ပညာရေးဝန်ကြီးဌာနသတင်းများ (Official)
الذهاب إلى القناة على Telegram
📈 نظرة تحليلية على قناة تيليجرام ပညာရေးဝန်ကြီးဌာနသတင်းများ (Official)
تُعد قناة ပညာရေးဝန်ကြီးဌာနသတင်းများ (Official) (@m0eoff13) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 12 961 مشتركاً، محتلاً المرتبة 15 820 في فئة التعليم والمرتبة 9 516 في منطقة ميانمار.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 961 مشتركاً.
بحسب آخر البيانات بتاريخ 22 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 2 516، وفي آخر 24 ساعة بمقدار 71، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 58.21%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 15.93% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 7 544 مشاهدة. وخلال اليوم الأول يجمع عادةً 2 065 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 14.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“https://moe.gov.mm/”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 23 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
12 961
المشتركون
+7124 ساعات
+2 2667 أيام
+2 51630 أيام
أرشيف المشاركات
+2
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၌ ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံးခန်းမ)နှင့် အပန်းဖြေရိပ်သာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရန်ကုန် ၂၀၂၆ နို၀င်ဘာ ၁၉
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ)နှင့် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွာသာကြီး၌-ဘွဲ့နှင်းသဘင်ခန်းမဘက်စုံသုံးခန်းမနှင့်-အပန်းဖြေရိပ်သာ
20 نوفمبر, 01:16
ကျောက်မဲနှင့်နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ စံကိုက်ကျောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်
နေပြည်တော် ၂၀၂၆ နိုဝင်ဘာ ၁၃
ကျောက်မဲမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ (စခန်းသာ) အခြေခံပညာ အလယ်တန်းကျောင်း၊ (နောင်ပိန်) အခြေခံပညာအထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် (နမ့်ဆောင်ဟူး) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် (ရေဝင်) အခြေခံပညာအလယ်တန်းကျောင်းများကို စံကိုက် ကျောင်းများအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှုစစ်ဆေး၍ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံကာ ကျောင်းများ၏အရည်အသွေးနှင့် အဆောက်အအုံ၊ မြေဧရိယာ၊ စာသင်ခန်းနှင့် အခြားလိုအပ်ချက်များ စံချိန်စံညွှန်းကိုက်ညီသည့် စံကိုက်ကျောင်းများအဖြစ် ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးစားရန် မှာကြားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/ကျောက်မဲနှင့်နောင်ချိုမြို့ရှိ-အခြေခံပညာကျောင်းများ-စံကိုက်ကျောင်းအဖြစ်
15 نوفمبر, 23:12
+1
စံကိုက်ကျောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှု အရည်အသွေးတိုးတက်ကောင်းမွန်ရေး တည်ဆောက်ရေးလုပ်ငန်းများ Site Plan များနှင့်အညီ အရည်အသွေးကောင်းမွန်၍ သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရေး ဆောင်ရွက်ရန်လိုအပ်
နေပြည်တော် ၂၀၂၆ နိုဝင်ဘာ ၁၂
သတ်မှတ်အရည်အသွေး စံညွှန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင်လိုအပ်သည့် လုပ်ငန်းစဉ်များဆောင်ရွက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုအရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ Site Plan များ နှင့်အညီ အရည်အသွေးကောင်းမွန်၍ သတ်မှတ်ချိန်အတွင်းပြီးမြောက်ရေးတို့ ဆောင်ရွက်ရန်လိုအပ် ကြောင်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/စံကိုက်ကျောင်းအဖြစ်-အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်-ကျောင်းဥပဓိရုပ်-ကောင်းမွန်ရေး၊
12 نوفمبر, 22:20
အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့် မေးခွန်းပုံစံများ စနစ်တကျပြောင်းလဲဆောင်ရွက်မည်
ရန်ကုန် ၂၀၂၆ နိုဝင်ဘာ ၇
အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့် မေးခွန်းပုံစံများ စနစ်တကျ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အစည်းအဝေးခန်းမ၌ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/အဝေးသင်ပညာရေးစနစ်-ပိုမိုကောင်းမွန်ရေးအတွက်-သင်ကြားရေးနှင့်-မေးခွန်းပုံစံများ
09 نوفمبر, 02:16
+2
ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်း Naypyitaw State Academy သို့သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၃၀
ဆရာ ဆရာမများအနေဖြင့် Naypyitaw State Academy တွင် အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန် ရေး၊ သန့်ရှင်းသာယာရေးများကိုလည်း ထိပ်တန်းစံပြတက္ကသိုလ်ဖြစ်အောင် အမြဲတမ်းအလေးထား ဆောင်ရွက်နေကြရန် လိုပါကြောင်း၊ တက္ကသိုလ်အတွင်း တည်ဆောက်ဆဲ အဆောက်အအုံလုပ်ငန်း များအပြင် ဆက်လက်တည်ဆောက်မည့် အဆောက်အအုံများကိုလည်း အရည်အသွေးပြည့်ဝ၍ ဥပဓိရုပ်ကောင်းမွန်ရေး၊ ရေရှည်ခိုင်ခံ့ရေးနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများအတွက် လက်တွေ့ အသုံးပြုရာတွင် အဆင်ပြေအကျိုးရှိ ထိရောက်စေရေးအတွက် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက တိုက်တွန်းမှာကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဦးဝင်းမောင်သိန်း-naypyitaw-state-academy-သို့သွားရောက်ကြည့်ရှုစစ်ဆေး
01 نوفمبر, 23:01
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံက ရရှိလာသည့် သင်ခန်းစာများကို အကျိုးရှိရှိအသုံးချပြီး နောက်လာမည့် SEA-PLM 2029 အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၃၀
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM 2024) က ရရှိလာသည့် သင်ခန်းစာများကို အကျိုးရှိရှိအသုံးချပြီး နောက်လာမည့် SEA-PLM 2029 အတွက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏အခြေခံပညာရေး အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုထိရောက် လာစေမည်ဖြစ်ပါကြောင်း ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/အရှေ့တောင်အာရှ-မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံက-ရရှိလာသည့်-သင်ခန်းစာများကို
01 نوفمبر, 23:00
Indian Education Fair 2026 ပညာရေးပြပွဲသို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တက်ရောက်
ရန်ကုန် ၂၀၂၆ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက "India: New Horizons for Education and Learning” ခေါင်းစဉ် ဖြင့် စီစဉ်ကျင်းပသည့် Indian Education Fair 2026 ပညာရေးပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/indian-education-fair-2026-ပညာရေးပြပွဲသို့-ပြည်ထောင်စု၀န်ကြီး-ဒေါက်တာချောချောစိန်-တက်ရောက်
28 أكتوبر, 03:53
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း သတ်မှတ်အရည်အသွေးစံနှုန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၂၂
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဗ္ဗသီရိမြို့နယ်(သုခဒီပ)အခြေခံပညာမူလတန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ (ပုပ္ပါးကုန်း) အခြေခံပညာမူလတန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ် (အကွက်ကြီး-၅) အခြေခံပညာမူလတန်းကျောင်းနှင့် (ရွှေကြာပင်) အမှတ် (၂၅)အခြေခံပညာမူလတန်းလွန်ကျောင်းများကို ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဦးနေမျိုးလှိုင်-နေပြည်တော်-ပြည်ထောင်စုနယ်မြေအတွင်း
23 أكتوبر, 00:30
+2
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တက္ကသိုလ်များသို့ သွားရောက်လေ့လာ
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၂၀
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် အုပ်ချုပ်သူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တက္ကသိုလ်များသို့ သွားရောက်လေ့လာကြသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/၂ဝ၂၆-ခုနှစ်၊-တက္ကသိုလ်ဝင်စာမေးပွဲနှင့်-စက်မှု၊-စိုက်ပျိုး၊-မွေးမြူရေး-0
20 أكتوبر, 23:35
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဗီယက်နမ်နိုင်ငံရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၁၈
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့ရာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ သု၀ဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာကြပြီး ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိကြသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/၂ဝ၂၆-ခုနှစ်၊-တက္ကသိုလ်ဝင်စာမေးပွဲနှင့်-စက်မှု၊-စိုက်ပျိုး၊-မွေးမြူရေး
19 أكتوبر, 02:42
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာပညာရေး ဖွံ့ဖြိုးတိုးတက်မှုညီလာခံ ၂၀၂၆ သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တက်ရောက်
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့၌ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာပညာရေးဖွံ့ဖြိုးတိုးတက်မှုညီလာခံ ၂၀၂၆ (World Vocational and Technical Education Development Conference 2026) သို့ တက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဉီးဆောင်သည့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့သို့ ရောက်ရှိသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌-ကျင်းပသည့်-ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့်-နည်းပညာပညာရေး
19 أكتوبر, 02:39
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံ လေ့လာရေးခရီးသွားရောက်
နေပြည်တော် အောက်တိုဘာ ၁၆
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ တို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ကျောင်းအုပ်ဆရာ ဆရာမကြီးများသည် နိုင်ငံတော် အစိုးရ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်ရန် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/၂ဝ၂၆-ခုနှစ်၊-တက္ကသိုလ်ဝင်စာမေးပွဲနှင့်-စက်မှု၊-စိုက်ပျိုး၊-မွေးမြူရေး-တက္ကသိုလ်ဝင်-0
19 أكتوبر, 01:12
+9
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ နေပြည်တော်ရှိ အထင်ကရနေရာများ သွားရောက်လေ့လာ
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၁၂
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ကျောင်းအုပ် ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်နှင့် အမျိုးသားစာကြည့်တိုက်တို့ကို သွားရောက်လေ့လာကြကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/၂ဝ၂၆-ခုနှစ်၊-တက္ကသိုလ်ဝင်စာမေးပွဲနှင့်-စက်မှု၊-စိုက်ပျိုး၊-မွေးမြူရေးတက္ကသိုလ်ဝင်
13 أكتوبر, 01:34
+8
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ အမျိုးသားပြတိုက် (နေပြည်တော်)သို့လေ့လာ
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၁၀
၂ဝ၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ကျောင်းအုပ်ဆရာ ဆရာမသုံးဦးတို့ကို ပြည်တွင်း (နေပြည်တော်)နှင့် ပြည်ပ(ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ) များကို လေ့လာရေးခရီးစဉ်အဖြစ် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရှုရန် »
https://www.moe.gov.mm/my/content/၂ဝ၂၆-ခုနှစ်၊-တက္ကသိုလ်ဝင်စာမေးပွဲနှင့်-စက်မှု၊-စိုက်ပျိုး၊-မွေးမြူရေး-တက္ကသိုလ်ဝင်
12 أكتوبر, 00:04
+2
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဒေသအလိုက်၊ ကျောင်းအလိုက် သင်ကြားရေးဆိုင်ရာ အရည်သွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မှာကြား
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၆
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် မိမိတို့ဒေသအလိုက်၊ ကျောင်းအလိုက် သင်ကြားရေးဆိုင်ရာ အရည်အသွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် ပညာရေး၀န်ကြီး ဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/တက္ကသိုလ်ဝင်တန်း-အောင်ချက်မြင့်မားရေးအတွက်-ဒေသအလိုက်၊-ကျောင်းအလိုက်-သင်ကြားရေးဆိုင်ရာ
09 أكتوبر, 05:55
+3
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၅
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဖတ်ကြားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/၂၀၂၆-ခုနှစ်၊-ကမ္ဘာ့ဆရာများနေ့-အခမ်းအနားကျင်းပ
09 أكتوبر, 05:53
တက္ကသိုလ် ကောလိပ်များ၊ ကျောင်းများ အေးချမ်းစွာပညာသင်ကြားရေး လှည့်လည်ကြည့်ရှု စစ်ဆေး
နေပြည်တော် အောက်တိုဘာ၄
တက္ကသိုလ် ကောလိပ်များ၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးနှင့် အေးချမ်းစွာ ပညာသင်ကြားရေးအခြေအနေများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုသည်။
ယင်းသို့ကြည့်ရှုရာတွင် ယနေ့နံနက်ပိုင်းက မန္တလေးပညာရေးဒီဂရီကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တိုသို့ရောက်ရှိပြီး တည်ဆောက်ရေး နှင့်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို စစ်ဆေးကာ မန္တလေးတိုင်းဒေသကြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ပါမောက္ခများကိုယ်တိုင် Grade-12 သင်ဆရာ ဆရာမများအားသင်ကြားလေ့ကျင့်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ပါမောက္ခချုပ်၊ ပါမောက္ခ များနှင့်တွေ့ဆုံ၍ အေးချမ်းစွာပညာသင်ကြားရေးကိစ္စများကို ဆွေးနွေးသည်။
ယမန်နေ့ကလည်း ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ် ပူတာအိုမြို့ရှိ အစိုးရ နည်းပညာအထက်တန်းကျောင်း(GTHS)သို့ရောက်ရှိကာ စာသင်ဆောင်၊ လက်တွေ့ဆောင်၊ အိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာ၊ အားကစားကွင်းတို့ကို ကြည့်ရှုသည်။
04 أكتوبر, 11:13
+1
ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့်ပြီးမြောက်ခြင်းစာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
နေပြည်တော် အောက်တိုဘာ ၃
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့်ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့်အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်း လမ်းညွှန် ချက်များရှင်းလင်းဆွေးခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် ပညာရေးတက္ကသိုလ် Learning Hug တွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှတာဝန်ရှိသူများ၊တိုင်းဒေသကြီးနှင့်ပြည်နယ်များမှဆရာဆရာမများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
04 أكتوبر, 11:10
