မင်းရဲကျော်စွာ
Open in Telegram
Truth, Constructive, Update
Show moreThe country is not specifiedThe category is not specified
1 180
Subscribers
+124 hours
-107 days
+230 days
Posts Archive
1 182
■ ဒိုက်ဦးမြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
ဒိုက်ဦးမြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဩဂုတ် ၂၃ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီ၊ ၁၄ မိနစ်၊ ၅၇ စက္ကန့်အချိန်တွင် ပဲခူးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၈) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒိုက်ဦးမြို့၏ အနောက်ဘက် (၃၂) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၈၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၉) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄ ဒသမ ၇ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးဇလက ထုတ်ပြန်သည်။
1 182
ချင်းက ချင်းကို နှိပ်စက်နေတာမြင်ရတော့ အောင့်သက်သက်နဲ့....
အမျိုးကောင်းစားရေးဆိုပြီး လက်နက်ကိုင်တယ်... လက်နက်အရသာလဲသိသွားရော အမျိုးကောင်းစားရေးကနေ အမျိုးဆီကနေတောင်းစားရေး ဖြစ်သွားရော...
အဲ့တော့ ချင်းလူမျိုးတွေအနေနဲ့ ဒီအကြမ်းဖက်တွေရဲ့ နှိပ်စက်မှုကို ကြိတ်ခံနိုင်ရင်ခံ...... မခံနိုင်ရင် ပြန်ချပေါ့....
ချင်းရဲ့ ဇက မသေးဘူးဆိုတာ ပြလိုက်စမ်းပါ။
1 182
ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ရိုဘော့ညီလာခံမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ UBTECH က လူသားနဲ့ စည်းချက်ညီညီ ကပြနိုင်တဲ့နောက်ဆုံးပေါ် စက်ရုပ် ရုပ်သံကို ထုတ်ပြန်ပြသခဲ့ပါတယ်။
အဆိုပါ စက်ရုပ်ဟာ အဆင့်မြင့် AI အာရုံခံစနစ်နှင့် လှုပ်ရှားမှု ထိန်းချုပ်နည်းပညာများကြောင့် လူသားကချေသည်နဲ့အပြိုင် သဘာဝကျကျ ဟန်ချက်ညီညီ ကပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကား (EV) စက်ရုံကြီးတွေမှာ အသုံးပြုနေတဲ့ စက်ရုပ်တွေကို ထုတ်လုပ်ပေးနေတဲ့ UBTECH ရဲ့ ယခုပြသမှုဟာ အနာဂတ်မှာ စက်ရုပ်တွေအနေနဲ့ စက်ရုံသုံးကဏ္ဍအပြင် လူသားတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမယ့်ဝန်ဆောင်မှုကဏ္ဍများမှာပါ ကျယ်ပြန့်စွာ အသုံးပြုလာနိုင်တော့မှာဖြစ်ကြောင်း အချက်ပေးနေတာပဲဖြစ်ပါတယ်။
1 182
+9
[8/23/2026 10:32 AM] PPIB.Official: [ 10 photos ]
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့ လေ့လာကြည့်ရှု
ရုရှားဖက်ဒရေးရှင်နိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့(သြဂုတ် ၂၃ ရက်)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တူဗာပြည်နယ် ကီးဇီးလ်မြို့ရှိ အထင်ကရ နေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို လေ့လာကြည့်ရှုခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့ (Kyzyl) တွင် တည်ရှိသော အာရှတိုက်ကြီးတစ်ခုလုံး၏ အလယ်ဗဟိုချက်ကျရာနေရာကို အထိမ်းအမှတ်ပြုထုဆစ်ထားသည့် အာရှတိုက်၏ ပထဝီဝင်ဗဟိုချက်မ အထိမ်းအမှတ်ကျောက်တိုင်တည်ရှိရာနေရာ နှင့် တူဗာပြည်နယ်၏ မြို့တော် ကီဇီးလ်မြို့ အမျိုးသားတေးဂီတနှင့် ပြဇာတ်ရုံသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
1 182
ကိုင်ဇာကွယ်လွန်တယ်။
နိုင်ငံရေးလောကဟာတစထက်တစရီစရာကောင်းလာတယ်။
“ကိုင်ဇာသေတာငါတို့PDFတွေလောက်တန်ဘိုးရှိလို့လား“တဲ့
လူတွေကိုကြည့်လိုက်တော့ PDFတွေလိုမြေပြင်မှာမရှိ။လူငယ်တွေအလောင်းပြပြအလှူခံစားပြီးနိုင်ငံတကာဒိုနာတွေဆီမှာပရောဂျက်တင်စားဟော်တယ်ဆီမီနာတွေမှာပျော်မွေ့နေသူတွေ
ပိုဆိုးတာကနိုင်ငံတကာရောက်အိုကြီးအိုမတွေပညာလည်းဆက်မသင်နိုင်၊စီးပွါးရေးလည်းမလုပ်တတ်ဘဝတလျှောက်လုံးမယ်မယ်ရရအောင်မြင်တာဆိုလို့လူတိုင်းကိုကိုယ်နဲ့အတူတူထင်ပြီးပခုံးချင်းလိုက်ယှဉ်၊ဆဲဆိုတတ်တာပဲရှိတယ်။
တခါတလေမျက်နှာချင်းဆိုင်မေးချင်တာလေးတွေတော့ရှိတယ်။
“တက္ကသိုလ်တက်တုံးကနင်တို့ကို စွဲစွဲလန်းလန်းကြွေခဲ့ဘူးတဲ့သူတွေ ရှိလား“
“ဘဝမှာလူတယောက်ကိုဘယ်လိုချစ်ရမယ်ဆိုတဲ့နှလုံးသားရောပါခဲ့ဘူးလား“လို့
အမှန်တော့သိမ်ငယ်စိတ်ကိုအခြေခံပြီးလူတိုင်းကိုအကန်စိတ် နဲ့တွေးနေကြတဲ့ပြဿနာ။
အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းတက်ဘူးရင်Professionalismကိုနားလည်ရတယ်။ဥပမာဆိုပါတော့
မင်းကPolitical Science/ National Securityတက်နေတယ် ဆိုပါစို့။မင်းနားမလည်တဲ့ Performance Art
Music 🎶
Danceတွေမှာသွားပြီးဆရာလုပ်လို့မရဘူး။မင်းဟာတက္ကသိုလ်ရဲ့Departmentတခုထဲကဘာသာရပ်တချို့ကိုလေ့လာနေသူ
တခြားဌာနတွေနဲ့နှိုင်းယှဉ်ပြီးမင်းကိုမင်းအဆင့်အတန်းမြင့်ကြောင်းအပေါ်စီးကသွားပြောကြည့်ပါလား။ငပေါအဖြစ်ပျက်ရယ်ပြုခံရမယ်။
နွေဦးသော်လှန်ရေးမှာပါဝင်နေသူတချို့ရဲ့အဓိကပြဿနာက“စစ်ကျွန်ပညာရေးအလိုမရှိ“လို့လည်းပြောသေးတယ်နေဝင်းစစ်ကျွန်ပညာရေးလက်အောက်ခံ
မန္တလေးတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်ကဘွဲ့ရခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင်တွေကိုဆရာသွားတင်၊ကိုယ်ကိုယ်တိုင်လည်းစစ်ကျွန်ပညာရေးနဲ့ဘွဲ့လွန်တွေတက်ခဲ့ကြပြီးဘူဘူချင်းတစ်လုပ်နေတာ
ဒီစစ်ကျွန်ဘွဲ့တွေနဲ့ပဲလူတတ်ကြီးလုပ်နေပြန်ရော။ရှင်းရှင်းလင်းလင်းပြောရရင်လက်နက်ကိုင်သော်လှန်ရေးဆိုတာဘာသာရပ်တခုလိုလေ့လာရမယ့်အရာဖြစ်တယ်။
ကိုယ်ကလက်နက်ကိုင်သော်လှန်ရေးကိုတကယ်ယုံရင်လက်နက်ကိုင်စစ်ပွဲတွေလူမျိုးစုတွေအကြောင်းသေသေချာချာလေ့လာ
“ကယ်တော်မူပါ“တောင်သံစဉ်မှန်အောင်မအော်တတ်ပဲနဲ့သီချင်းတွေအကြောင်းဝင်မဆွေးနွေးတာအကောင်းဆုံးပါ။ကိုင်ဇာရဲ့သီချင်းတွေကိုအကုန်မကြိုက်ပါဘူးဒါပေမယ့်သူ့ရဲ့ကိုယ်ပိုင်သံစဉ်ဖန်တီးမှုတွေမှာ
တက္ကသိုလ်အလွမ်းးနံ့တွေပါတယ်။ကျောင်းချစ်စိတ်တွေပါတယ်။ပညာရေး၊ကျန်းမာရေးကို တိုက်ခိုက်ဖျက်ဆီးနေသူတွေနဲ့အဆင့်အတန်းချင်းမတူပါဘူး။ဒီအချက်နဲ့တင်တန်ဘိုးချင်းကကွာနေပါပြီ
ထပ်ပြောမယ်နော်နိုင်ငံရေးဆိုတာနယ်ပယ်တခုပဲ။အရာအားလုံးရဲ့အထက်ကလို့ထင်နေရင်စိတ်ရောဂါအထူးကုကြိုပြချင်ပြ
ဒါမှမဟုတ်နိုင်ငံတကာတက္ကသိုလ်တွေကိုလေ့လာ။အနုပညာရှင်တွေ၊သိပ္ပံပညာရှင်တွေကနိုင်ငံရေးအောက်အားလုံးဝင်ရမယ်ဆိုတာအာဏာရှင်တွေရဲ့အတွေးအခေါ်ပဲ
ဒီမိုကရေစီလိုချင်တယ်တောင်းပြီးကိုယ်ကိုယ်တိုင်ကအာဏာရှင်အတွေးအခေါ်နဲ့စိတ်ကြီးဝင်မနေနဲ့ အထူးသဖြင့်ဘဝမှာဘာတခုမှမယ်မယ်ရရမအောင်မြင်ဘူးသူတွေဆိုရှယ်မီဒီယာပေါ်တက်ပိုက်ဆံမကုန်တိုင်းလူတိုင်းကိုပခုံးချင်းယှဉ်မနေနဲ့ကိုယ့်ရဲ့နယ်ပယ်မှာပဲအကောင်းဆုံးဖြစ်အောင်နေ
သူများဘဝတွေထဲလူရာဝင်ဖို့ ကြိုးစားမနေနဲ့ခေတ်ကြီးကတူရာစုနေကြပြီ
ဘယ်သူ့ဘယ်သူမှသိပ်အရေးပါတော့တာမဟုတ် 🤣
1 182
ပြည်သူ့စစ်မှုထမ်းရယ်လို့ဖြစ်လာရင် တာဝန်ကို ၂ နှစ်ပြည့်အောင် ထမ်းဆောင်ရပါတယ်။
ဒီ ၂ နှစ်တာကာလအတွင်းမှာ ပင်ပန်းဆင်းရဲမှာတော့ အမှန်ပဲ။
ဒါပေမယ့်လဲ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုရတာဂုဏ်ယူစရာဖြစ်ပါတယ်။
ဒီနေရာမှာ ပြောချင်တာက အချို့သော ပြည်သူ့စစ်မှုထမ်းညီငယ်များဟာ ပင်ပန်းဆင်းရဲမှုဒဏ်ကိုမခံနိုင်တာနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံဆော်ဝါဒဖြန့်မှုတွေကို နားယောင်မိတာတွေကြောင့် စစ်ပြေးဘဝတွေရောက်သွားတာက ရင်နာစရာပါ။
အခုဆိုရင် ပြည်သူ့စစ်မှုထမ်းတွေထဲကမှ အမှတ်စဉ် ၄ အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးခဲ့တဲ့ နိုင်ငံ့သားကောင်းတွေ မိမိတို့ရဲ့ အိမ်ဆီကို ပြန်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီ ၂ နှစ်တာကာလကို အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ သူတွေပေါ့။ စစ်ပြေးဖြစ်သွားတဲ့သူတွေကတော့ တစ်သက်လုံး ဘဝပျက်ပြီး မိသားစုနဲ့ အတူတကွနေထိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ပြည်သူ့စစ်မှုထမ်းညီငယ်တွေအနေနဲ့ ဒီကာလလေးကို ကြံ့ကြံ့ခံပြီး နေထိုင်ကြပါလို့တိုက်တွန်းချင်ပါတယ်။
အစိုးရကလည်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို အမှန်တကယ်ဖော်ဆောင်ပေးနေတာကိုတွေ့မြင်နေရပါတယ်။
1 182
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ - (မန္တလေး) ဖွင့်ပွဲအခမ်းအနားသို တက်ရောက်အမှာစကားပြောကြား
မန္တလေး၊ သြဂုတ် ၂၃
ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) တို ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ-၂၀၂၆ (မန္တလေး) (Tastes of the Golden Land 2026 Mandalay) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မန္တလေးမြိုရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။
1 182
PDFစခန်းဟောင်း
အရင်စခန်းဟောင်းလေယာဉ်ကြဲလို့ပြာကျသွားတယ်အားလုံးဆုံးရှုံးသွားရတယ်တစ်ချို့အသက်ဘေးကသီသီကပ်လွတ်ခဲ့ကြတယ်
နေရာသစ်မှာပြန်လည်တည်ဆောက်ရတယ်ဒီကာလတည်ဆောက်လိုက်ပစ်ထားခဲ့ရလိုက်နဲ့အကြိမ်ကြိမ်ပါပဲ။သံယောဇဉ်တော့အတော်ရှိခဲ့တဲ့နေရာလေးတွေပါ
ဘယ်နေရာကပြန်လာလာအဲ့နေရာတွေရောက်ရင်နွေးထွေးလုံခြုံအေးမြသွားလိုခံစားရတယ်အဲ့စခန်းတွေရောက်ရင်ပင်ပန်းခဲ့သမျှအားပြန်ပြည့်သွားသလိုပဲ
ရွာသူရွာသားတွေကလည်းနီပိတ်မိသားစုလိုသဘောထားကြတဲ့နေရာဟောင်းလေးပါအဲ့စခန်းလေးဆုံးရှုံးရတာတလရတစုံလုံးရှုံးသွားသလိုကိုခံစားရလိုက်တာ
ဆိတ်ဓာတ်တွေလည်းပြိုလဲလိုက်ပြန်တည်ဆောက်လိုက်ပါပဲဒီကြားထဲကျန်းမာရေးခြူခြာအဲ့လိုချိန်ဆိုအိမ်ကိုအရမ်းလွမ်းတာပဲ
ဒါပေမယ့်အိမ်မပြန်နိုင်တော့တဲ့PDFတွေအိမ်ပြန်စရာမရှိတော့တဲ့PDFတွေအိမ်ပြန်ရင်PDFမိသားစုမစုံနိုင်တော့တဲ့သူတွေအိမ်ပြန်ရင်တောင်အိမ်ကထွက်လာခဲ့တဲ့အကောင်းပတိအတိုင်းမရှိတော့တဲ့PDFတို၊ပြတ်၊ကန်း၊ဖွါလန်၊ထော့နဲ့တွေ
အဟစ်ဟစ်တွေပေါ့။ဩဇီ၊မေဒိကန်၊မဲဆောက်၊ချင်းမိုင်လိုတော့မဟုတ်ဘူး😂😂
1 182
+1
ညိုကြီးဆိုတဲ့ စဉ့်ကူး PDF အကြမ်းဖက်အဖွဲ့တွေက မနေ့က ပင်လယ်ကြီးရွာဘက်မှာ အုပ်ကြီး ထွန်းဝင်းတစ်မိသားစုလုံးကို ခေါင်းတွေ ရင်ဘတ်တွေကို တေ့ပစ်ပြီး ရှော့သွားတယ်တဲ့ဗျာ။
အားလုံးပေါင်း ၇ ယောက်တောင်ဗျာ။
လူတကာကို မင်းမဲ့စရိုက်ဆန်ဆန် သတ်ချင်တိုင်းသတ်နေတဲ့ အောက်တန်းစား PDF တွေ ဒီပုံစံတိုင်းဆိုရင် အနှေးနဲ့အမြန် ကျဆုံးတော့မယ်။
စောင့်ကြည့်နေလိုက်.....
1 182
မကွေးမှာ အဖေရင်းက အသက် ၅ နှစ်အရွယ်သားအရင်းကို သတ်မှုဖြစ်
မကွေးတိုင်း၊ မကွေးမြို့နယ် ကန်ဦးကျေးရွာမှာ အဖေဖြစ်သူရဲ့ အရက်ကြောင်ကြောင်ပြီး ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် အသက် ၅ နှစ်အရွယ်သား သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဩဂုတ် ၁၉ ရက်နေ့မနက် ၈ နာရီခန့်လောက်မှာ သားဖြစ်သူကို အဖေဖြစ်သူက ရွာအပြင်ဘက်ခေါ်ထုတ်သွားပြီး ကိုင်ပေါက်ခြင်း ၊ ရိုက်နှက်ခြင်း ၊ လည်ပစ်ညှစ်တာတွေပြုလုပ်ခဲ့တာကြောင့် ကလေးငယ်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
" အဖေက အရက်ကြောင်နေပေမယ့်လည်း မိဘဆိုတော့ အဲဒီလိုသေလောက်တဲ့အထိ မလုပ်လောက်ဘူးထင်တာရယ် ၊ မူးနေတော့ မပြောချင်တာနဲ့ ကလေးကိုထည့်ပေးလိုက်ကြတာလို့သိရတယ်။ ကလေးခန္ဓာကိုယ်မှာ တုတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေလည်းတွေ့ရတယ်။ ကလေးက သူခေါ်သွားပြီးရိုက်တဲ့နေရာမှာပဲ ဆုံးသွားတာ ။ အဖေဖြစ်ပြီးတော့ ကိုယ့်သားသမီးကို ဒီလောက်တောင်လုပ်ရက်တယ်။ " လို့ ဖြစ်စဥ်သိတဲ့ ဒေသခံကပြောပါတယ်။
ဖခင်ဖြစ်သူရဲ့ ရိုက်နှက်တာကိုခံရလို့ ကလေးငယ်မှာ ဦးခေါင်း၊ လည်ပင်းနဲ့ နဖူးအပါအဝင် ခန္ဓာကိုယ်တွေမှာ ဒဏ်ရာတွေရရှိပြီး နေရာမှာပင် သေဆုံးသွားတာလို့ ပြောပါတယ်။
1 182
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ
===========================
(၉)ကြိမ်မြောက် ထိုင်း- မြန်မာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(9th Thailand- Myanmar High Level Committee Meeting ) သို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲအား ဩဂုတ်လ ၂၀ ရက် ညပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
ညစာစားပွဲတွင် နှစ်နိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များက နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြတယ်လို သိရပါတယ်။
1 182
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို သွားရောက်ကြည့်ရှုလေ့လာ
==========================
ဘယ်လာရုသမ္မတနိုင်ငံ၊ မင့်စ်မြိုသို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲဝင်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် မင့်စ်မြိုမှနေ၍ Grodno မြိုရှိ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုလေ့လာကြသည်။
1 182
ဗန်းမော်နားမှာ ခိုအောင်းနေတဲ့ KIA + PDF အကြမ်းဖက်သမားတွေအနေနဲ့ ရိက္ခာတွေပြတ်လပ်ပြီး စိတ်ကြွဆေးပါသုံးစရာမရှိတော့ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းနေပါတယ်။
KIA အကြမ်းဖက်ခေါင်းဆောင်ပိုင်းတွေက ဒါကိုသိသိကြီးနဲ့ ရိက္ခာလဲပို့မပေးဘဲ ဒီတိုင်းပစ်ထားတယ်တဲ့။ ဒဏ်ရာရထားတဲ့ PDF တွေဆိုရင် အနာတွေက လောက်တောင်တက်နေပြီလို့သိရတယ်။
KIA အကြမ်းဖက်တွေရဲ့ နေဝင်ချိန်ကတော့ တဖြည်းဖြည်းရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်။
1 182
+5
ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅) ကျေးရွာတွင် ဘောလုံးကစားနေသူများအား ဒရုန်းဖြင့် ဗုံးပစ်ချခံရသဖြင့် ကလေးတစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရ
=====
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅) ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲအနီး ဘောလုံးကွင်း၌ ဘောလုံးကစားနေသည့် ပြည်သူများအား ဩဂုတ် ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် PDF အဖွဲ့မှ ဒရုန်းဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ဘောလုံးကွင်းအတွင်းရှိ အသက် ၅ နှစ်အရွယ် မောင်ချစ်လင်းအောင် သေဆုံးသွားခဲ့ပြီး အသက် ၁၀ နှစ်မှ ၃၆ နှစ်အထိ ကျေးရွာနေ ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဒဏ်ရာရရှိသူများအား သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
မင်းခေါင်
1 182
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ နာမည်ကျော်ကြားမှုနဲ့ မတိုင်းတာနိုင်ပါဘူး။ တာဝန်ကို ဘယ်လောက်ရိုးသားစွာ ကျေပွန်ခဲ့သလဲဆိုတာနဲ့သာ တိုင်းတာနိုင်ပါတယ်။
1 182
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြိုနယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်သဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၁၇)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား
