The Standard Time Digital
前往频道在 Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
显示更多未指定国家未指定类别
274
订阅者
+124 小时
+37 天
+2630 天
帖子存档
◾️အမေရိကန်နှင့် အီရန် သီတင်းနှစ်ပတ်ကြာ အပစ်ရပ်
အီရန်နိုင်ငံအနေဖြင့် ဟောမုဇ်ရေလက်ကြားအတွင်း
ကုန်သွယ်ရေးသင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းခွင့်မပြုပါက အီရန်၏ ယဉ်ကျေးမှုတစ်ရပ်လုံးကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြောကြားပြီး နာရီပိုင်းအကြာ အင်္ဂါနေ့ညနေတွင် အမေရိကန်နှင့် အီရန်တို့သည်သတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တစ်ရပ်ကို နောက်ဆုံးမိနစ်တွင် ရရှိခဲ့ကြသည်။
သမ္မတ ထရန့်က ၎င်းသတ်မှတ်ထားသည့် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် အင်္ဂါည ၈ နာရီ (မြန်မာစံတော်ချိန် ယနေ့နံနက် အစောပိုင်း) နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ အီရန်ဘက်မှ တောင်းဆိုချက်များကို လိုက်လျောရန် ပါကစ္စတန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်၏ အဆိုပြုချက်အရ နှစ်ဖက်စလုံးကနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန်နှင့် ထိုကာလအတွင်း စီးပွား ရေးအရ အချက်အချာကျသော ဟောမုဇ်ရေလက်ကြားမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားကုန်စည်သင်္ဘောများကို အနှောင့်အယှက်မရှိ ဖြတ်သန်းခွင့်ပြုရန် သဘောတူညီခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီဖြစ် ကြောင်း မကြာမီမှာပင် အမေရိကန်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။
အီရန်အနေဖြင့် ခုခံကာကွယ်ရေး စစ်ဆင်ရေးများ ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်ပတ်အတွင်း အီရန်စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်ပါက ဟောမုဇ်ရေ လက်ကြားမှ ဘေးကင်းစွာ ဖြတ်သန်းနိုင်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာ့ဂ်ချီကလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံကလည်း အဆိုပါ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီး အီရန်အပေါ် တိုက်ခိုက်မှုများကိုနှစ်ပတ် ပတ်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခု အပစ်အခတ်ရပ်စဲရေးသည် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင်ခဲ့သည့် အမေရိကန် - အစ္စရေး ပူး ပေါင်းစစ်ဆင်ရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကို ရေရှည်အဖြေရှာရန် အချိန်ရရှိစေမည်ဖြစ်သည်။
အီရန်အရာရှိ သုံးဦး၏ အဆိုအရ ပါကစ္စတန်၏ သံတမန်ရေးအရ ကြိုးပမ်းမှုနှင့် အဓိကမဟာမိတ်ဖြစ်သူ တရုတ်နိုင်ငံ၏ နောက်ဆုံးမိနစ် ကြားဝင်မှုများကြောင့် အီရန်က ပါကစ္စတန်၏ အဆိုပြုချက်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီကမူ ဤသဘောတူညီချက်သည် အမေရိကန်က အီရန်၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့၏ အောင်ပွဲဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့ တစ်နေ့လုံးတွင် ဆွေးနွေးပွဲများမှာ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေခဲ့ပြီး မည်သည့်ရလဒ် ထွက်ပေါ်လာမည်ကို မခန့်မှန်းနိုင်လောက်အောင် ဖြစ်ခဲ့သည်။
တစ်ချိန်က သမ္မတ ထရမ့်က အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ တံတားများနှင့် အခြေခံအဆောက် အအုံများကို ခြေမှုန်းပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော ကြောင့် အီရန်ဘက်က သွယ်ဝိုက်သောနည်းဖြင့် ညှိနှိုင်းနေမှုများကို ရပ်တန့်ပစ်ခဲ့သည်။
“ဒီညမှာ ယဉ်ကျေးမှုတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်၊ ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ တော်လှန်ပြောင်းလဲစေမည့် အံ့သြစရာ ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” ဟုလည်း သမ္မတ ထရန့်က ထိုနေ့အစောပိုင်းတွင် ပြောကြားခဲ့သေးသည်။
ည ၈ နာရီ နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ နာရီပိုင်းအလိုတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့သော်လည်း တစ်ဖက်တွင်လည်း ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။
ယခုသဘောတူညီချက်တွင် အစ္စရေးနှင့် အီရန်ကျော ထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့တို့အကြား လက်ဘနွန်နိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်စဲရေးလည်း ပါဝင်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က အင်္ဂါနေ့ညတွင် အတည်ပြု ပြောကြားခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- The Newyork Times
#နိုင်ငံတကာသတင်း
◾️တိုက်လေယာဉ် လက်နက်အရာရှိ ကယ်ထုတ်မှုဖြစ်စဉ်ကို ဘာသာရေးဝေါဟာရဖြင့် ရည်ညွှန်းမှုကြောင့် သမ္မတဒေါ်နယ်ထရန့် ဝေဖန်ခံရ
တိုက်လေယာဉ်ပျက်ကျပြီးနောက် အီရန်နိုင်ငံ၌ပိတ်မိနေသော လက်နက်အရာရှိအား ကယ်တင်မှုလုပ်ငန်းစဉ်ကို အီစတာပွဲတော် အံ့ဖွယ်သရဲဖြစ်စဉ်အဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် အခြားအမေရိကန်အစိုးရတာဝန်ရှိသူများက ဘာသာရေးဝေါဟာရဖြင့် ရည်ညွှန်းသုံးစွဲခဲ့ရာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဧပြီ ၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
အီရန်နိုင်ငံ၌ ပိတ်မိနေသော လေတပ်လက်နက်အရာရှိအား ကယ်ထုတ်မှုလုပ်ငန်းစဉ်မှာ အီစတာပွဲတော်အံ့ဖွယ်သရဲကိစ္စတစ်ရပ်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က အင်န်ဘီစီရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ်နှိုင်းယှဉ်ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်၏ အထက်ပါစကားမျိုးကို အမေရိကန်အစိုးရဝန်ကြီးအချို့ကလည်း သုံးစွဲခဲ့ကြသည်။
သို့ရာတွင် အမေရိကန်လေတပ် လက်နက်အရာရှိအား အီရန်မှ ကယ်ထုတ်မှုလုပ်ငန်းကို ဘာသာရေး ဝေါဟာရများဖြင့် ရည်ညွှန်းသုံးစွဲခြင်းဖြင့် အီရန်စစ်ပွဲကို တရားမျှတသည့် စစ်ပွဲအဖြစ် ကောင်းချီးပေး ခံရသော စစ်ပွဲအဖြစ် ပုံဖော်ရန် သမ္မတဒေါ်နယ်ထရန့်က ကြိုးပမ်းနေကြောင်း ရီပတ်ဘလီကန်နိုင်ငံရေးသ မားများက ဝေဖန်ထားသည်။
အလားတူ လက်နက်အရာရှိ ကယ်ထုတ်မှုလုပ်ငန်းစဉ်ကို ဘာသာရေးဝေါဟာရများဖြင့် ရည်ညွှန်း သုံးစွဲခဲ့သည့်အတွက် အမေရိကန်-အစ္စလာမ္မစ်ဆက်ဆံရေးကောင်စီကလည်း ဝေဖန်ခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်၏ အီစတာပွဲတော် အံ့ဖွယ်သရဲဟူသော ဝေါဟာရကို ထပ်ဆင့်သုံးစွဲခဲ့သူများထဲတွင် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်တို့လည်း ပါဝင်ခဲ့သည်။
အမေရိကန် ရေတပ်မှ နေဗီဆီးလ်အထူးတပ်ဖွဲ့ဝင်များသည် အက်ဖ်-၁၅တိုက်လေယာဉ်ပစ်ချခံရမှုကြောင့် ဧပြီ ၃ ရက်မှစ၍ အီရန်နိုင်ငံ၌ ပိတ်မိနေခဲ့သော ဗိုလ်မှူးကြီးအဆင့်ရှိ လက်နက်အရာရှိကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မလေးရှားတွင် ဖမ်းဆီးခံ မြန်မာအပါအဝင်နိုင်ငံခြားသားများအား နေရပ်နိုင်ငံများသို့ ပြန်ပို့
မလေးရှားနိုင်ငံတွင် ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်များကျခံပြီးသည့် မြန်မာနိုင်ငံသား၂၁ ဦးပါဝင်သည့် နိုင်ငံခြားသား ၁၂၇ ဦးကို ဧပြီ၆ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။
၎င်းတို့အားလုံးကို KLIA 1 နှင့်KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်များအပြင် ဆီနိုင်း (Senai) အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့်၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက် မြန်မာနိုင်ငံသား၂၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၆၄ ဦး၊ အိန္ဒိယနိုင်ငံသား ၁၄ ဦး၊
ပါကစ္စတန်နိုင်ငံသား ၁၂ ဦး၊ နီပေါနိုင်ငံသားခြောက်ဦး၊ ဗီယက်နမ်နိုင်ငံသားခြောက်ဦးနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးစီပါဝင်ကြောင်း သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ- JIM
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် ရန်ကုန်တိုင်းရှိ ပြည်သူ့ဆေးရုံလေးရုံတွင် ကြိုတင်ပြင်ဆင်ထား
အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံလေးရုံတွင် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
ဆေးရုံကြီးများ၌ လူနာများ လက်ခံကုသပေးမည့်နေရာ၊ ဆေးနှင့် ဆေးပစ္စည်းများကြိုတင်ဖြည့်ဆည်းပြင်ဆင်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင်ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီဆောင်ရွက်ရန် လေ့ကျင့်ခြင်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနအောက်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး(လှိုင်သာယာ)၊အနောက်ပိုင်းဆေးရုံကြီးနှင့် ပြည်သူ့ဆေးရုံကြီး(သန်လျင်)တို့တွင် အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်
ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ်
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️လာမည့်အစိုးရအဖွဲ့တွင် အမျိုးသမီးရေးရာဝန်ကြီးဌာနပါဝင်လာ
လာမည့်ရက်ပိုင်းအတွင်းဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် အမျိုးသမီးရေးရာဝန်ကြီးဌာနပါဝင်လာပြီး လက်ရှိဝန်ကြီးဌာနအချို့ကိုလည်းပြောင်းလဲဖွဲ့စည်းမှုများရှိကြောင်း ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ ထားသည့် ဝန်ကြီးဌာနစာရင်းများအရသိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတအဖြစ်ဦးဆောင်မည့်အစိုးရအဖွဲ့ကို စုစုပေါင်းဝန်ကြီးဌာန ၃၁ ခုဖြင့်ဖွဲ့စည်းမည်ဟု ပြည်ထောင်စုလွှတ်တော်နာယကထံပေးပို့ထားကြောင်း လွှတ်တော်နာယကက ယနေ့(ဧပြီ ၆ ရက်) တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်အသိပေးသည်။
အဆိုပါစာရင်းအရ အမျိုးသမီးရေးရာဝန်ကြီးဌာနကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလာပြီး လက်ရှိ ဝန်ကြီးလေးဦးအထိရှိနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနများကိုလည်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတစ်ဦးနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနတစ်ခုတို့အဖြစ်ပြင်ဆင်ထားသည်။
ယခင်ကဌာနတစ်ခုတည်းအဖြစ် ပေါင်းစည်းထားသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို လည်းလာမည့်အစိုးရအဖွဲ့တွင် သီးခြားစီခွဲထုတ်ထားသည်။ အလားတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ယခင်ကပူးတွဲထားရှိခဲ့မှုကိုလည်း သီးခြားခွဲထုတ်လိုက်ပြီး ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ်အမည်စာရင်းထည့်သွင်းထားသည်။
အစိုးရအဆက်ဆက် စက်မှုဝန်ကြီးဌာနဟုသာသုံးနှုန်းခဲ့သည့်ဝန်ကြီးဌာနကိုလည်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနအဖြစ်ဖော်ပြထားသည်။
လက်ရှိ သီးခြားဝန်ကြီးဌာနနှစ်ခုဖြစ်သည့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနတို့ကိုလည်း ဌာနတစ်ခုတည်းအဖြစ်ပေါင်းစည်းထားသည်။
လက်ရှိတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန စုစုပေါင်း ၃၃ ခုရှိပြီး လာမည့်အစိုးရလက်ထက်တွင် ဌာန နှစ်ခုလျှော့ချထားခြင်းဖြစ်သည်။ ဝန်ကြီးဌာနစာရင်းများပေါ်ထွက်လာသော်လည်း ပြည်ထောင်စုဝန်ကြီး ခန့်အပ်ရန်လျာထားသူများ စာရင်းကိုမသိရသေးပေ။
သမ္မတအဖြစ် ရွေးချယ်ခံထားရသူက အဆိုပြုပေးပို့ထားသည့် အထက်ပါဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးရေစာရင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကအတည် ပြုရန်ကျန်ရှိနေသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် သမ္မတကခန့်အပ်ရန် အဆိုပြုထားသူများ၏အမည်စာရင်းကိုလည်း လွှတ်တော်နာယက ကအသိပေးခဲ့ပြီး ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက အထောက်အထားခိုင်လုံစွာဖြင့်တင်ပြရန်ပြောသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️ဂုဏ်ပြုလက်ဆောင်ပေးပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်း ပါဝင်ခဲ့ခြင်း မရှိ
ယမန်နေ့(ဧပြီ ၅ ရက်) နံနက်ပိုင်းကပြုလုပ်သည့် ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားတွင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တစ်ဦးဖြစ်သည့် ဦးရဲတင့် အား လက်ဆောင်ပေးအပ်မှုရှိခဲ့သော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပါဝင်လာခြင်းမရှိခဲ့ပေ။
အဆိုပါပွဲတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အား အထိမ်းအမှတ်လက်ဆောင်များပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူခဲ့သည့် ငါးနှစ်တာအတွင်း အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှုတာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့်မညီသည်များအချို့ရှိခဲ့၍ အခက်အခဲကြားမှ နိုင်ငံကိုတည်ဆောက်ရာတွင်မဖြစ်သင့်မဖြစ်ထိုက်သည်များမဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
ပြန်ကြားရေး ဒုဝန်ကြီးဖြစ်၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း သည် မတ်လ လလယ်ခန့်မှစ၍ စစ်ဘက်ရာထူးများနှင့် တာဝန်များမှ အနားပေးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သေးသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်ဘက်ရာထူးဖြစ်သော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး (ကကပြည်) ညွှန်ကြားရေးမှူးအဖြစ် ၂၀၂၁ ခုနှစ် မတိုင်ခင်ကာလကတည်းက တာဝန်ယူခဲ့သူဖြစ်သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ငါးနှစ်ဆက်တိုက်တာဝန်ယူခဲ့သူဖြစ်ပြီး နောက်ဆုံးဖွဲ့စည်းခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အမည်စာရင်းတွင်လည်း အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
မတ် ၂၆ ရက်က ပြုလုပ်ခဲ့သည့် "တိမ်ပင်လယ်ခရီးကြမ်း" ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများအား ညစာစားပွဲနှင့် ဆုချီးမြှင့်ပွဲ၌ ဗိုလ်မှူးချုပ် ရဲရင့်အောင်က ကကပြည် ညွှန်ကြားရေးမှူး အဖြစ် ဆုချီးမြှင့်ခဲ့ကြောင်း သတင်းများတွင် ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ပြင် တပ်မတော်နေ့အခမ်းအနား၊ ဂုဏ်ပြု ညစာစားပွဲနှင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် အငြိမ်းစား စစ်ဗိုလ်ချုပ်များအား ကန်တော့ပွဲများတွင်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပါဝင်ခဲ့ခြင်း မရှိကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဒုဝန်ကြီးစာရင်းမျနှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင်နေရာတွင်မူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယနေ့(ဧပြီ ၆ ရက်)အထိ ဖော်ပြထားဆဲ ဖြစ်သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-MRTV
#ပြည်တွင်းသတင်း
◾️ဟောမုဇ်ရေလက်ကြား ပြန်မဖွင့်လျှင် အီရန်ဓာတ်အားပေးစက်ရုံနှင့် တံတားများကို မနက်ဖြန် ဗုံးကြဲမည်ဟု ထရန့် ခြိမ်းခြောက်ပြန်
ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်မပေးခဲ့ပါက မနက်ဖြန်မှစ၍ အီရန်၏ ဓာတ်အားပေးစက်ရုံများ၊ တံတားများစသော အရေးပါသည့် အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်သည်။
အီရန်အတွက် ထရန့်၏ နောက်ဆုံးရာဇသံ ၁၀ ရက်မှာ ယနေ့ သက်တမ်းကုန်မည်ဟု မျှော်လင့်ရပြီး ရေလက် ကြားအား ပြန်ဖွင့်ရန် သဘောတူညီချက် မရခဲ့ပါက အီရန်၏ စွမ်းအင်၊ ရေ နှင့် ရေနံ အခြေခံအဆောက်အအုံများကို ဗုံးကြဲသွားမည်ဟု ထရန့်က ယခင်က ခြိမ်းခြောက်ခဲ့သည်။
ထရန့်က စစ်ရာဇဝတ်မှုများကျူးလွန်ရန် စီစဉ်နေသည်ဟု တီဟီရန်က စွပ်စွဲပြောကြားပြီး ထိုသို့ တိုက်ခိုက်လာခဲ့ပါက အစ္စရေးနှင့် အခြားပင်လယ်ကွေ့ နိုင်ငံများမှ အခြေခံအဆောက်အအုံများအပေါ် အလားတူတိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။
ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးခြင်းအတွက် အပစ်အခတ်ရပ်စဲမှု ရရှိရန် ပါကစ္စတန်၊ အီဂျစ်၊ တူရကီ တို့ကို ကြားခံ၍ အမေရိကန်နှင့် အီရန်ကြား ပြီးခဲ့သည့် ၁၀ ရက်အတွင်း တိုက်ရိုက် မဟုတ်သော ဆွေးနွေးပွဲများ ကျင်းပခဲ့ကြသော်လည်း တိုးတက်မှုမရခဲ့ကြောင်း သိရသည်။
“အင်္ဂါနေ့ဟာ အီရန်မှာ ဓာတ်အားပေးစက်ရုံနေ့၊ တံတားနေ့ အားလုံးပေါင်းစပ်ထားတဲ့ နေ့ ဖြစ်ပါလိမ့်မယ်။ အဲဒါနဲ့တူတာ ဘာမှ ရှိမှာမဟုတ်ပါဘူး။ ရေလက်ကြားကို ပြန် ဖွင့်ပါ၊ မျိုးမစစ်တွေရေ။ မဟုတ်ရင် မင်းတို့ ငရဲမှာ နေရလိမ့်မယ်။ စောင့်ကြည့်နေလိုက်” ဟု ထရန့်က ယမန်နေ့ နံနက်တွင် ၎င်း၏ Truth Social လူမှုမီဒီယာတွင် ပြောကြားသည်။
ထို့နောက် အင်္ဂါနေ့ ည ၈ နာရီကို နောက်ဆုံးအချိန်အဖြစ် သတ်မှတ်လိုက်ကြောင်း ထရန့် က တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ပြောကြားသည်။
အီရန်ပါလီမန် ဥက္ကဌ မိုဟမ်မက်ဘာဂါ ဂါလီဘက်ဖ် ကလည်း X လူမှုမီဒီယာပေါ်မှ ထရန့်ကို ပြန်လည်ချေပခဲ့သည်။
“ ခင်ဗျားရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေက အမေရိကန်က မိသားစုတိုင်းကို ငရဲထဲ ဆွဲသွင်းနေသလို ဖြစ်နေတယ်”
ဟု ဂါလီဘက်ဖ်က ပြောကြားပြီး ထရန့်က နေတန်ယာဟု၏ ကြိုးကိုင်မှုနောက်ကို လိုက်နေသည်ဟုလည်း စွပ်စွဲပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Axios
#နိုင်ငံတကာသတင်း
◾️ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဂက်စ်မီးခြစ်စက်ရုံ မီးလောင်၊ အနည်းဆုံး ငါးဦး သေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဧပြီ ၄ ရက် မွန်းလွဲပိုင်းက ဂက်စ်မီးခြစ်ထုတ်လုပ်ရေးစက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ငါးဦးသေဆုံးခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော ဂက်စ်မီးခြစ်စက်ရုံသည် ဒါကာမြို့တော်အနီး ကာဒမ်တာလီ အမည်ရှိခရိုင်၌ တည်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားထားသည်။
ဂက်စ်မီးခြစ်စက်ရုံ မီးလောင်ကျွမ်းမှုကိုမီးသတ်ယာဉ်နှင့် မီးသတ်သမား အများအပြားတို့က
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နာရီအနည်းငယ်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်
ပြည်တွင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ဂက်စ်မီးခြစ်စက်ရုံမီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်း နောက်ခံအကြောင်းတရားကို ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မီးဘေးအန္တရာယ်ကာကွယ်ရေးစည်းမျဉ်းများ လိုက်နာမှု အားနည်းခြင်းကြောင့် စက်မှုလုပ်ငန်း မီးလောင်ကျွမ်းမှုများမကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️စွမ်းအင်ထောက်ပံ့မှုတည်ငြိမ်ရေးနှင့် သင်္ဘောများလုံခြုံရေး ပင်လယ်ကွေ့နိုင်ငံများအား တောင်ကိုရီးယား တောင်းဆို
ပြင်းထန်လာသော အီရန်စစ်ပွဲကြောင့် ရေကြောင်းသွား လာမှု ပြတ်တောက်မှုများ ဖြစ်ပေါ်နေရာ ဟောမုဇ်ရေလက် ကြားအနီးမှ တောင်ကိုရီးယားသင်္ဘောများ၏ လုံခြုံရေး နှင့် စွမ်းအင်ဖူလုံမှုကို မြှင့်တင်ရန် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ခိုယွန်ချိုးလ်က ပင်လယ်ကွေ့နိုင်ငံများမှ သံအမတ်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)မှ သံအမတ်ကြီးများနှင့် သောကြာနေ့က တွေ့ဆုံမှုအတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့၊ ယူရီးယား၊ နက်ပသာ နှင့် အခြားအရေးကြီးသော အရင်းအမြစ်များ ထောက်ပံ့မှုတည်ငြိမ်ရေး နှင့် ဟောမုဇ် ရေလက်ကြားအနီးမှ တောင်ကိုရီးယားသင်္ဘောများ နှင့် သင်္ဘောသားများ၏ လုံခြုံရေး သေချာစေရန် ဝန်ကြီးက ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
တောင်ကိုရီးယားသည် ထိပ်တန်းဦးစားပေးစာရင်းဝင်နိုင်ငံဖြစ်ကြောင်း သံအမတ်ကြီးများက ပြန်ကြားကြပြီး တည်ငြိမ်သော ထောက်ပံ့မှုအတွက် ဆိုးလ်နှင့်အနီးကပ် ဆက်သွယ်သွားမည်ဟု ကတိပြုကြကြောင်း သိရသည်။
အာရှမှ အခြားနိုင်ငံများကဲ့သို့ပင် တောင်ကိုရီးယားသည် ဟောမုဇ်ရေလက်ကြား ဖြတ်သန်းလာသော ကုန်စည်များအပါအဝင် နိုင်ငံခြားမှ စွမ်းအင်တင်သွင်းမှုများကို အကြီးအကျယ် မှီခိုနေရသော နိုင်ငံဖြစ်ရာ အီရန်စစ်ပွဲကြောင့် အခက်တွေ့နေသည်။
စစ်ပွဲစတင်ပြီးနောက်ပိုင်းတွင် အီရန်က ဟောမုဇ်ရေလက် ကြားအား အပြည့်အဝနီးပါး ထိန်းချုပ်ထားခဲ့ရာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်သထက် မြင့်လာခဲ့ရာ ကမ္ဘာ့စီးပွားကပ်ဖြစ်မည်ကိုပါ စိုးရိမ်လာကြသည်။
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC) ပါဝင်သော နိုင်ငံများမှာ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ အိုမန် ၊ ဘာရိန်းတို့ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
现已上线!2025 年 Telegram 研究 — 年度关键洞察 
