en
Feedback
Movies World

Movies World

Open in Telegram

Movies

Show more
The country is not specifiedThe category is not specified
4 403
Subscribers
-624 hours
+657 days
+31030 days
Posts Archive

Jackie Chan ကားသစ်လေး Pandaကား
Jackie Chan ကားသစ်လေး Pandaကား

𝕍𝕚*𝕟𝕒*𝕪𝕒 𝕍*𝕚𝕕*𝕙𝕖*𝕪𝕒 ℝ𝕒*𝕞𝕒 [𝟚𝟘𝟙𝟡] +++++++++++++++++++++++++

သ်ိပ်ကိုဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစာ
သ်ိပ်ကိုဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။ အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အေစာဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။ မိန်းမလား ဟင့်အင်း စိတ်မဝင်စား ပညာရေးလား  ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။ တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစပြဿနာတက်ခဲ့ရမှာတော့..ကဲ ကိုယ်တိုင် ခံစားရမယ့် အချိန် ရောက်ရှိခဲ့ပါပြီဗျာ။ဇာတ်ကားထွက်ခဲ့စဉ်မှာတော့ ဝေဖန်မှု အမျိုးမျိုးနဲ့ ကြုံခဲ့ရပေမဲ့ဒီမင်းသားကားကို မဖြစ်မနေကြည့်ချင်သူတွေ အများကြီးပဲဆိုတာ ယုံကြည်ပါတယ်။

B.....eas...t (2022)

မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ကား‌ကောင်းလေးလာပါပြီ။ဒီဇာတ်လမ်းမှာ ဗီဂျေးက Be*a*st ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထော
မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ကား‌ကောင်းလေးလာပါပြီ။ဒီဇာတ်လမ်းမှာ ဗီဂျေးက Be*a*st ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်... အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့သားရဲကြီး ရော(R*A*W)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်... တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကိုစိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကိုအကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်... ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက်အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်... ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး....

Sa*ri*pod*haa Sa*ni*vaa*ram [ 2 0 2 4 ]

ဒေါသကြီးလွန်းတဲ့ သားဖြစ်သူဆူရီယာကို မိခင်ဖြစ်သူကမသေခင်မှာ တပတ်ကိုတစ်ရက်ပဲဒေါသပေါက်ကွဲဖို အလေ့အကျင့်လုပ်ပေးခဲ့ပါတယ်။ မိခင်ကိုအ
ဒေါသကြီးလွန်းတဲ့ သားဖြစ်သူဆူရီယာကို မိခင်ဖြစ်သူကမသေခင်မှာ တပတ်ကိုတစ်ရက်ပဲဒေါသပေါက်ကွဲဖို အလေ့အကျင့်လုပ်ပေးခဲ့ပါတယ်။ မိခင်ကိုအလေးအမြတ်ထားပြီး စနေနေ့တစ်ရက်မှာပဲ ဒေါသကိုဖွင့်ထုတ်ခဲ့တဲ့ ဆူရီယာဟာ အဲဒီတစ်ရက်စာဒေါသကြောင့်ပဲ ပြဿနာတွေအကြိမ်ကြိမ်ဖြစ်ရပါတယ်။ ဖခင်ဖြစ်သူရော အစ်မဖြစ်သူပါ အမျိုးမျိုးတားဆီးဖိုကြိုးစား..သူကိုယ်တိုင်လည်း ဒေါသဖြစ်စရာအခြေနေတွေကို အမျိုးမျိုးရှောင်ခဲ့ပေမဲ့ ပြဿနာတွေက သူ့ဆီကိုတည့်တည့်၀င်လာတဲ့အခါမှာတော့... စနေနေ့ concept နဲ့နေတဲ့ ဆူရီယာ နဲ့ နေ့တိုင်းပြဿနာဖန်တီးနေတဲ့ လူတစ်သိုက်ကြား ဘယ်လိုဆက်နှစ်ပါးသွားကြမလဲဆိုတာ.....? K drama ကို reference ယူပြီးဖန်တီးထားတယ်ဆိုတဲ့ ဒီကားလေးဟာ အိန္ဒိယရဲ့ box office မှာလည်း ၀င်ငွေကောင်းခဲ့တဲ့ ကားလေးဖြစ်ပါတယ်။

Zombies Become Generals 2 (2026) 720p

Zombies Become Generals 2 (2026) ချင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ သတင်းထောက်မလေးသိုက်ရွှယ်က မိန်းမငယ်လေးတွေကိုလူကုန်ကူးတဲ့အမှု
Zombies Become Generals 2 (2026) ချင်မင်းဆက်ခေတ်နှောင်းပိုင်းမှာ သတင်းထောက်မလေးသိုက်ရွှယ်က မိန်းမငယ်လေးတွေကိုလူကုန်ကူးတဲ့အမှုကိုဖော်ထုတ်ရင်း အောက်လမ်းဆရာတစ်ယောက်က ဖုတ်ကောင်တွေကိုအသုံးချပြီး မိန်းကလေးတွေကိုလူကုန်ကူးတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုရဲ့နောက်ကွယ်မှာ မထင်ထားတဲ့ကြီးမားတဲ့နောက်ကွယ်ကလက်မဲကြီးတစ်ခုရှိနေပါတယ်။ ဒီလူကုန်ကူးမှုကိုကြိုးကိုင်နေတာ မင်မင်းဆက်အနွယ်တော်မင်းသမီးတစ်ပါးဖြစ်နေပါတယ်။ သူကလူကုန်ကူးရာကနေရလာတဲ့ငွေတွေနဲ့ မင်မင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ကြံစည်နေတာပဲဖြစ်ပါတယ်။ စစ်သူကြီးလီဟားပုကို အသုံးချဖို့အတွက်ဖုတ်ကောင်အဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ မင်းသမီးက သူ့ရဲ့အကြံအစည်တွေပေါ်သွားတဲ့အချိန်မှာတော့ အနောက်တိုင်းသွေးစုပ်ဖုတ်ကောင်ကိုပါ စေလွှတ်ပြီးတော့ တိုက်ခိုက်ခိုင်းပါတော့တယ်။ စိုးရိမ်ရတဲ့ အန္တရာယ်အခြေအနေတွေရောက်လာတဲ့အခါ ဆရာတူအစ်ကိုရှီကန်တန်းရောက်လာပြီး အားလုံးပူးပေါင်းပြီးတော့ မင်မင်းဆက်မင်းသမီးနဲ့ အနောက်တိုင်းသွေးစုပ်ဖုတ်ကောင်ကိုအပြစ်ပြတ်ချေမှုန်းဖို့ကြိုးစားပါတော့တယ်

ဝက်ဝံ ဟာသ ဇာတ်ကားသစ်ကြီး ーーーーーーーーーーーーーーーーー

ဝက်ဝံ ဟာသ ဇာတ်ကားသစ်ကြီး ーーーーーーーーーーーーーーーーー P_a-p_a B_e-a_r (20_25) "P-a-p-a B-e-a-r" ကတော့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်း
ဝက်ဝံ ဟာသ ဇာတ်ကားသစ်ကြီး ーーーーーーーーーーーーーーーーー P_a-p_a B_e-a_r (20_25) "P-a-p-a B-e-a-r" ကတော့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံးဖြစ်တဲ့ Comedy နဲ့ Adventure အမျိုးအစား ရုပ်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာ မီလာဆိုတဲ့ ဆိုးပေပေနဲ့ နောက်ပြောင်ရတာ ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူ့အဖေဖြစ်သူကတော့ သူ့ရဲ့ ဆိုးသွမ်းမှုတွေကို ထိန်းမနိုင်သိမ်းမရဖြစ်ပြီး စည်းကမ်းရှိလာအောင် သင်ကြားပေးဖို့အတွက် တောထဲက သူတို့ရဲ့ အိမ်လေးဆီကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုကတော့ တောထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံပြီး မီလာရဲ့ အဖေက ဝက်ဝံကြီးအဖြစ် ပြောင်းလဲသွားတာပါပဲ။

" Pee Nak 4 ” (2024) 720P

Pee Nak 4 (2024) Pee Nak ကတော့ ပြောနေစရာမလိုအောင် လုံးဝ လူသိများတဲ့ သရဲဟာသကားလေးပဲဖြစ်ပါတယ် Balloon အဖြစ် Aim Withawat First
Pee Nak 4 (2024) Pee Nak ကတော့ ပြောနေစရာမလိုအောင် လုံးဝ လူသိများတဲ့ သရဲဟာသကားလေးပဲဖြစ်ပါတယ် Balloon အဖြစ် Aim Withawat First အနေနဲ့ James Bhuripat Tho MinJun အဖြစ် Meen Phiravich Noht အဖြစ်Tar Atiwat Tinn အဖြစ် Plan Rathavit ဇာတ်လမ်းအကျဉ်း သူငယ်ချင်းသုံး‌ယောက်... မထင်မှတ်ထားဘဲ မြို့ပြင်က ဘုရားကျောင်းဟောင်းကို ရှာတွေ့သွားခဲ့တယ်.. သူတို့မသိခဲ့တာက အဲဒီဘုရားကျောင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒဏ္ဍာရီတစ်ခု ရှိနေပါတယ်...အဲဒီ ထူးဆန်းတဲ့ ဒဏ္ဍရီလေးကတော့ ဒီကျောင်းမှာ ဘုန်းကြီးဝတ်ချင်သူတိုင်း ကျိန်စာသင့်မှာပါ... အဲဒီတော့ လမ်းမှားရောက်လာတဲ့သူငယ်ချင်းတွေ ဘာဆက်လုပ်ကြမလဲ ဘာတွေဆက်ဖြစ်ကြမလဲ ကျိန်စာကြီးရော ပြယ်သွားမလား ဘယ်လိုဟာတွေနဲ့ သူတို့တွေ ဘယ်လိုဂယက်ထကြဦးမလဲဆိုတာ

ဇွန်ဘီအကောင်ကြီးတွေနဲ့ရှယ်ကြမ်းမယ့်ကား ーーーーーーーーーーーーーーーーー

ဇွန်ဘီအကောင်ကြီးတွေနဲ့ရှယ်ကြမ်းမယ့်ကား ーーーーーーーーーーーーーーーーー R_e-s_i-d_e-n_t E_v-i_l (20_21) R-a-c-c-o-o-n C-i-t-y မှာဇာတ်အိမ်တည်
ဇွန်ဘီအကောင်ကြီးတွေနဲ့ရှယ်ကြမ်းမယ့်ကား ーーーーーーーーーーーーーーーーー R_e-s_i-d_e-n_t E_v-i_l (20_21) R-a-c-c-o-o-n C-i-t-y မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီး ထာဝရ villain Umbrella group ရဲ့ လက်ချက်ကြောင့် R-a-c-c-o-o-n C-i--ty ကမြို့ငယ်လေးမှာ zombie outbreak ဖြစ်ပွားခဲ့ပါတယ်... ဇာတ်ဆောင်မင်းသမီးချော Claire Redfield ဟာဆိုရင် Umbrella ကစမ်းသပ်ဖို့ခေါ်ဆောင်ခံရတဲ့ မိဘမဲ့ကျောင်းက ကလေးတစ်ယောက်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်... ၁၉၉၈ ခုနစ်မှာ Claire က Raccoon City ကိုပြန်လာခဲ့တဲ့အချိန် ထရပ်ကားနဲ့တိုက်မိတဲ့ မိန်းမမှာ ဗိုင်းရပ်စ်ကူးစက်နေတာကိုတွေ့လိုက်ရပြီး သူ့အစ်ကို Chris ကိုသတိပေးဖို့လိုက်ရှာတဲ့အခါမှာတော့... Spencer mansion မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုကိုစုံစမ်းဖို့ထွက်သွားတဲ့ Alpha team အုပ်စုကရော Umbrella ရဲ့စမ်းသပ်မှုတွေနဲ့ပြည့်နေတဲ့အဲ့ဒီနေရာမှာ ဘယ်လိုကြောက်မက်ဖွက်ကောင်းတာတွေတွေ့ရမလဲ...? ထုံးစံအတိုင်း outbreak က Umbrella ရဲ့စမ်းသပ်မှုတစ်ခုပဲလား...? Raccoon City ကနေလွတ်မြောက်ဖို့သူတို့ဘယ်လိုတွေကြိုးစားလိုက်ရလဲ

လူယောင်ဟန်ဆောင်ထားတဲ့ မကောင်းဆိုးဝါးမျာ ーーーーーーーーーーーーーーーーー

လူယောင်ဟန်ဆောင်ထားတဲ့ မကောင်းဆိုးဝါးများ ーーーーーーーーーーーーーーーーー L_e-g_i-o_n (20_10) အချိန်တစ်ခုမှာဘဲ ကန္တာရတစ်ခုကစားသောက်ဆိုင်လေးတ
လူယောင်ဟန်ဆောင်ထားတဲ့ မကောင်းဆိုးဝါးများ ーーーーーーーーーーーーーーーーー L_e-g_i-o_n (20_10) အချိန်တစ်ခုမှာဘဲ ကန္တာရတစ်ခုကစားသောက်ဆိုင်လေးတစ်ဆိုင်မှာတော့ စားသောက်ဆိုင်ပိုင်ရှင် ဘော့ဘ်တစ်ယောက်တီဗွီတွေကအလုပ်မလုပ်လို့စိတ်ပျက်နေပါတယ်။သူ့ဆိုင်မှာကလည်း ကားပျက်လို့သူ့သားဖြစ်စူ ဂျီကိုသူပြင်ခိုင်းထားရတဲ့စုံတွဲတစ်တွဲကလည်းရှိနေသေးပါတယ်။သူတို့ကလည်း ကားအမြန်ပြီးဖို့ တဂျီဂျီနဲ့ဆိုပါတော့။ သူ့ဆိုင်မှာကတော့ သူရယ် သူ့သားဖြစ်သူရယ်ပြီးတော့ ချာလီဆိုတဲ့ကိုယ်ဝန်သည်ရယ်ပါစီဆိုတဲ့စားဖိုမှူးကြီးရယ်နဲ့လည်ပတ်နေတာပေါ့။ ဒီလိုနဲ့သူတို့တွေဟာဆိုရင်ဖုန်းလိုင်းတွေကောရေဒီယိုလှိုင်းတွေကောတဘာတစ်ခုမှအလုပ်၊မလုပ်ကြောင်းသတိထားမိလာ။

Superman Returns ( 2006 ) #CrdOrginalUploader Disclaimer: No copyright infringement intended. I give full credit to the rightful owners

စူပါမန်း (၂၀၀၆ ) Superman Returns ( 2006 ) Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေ
စူပါမန်း (၂၀၀၆ ) Superman Returns ( 2006 ) Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။