en
Feedback
မင်းရဲကျော်စွာ

မင်းရဲကျော်စွာ

Open in Telegram

Truth, Constructive, Update

Show more
The country is not specifiedThe category is not specified
1 189
Subscribers
+924 hours
+27 days
+2130 days
Posts Archive
သုံ့ပန်း ၁၀၀ ကျော် ကိုးကန့်အဖွဲ့ပြန်လွှတ် စက်တင်ဘာ ၁ ကိုးကန့်အဖွဲ့ (MNDAA) က ဖမ်းဆီးထိန်းသိမ်းထားသည့် သုံ့ပန်း ၁၀၀ ကျော်ကို ဩ
သုံ့ပန်း ၁၀၀ ကျော် ကိုးကန့်အဖွဲ့ပြန်လွှတ် စက်တင်ဘာ ၁ ကိုးကန့်အဖွဲ့ (MNDAA) က ဖမ်းဆီးထိန်းသိမ်းထားသည့် သုံ့ပန်း ၁၀၀ ကျော်ကို ဩဂုတ်လ ၃၀ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ လောက်ကိုင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် သုံ့ပန်းထောင်ချီရှိနေပြီး ယင်းအနက် ၁၀၀ ကျော်ကို ကားသုံးစီးဖြင့် သိန္နီမှတဆင့် လားရှိုးသို့ ပို့ဆောင်ပေးလိုက်ကြောင်းသိရသည်။ အဆိုပါ သုံ့ပန်းများမှာ လားရှိုးမြို့ကို ကိုးကန့်တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းမိခဲ့သော တပ်သားများဖြစ်ပြီး လားရှိုးကို တပ်မတော်ထံအပ်ပြီးနောက် အကြိမ်ကြိမ်ပြန်လွှဲပေးနေခြင်းဖြစ်သည်။

ဂျန်ဇီ PDF တို ကိုယ့်အရပ် ကိုယ့်ဒေသကို ဖျက်ဆီးနေကြပြီ ရည်ရွယ်ချက်ကြီးမား အမေ့သား ‘မျိုးစေ့မမှန် ပင်မသန်’ ဆိုသည့်စကား အကြောင်း
ဂျန်ဇီ PDF တို ကိုယ့်အရပ် ကိုယ့်ဒေသကို ဖျက်ဆီးနေကြပြီ ရည်ရွယ်ချက်ကြီးမား အမေ့သား            ‘မျိုးစေ့မမှန် ပင်မသန်’ ဆိုသည့်စကား အကြောင်းမဲ့ ပေါ်ပေါက်လာခြင်း မဟုတ်၊ ဤကဲ့သို လူမျိုး များရှိခြင်းကြောင့်ပင် ဖြစ်ပါလိမ့်မည်။ လက်ဦးဆရာ အမိအဖ၏ သွန်သင်ဆုံးမမှုသည်လည်း အရေးကြီးကြောင်း ဤကဲ့သို သူများကို တွေ့ရလေ အမိအဖ၊ ဆရာ သမားများကို အကြိမ်ကြိမ် ဦးချမိပါ၏။ သူများမကောင်း ကြောင်းကို ပြောလိုရင်း မဟုတ်ဘဲ မြင်ရတွေ့ရသည်က တော်တော်ချော်နေ၍ ပြောရမည်ဖြစ်ပါသည်။ ယခုပြော မည့်သူက နိုနံ့မစင်သေးသည့် သူငယ်နှပ်စား လူငယ်လူ ရွယ်တစ်ဦးအကြောင်း ဖြစ်ပါသည်။ ရေးကြီးခွင်ကျယ်လုပ်၍ ပြောနေရလားဟုဆိုလျှင် မေမေ့သားဟု ခံယူထားပြီး သူတိုမေမေဆို သူမျက်နှာကိုသာမက မည်သည့်ဂုဏ်သိက္ခာမျှ မကျန်အောင် လုပ်နေသော သူများကြောင့် ပြောရခြင်း ဖြစ်ပါသည်။ မဟုတ်သည့်နေရာတွင် အားကျနေပြီး မကောင်းသည့်နေရာတွင် ထူးချွန်ဂုဏ်ယူနေသောသူ ဖြစ်သောကြောင့် ပြောရခြင်းဖြစ်ပါသည်။ . . . #Nine

ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် ခ/ဂ/ဃ/င ယာဉ်မောင်းလိုင
+2
ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် ခ/ဂ/ဃ/င ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအား Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း

အောက်ခြေလွတ်နေသော ဘိုစွန်ယဲလေး.... ငါက အရင်ကတည်းက ချမ်းသာတာတို့၊ ကား ၃ စီးပိုင်တာတို့ လျှောက်အာချောင်နေပြန်ပြီ....ဒီတိုင်းဆို
အောက်ခြေလွတ်နေသော ဘိုစွန်ယဲလေး.... ငါက အရင်ကတည်းက ချမ်းသာတာတို့၊ ကား ၃ စီးပိုင်တာတို့ လျှောက်အာချောင်နေပြန်ပြီ....ဒီတိုင်းဆို မကြာတော့ဘူး မင်းလဲ အချင်းချင်းရှော့ခံရတော့မယ်... တော်လှန်ရေးမှာ ချမ်းသာနေတယ်ဆိုတာ အလှူငွေဘုံးလို့ဆိုတာ အကုန်သိတယ်....

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ကျားငယ်လေး(၄)ကောင် မွေးဖွား တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)တွင် ကျားထီး “ဂျက်ဆင်”နှင့် ကျားမ “ဝိုင်းချစ်
+1
ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ကျားငယ်လေး(၄)ကောင် မွေးဖွား တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)တွင် ကျားထီး “ဂျက်ဆင်”နှင့် ကျားမ “ဝိုင်းချစ်” တိုမှ ကျန်းမာသန်စွမ်းသော ကျားငယ်လေး (၄) ကောင်ကို ယမန်နေ့က အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။ Htoo Zoos & Gardens Business Unit ၏ ကြိုးပမ်းအားထုတ်မှုများထဲမှ နိုင်ငံခြားပညာရှင်များအား ဖိတ်ကြား၍ သင်ကြားပိုချခဲ့သည့် Workshop နှင့် Training များမှ ရရှိသော အသိပညာ၊ နည်းပညာများ နှင့် SEAZA Guidelines များကို တိရစ္ဆာန်ဥယျာဉ်အသီးသီးတွင် လက်တွေ့အသုံးချ၍ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ထိုသိုတိရစ္ဆာန်ဥယျာဥ်များတွင် Animal Collection Plan ကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် ရလာဒ်အရ ကျားငယ်လေး(၄)ကောင်ကို မွေးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း Yangon Zoo က အသိပေးထုတ်ပြန်ထားသည်။ မင်းရဲကျော်စွာ

Repost from N/a
"တစ်ချို့သော တွေ့ဆုံခြင်းတွေက ဝဋ်ရှိလို့သာ တွေ့ဆုံကြရတာပါ" "ရင်ထဲမှာပဲထားပါ့မယ်" - အိုင်ရင်းဇင်မာမြင့် Channel Join ရန် - https://t.me/Tailong888666777

ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို SCO ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံ၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး ========================== ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို၌ ကျင်းပနေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ (SCO) ထိပ်သီးအစည်းအဝေး၏ ဘေးပန်းအစီအစဉ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းစေရေး အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

PDF လူငယ်တွေအတွက် အလင်းဝင်ဖို့ တိုက်တွန်းပါတယ်... ဒါဟာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဆိုတာထက် ပိုပါတယ်...
PDF လူငယ်တွေအတွက် အလင်းဝင်ဖို့ တိုက်တွန်းပါတယ်... ဒါဟာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဆိုတာထက် ပိုပါတယ်...

"တောသားတွေကို လိမ်ပြီး ကျားဖြန့်လုပ်နေတာ ဝင်ငွေကောင်းကြောင်း" PDF တွေပြော လက်ရှိအချိန်မှာ PDF တွေအနေဲ့ ပြည်သူတွေဆီက ခွက်ခေါက်လို့မရတော့အတွက် Online ကနေ အလိမ်အညာတွေနဲ့ ပိုက်ဆံတွေကို ခိုးယူနေတဲ့ သက်သေအထောက်အထားပါ။

တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် ကျောင်းသား/သူ ၃၀၇ ဦးကို ရွှေစင်(၁)ကျပ်သားဒင်္ဂါးပြားများချီးမြှင့် =====================
+6
တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် ကျောင်းသား/သူ ၃၀၇ ဦးကို ရွှေစင်(၁)ကျပ်သားဒင်္ဂါးပြားများချီးမြှင့် ============================== ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူ ၃၀၇ ဦးတို့အား သြဂုတ် ၃၁ ရက်တွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့ကြသည့် ကျောင်းသား/သူ ၃၀၇ ဦးကို ရွှေစင်(၁) ကျပ်သားဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဟု ပြောကြားသည်။ ထိုသို့ ချီးမြှင့်ခြင်းသည် ထူးချွန်ကျောင်းသား/သူများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှုရလဒ်များကို မှတ်ကျောက်တင်ဂုဏ်ပြုပေးခြင်းဖြစ်ပြီး အဆင့်မြင့်ပညာကို ဆက်လက်ထူးချွန်အောင်ကြိုးစားရန်မြှောက်စားအားပေးခြင်းလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှပို့ဆောင်လာသည့် မူးယစ်ဆေးဝါးများအား မယ်ဆိုင်ချောင်းအနီးဖမ်းမိ ဩဂုတ်လ ၃၁ရက်က မယ်ဆိုင်မြို့နယ်၊ ဝိန်းဖန်ခမ်ကျ
+3
မြန်မာနိုင်ငံဘက်မှပို့ဆောင်လာသည့် မူးယစ်ဆေးဝါးများအား မယ်ဆိုင်ချောင်းအနီးဖမ်းမိ ဩဂုတ်လ ၃၁ရက်က မယ်ဆိုင်မြို့နယ်၊ ဝိန်းဖန်ခမ်ကျေးရွာအုပ်စု၊ မယ်ဆိုင်ကျေးရွာအနီးတွင် ဖမောင်းတပ်ဖွဲ့မှကင်းလှည့်နေစဉ် လူ ၆ ဦးခန့်ပါဝင်သည့် အဖွဲ့သည် မြန်မာဘက်မှအိတ်များကို ကားတစီးပေါ်သို့ တင်ဆောင်နေပြီး မယ်ဆိုင်ချောင်းကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ဖို့ကြိုးပမ်းနေစဉ် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် အလေးချိန် စုစုပေါင်း ၁၅၀ ကီလိုဂရမ်ရှိ အဆင့် ၂ မူးယစ်ဆေးဝါး အမျိုးအစားဖြစ်သည့် ကက်တမင်း (Ketamine) ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ဖမောင်းအထူးတပ်ဖွဲ့သည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး သိမ်းဆည်းရရှိသည့် သက်သေခံပစ္စည်းတွေအား ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရန် မယ်ဆိုင်မြို့နယ်ရဲစခန်းသို့လွှဲပြောင်းပေးထားကြောင်း သိရသည်။

၃၁-၈-၂၀၂၆ ရက်နေ့ ယနေ့ ပူတာအိုမြိုနယ်၊ ရှိန်းဇွတ်ဒမ်းဒေသအတွင်းနယ်မြေကျုးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် KIA အဖွဲများကို တပ်မတော်စ
+1
၃၁-၈-၂၀၂၆ ရက်နေ့ ယနေ့ ပူတာအိုမြိုနယ်၊ ရှိန်းဇွတ်ဒမ်းဒေသအတွင်းနယ်မြေကျုးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် KIA အဖွဲများကို တပ်မတော်စစ်ကြောင်းများက ချေမှုန်းသုတ်သင်ခဲ့ရာ အကြမ်းဖက် KIA အလောင်း ၁ လောင်း သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့။

KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးအထိ ရောက်ရှိနေသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး လိုင်ဇာကို မတိုက်ခိုက်ရန် အမိန့်ပေးထားသည် ဟု သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ပြောကြားခဲ့တဲ့ မှတ်တမ်းဖိုင်ဖြစ်ပါတယ်။ ယခုအခြေအနေကတော့ KIA ရဲ့ကောင်းမှုကြောင့်၊ကျေးဇူးတုန့်ပြန်မှုကြောင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းအတွင်းရှိ ရဟန်းသံဃာများစွာ၊အပြစ်မဲ့ပြည်သူများစွာသေဆုံးခဲ့၊သေဆုံးနေဆဲဖြစ်ပြီး ရွာပေါင်းများစွာပြာကျပျက်စီးသွားခဲ့ရပါပြီ။ NCA ခေါ်မလား၊အပြတ်တိုက်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ယခုအချိန်အထိတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့မှုတွေပြင်းထန်လျှက်ရှိပါတယ်

- မလှိုင်မြိုနယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးအား PDF အကြမ်းဖက်အဖွဲများမှ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် ===== ဗီယက်နမ်ဆိုရှ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် ===== ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်သည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလည်း လိုက်ပါသွားမည် ဖြစ်သည်။ ခရီးစဉ်အတွင်း ဗီယက်နမ် သမ္မတနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် စီးပွားရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်သည်။ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ကာ ဗီယက်နမ်နိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို သွားရောက် လေ့လာမည် ဖြစ်သည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေရန်နှင့် အစိုးရ၊ လွှတ်တော်၊ ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ

ချောင်းဦးမြို့နယ်၊ ရွှေးဒါးကျကျေးရွာ၊ ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် အား PDF အကြမ်းဖက်အဖွဲ့က
+1
ချောင်းဦးမြို့နယ်၊ ရွှေးဒါးကျကျေးရွာ၊ ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော် အား PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာ နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်

အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို ၃၁-၈-၂၀၂၆ နယ်မြေလုံခြုံရေးနှင့်စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီးပြန်လာကြတဲ့ တြိဂံဒေသတိုင
+9
အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို ၃၁-၈-၂၀၂၆ နယ်မြေလုံခြုံရေးနှင့်စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီးပြန်လာကြတဲ့  တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းမှ အောင်ပွဲရတပ်မတော်သားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ တိုင်းဦးစီးချုပ်၊ တပ်နယ်မှူးများနှင့်နယ်မြေခံတပ်မတော်သားများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို...

+6
August 31 TheGlobalNewLightOfMyanmar.pdf18.40 MB

မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း စတင်ဖွင့်လှစ် မြစ်ကြီးနားမြို့အဝင် မိုင်းနားကျေးရွာတွင် ကုန်စစ်ဆေးရေးစခန်းကို ဩဂုတ် ၂
+2
မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း စတင်ဖွင့်လှစ် မြစ်ကြီးနားမြို့အဝင် မိုင်းနားကျေးရွာတွင် ကုန်စစ်ဆေးရေးစခန်းကို ဩဂုတ် ၂၉ ရက်မှစတင်ဖွင့်လှစ်ပြီး ကုန်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူချောမွေ့စေရေး၊ နိုင်ငံတော်အခွန်ဘဏ္ဍာ တိုးတက်ရရှိရေးနဲ့ တရားမဝင်ကုန်သွယ်မှုများကို တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိစေရေးတို့ကို ရည်ရွယ်ထားပါတယ်။ ယာယီစခန်းဖွင့်လှစ်ခဲ့စဉ် သွင်းကုန်/ပို့ကုန်ယာဉ် ၃,၆၂၄ စီး ဖြတ်သန်းခဲ့ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅၄၇ သန်း ရှိခဲ့ကြောင်း သိရပါတယ်။ ယခုစခန်းဖွင့်လှစ်မှုက ကချင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးနဲ့ ကုန်စည်ပြတ်လပ်မှု မဖြစ်စေရေးအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။