ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
276
订阅者
无数据24 小时
+17
+2630
帖子存档
◾️မန္တလေးတွင် ဆိုလာအင်ဗာတာ အားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား မန္တလေးတိုင်း ဒေသကြီးမဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ၆၆ လမ်း၊ ၄၂ x ၄၃ လမ်းကြားတွင် နေကာလိပ်၊ မိုးကာနှင့်ကြက်ခြံသုံးပစ္စည်းများ ရောင်းဝယ်ရေးဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၅နာရီ ၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ၆၆လမ်း၊ ၄၂ x ၄၃လမ်းကြားတွင် ရွှေရည် Fruit Bran နေကာလိပ်၊မိုးကာ၊ စိုက်ပျိုးရေးပိုက်မည်းနှင့် ကြက်ခြံသုံးပစ္စည်းများရောင်းဝယ်ရေးဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ သည်။ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ နေအိမ်အောက်ထပ်တွင် ထားရှိသည့် ဆိုလာ အင်ဗာတာအား လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှအပူလွန်ကဲပြီး အောက်ခြေရှိ ပလတ် စတစ်နေကာလိပ်များမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးစီးသည့် သန္ဓေ/အရန်တပ်ဖွဲ့များ၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ငါးစီးနှင့် အုပ်ချုပ်မှုယာဉ်သုံးစီးတို့ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-MFSD #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️စမတ်ကြေး အလိမ်ခံရသည့် မြန်မာ ၆၃ ဦး ဘတ်လေးသိန်း ပြန်ရ ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် နောင်ခမ်း ကျလင်စီပင်ထောင်းအဆောင်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား၆၃ ဦးအား မြန်မာပွဲစားတစ်ဦးက အလုပ်လျှောက်ပေးမည်ဟုဆိုကာ စမတ်ကြေး စုစုပေါင်ဘတ် ငါးသိန်းကျော် လိမ်လည်သွားခဲ့ကြောင်း သိရသည်။ မြန်မာအလုပ်သမားများကအကူအညီတောင်းခဲ့သည့်အတွက်မြို့နယ်ကျဟာငန် အလုပ်သမားရုံး တွင် သွားရောက်တိုင်ကြားခဲ့ပြီးမြန်မာနိုင်ငံဘက်မှ လူများနှင့်ချိတ်ဆက် လုပ်ဆောင်ပေးခဲ့ရာမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပွဲစားက ၄၂ဦးစာ ဘတ်လေးသိန်း ပြန်လွှဲပေးခဲ့ကြောင်း ကူညီပေး ခဲ့သည့် WAG အဖွဲ့မှ သိရသည်။ မြို့နယ်ကျဟာငန် အလုပ်သမားရုံးသို့ အလုပ်သမား ၄၂ ဦးသာသွားရောက်ခဲ့ကြပြီး ကျန်ရှိသည့် ၂၁ဦးအတွက် လာမည့်ဖေဖော်ဝါရီ ၂၀ရက်၌ ၎င်းရုံးတွင် ထပ်မံပေးဆောင်မည်ဟု ပွဲစားက ကတိပြုခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင်အလုပ်သမားများက စမတ်ကြေးများပြန်လည်ရရှိရန်နှင့် ပွဲစားအား အရေးယူနိုင်ရန်အတွက် WAGအလုပ်သမား မဟာမိတ်အဖွဲ့ထံအကူအညီ တောင်းခံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားအား အသုံးပြုမည့် ခရီးသွားပြည်သူများ ကွမ်းတံတွေးထွေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ တံတားပေါ် ၌ ယာဉ်ရပ်နားခြင်း မပြုကြရန် မေတ္တာရပ်ခံ မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားအသုံးပြုမည့် ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း၊အမှိုက်စွန့်ပစ်ခြင်း၊ တံတားပေါ်၌ ယာဉ်ရပ်နားခြင်း မပြုကြပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။ မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားပေါ်သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှမြို့တော်ဧရိယာအတွင်း သွားလာခွင့်ပြုထားသော ကားအမျိုးအစားများကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်ကာ ရန်ကုန်မြို့နှင့် ဒလမြို့တို့ကိုမော်တော်ယာဉ်များဖြင့် တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ပြီဖြစ်သဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် YBS ယာဉ်လိုင်းများကိုလည်း စတင်ပြေးဆွဲနေပြီဖြစ် ကြောင်းသိရသည်။ မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားအား ဖြတ်သန်း၍ရန်ကုန်မြို့မှ ဒလမြို့သို့ YBS ယာဉ်လိုင်းအမှတ် ၂၉၊ ၃၆၊ ၇၂၊ ၁၀၈၊ ၁၄၅တို့ဖြင့် စုစုပေါင်းယာဉ်အစီး ၃၀ ကိုတံတားပေါ်မှ ဖြတ်သန်းပြေးဆွဲခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားဖြတ်သန်းခွင့်ကိုတံတားစတင်ဖွင့်လှစ်ပြီးချိန်က နံနက်၆ နာရီမှ ည ၈ နာရီအထိသာ ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ဖေဖော်ဝါရီ၁၂ ရက်မှ စတင်ကာ နံနက် ၄ နာရီမှည ၁၀ နာရီအထိ အချိန်တိုးမြှင့်လိုက်သည်။ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တံတားအဝင်တိုးဂိတ်ဧရိယာ၊ တံတားချဉ်းကပ် လမ်းများနှင့် ပင်မတံတားပေါ်တွင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊တံတားဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)တို့မှ ဝန်ထမ်းများက လူအား၊ စက်စွမ်းအားများ အသုံးပြုကာ နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️လှိုင်သာယာတွင် စာသင်ကျောင်းမီးလောင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာတောင်တွင်းကြီးလမ်းရှိ အမက (၂၃) စာသင်ကျောင်း၌ ဖေဖော်ဝါရီ ၁၆ရက် မွန်းတည့် ၁၂ နာရီ ၂၄ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်တွင်းကြီးလမ်းရှိ အမက (၂၃) စာသင်ကျောင်းတွင် မီးလောင်မှုဖြစ်ပွား၍ လှိုင်သာယာ မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကူညီရေးအသင်းဝင် များက ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မွန်းလွဲ ၁၂ နာရီ ၃၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁၂နာရီ ၄၃ မိနစ်၌ မီးငြိမ်း သွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- MFSD #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ပင်လယ်ပြင်တွင် မုန်တိုင်းမိပြီး အိန္ဒိယတွင် ထိန်းသိမ်းခံထားရသည့်မြန်မာရေလုပ်သား ငါးဦးကို ချန်နိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပင်လယ်ပြင်အတွင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ငါးဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ မြန်မာရေလုပ်သားငါးဦးကို ဖေဖော်ဝါရီ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၉ မိနစ်၌အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI)၏ ပျံသန်းစဉ် အမှတ် 8M-631 ဖြင့် ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။ ၎င်းတို့ကို မြန်မာ - အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့်မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်နိုင် ရေးအတွက် မြန်မာသံရုံးအနေဖြင့် အိန္ဒိယနိုင်ငံ ပြည်ပ ရေးရာဝန်ကြီးဌာန တမီးနာဒူးပြည်နယ် Nagapattinam District မှသက်ဆိုင်ရာဌာန အသီးသီး တို့အပြင်တမီးနာဒူးပြည်နယ် Trichy မြို့နှင့်ချန်နိုင်းမြို့တို့ရှိ နိုင်ငံခြားသားများဒေသဆိုင်ရာ မှတ်ပုံတင်ရေးရုံးတို့ဖြင့်ညှိနှိုင်းဆောင်ရွက်ခဲ့ကာ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။ အဆိုပါ မြန်မာရေလုပ်သားငါးဦးမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်တွင် မုန်တိုင်းမိ၍ အိန္ဒိယနိုင်ငံ Trichy မြို့ရှိ Special Camp ၌ ထိန်းသိမ်းခံထား ရသူများ ဖြစ်ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- MOFA #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အနာဂတ်စစ်ပွဲအတွက် အင်အားကြီးနိုင်ငံတွေပြင်ဆင်ထားတဲ့ဟိုက်ပါဆိုးနစ်ဒုံးကျည်များ ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေ၊ စစ်ရေးအရကျူးကျေ
◾️အနာဂတ်စစ်ပွဲအတွက် အင်အားကြီးနိုင်ငံတွေပြင်ဆင်ထားတဲ့ဟိုက်ပါဆိုးနစ်ဒုံးကျည်များ ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေ၊ စစ်ရေးအရကျူးကျော်မှုတွေမြင့်မားလာနေတဲ့ ဒီကနေ့ခေတ်မှာ နိုင်ငံတိုင်း လိုလိုက စစ်ရေးအသုံးစရိတ်တွေ အပြိုင်အဆိုင်မြှင့်တင်သုံးစွဲလာသလို အနာဂတ်ခေတ်သစ်စစ်ပွဲအတွက် လည်းပြင်ဆင်လာ ကြပါပြီ။ တစ်ဖက်ရန်သူကို ပြာပုံဘဝရောက်အောင် စွမ်းဆောင်နိုင်တဲ့ နျူကလီယားထိပ်ဖူးတွေ၊ အဲဒီထိပ်ဖူးတွေကို သယ်ဆောင်သွားနိုင်မယ့်ဒုံးကျည်တွေကိုလည်း အင်အားကြီးနိုင်ငံတွေတိုင်းက အဆင့်မြှင့်တင်နေကြပါပြီ။ လက်ရှိကာလမှာတော့ အသံထက်အဆပေါင်းများစွာမြန်ပြီး နျူကလီယားထိပ်ဖူးတွေ သယ်နိုင်တဲ့ ဟိုက်ပါဆိုးနစ်စနစ်သုံး ဒုံးကျည် တွေကို အပြိုင်အဆိုင် စမ်းသပ်၊ ထုတ်လုပ်၊ တပ်ဆင်လာကြပြီဖြစ်ပါတယ်။ ဟိုက်ပါဆိုးနစ်စနစ်သုံးဒုံးကျည်တွေဘယ်လိုစပေါ်လာသလဲ။ဘယ်လောက်စွမ်းဆောင်နိုင်သလဲ ကြည့်ရအောင်ပါ။

◾️မြန်မာ-တရုတ်ပူးပေါင်းသည့် စီမံကိန်းများစွာဖော်ဆောင်နေဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပြော မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းသည့် စီမံကိန်းများစွာဖော်ဆောင်နေကြောင်း ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းက ယမန်နေ့(ဖေဖော်ဝါရီ ၁၄ ရက်)ညနေပိုင်းက ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌ပြုလုပ်သည့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင်ပြောသည်။ မြန်မာနိုင်ငံအတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံအကူအညီဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုး ရေး၊ စက်မှုနှင့်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ စသည့်စီမံကိန်းများကိုဖော်ဆောင်လျက်ရှိသည်ဟု ဆိုသည်။ "နှစ်နိုင်ငံကြားမှာကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းတွေကို လည်း အကောင်အထည်ဖော်နေပါတယ်" ဟု ၎င်းကပြောသည်။ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး တရုတ်နိုင်ငံ၏ပူးပေါင်းဆောင်ရွက် မှုများကို အလေးထားကာ တရုတ်နိုင်ငံအတွက်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံက ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်းပြောဆိုသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

◾️မရမ်းကုန်း၌မီးလောင်မှု အမျိုးသမီးနှစ်ဦးသေဆုံး ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် သမိုင်းခုံးတံတားဘေးရှိ နေအိမ်တစ်အိမ်၌ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက် ၃ နာရီ ၃၇ မိနစ်ကမီးလောင်မှုဖြစ်ပွားပြီး ယင်းမီးလောင်မှုအတွင်း အမျိုးသမီးနှစ်ဦးသေဆုံးကြောင်း ကောင်းမှုဆောင်မှုလူမှုကူညီရေးအသင်းထံမှသိရသည်။ မီးလောင်မှုစတင်ဖြစ်ပွားသည့်အိမ်မှာ ကုန်မာဆိုင်ဖွင့်လှစ်ထားပြီး အမျိုးသမီးနှစ်ဦးမီးလောင်ခံရပြီး သေဆုံးကြောင်း အဆိုပါလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ "ကျွန်တော်တို့အသင်းကမီးသတ်အဖွဲ့တွေကိုကူညီပေးခဲ့တာ။ လက်ရှိမီးလောင်မှုဖြစ်စဉ်ကိုတော့မသိ ဘူး။ အမျိုးသမီးနှစ်ဦးသေဆုံးတာတော့ဟုတ်တယ်။ ဆိုင်ရှင်လားအလုပ်သမားလားဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး" ဟု ၎င်းက ပြောသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ငြှိမ်းသက်ခဲ့ရာ နံနက် ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းပြီး သေဆုံးသူများကိုလူမှုကူညီရေးအသင်းကားများဖြင် ရန်ကုန်ဆေးရုံကြီးသို့ ပိုဆောင်ထားကြောင်းသိရ သည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - MFSD #ပြည်တွင်းသတင်း

◾️ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ် ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ရွှေပြည်သာမြို့မှ တစ်ကိုယ်တော် ပရဟိတ ကူညီနေသူ မညွန့်လေးကဆိုသည်။ အာဇာနည် ဗိမာန် ဖောက်ခွဲမှုတရားခံကို ဖမ်းဆီးပေးခဲ့သည့် နာမည်ကျော် ဒေါ်စန်းရီ (ခ) ပုဇွန်တောင် ဓား စန်းရီသည် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့) ည ၁၀ နာရီ ၁၃ မိနစ်တွင် နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၉၂ နှစ် ရှိပြီဖြစ်ကြောင်းသိရသည်။ "လူကြီးရောဂါပေါ့။ တရှောင်ရှောင် ထွက်တောင်းမှ စားရတဲ့ဘဝဆိုတော့။ ဟိုလိုရောဂါတစ်မျိုးမျိုးရယ်လို့မရှိဘူး။ လူကြီးနာပေါ့။ ဟိုဟာမစားချင် ဒီဟာမစားချင်။ စားချင်တာကျမစားရတဲ့ဘဝ။ မဆုံးခင် အိုဗာတင်းအရမ်းသောက်ချင်တယ်ဆိုလို့ အမ ဝယ်ပေးတာနှစ်ပုလင်းရှိပြီ။သမိုင်းဝင်သူရဲကောင်းဖြစ်တဲ့ အဖွားရဲ့ နောက်ဆုံးထွက်ခွာချိန်ကိုစိတ်မကောင်းဖြစ်ပေမယ့်သူတောင်းမှစားရတဲ့ဝဋ်ကြွေးကကျွတ်လွတ်သွားလို့ ကျေနပ်ဖြေသိမ့်ရပါတယ်"ဟု တစ်ကိုယ်တော် ပရဟိတ ကူညီနေသူ မညွန့်လေးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့‌ ပြောသည်။ ၎င်းအား ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) မွန်းလွဲ ၂ နာရီ အချိန်တွင် ကျူချောင်အအေးတိုက် မှ ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်သုဿာန်သို့ ပို့ဆောင် သင်္ဂြိုလ်မည်ဖြစ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ၊ အမှတ်(၈)ရပ်ကွက် ၊ မေယုတိုးချဲ့ ၊အနော်ရထာလမ်း ၊ အိမ်အမှတ် (၈/ဝဝ၇) နေအိမ်၌ ရက်လည်ဆွမ်းသွတ် တရားတော်နာပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သည့် (၁၉၈၃) ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် အား လုပ်ကြံသတ်ဖြတ်ရန် မြောက်ကိုရီးယား အေးဂျင့်များက ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ဗုံးထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖောက်ခွဲမှုကို ကျူးလွန်သူများအနက် တစ်ဦးဖြစ်သည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်မှူးဇင်ဘိုသည် ပုဇွန်တောင်ချောင်းအတွင်း ရေကူးပြီး ရန်ကုန်မြစ်ဝသို့ ထွက်ပြေးစဉ် ညောင်တန်းဆိပ်မှ ဒေါ်စန်းရီက တွေ့ရှိခဲ့ပြီး ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။ ဖောက်ခွဲသူအား ဖမ်းဆီးပေးခဲ့သည့် ဓား စန်းရီ အပါအဝင် ဦးဘိုကြီး၊ ဦးအုန်းရွှေ နှင့် ဦးမှုံကြီး တို့ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေး နှင့် သာသနာရေး ဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်က ဂုဏ်ပြုမှတ်တမ်းဆုနှင့်အတူ ကက်ဆက်တစ်လုံး၊ ကက်ဆက်ခွေ နှစ်ခွေ ဆုချီးမြှင့်ခဲ့သေးကြောင်းသိရသည်။ သတင်း-အင်ကြင်း ဓာတ်ပုံ- Nyunt Lay/fb #ပြည်တွင်းသတင်း

◾️ဆွစ်ဇာလန်လူဦးရေကို အမြင့်ဆုံး ၁၀ သန်းအထိသာ ထားရှိရန် အဆိုပြု နိုင်ငံ၏အမြင့်ဆုံးလူဦးရေကို၁၀ သန်းအထိ သတ်မှတ်မည့် အဆိုပြုချက်တစ်ရပ်ကို ဆွစ်ဇာလန်နိုင်ငံကလူထုဆန္ဒခံယူပွဲဖြင့် အဆုံးအဖြတ်ယူရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီ၁၂ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ ဆွစ်ဇာလန်လူဦးရေကို အမြင့်ဆုံး ၁၀ သန်းတွင်သာ ထားရှိရေးအဆိုပြုချက်အား လက်ယာစွန်း ဆွစ်နိုင်ငံရေးပါတီဖြစ်သည့် ဆွစ်ပြည်သူ့ပါတီ(အက်စ်ဗွီပီ)က တင်သွင်းထားခြင်းဖြစ်သည်။ အထက်ပါ အဆိုပြုချက်နှင့်ပတ်သက်၍ လူထုဆန္ဒခံယူပွဲကို ယခုနှစ် ဇွန် ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဆွစ်ဇာလန်တာဝန်ရှိသူများက ပြောကြားသည်။ အက်စ်ဗွီပီပါတီ၏ အဆိုပြုချက်အရ ဆွစ်ဇာလန် လူဦးရေ စုစုပေါင်း ၉ ဒသမ ၅ သန်းအထိ ရောက်ရှိလာချိန်တွင် ဖက်ဒရယ်အစိုးရအနေဖြင့် ဆွစ်ဇာလန်ပြည်တွင်းသို့ ပြည်ပနိုင်ငံသားများ ထပ်မံဝင်ရောက်လာမှုကို ကန့်သတ်ပေးရမည်ဖြစ်သည်။ အက်စ်ဗွီပီပါတီ၏ အထက်ပါအဆိုပြုချက်တွင် ဒုက္ခသည်အဖြစ်ခိုလှုံနေထိုင်ရန် ကြိုးပမ်းသူများ ၊ပြည်ပအခြေစိုက် နေထိုင်သူများ၏မိသားစုဝင်များလည်း အကျုံးဝင်မည်ဖြစ်ကြောင်း သိရ သည်။ ပြည်ပရွှေ့ပြောင်းဝင်ရောက်သူများကြောင့် ဆွစ်ဇာလန်နိုင်ငံ၏လူဦးရေ လျင်မြန်စွာ မြင့်တက်လာချိန်တွင် အမြင့်ဆုံးလူဦးရေကို ၁၀ သန်းအထိသာ သတ်မှတ်ရန် အက်စ်ဗွီပီ ပါတီက အဆိုပြုထားခြင်းဖြစ်သည်။ အက်စ်ဗွီပီပါတီသည် ဆွစ်ဇာလန်လွှတ်တော်၌ အင်အားအကြီးဆုံးပါတီဖြစ်ပြီး လူဝင်မှု ကိစ္စများနှင့် ပတ်သက်၍ သဘောထားတင်းမာသောဆွစ်နိုင်ငံရေးပါတီဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း