Our President 🇲🇲
Open in Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Show moreThe country is not specifiedThe category is not specified
216
Subscribers
No data24 hours
+27 days
-230 days
Posts Archive
စိုက်ပျိုးရေးအလားအလာဖြင့် “ကမ္ဘာ့စပါးကျီ” နိုင်ငံဖြစ်ရေး ရည်မှန်းဆောင်ရွက် လျက်ရှိ ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်ရုံသာမက မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကိုအသုံးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဈေးကွက်တွင် အရေးပါသည့်ထုတ်လုပ်သူနှင့် တင်ပို့သူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် “ကမ္ဘာ့စပါးကျီ” နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထို့ပြင် ဆန်စပါးကဏ္ဍတွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့်အတူ အရည်အသွေး ကောင်းမွန် သည့် ဆန်များထုတ်လုပ်ပြီး ပိုလျှံထွက်ရှိမှုကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
#HOS
လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်ဈေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ရန်လို
“လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံဖြိုးတိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ ပိုကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထိုပြင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေးတိုအကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင် တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
#HOS
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည့် "လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို"အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လယ်ယာထုတ်ကုန်များတိုးမြှင့်ရန်လိုအပ်နေသည်ကို တွေ့ရှိရကာ မြန်မာနိုင်ငံ၏ အဓိကပိုကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၇၄၁)ဘီလီယံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၃ ဒသမ ၇၄၃)ဘီလီယံတင်ပိုနိုင်ခဲ့သည်ဟု ပြောသည်။
#Our
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြား
“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
#HOS
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
ပထဝီအနေအထားအရ ရရှိထားသည့် အားသာချက်များကို ထိရောက်စွာအသုံးချပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးအပြင် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ ဈေးကွက်များကို ထိုးဖောက်နိုင်ရေးကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်းထည့်သွင်းပြောကြား
နေပြည်တော်၊စက်တင်ဘာ-၂၁
“ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
#PPIB
#SN
လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေးဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် “လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပိုကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် အောက်ပါအချက်များကို မှာကြားခဲ့ပါသည်-
၁။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနှင့် ကျေးလက်ဝင်ငွေ တိုးတက်စေရန် အလေးထားရန် လိုအပ်ပါကြောင်း
၂။ မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို ကူးပြောင်းပြီး “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရန်၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးတိုကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း
၃။ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချဘဲ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် လိုအပ်ပါကြောင်း
၄။ ဝါကို ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ၊ ဝါးကို စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖော်ဆောင်နိုင်ရေး အလေးထားရန် လိုအပ်ပါကြောင်း
၅။ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း
၆။ ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံဖြိုးလာပါက ဒေသတွင်းအလုပ်အကိုင်၊ ဝင်ငွေနှင့် စီးပွားရေးလည်ပတ်မှု တိုးတက်နိုင်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍများကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ဖော်ဆောင်ရန် လိုအပ်ပါကြောင်း
၇။ Digital Agriculture၊ Precision Agriculture နှင့် Artificial Intelligence နည်းပညာများကို မြေယာ၊ ရေ၊ ရာသီဥတု၊ သီးနှံနှင့် ဈေးကွက်အချက်အလက်များအပေါ် အခြေခံ၍ လက်တွေ့အသုံးချရန် လိုအပ်ပါကြောင်း
၈။ အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲအစည်းများ၊ တက္ကသိုလ်နှင့် သုတေသနအဖွဲအစည်းများ ပူးပေါင်းဆောင်ရွက်၍ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မူဝါဒနှင့် လုပ်ငန်းစီမံချက်များ ထွက်ပေါ်လာစေရန် ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
“လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြား
စက်တင်ဘာ ၂၁
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ကျင်းပသည့် “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်ကို ပြန်လည်ဖော်ပြအပ်ပါသည်။
#နိုင်ငံတော်သမ္မတ #ဦးမင်းအောင်လှိုင်
#MRTV
#Our
+8
နိုင်ငံတော်သမ္မတနှင့်ဇနီး ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညို
နေပြည်တော်၊ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
#Our
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်လိုပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ကိုင်လိုစိတ်ရှိရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို အစိုးရကဖန်တီး ပေးရမည်ဖြစ်ပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ် ကိုင်လိုစိတ်ရှိခြင်းပင်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ပြောကြားခဲ့ခြင်းဖြစ် ပါတယ်။
ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်း ရွေးချယ်ခေါ်ယူခန့်ထားရေး၌ စနစ်ကျသည့် စံသတ်မှတ်ချက်များရှိရန်လိုပြီး အတန်းပညာ အောင်မြင်မှုများအလိုက် သင့်လျော်မှန်ကန်သည့် အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
ကောက်နှုတ်ချက်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရေး နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်ရန် သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း
__
____
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အမြဲတမ်းတံခါးဖွင့် ဖိတ်ခေါ်ကြိုဆိုလျက်ရှိသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရေးအတွက် ဖြစ်နိုင်သည်များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းတို့ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါစကားကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကောက်နှုတ်ချက်
#SN
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးသည် အရေးကြီးသကဲ့သို့ အမှန်တကယ် အလုပ်လုပ်ကြရန်လည်း လိုအပ်ပြီး အားလုံးအတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်ကြီး မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#HOS
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
#HOS
ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၈/၂၀၂၆) တွင် နိုင်ငံတော် သမ္မတကြီးမှ အောက်ဖော်ပြပါ အချက်များကို အလေးထားမှာကြားခဲ့ပါသည်-
• ဗီယက်နမ်နှင့် ကမ္ဘောဒီးယား လေ့လာကြည့်မည်ဆိုပါက နိုင်ငံရေး တည်ငြိမ်မှုနှင့် လုံခြုံရေး ကောင်းမွန်ခြင်းကြောင့် စီးပွားရေး တိုးတက်လာခြင်းဖြစ်ပြီး ဗီယက်နမ်သည် ၂၀၃၀ တွင် စက်မှုနိုင်ငံ၊ ၂၀၅၀ တွင် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရန် ရည်မှန်းထားကြောင်း၊
• ဒေသတွင်း ပို့ကုန်နှင့်ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် အချို့မှာလည်း အခြားနိုင်ငံများမှတစ်ဆင့် ပြန်လည်တင်ပို့ ရောင်းချသဖြင့် ထိုသို့အဖြစ်မျိုး ရှောင်ရှားနိုင်ဖို့အတွက် တိုက်ရိုက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
• မွေးမြူရေးနှင့်ပတ်သက်၍ ပြည်တွင်း၌ စားသုံးမှုများပြားပြီး မွေးမြူသူနည်းပါတာကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ဒေသတွင်းစာရေရိက္ခာ ဖူလုံရေးအတွက် အသား၊ ဥ၊ ဟင်းသီးဟင်းရွက်များကို လိုအပ်ချက်ပြည့်မီအောင် တွက်ချက်၍စိုက်ပျိုးမွေးမြူထုတ်လုပ်ကြရန် လိုပါကြောင်း
• ကုန်ထုတ်လုပ်မှု (Production) ရှိမှသာ ဝင်ငွေရှိလာမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စာရင်းပေါ်၌သာ မဟုတ်ဘဲ မြေပြင်တွင် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်း
• ကျေးလက်ဝင်ငွေရ လုပ်ငန်းများအနေဖြင့် ဒေသအပေါ်မူတည်ပြီး ငရုတ်ကောင်း၊ ကော်ဖီ၊ ဝဥနှင့် ပျားမွေးမြူရေးကဲ့သို့ အသေးစားလုပ်ငန်းများကို အားပေးရန် လိုအပ်ပါကြောင်း
• ဝန်ထမ်း ခန့်ထားရေးတွင် ရာထူးနှင့် လိုက်ဖက်သော ပညာအရည်အချင်း သတ်မှတ်ရန် လိုအပ်ကြောင်း
• ကျွမ်းကျင်မှုဆိုင်ရာအတွက် လုပ်ငန်းခွင် သင်တန်းများ (Job Training) ပေး၍ လူမှန်နေရာမှန် ခန့်ထားရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန် ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း
• ဘဏ္ဍာငွေ သုံးစွဲရေးအပိုင်းမှာလည်း ဝန်ကြီးဌာနများအနေဖြင့် တောင်းခံထားသော ဘတ်ဂျက်များကို ထိရောက်စွာ သုံးစွဲရန်နှင့် မသုံးနိုင်ပါက အချိန်မီပြန်အပ်ရန် လိုမည်ဖြစ်ပါကြောင်း၊ သို့မှသာ လိုအပ်သော ကဏ္ဍများတွင် ပြန်လည်သုံးစွဲနိုင်မှာဖြစ်ကြောင်း၊
• ကျောင်းပညာရေးမှာလည်း အတန်းအောင်ရုံမျှ မဟုတ်ဘဲ တကယ် စာတတ်မြောက်ရန်နှင့် အထွေထွေဗဟုသုတ ကြွယ်ဝရန် သင်ကြားရေးကို ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊
• ကျန်းမာရေးကဏ္ဍတွင်လည်း ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေးအတွက် စီမံချက် ရေးဆွဲရန်နှင့် ပြည်ပသို့ ဆေးကုသစရိတ် စီးထွက်မှု လျှော့ချနိုင်ရန် အထူးကုဆေးရုံကြီးများ တည်ထောင်ကြရန် တိုက်တွန်းပြီး အစိုးရအနေဖြင့် အားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း
• ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စများတွင်လည်း အယ်နီညိုကြောင့် ရေရှားပါးနိုင်သဖြင့် ရေချွေတာရန်၊ မိုးရေစုဆောင်းရန်နှင့် မြေအောက်ရေလှောင်တမံများ ပြုလုပ်ကြရန် လိုအပ်ပြီး ဝီရိယထားဆောင်ရွက်ရန် လိုကြောင်း
• စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ လျှပ်စစ်လိုအပ်ချက်အတွက် ၃၀ မီဂါဝပ်အောက် ဆိုလာစီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း
• လျှပ်စစ်မီးခိုးယူသုံးစွဲခြင်းနှင့် ပတ်သက်၍လည်း ဒဏ်ငွေပြန်လည်ပေးဆောင် စေခြင်းဖြင့်သာမက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင် ရွက်သွားရမှာဖြစ်ကြောင်း
• ဝန်ထမ်းများဖွဲ့စည်းရာတွင်လည်း ဝန်ကြီးဌာန ဖွဲ့စည်းပုံများကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် စိစစ်ဆောင်ရွက်သွားကြရန် လိုအပ်မှာဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
#DrKhaingKhaingSoe
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
#HOS
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း
နေပြည်တော်၊ စက်တင်ဘာ - ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
#PPIB
Repost from PPIB.Official
President U Min Aung Hlaing
Tours In The Angkor Archaeological Park
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထား စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိ နိုင်ငံတော်သမ္မတ ပြောကြား
အဆွေတော်၏ မြန်မာနိုင်ငံအပေါ် ညီရင်းအစ်ကိုပမာစိတ်ဖြင့် အစဉ်တစိုက်အားပေးထောက်ခံမှုများနှင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထား စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်တို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အဆွေတော်၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက အရေးပေါ်ရန်ပုံငွေပေးပို့ကူညီခဲ့သည်ကို အထူးပင်ကျေးဇူးတင်အမှတ်ရနေပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
#HOS
