ch
Feedback
ပညာရေးဝန်ကြီးဌာနသတင်းများ (Official)

ပညာရေးဝန်ကြီးဌာနသတင်းများ (Official)

前往频道在 Telegram

📈 Telegram 频道 ပညာရေးဝန်ကြီးဌာနသတင်းများ (Official) 的分析概览

频道 ပညာရေးဝန်ကြီးဌာနသတင်းများ (Official) (@m0eoff13) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 10 311 名订阅者,在 教育 类别中位列第 18 864,并在 缅甸 地区排名第 11 154

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 10 311 名订阅者。

根据 16 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 73,过去 24 小时变化为 -1,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 28.50%。内容发布后 24 小时内通常能获得 8.66% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 2 939 次浏览,首日通常累积 893 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 11

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
https://moe.gov.mm/

凭借高频更新(最新数据采集于 17 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。

10 311
订阅者
-124 小时
无数据7 天
+7330 天
帖子存档
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၈

+2
ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ၊ တာဝန်နှင့်ဝတ္တရားများကို အောင်မြင် ပြီးမြောက်အောင် စေတနာထား ဆောင်ရွက်သွားကြရန်မှာကြား နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၄ ပညာရေးဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ဝန်ကြီးဌာနက ပေးအပ်လာသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ၊ တာဝန်နှင့်ဝတ္တရားများကို အောင်မြင်ပြီးမြောက်အောင် စေတနာထား ဆောင်ရွက်သွားကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် မှာကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ-လုပ်ငန်းများ၊-တာဝန်နှင့်ဝတ္တရားများကို-အောင်မြင်

+2
ညောင်တုန်းမြို့နယ်အတွင်း မြစ်ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြား နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၃ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများတွင် ရေကျသွားသည့်ကျောင်းများကို ဆေးကြောသန့်စင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိသည့် အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ညောင်တုန်းမြို့နယ်အတွင်း-မြစ်ရေပြန်လည်ကျဆင်းသွားသည့်-ကျောင်းများကို-ဆေးကြောသန့်စင်၍

+2
မူလတန်းအောက်ဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်များနှင့် စာရေးကိရိယာများ၊ ကျောင်းစာကြည့်တိုက်သုံးစာအုပ်များနှင့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ် နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၂ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေခံပညာအလယ်တန်းကျောင်း မူလတန်းအောက်ဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်များနှင့် စာရေးကိရိယာများ၊ ကျောင်းစာကြည့်တိုက်သုံး စာအုပ်များနှင့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/မူလတန်းအောက်ဆင့်-ကျောင်းသား-ကျောင်းသူများအတွက်-ကျောပိုးအိတ်များနှင့်-စာရေးကိရိယာများ၊

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၊ ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လ
+1
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၊ ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ရန်ကုန် ၂၀၂၆ ဩဂုတ် ၂၉ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်မည့် မြေနေရာ၊ ကျောင်းသူအိပ်ဆောင် ဆောက်လုပ်မည့် မြေနေရာ၊ ပါမောက္ခချုပ်‌ နေအိမ်ဆောက်လုပ်နေမှုနှင့် အပန်းဖြေရိပ်သာ ဆောက် လုပ်ပြီးစီးမှုအခြေအနေတို့ကို ယနေ့ နံနက်ပိုင်းက ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ကြည့်ရှုစစ်ဆေးသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွာသာကြီး၊-ဒဂုံတက္ကသိုလ်နှင့်-သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အနောက်တိုင်းလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့် ရန်ကုန် ၂၀၂၆ ဩဂုတ် ၂၈ ၂၀၂၅-၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အနောက်တိုင်းလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့် ရန်ကုန် ၂၀၂၆ ဩဂုတ် ၂၈ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အနောက်တိုင်းလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်း တွင် ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၌ ကျင်းပသည်။ ဆုချီးမြှင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က အမျိုးသား ရှစ်တက်လှော် တက္ကသိုလ်ပေါင်းစုံ လှေလှော်ပြိုင်ပွဲတွင် ပထမရရှိသည့် ရန်ကုန်ပညာရေး တက္ကသိုလ်အသင်းအား ဆုဖလားပေးအပ်ချီးမြှင့်ပြီး ဒုတိယရရှိသည့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်အသင်းနှင့် တတိယရရှိသည့် ရန်ကုန်တက္ကသိုလ်အသင်းတို့အား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/၂၀၂၅-၂၀၂၆-ပညာသင်နှစ်-တက္ကသိုလ်၊-ဒီဂရီကောလိပ်ပေါင်းစုံ-အနောက်တိုင်းလှေလှော်ပြိုင်ပွဲ

+1
Naypyitaw State Academy ကို ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်လာစေရေး အလေးပေး ဆောင်ရွက်သွားရန် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မှာကြား နေပြည်တော် ၂၀၂၆ ဩဂုတ် ၁၉ Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ ဦးဆောင်တက္ကသိုလ်တစ်ခု ဖြစ်လာစေရေး အလေးပေးဆောင်ရွက်သွားရန်နှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် သင်ကြားသင်ယူနည်းစနစ်ကို အားပေးမြှင့်တင်ရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/naypyitaw-state-academy-ကို-ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်လာစေရေး-အလေးပေး-ဆောင်ရွက်သွားရန်

+2
ကျောင်းစာကြည့်တိုက်များတွင် အတန်းအဆင့်အလိုက် ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်သည့် စာပေများထားရှိရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မှာကြား နေပြည်တော် ၂၀၂၆ ဩဂုတ် ၁၄    ကျောင်းစာကြည့်တိုက်များတွင် အတန်းအဆင့်အလိုက် ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်သည့် စာပေများ ထားရှိကြရန်နှင့် စာကြည့်တိုက်ချိန်တွင် ဗဟုသုတတိုးပွားစေမည့် စာပေများကို အမှန်တကယ် ဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ စာကြည့်တိုက်ဆောင်ရွက်ရန် အခက်အခဲရှိသောကျောင်း များ၏ စာကြည့်တိုက်အချိန်တွင် အတန်းပိုင်ဆရာများက မြန်မာ့သမိုင်းနှင့် မြန်မာတို့၏ အထင်ကရ ခေါင်းဆောင်ကြီးများအကြောင်း၊ မြန်မာ့ပထဝီဝင်အကြောင်းတို့ကို ဗဟုသုတရအောင် မျှဝေပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ကျောင်းစာကြည့်တိုက်များတွင်-အတန်းအဆင့်အလိုက်-ကျောင်းသားများ-ဖတ်ရှုလေ့လာနိုင်သည့်

+1
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် ကြည့်ရှုစစ်ဆေး နေပြည်တော် ၂၀၂၆ ဩဂုတ် ၆ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Center) ၌ တက္ကသိုလ်အားကစားပွဲများ၊ အနုပညာ အသင်းအဖွဲ့များ၊ ဆိုင်ခန်းများ၊ အပန်းဖြေနားနေရန်ထိုင်ခုံများဖြင့် စည်ကားနေစေရေး မွမ်းမံရန် လိုအပ်သည်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဒေါက်တာဇော်မြင့်-ရန်ကုန်တက္ကသိုလ်နှင့်-ဒဂုံတက္ကသိုလ်-ကြည့်ရှုစစ်ဆေး

+1
မြန်မာနိုင်ငံ အခြေခံပညာရေးသမိုင်းကို ပြုစုဆောင်ရွက်သွားမည် နေပြည်တော် ၂၀၂၆ ဩဂုတ် ၃  ပညာရေးဝန်ကြီးဌာနအနေဖြင့်  မြန်မာနိုင်ငံ၏ပညာရေးသမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို မျိုးဆက်သစ်များ သိရှိနားလည်ပြီး တန်ဖိုးထားထိန်းသိမ်းရေး၊ ခေတ်အလိုက် သမိုင်းမှတ်တမ်း တင်ထားမှုများကို ခိုင်ခိုင်မာမာပြသသွားနိုင်ရေးနှင့် မြန်မာတို့၏ဘုန်းတန်ခိုး ကြီးမားခဲ့သည့်သမိုင်း ဖြစ်ရပ်များကို မြင်တွေ့ခံစားနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံအခြေခံ ပညာရေးသမိုင်းကို ပြုစုဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့ပြောကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/မြန်မာနိုင်ငံ-အခြေခံပညာရေးသမိုင်းကို-ပြုစုဆောင်ရွက်သွားမည်

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်အခမ်းအနားတက်ရောက် နေပြည်တော် ၂၀၂၆ ဇူလိုင်
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်အခမ်းအနားတက်ရောက် နေပြည်တော် ၂၀၂၆ ဇူလိုင် ၃၀ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသော ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ် ဖွင့်ပွဲအခမ်း အနားတက်ရောက်သည်။ ဥာဏ်ရည်မြင့်နည်းပညာအခြေပြုပညာရေးကို မြှင့်တင်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးသော ဒေသ အသိုက်အဝန်းတည်ထောင်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါအခမ်းအနားသို့ တရုတ်နှင့် အာဆီယံပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကွေ့ကျိုးပြည်နယ် ပါတီအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းအပြည့်အစုံဖတ်ရှုရန်>> https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဒေါက်တာဇော်မြင့်-၂၀၂၆-တရုတ်-အာဆီယံ

+5
သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင် ဖတ်ကြားတင်ပြသွားမည် နေပြည်တော် ဇူလိုင် ၃၀ ပညာရေးဝန်ကြီးဌာန ရက်(၁၀၀) စီမံကိန်း၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ပြီး ဖိုရမ်တွင် သုတေသန စာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ပါသည်။ ဖွင့်ပွဲတွင် အကျိုးပြုသုတေသနများသည် Pilot အနေဖြင့် ရှေးဦးအစပြု ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်း များသည် စာတမ်းထုတ်ဝေခြင်း၊ ပုံနှိပ်ခြင်းအတွက်သာမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒချမှတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စက်မှုစီးပွားဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်တွေ့အကျိုးပြုနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ‌ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားခဲ့သည်။ သတင်း» https://www.moe.gov.mm/my/content/သုတေသနနှင့်-ဆန်းသစ်တီထွင်မှုဖိုရမ်တွင်-သုတေသနစာတမ်း-စုစုပေါင်း-၆၃-စောင်-ဖတ်ကြားတင်ပြသွားမည်

+5
သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင် ဖတ်ကြားတင်ပြသွားမည် နေပြည်တော် ၂၀၂၆ ဇူလိုင် ၃၀ ပညာရေးဝန်ကြီးဌာန ရက်(၁၀၀) စီမံကိန်း၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ပြီး ဖိုရမ်တွင် သုတေသန စာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ပါသည်။ ဖွင့်ပွဲတွင် အကျိုးပြုသုတေသနများသည် Pilot အနေဖြင့် ရှေးဦးအစပြု ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်း များသည် စာတမ်းထုတ်ဝေခြင်း၊ ပုံနှိပ်ခြင်းအတွက်သာမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒချမှတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စက်မှုစီးပွားဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်တွေ့အကျိုးပြုနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ‌ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားခဲ့ပြီး Poster Presentation များနှင့် Table Show များပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ သတင်း» https://www.moe.gov.mm/my/content/သုတေသနနှင့်-ဆန်းသစ်တီထွင်မှုဖိုရမ်တွင်-သုတေသနစာတမ်း-စုစုပေါင်း-၆၃-စောင်-ဖတ်ကြား

+4
သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင် ဖတ်ကြားတင်ပြသွားမည် နေပြည်တော် ဇူလိုင် ၃၀ ပညာရေးဝန်ကြီးဌာန ရက်(၁၀၀) စီမံကိန်း၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ပြီး ဖိုရမ်တွင် သုတေသန စာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ပါသည်။ ဖွင့်ပွဲတွင် အကျိုးပြုသုတေသနများသည် Pilot အနေဖြင့် ရှေးဦးအစပြု ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်း များသည် စာတမ်းထုတ်ဝေခြင်း၊ ပုံနှိပ်ခြင်းအတွက်သာမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒချမှတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စက်မှုစီးပွားဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်တွေ့အကျိုးပြုနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ‌ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားခဲ့ပြီး Poster Presentation များနှင့် Table Show များပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ သတင်း» https://www.moe.gov.mm/my/content/သုတေသနနှင့်-ဆန်းသစ်တီထွင်မှုဖိုရမ်တွင်-သုတေသနစာတမ်း-စုစုပေါင်း-၆၃-စောင်-ဖတ်ကြားတင်ပြ

သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင် ဖတ်ကြားတင်ပြသွားမည် နေပြည်တော် ဇူလိုင် ၃၀ ပညာရေးဝန်ကြီးဌာန ရက်(၁၀၀) စီမံကိန်း၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ပြီး ဖိုရမ်တွင် သုတေသန စာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ပါသည်။ ဖွင့်ပွဲတွင် အကျိုးပြုသုတေသနများသည် Pilot အနေဖြင့် ရှေးဦးအစပြု ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ သုတေသနလုပ်ငန်း များသည် စာတမ်းထုတ်ဝေခြင်း၊ ပုံနှိပ်ခြင်းအတွက်သာမဟုတ်ဘဲ နိုင်ငံတော်၏ မူဝါဒချမှတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ စက်မှုစီးပွားဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်တွေ့အကျိုးပြုနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ‌ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားခဲ့ပြီး Poster Presentation များနှင့် Table Show များပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ သတင်း» https://www.moe.gov.mm/my/content/သုတေသနနှင့်-ဆန်းသစ်တီထွင်မှုဖိုရမ်တွင်-သုတေသနစာတမ်း-စုစုပေါင်း-၆၃-စောင်-ဖတ်ကြားတင်ပ

သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင် ဖတ်ကြားတင်ပြသွားမည်

+1
တရုတ်တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များ ထူထောင်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး နေပြည်တော် ၂၀၂၆ ဇူလိုင် ၂၉ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့၌ကျင်းပမည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန် ရောက်ရှိ နေသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ren Youqun နှင့် ဇူလိုင် ၂၈ရက်တွင် တွေ့ဆုံပြီး အဆင့်မြင့် ပညာကဏ္ဍ၌ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာသုံး သင်ကြားရေး၊ ဆရာ အတတ်ပညာကဏ္ဍနှင့် ဘာသာရပ်အသီးသီးတွင် ပညာတော်သင်ဆုများ ပိုမိုပေးအပ်ရေး၊ တရုတ် တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များ ထူထောင်၍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ တရုတ်-မြန်မာ ဉာဏ်ရည်တုနည်းပညာနှင့် ဒီဂျစ်တယ်ပညာရေးစင်တာ တည်ထောင်မှုဖြစ်နိုင်ခြေ လေ့လာရေးအစရှိသည့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/တရုတ်တက္ကသိုလ်များနှင့်-မြန်မာ

+4
ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်ပြည့်ဝသောဆရာများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၉ ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်ဝသော ဆရာများ ဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသကဲ့သို့ ယခု တက်ရောက်နေသော ဆရာ ဆရာမလောင်း များကလည်း သင်တန်းပြီးဆုံး၍ မိမိတာဝန်ကျရာဒေသများ၌ တာဝန်ထမ်းဆောင်ကြရာတွင် ကျောင်းသား ကျောင်းသူများအား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော လူတော်လူကောင်းများ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ယနေ့ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား‌ ကျောင်းသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပညာရေးဒီဂရီကောလိပ်များတွင်-စိတ်ဓာတ်၊-စည်းကမ်း၊-ပညာနှင့်ပြည့်ဝသောဆရာများ

ပညာရေးဝန်ကြီးဌာန ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ်စာရင်း အပြည့်အစုံဖတ်ရှုရန်» h
ပညာရေးဝန်ကြီးဌာန  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ်စာရင်း အပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/node/5520/

+3
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ဒဂုံတက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး လှည့်လည်ကြည့်ရှုစစ်ဆေး‌ ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၅ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ရှိ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ညီညွတ်စေရေး ဆွေးနွေးမှာကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပြည်ထောင်စု၀န်ကြီး-ဒေါက်တာချောချောစိန်-ဒဂုံတက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး