွင် ထိုင်းတော်ဝင်ရဲတပ်ဖွဲပိုင် Falcon 2000S အထူးလေယာဉ်ဖြင့် ဘန်ကောက်မြို ဒွန်မောင်းလေဆိပ်မှ နေပြည်တော်သို တိုက်ရိုက်ပျံသန်း ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ထိုင်းကိုယ်စားလှယ်အဖွဲသည် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးဆောင်သော အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် ဗဟိုမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ (CCDAC) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်ပူးပေါင်းနှိမ်နင်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ထိုင်းဘက်က- 📌 မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် အရေးကြီး မူးယစ်တရားခံပြေးများကို လိုက်လံဖမ်းဆီးပေးရန်၊ 📌 ထိုင်းမှတင်ပိုသော မူးယစ်ဆေးဝါးထုတ်လုပ်ရေးသုံး ဓာတုကုန်ကြမ်းများကို စက်မှုလုပ်ငန်းများတွင် မှန်ကန်စွာ အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးပေးရန်နှင့် 📌 နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် အဆိုပါ ဓာတုကုန်ကြမ်းများ တရားမဝင် သယ်ဆောင်မှုကိုတားဆီးပေးရန် စသည့် အချက်(၃)ချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။ မြန်မာဘက်ကလည်း- 📌 ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် တပ်မတော်က အလိုရှိသူများကို ဖမ်းဆီးလွှဲပြောင်းပေးရန်၊ 📌 မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန်နှင့် 📌 စစ်ဆေးရေးဆိုင်ရာ နိုင်ငံတကာအဆင့်မီ ကိရိယာများ ထောက်ပံ့ပေးရန် ပြန်လည်တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ထို့ပြင် မွန်းလွဲ (၂) နာရီအချိန်တွင် ထိုင်းကိုယ်စားလှယ်အဖွဲသည် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဆင့်မြင့်တာဝန်ရှိသူများနှင့်ထပ်မံတွေ့ဆုံကာ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး၊ နှစ်နိုင်ငံ ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ မှောင်ခိုသယ်ဆောင်မှုနှင့်နယ်စပ်ဖြတ်ကျော် မူးယစ်ကွန်ရက်များကို ထိရောက်စွာတားဆီးနှိမ်နင်းရေးဆိုင်ရာမူဝါဒရေးရာများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုနောက် ထိုင်းကိုယ်စားလှယ်အဖွဲသည် ဆွေးနွေးပွဲများ ပြီးစီးပြီးနောက် ဇူလိုင်လ(၂၅)ရက် ညနေပိုင်းတွင်ပင် ထိုင်းရဲတပ်ဖွဲ၏ အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်
+8
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားသို တက်ရောက် ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာ တိုတက်ရောက်ကြည်ညိုခဲ့ကြပါတယ်။ ထိုနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတိုကို ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုခဲ့တယ်လို သိရှိရပါတယ်။

"မစော်ကားပါကေ" နဲ့တဲ့....🤣🤣🤣 အဲ့ဒီ AA မုဒိမ်းကောင်တွေကကျတော့ သူများကို လိုက်စော်ကားနေတာမဟုတ်ဘူးလား???😏😏 သူတို့ကျ စော်ကား
"မစော်ကားပါကေ" နဲ့တဲ့....🤣🤣🤣 အဲ့ဒီ AA မုဒိမ်းကောင်တွေကကျတော့ သူများကို လိုက်စော်ကားနေတာမဟုတ်ဘူးလား???😏😏 သူတို့ကျ စော်ကားချင်တိုင်း စော်ကားလို့ရတယ်ပေါ့...... Good လှချည်လား...👍👍

ယူကရိန်းသမ္မတဇီလန်စကီးဝါရှင်တန်ဒီစီသို့ ရောက်ရှိလာပြီး အမေရိကန်ဘက်မှ မော်တော်ယာဉ်တန်း အစောင့်အရှောက်အများအပြားဖြင့် ခေါ်ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဇီလန်စကီးသည် မနက်ဖြန်တွင် ကျင်းပမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဓိက ယုံကြည်အားကိုးရသော မဟာမိတ်တစ်ဦးဖြစ်သည့် လင်ဆေး ဂရေဟမ်၏ ဈာပနအခမ်းအနားသို့ ဒေါ်နယ်ထရမ့်၊ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့နှင့်အတူ တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ မင်းရဲကျော်စွာ

ပြည်တွင်းသတင်းများ -------------------------- ၁။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်ဖွင့်လှစ် ၂။ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီမှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို နိုင်ငံတော်သမ္မတ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြား ၃။ မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာကသိအောင် ဖော်ထုတ်မြှင့်တင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပိုမိုမြှင့်တင်နိုင်မည်ဟု ဒုသမ္မတ(၂) ပြောကြား ၄။ လတ်တလောတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား လစာတိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြောကြား ၅။ ရန်ကုန်မြို၌ ရေပေးဝေစဉ် ရေအားနည်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် ရန်ကုန်စည်ပင် တောင်းပန် ၆။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံအားလုံး ဖျက်ဆီးခဲ့ပြီး ဖြစ် ၇။ ဗဟန်းမြိုနယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊ အမျိုးသားတစ်ဦး ‌သေဆုံးပြီး တစ်ဦး ဒဏ်ရာရ ၈။ ဇူလိုင် ၂၇ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ Octane 92 - ၃၃၅၀ ကျပ်၊ Octane 95 - ၃၄၆၀ ကျပ်၊ Diesel - ၃၅၆၀ ကျပ်၊ Premium Diesel - ၄၃၁၅ ကျပ် နိုင်ငံတကာသတင်းများ ------------------------ ၁။ တရုတ်၏ EV များ စျေးကွက်ဝေစု ပိုမိုရရှိလာခြင်းကြောင့် ထိုင်းနိုင်ငံက မော်တော်ယာဉ် ထုတ်လုပ်မှုကို လျှော့ချသတ်မှတ် ၂။ အီရန်ကုန်တင်သင်္ဘောကို ယူကရိန်းကတိုက်ခိုက်ခဲ့မှု ငြိမ်နေမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဆို ၃။ ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေ ဒုတိယမြောက် ညအဖြစ် ထပ်ရပ်နားထား ၄။ ထရမ့်က မဟာဗျူဟာမြောက် အမှားကြီး လုပ်လိုက်တာလို ဘရာဇီးသမ္မတ ပြောပြီ ၅။ အမေရိကန်-အီရန် စစ်ပွဲဂယက်ကြောင့် စင်ကာပူက ငွေကြေးမူဝါဒကို ထပ်မံတင်းကျပ် ၆။ နျူကလီးယားကင်းစင်ရေးတိုက်တွန်းမှုအတွက် အာဆီယံအဖွဲကို မြောက်ကိုရီးယား ပြစ်တင် ရှုတ်ချ အားကစားသတင်းများ ------------------------ ၁။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၇) ဇူလိုင်လ ၂၇ ရက်စတင်ကျင်းပ ၂။ အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း သြဂုတ်လအတွင်း လေ့ကျင့်မှုများ စတင်မည် ၃။ ရတနာပုံအသင်း (၃) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဂျပန်နောက်ခံလူကို ခေါ်ယူ ၄။ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ ပစ်မှတ်ထားနေတဲ့ ဘာကိုလာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၇၀) ရရှိဖို PSG လိုလားနေ ၅။ ကိုလိုကိုလိုအသင်းမှာ ဗော်ဇင်ညာ တစ်လဒေါ်လာ(၂၅၀၀၀) ရရှိမယ် အနုပညာသတင်းများ ------------------------ ၁။ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ ၂။ အသက် ၃၇ နှစ်အရွယ်မှာ သေရင်ကိုယ်နောက်မပါမယ့် အစွဲတွေကိုချွတ်နိုင်တာ၊ နှစ်ဖက်မိဘတွေက ကန့်ကွက်မယ်လိုမရှိဘဲ ဝမ်းပန်းတသာလက်ခံကြလို ကံကောင်းတယ်ဆိုလာတဲ့ မြတ်သူသူ ၃။ လူရွှင်တော်တွေကို ရုပ်ရှင်ပညာနဲ့ပတ်သက်ပြီးသင်ပေးတာ စိတ်မဝင်စားကြလို အခန်းတံခါးပိတ်ပြီး သင်ပေးခဲ့ရတယ်ဆိုတဲ့ ဒါရိုက်တာမောင်သီ ၄။ စမ်းရေမိုးကို လူချစ်အောင်လုပ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုတွေ ပရိသတ်ကို ချပြနေပါတယ်ဆိုတဲ့ အောင်ကျော်ထွန်း (လင်္ကာဒီပ အနုသုခုမ) ၅။ သင်ဇာဝင့်ကျော်ရဲ့ ဒုတိယမြောက်ရိုက်ကူးမယ့် “မ”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားပြတိုက် (
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် အမျိုးသားပြတိုက် (ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရန်ကုန်မြို့ရှိ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ အမျိုးသားစာကြည့်တိုက်တွင် သမိုင်းဝင်စာအုပ်စာစောင်များနှင့် မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းရန်နှင့် စာကြည့်တိုက်ပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ အမျိုးသားပြတိုက်သို့ ရောက်ရှိစဉ် သီဟာသနပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်းနှင့် ရှေးဟောင်းပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြတိုက်နှင့် စာကြည့်တိုက်များရှိ သမိုင်းအမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် လေ့လာသူများအတွက် အချက်အလက်ပြည့်စုံစွာ ဖော်ပြနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

+5
ဇူလိုင်_၂၈_မြဝတီသတင်းစာ.pdf8.15 MB

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးကို တောင်းဆိုခဲ့သည့် အာဆီယံကို မြောက်ကိုရီးယားခေါင်းဆောင်၏ညီမက ပြင်းပြင်းထန်ထန် ဝေဖန် July 27, 2026 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အာဆီယံ၏ရပ်တည်ချက်ကို တုံးအပြီး မိုက်မဲကြောင်း ပြောဆိုခဲ့သည်။ အာဆီယံနှစ်ပတ်လည် ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား၏နျူကလီးယား စီမံကိန်းအား စိုးရိမ်ပူပန်နေပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အားကိုးခဲ့သည်။ Cocoon AI Summary ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးကို တောင်းဆိုခဲ့သည့် အာဆီယံကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အာဆီယံ၏ ရပ်တည်ချက်သည် တုံးအပြီး မိုက်မဲကြောင်း ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် အာဆီယံ၏ နှစ်ပတ်လည် ဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့သည် မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းအပေါ် အလွန် စိုးရိမ်ဖော်ပြခဲ့ပြီး နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သော ထုတ်ပြန်ချက်တစ်ခုတွင် ကင်ယိုဂျုံက မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုကာ အမေရိကန်၏ နျူကလီးယားကင်းစင်ရေးကြွေးကြော်သံအတိုင်း လိုက်ပါဆောင်ရွက်နေသည့် အာဆီယံဆွေးနွေးပွဲ၏ ထင်ရှားပေါ်လွင်သော ရန်လိုသည့် သဘောထားအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ သဘောတရားအရရော လက်တွေ့အရပါ အဓိပ္ပာယ်ကင်းမဲ့သွားခဲ့ပြီဖြစ်သော ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆိုသည်ကို ယနေ့ထိတိုင် ဖက်တွယ်ထားခြင်းမှာ နည်းဗျူဟာမြောက် တွေးခေါ်မှုနှင့် ယုတ္တိဗေဒဆိုင်ရာ ကျရှုံးမှုတစ်ခုဖြစ်ပြီး တုံးအပြီး မိုက်မဲသည့် စိတ်ကူးယဉ်မှုဖြစ်ကြောင်း ကင်ယိုဂျုံက ပြောကြားခဲ့သည်။ Ref: AFP

တပ်မတစ်ခုလုံး ရှေ့တန်းပြန်ဝင်လာတာ ပျော်စရာကြီး အောင်ပွဲနှင့်အတူပြန်လာကြတဲ့ ကလောမြိုအခြေစိုက် အမှတ်(၅၅)ခြေလျင်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများအားလုံး ရှေ့တန်းပြန်အခမ်းအနားကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို…

ငွေကြေးလိမ်တယ်ဆိုပြီး ထောက်ပို့အဖွဲ့ကို PDF အဖွဲ့က ဝင်ရှင်း အလှူခံရငွေ သိန်းတစ်ထောင်ခန့်လိမ်သွားတယ်ဆိုပြီး စဉ့်ကူးမြို့နယ်၊ န
ငွေကြေးလိမ်တယ်ဆိုပြီး ထောက်ပို့အဖွဲ့ကို PDF အဖွဲ့က ဝင်ရှင်း အလှူခံရငွေ သိန်းတစ်ထောင်ခန့်လိမ်သွားတယ်ဆိုပြီး စဉ့်ကူးမြို့နယ်၊ နွယ်ရုံရွာမှာရှိတဲ့ ကောင်းဆက်သာ ထမင်းဆိုင် (ထောက်ပို့လုပ်သူရဲ့ ဆိုင်)ကို TRI ဗျူဟာမှ PDF ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး ဝင်ရောက်ပစ်ခတ်ခဲ့လို့ ထောက်ပို့ ၃ ဦးအပါ ဆိုင်ထဲမှာ ထမင်းစားနေတဲ့ အပြစ်မဲ့ပြည်သူ ၂ ဦး၊ ပေါင်း (၅) ဦး မနေ့က သေဆုံးသွားခဲ့ပါတယ်။ အကြမ်းဖက် PDF ဆိုတာ ခွေးတွေလိုပါပဲ။ စားခွက်မှာ အဝေမတည့်ရင် အချင်းချင်းလဲ ကိုက်‌နေကြတာ။ ကိုက်တာတော့ ကိုက်ကြပေါ့ကွာ။ ပြည်သူတွေရှိတဲ့နေရာမှာတော့ မကိုက်သင့်ဘူး။ ပြည်သူတွေကလည်း PDF အကြမ်းဖက်တွေကို ကိုယ့်အနီးအနားမှာ လက်ခံထားရင်တော့ တစ်ချိန်မဟုတ်တစ်ချိန် ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေဖြစ်လာမှာ အမှန်ပဲ။ ဒါ့ကြောင့် အကြမ်းဖက်သမားတွေကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့လိုပါတယ်။ ‌မြေပြင်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီကို PDF အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုသတင်းကို ပေးပါ။ ဒါမှသာ အကြမ်းဖက်ကင်းစင်တဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်မှာဖြစ်ကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ......

တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော ထင်းဇင်‌ကျေးရွာအား ယနေ့ဇူလ
+9
တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော ထင်းဇင်‌ကျေးရွာအား ယနေ့ဇူလိုင်လ ၂၇ ရက်မှာ အပြီးထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်...

မသိပါဘူးကွာ.... ဝေဝေဆာဆာ ပဒေသာ ထီလက်မှတ်တွေ ရောင်းနေတာလားလို့.... ဘယ်ဟုတ်မလဲ အောက်တန်းကျစွာမသာပေါ်သွားတဲ့ ပဒက်တွေရဲ့ ပုံတွေပါ
မသိပါဘူးကွာ.... ဝေဝေဆာဆာ ပဒေသာ ထီလက်မှတ်တွေ ရောင်းနေတာလားလို့.... ဘယ်ဟုတ်မလဲ အောက်တန်းကျစွာမသာပေါ်သွားတဲ့ ပဒက်တွေရဲ့ ပုံတွေပါလား.... နောက်ကောင်တွေလည်းကြည့်ထားကြနော်.... အလင်းဝင်ပြီး အေးချမ်းစွာ နေမလား.... အဲ့လိုစုတ်တီးစုတ်ပြတ်ပုံလေးတွေအဖြစ်ခံမလား??

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် ဒေါ်မြသန်းအပါ (၅၄)ဦးတို့အား တစ်
မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် ဒေါ်မြသန်းအပါ (၅၄)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁)သိန်းစီ ပေးဆောင်ရန် ယနေ့ ဇူလိုင်လ (၂၇)ရက် မွန်းလွဲပိုင်းအချိန်က မော်လမြိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်..