ch
Feedback
NOM

NOM

前往频道在 Telegram

NOM Official Backup Channel - 2

显示更多
缅甸38 251未指定类别
201
订阅者
无数据24 小时
-17
-830
帖子存档
NOM
201
ပြင်သစ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့ အမေရိကန်သံအမတ် Ch
ပြင်သစ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့ အမေရိကန်သံအမတ် Charles Kushner ကို အစိုးရအဖွဲ့ဆီ ဝင်ခွင့် ပိတ်ပင်သင့်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သူ Jared Kushner ရဲ့ ဖခင် Kushner ကို တနင်္လာနေ့ ညနေပိုင်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot နဲ့ တွေ့ဆုံဖို့ ဆင့်ခေါ်ခဲ့ပေမယ့် တက်ရောက်ခဲ့ခြင်း မရှိတာလို့ သိရပါတယ်။ အဲဒီအစား သူဟာ သံရုံးက ဒုတိယသံတမန်တဦးကိုသာ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီအပေါ်မှာ ဒေါသထွက်ခဲ့ပြီး Kushner ကို အစိုးရအဖွဲ့ဆီ ဝင်ရောက်ခွင့် ပိတ်ပင်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။ News Of Myanmar NOM

NOM
201
ဩစတြေးလျဟာ နိုင်ငံရဲ့ အမြင့်ဆုံးမိုးမျှော်တိုက်အဖြစ် Trump Tower ကို အတည်ပြုလိုက်ပါတယ်။ Surfers Paradis၊ Gold Coast မှာရှိတဲ့
ဩစတြေးလျဟာ နိုင်ငံရဲ့ အမြင့်ဆုံးမိုးမျှော်တိုက်အဖြစ် Trump Tower ကို အတည်ပြုလိုက်ပါတယ်။ Surfers Paradis၊ Gold Coast မှာရှိတဲ့ ဒေါ်လာ ၁.၀၆ ဘီလျံတန် ဇိမ်ခံဟိုတယ်နဲ့ လူနေအဆောက်အုံလည်း ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇲🇽🔥🏴‍☠️မက္ကဆီကိုနိုင်ငံရှိ အင်အားကြီးမူးယစ်ဂိုဏ်းနှစ်ခုအနက် တစ်ခုဖြစ်သော ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) ခေါင်း
🇲🇽🔥🏴‍☠️မက္ကဆီကိုနိုင်ငံရှိ အင်အားကြီးမူးယစ်ဂိုဏ်းနှစ်ခုအနက် တစ်ခုဖြစ်သော ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) ခေါင်းဆောင် အယ်လ်မန်ချို၏ လက်ရုံးဖြစ်သူ "အယ်လ်တူလီ" နှင့် ၎င်း​၏တပည့်အချို့ကို မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့များက အသေပစ်ခတ်ဖမ်းဆီးခဲ့သည့် ဓါတ်ပုံ NOM

NOM
201
Repost from News Of Myanmar
🇺🇸🔥🇮🇷 "အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး ဒန်နီရယ်ကိန်းက ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ဖော်ပြချက်မှာ ၁၀၀ ရာခိုင် န
🇺🇸🔥🇮🇷 "အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး ဒန်နီရယ်ကိန်းက ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ဖော်ပြချက်မှာ ၁၀၀ ရာခိုင် နှုန်းမှားယွင်းသည် ဟု ဒေါ်နယ်ထရန့်က ၎င်း​၏လူမှုမီဒီယာတွင်ရေးသား" အီရန်နှင့် စစ်ဖြစ်ပွားရန် ဗိုလ်ချုပ်ကြီး ဒန်နီရယ်ကိန်းက ကန့်ကွက်နေသည်ဟူသော မီဒီယာများ၏ ဖော်ပြချက်မှာ "၁၀၀ ရာခိုင်နှုန်း မှားယွင်းသည်" ဟု ဒေါ်နယ်ထရန့်က လူမှုမီဒီယာတွင် ရေးသားလိုက်ပြီး အမိန့်ပေးလာပါက ကိန်း အနေဖြင့် စစ်ရေးအရ အရေးယူမှုကို ထောက်ခံမည်ဖြစ်သလို အလွယ်တကူ အောင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အဆုံးအဖြတ်ကို မိမိတစ်ဦးတည်းကသာ ပြုလုပ်မည်ဖြစ်ပြီး အီရန်နှင့် သဘောတူညီချက်ရယူရန်သာ ပိုမိုနှစ်သက်သော်လည်း အကယ်၍ သဘောတူညီချက် မရရှိပါက အီရန်နိုင်ငံအတွက် "အလွန်ဆိုးရွားသောနေ့" ဖြစ်လာလိမ့်မည်ဟု ထရန့်က သတိပေးခဲ့သည်။ အဆိုပါ ရေးသားချက်မှာ အီရန်ကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကိန်းက ထရန့်နှင့် အဆင့်မြင့်အရာရှိကြီးများအား သီးသန့်သတိပေးခဲ့သည်ဟူသော အမေရိကန်မီဒီယာ အများအပြား၏ ဖော်ပြချက်များအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သတင်းများ၏အဆိုအရ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌဖြစ်သူ ကိန်းက အစ္စရေးနှင့် ယူကရိန်းတို့ကို ထောက်ပံ့မှုများကြောင့် အမေရိကန်၏ လက်နက်ခဲယမ်း အရန်အင်အားများ လျော့နည်းနေကြောင်း၊ အီရန်အား ကြီးမားသော စစ်ဆင်ရေးတစ်ခု ဆင်နွှဲခြင်းမှာ ရှုပ်ထွေးပြီး အမေရိကန်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိလာနိုင်ကြောင်းနှင့် မဟာမိတ်များ၏ အကန့်အသတ်ရှိသော ထောက်ခံမှုက ပိုမိုစိုးရိမ်စရာဖြစ်စေကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။ ကိန်း ၏ ရုံးအဖွဲ့ကမူ ၎င်းသည် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ တာဝန်အရ သမ္မတအား စစ်ရေးဆိုင်ရာ ရွေးချယ်စရာများနှင့် ဆက်နွှယ်နေသည့် အန္တရာယ်များကို လျှို့ဝှက်စွာ တင်ပြပေးရသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
🇺🇸🏛အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ခေါင်းဆောင်များကို အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန်အတွက် မနက်ဖြန် မွန်းလွဲ ၃ နာရီတွင် အိမ်ဖြူတော်၌ အထူးအစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
🇲🇽🔥🏴‍☠️"မက္ကစီကိုနိုင်ငံ၏ အင်အားကြီး မူးယစ်ဂိုဏ်း CJNG တွင် ခေါင်းဆောင်သစ် တက်လာခြင်း" မျှော်လင့်ထားကြသည့်အတိုင်းပင် အယ်လ
🇲🇽🔥🏴‍☠️"မက္ကစီကိုနိုင်ငံ၏ အင်အားကြီး မူးယစ်ဂိုဏ်း CJNG တွင် ခေါင်းဆောင်သစ် တက်လာခြင်း" မျှော်လင့်ထားကြသည့်အတိုင်းပင် အယ်လ်မန်ချို နှင့် သူ၏လက်ရုံး အယ်လ်တူလီ တို့ သေဆုံးသွားပြီးနောက် ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (Jalisco New Generation Cartel) (CJNG) ၏ ခေါင်းဆောင်မှုကဏ္ဍကို အသတ်ခံလိုက်ရသည့် ဂိုဏ်းချုပ်၏ မွေးစားသား ဟွမ် ကားလို့စ် ဂွန်ဇာလက်စ် ဗလန်းစီးယား (ခေါ်) "El 03" က ဆက်ခံလိုက်ပြီဖြစ်သည်။ El 03 သည် အဆိုပါ မူးယစ်ဂိုဏ်းအတွင်း အကြမ်းဖက်နှိမ်နင်းရေးနှင့် တိုက်ခိုက်ရေးကဏ္ဍကို အဓိကတာဝန်ယူထားသူဖြစ်သည်။ ၎င်းသည် ဗလန်းစီးယား မိသားစု၏ ငွေကြေးကွန်ရက်နှင့် သွေးသားတော်စပ်မှုရှိခြင်းကြောင့် ဂိုဏ်းအတွင်းပိုင်း စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး အာဏာကို အပြည့်အဝချုပ်ကိုင်နိုင်မည့် အလားအလာရှိနေသည်။ ၎င်းသည် လွန်ခဲ့သော လအနည်းငယ်ကမှ ထောင်မှလွတ်မြောက်လာသည့် မိခင်ဖြစ်သူ ရိုဆာလင်ဒါ ဂွန်ဇာလက်စ် ဗလန်းစီးယားနှင့်အတူ ဂိုဏ်း၏ အဓိကငွေကြေးခဝါချမှုလုပ်ငန်းစု လော့စ်ကွီနစ်စ် နှင့် ဆက်နွှယ်နေသော ဆွေမျိုးများဖြင့် ပူးတွဲအုပ်ချုပ်သွားမည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင် ဝါရှင်တန်အစိုးရက သူ့ကိုဖမ်းဆီးရန် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သန်း ထုတ်ပြန်ထားသော်လည်း ယခုအခြေအနေများကြောင့် ဆုကြေးငွေမှာ ပိုမိုတိုးမြင့်လာဖွယ်ရှိသည်။ ယခုအခါ ပိုမိုရည်မှန်းချက်ကြီးသည့် မျိုးဆက်သစ်လူငယ်များက CJNG ဂိုဏ်းကို စတင်ဦးဆောင်နေပြီဖြစ်သည်။ El 03 ၏ နောက်ခံအင်အားနှင့် မိသားစုပံ့ပိုးမှုတို့ကြောင့် မက္ကစီကို၏ မူးယစ်ဆေးဝါး ကုန်သွယ်မှုလောကနှင့် အစိုးရတပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများမှာ ယခင်ကထက် ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေပါသည်။ NOM

NOM
201
Repost from News Of Myanmar
🚢 🇺🇸 "ဈာပနများ လွဲချော်ခြင်းနှင့် ပိတ်ဆို့နေသော အိမ်သာများ - အီရန်အရေး တာဝန်ထမ်းဆောင်မှုကြောင့် အမေရိကန် ရေတပ်သားများ ထိခိ
🚢 🇺🇸 "ဈာပနများ လွဲချော်ခြင်းနှင့် ပိတ်ဆို့နေသော အိမ်သာများ - အီရန်အရေး တာဝန်ထမ်းဆောင်မှုကြောင့် အမေရိကန် ရေတပ်သားများ ထိခိုက်ခံစားနေရ" အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များကို ခြိမ်းခြောက်ရန်နှင့် လိုအပ်ပါက တိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်းခံရသော အမေရိကန်ရေတပ်သားများသည် ရှည်လျားလှသော တာဝန်ထမ်းဆောင်မှုကာလ၊ ပျက်စီးယိုယွင်းနေသော အခြေခံအဆောက်အအုံများနှင့် မိသားစုအရေးကြီးကိစ္စများကို လက်လွှတ်ဆုံးရှုံးနေရမှုများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများပြင်းထန်စွာခံစားနေရသည်။ "တိုးမြှင့်ထားသော တာဝန်ထမ်းဆောင်မှု ကာလများ" အီရန်ကို ခြိမ်းခြောက်ရန် (သို့မဟုတ်) တိုက်ခိုက်ရန်အတွက် အမေရိကန် စစ်သင်္ဘောအများအပြားသည် ပင်လယ်ပြင်တွင် ပုံမှန်ထက် ပိုမိုကြာရှည်စွာ တပ်စွဲထားကြရသည်။ အချို့သော ရေတပ်သားများသည် နေအိမ်နှင့် ဝေးကွာနေသည်မှာ ရှစ်လမှ ကိုးလအထိ ကြာမြင့်နေပြီဖြစ်ပြီး ယင်းမှာပုံမှန်သတ်မှတ်ချက် ထက်များစွာ ကျော်လွန်နေသည်။ "မိသားစုနှင့် ဝေးကွာရခြင်း၏ နာကျင်မှု" တာဝန်ထမ်းဆောင်နေရသည့် ကာလအတွင်း ရေတပ်သားအများအပြားသည် မိသားစုဝင်များ၏ ဈာပနအခမ်းအနားများ၊ ကလေးမွေးဖွားခြင်းနှင့် အခြားအရေးကြီးသော လူမှုရေးပွဲလမ်းများကို လွဲချော်ခဲ့ကြသည်။ ဆက်သွယ်ရေး ကန့်သတ်ထားမှုကြောင့် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေခြင်းက ၎င်းတို့၏ စိတ်ဓာတ်ကို ပိုမိုကျဆင်းစေသည်။ "သင်္ဘောပေါ်မှ ဆိုးရွားသော အခြေအနေများ" စစ်သင်္ဘောအချို့ (အထူးသဖြင့် လေယာဉ်တင်သင်္ဘောကြီးများ) ပေါ်တွင် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသည်။ ရေပိုက်လိုင်းစနစ်များ ချို့ယွင်းမှုကြောင့် အိမ်သာများ ပိတ်ဆို့ခြင်း၊ ရေချိုးရန် ရေမလုံလောက်ခြင်းနှင့် ကျဉ်းမြောင်းသော နေထိုင်မှုပုံစံများက ရေတပ်သားများကို ပိုမိုပင်ပန်းနွမ်းနယ်စေသည်။ "စစ်ဆင်ရေးဆိုင်ရာဖိအား" အီရန်အပြင် ယီမင်နိုင်ငံရှိ ဟူသီ (Houthi) လက်နက်ကိုင်များကလည်း ဒရုန်းနှင့် ဒုံးကျည်များဖြင့် လက်တုံ့ပြန်တိုက်ခိုက်လာမည့်အန္တရာယ်ကို ခုခံကာကွယ်ရန်အတွက် သင်္ဘောသားများကို အမြဲတစေနိုးနိုးကြားကြား ရှိနေစေရန် ဖိအားပေးထားသည်။ ဤကဲ့သို့ တိုက်ပွဲဝင် အခြေအနေတွင် အချိန်ကြာမြင့်စွာ နေထိုင်ရခြင်းက လူရောစိတ်ပါအားအင်ကုန်ခမ်းမှုကို ဖြစ်ပေါ်စေသည်။ "ရေတပ်အတွက်စိန်ခေါ်မှု" အမေရိကန်ရေတပ် ခေါင်းဆောင်ပိုင်းအနေဖြင့် တစ်ဖက်တွင် အီရန်ကို အင်အားပြသနေရသလို၊ အခြားတစ်ဖက်တွင်လည်း မိမိတို့၏ရေတပ်သားများ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမသွားစေရန် ထိန်းညှိရသည့် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင် နေရသည်။ NOM

NOM
201
Repost from News Of Myanmar
🛩 "အစိုးရပိုင်ဂျက်လေယာဉ်ဖြင့် အီတလီသို့သွားရောက်ကာ အမေရိကန် ရေခဲပြင်ဟော်ကီအသင်းနှင့်အတူ အောင်ပွဲခံ ပါတီပွဲဆင်နွှဲခဲ့သည့် FBI ညွှန်ကြားရေးမှူး" အမေရိကန် FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် (Kash Patel) သည် FBI ဂျက်လေယာဉ်ကို အသုံးပြု၍ အိုလံပစ်ပွဲတော်သို့သွားရောက်ခဲ့ပြီး အမေရိကန်ရေခဲပြင် ဟော်ကီအသင်း Team USA ရွှေတံဆိပ်ဆုရှင်များနှင့်အတူ အောင်ပွဲခံပျော်ပါးခဲ့သည့်အတွက် တစ်ကျော့ပြန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ သူ၏ တရားဝင်ဆင်ခြေမှာ အီတလီဝန်ကြီးများနှင့် တွေ့ဆုံရန်ရှိခြင်းနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများတွင်မူ ၎င်းသည် လည်ပင်း၌ ရွှေတံဆိပ်တစ်ခုကို ဆွဲထားပြီး ဘီယာများကို မော့သောက်ကာ အမေရိကန်ရေခဲပြင်ဟော်ကီအသင်းနှင့် အောင်ပွဲခံအော်ဟစ်နေသည် ကိုတွေ့မြင်ရသည်။ သမ္မတထရန့်၏ နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းသည် ဟု စွပ်စွဲခံရသော အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကို Secret Service အေးဂျင့်များက ပစ်သတ်ခဲ့သည့်အချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ FBI ပြောရေးဆိုဆိုခွင့်ရှိသူက ပါတေးလ်​၏ခရီးစဉ်မှာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်ဟု ပြောဆိုသော သတင်းထောက်များကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးနောက် ပါတေးလ် ကိုယ်တိုင် ၎င်းအောင်ပွဲခံနေသည့် ရုပ်သံဖိုင်ကိုတင်ခဲ့ခြင်းဖြစ်သည်။ 🤡 လွန်ခဲ့သော နှစ်နှစ်ခန့်က Podcast ထုတ်လွှင့်သူတစ်ဦးအဖြစ်ရှိနေစဉ်တွင် ပါတေးလ် က FBI ညွှန်ကြားရေးမှူး ခရစ်စ်ရေး (Chris Wray) ကို "အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကိုသုံးပြီး အထူးသီးသန့်လေယာဉ်နဲ့ နိုင်ငံအနှံ့ လျှောက်သွားနေတယ်" ဟု တိုက်ခိုက်ဝေဖန်ခဲ့ဖူးသည်။ ယခုအခါတွင်မူ ပါတေးလ်ကိုယ်တိုင်မှာ သူ၏ရည်းစားထံသို့လည်းကောင်း၊ အီတလီသို့လည်းကောင်းဂျက်လေယာဉ်ဖြင့် လျှောက်သွားနေသူ ဖြစ်နေလေပြီ။ NOM

NOM
201
Repost from News Of Myanmar
👍⚰️ယူကရိန်းနိုင်ငံသည် လူဦးရေဆိုင် ရာ အန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေရစဉ် မုဆိုးမများနှင့် မိဘမဲ့ကလေးများ များပြားသည့် နိုင်ငံတစ
👍⚰️ယူကရိန်းနိုင်ငံသည် လူဦးရေဆိုင် ရာ အန္တရာယ်ဆိုးနှင့် ရင်ဆိုင်နေရစဉ် မုဆိုးမများနှင့် မိဘမဲ့ကလေးများ များပြားသည့် နိုင်ငံတစ်ခု ဖြစ်လာနေကြောင်း CNN ဖော်ပြ ယူကရိန်းနိုင်ငံသည် ၂၀၂၂ ခုနှစ်မှစ၍ လူဦးရေ ၁၀ သန်းခန့် ဆုံးရှုံးခဲ့ပြီး ၎င်း၏ မွေးဖွားနှုန်းမှာလည်း လုံးဝဥဿုံ ကျဆင်းသွားပြီဖြစ်ကြောင်း ထိပ်တန်း လူဦးရေဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ "ဒါဟာ ကပ်ဘေးတစ်ခုပါပဲ။ လူသားတွေ မရှိဘဲ ဘယ်နိုင်ငံမှ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။" NOM

NOM
201
‘ဒါက အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး အစိုးရအဖွဲ့ပဲ’ ‘ဒီလို သနားစရာကောင်းတဲ့ အစိုးရအဖွဲ့မျိုး ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးဘူး’ — ပါမောက္ခ Melvin Goodman မယ်လ်ဗင် အယ်လန် "မယ်လ်" ဂွတ်မန်းဟာ အမျိုးသားလုံခြုံရေးနှင့် ထောက်လှမ်းရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဗဟိုထောက်လှမ်းရေးအေဂျင်စီနှင့် နိုင်ငံခြားရေးဌာနမှာ ခွဲခြမ်းစိတ်ဖြာသူအဖြစ် လုပ်ကိုင်ခဲ့ပြီး အမျိုးသားစစ်ကောလိပ်နှင့် ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်တို့တွင် သင်ကြားပို့ချခဲ့ပြီး နိုင်ငံတကာမူဝါဒစင်တာရဲ့ အကြီးတန်းသုတေသီတစ်ဦးလည်းဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
မက္ကဆီကိုမှာ စစ်တပ်နဲ့ ရာဇဝတ်ဂိုဏ်းကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ Guadalajara မြို့မှ
မက္ကဆီကိုမှာ စစ်တပ်နဲ့ ရာဇဝတ်ဂိုဏ်းကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ Guadalajara မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲတွေအတွက် စိုးရိမ်မှုတွေ ရှိလာပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါမြို့က အိမ်ရှင်ဖြစ်ခွင့် အခွင့်အရေးကို ရုတ်သိမ်းတာမျိုးမရှိသေးပေမယ့် စိုးရိမ်မှုတွေ ရှိလာတာပါ။ အဆိုပါမြို့မှာ ရှုံးထွက်အဆင့်ပွဲတွေအပါအဝင် စုစုပေါင်း ကမ္ဘာ့ဖလားပွဲ ၁၃ ပွဲအထိ ကျင်းပဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါမြို့က ဘောလုံးအသင်း Guadalajara အသင်းရဲ့ လိဂ်ပွဲတွေကို ရွှေ့ဆိုင်းထားပြီး ဖြစ်ပါတယ်။ မက္ကဆီကိုဟာ အမေရိကန်၊ ကနေဒါတို့နဲ့အတူ ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားတာ ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
"အစ္စရေးနိုင်ငံသည် နိုင်းမြစ်မှ ယူဖရေးတီးမြစ်အထိ "နယ်မြေအားလုံးကို သိမ်းပိုက်နိုင်သည်" ဟု အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ
"အစ္စရေးနိုင်ငံသည် နိုင်းမြစ်မှ ယူဖရေးတီးမြစ်အထိ "နယ်မြေအားလုံးကို သိမ်းပိုက်နိုင်သည်" ဟု အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးပြောကြားမှုကြောင့် သံတမန်ရေးရာ အငြင်းပွားမှုများ ပြင်းထန်လာ" နိုင်းမြစ်မှ ယူဖရေးတီးမြစ်အထိ ကျယ်ပြန့်သော နယ်မြေများအားအစ္စရေးနိုင်ငံအနေဖြင့် ကျမ်းစာအရ ရပိုင်ခွင့်ရှိ၊ မရှိမေးမြန်းမှုကို အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဟပ်ကာဘီက "သူတို့အားလုံးကို သိမ်းပိုက်လိုက်မယ်ဆိုရင်တောင် အဆင်ပြေပါတယ်" ဟု ဖြေကြားခဲ့ပြီးနောက် ပြင်းထန်သော ဝေဖန်ရှုံ့ချမှုများနှင့် ရင်ဆိုင်နေရသည်။ တပ်ကာကာလ်ဆင် (Tucker Carlson) နှင့် ပြုလုပ်ခဲ့သော လူတွေ့မေးမြန်းခန်းတစ်ခုအတွင်း အာဗြဟံ၏သားမြေးများအား ကတိပြုထားသည့် နယ်မြေများကို ခေတ်သစ်အစ္စရေးနိုင်ငံက တောင်းဆိုနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ဆော်ဒီအာရေးဘီးယား၊ အီဂျစ်နိုင်ငံတို့၏ အစိတ်အပိုင်းများ ပါဝင် နေသည့် ထိုနယ်မြေချဲ့ထွင်မှုဆိုင် ရာ မှတ်ချက်များကြောင့် အာရပ်အဖွဲ့ချုပ် (League of Arab States)၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယား အစိုးရများထံမှ တုံ့ပြန်ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သည်။ အစိုးရတာဝန်ရှိသူများက ထိုပြောဆိုချက်များသည် "အစွန်းရောက်" ပြီး "ရန်စရာရောက်သော" စကားများဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်နေသည့်အပြင် ဒေသတွင်း အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်နေကြောင်း သတိပေးခဲ့ကြသည်။ နောက်ပိုင်းတွင် ဟပ်ကာဘီက ၎င်း၏ပြောဆိုချက်မှာ "အတန်ငယ် ချဲ့ကားပြောဆိုမိခြင်း" သာဖြစ်ပြီး အစ္စရေးသည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ ဟပ်ကာဘီက ၎င်း၏စကားကို ပြန်လည်ရုပ်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မြေပြင်အခြေအနေတွင်မူ အစ္စရေးသည် ဂိုလန်ကုန်းမြင့် ဒေသကို ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းတွင်လည်း စစ်ရေးအရ အခြေစိုက်ထားဆဲဖြစ်သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေး၏ ပါလက်စတိုင်းနယ်မြေ ကျူးကျော်သိမ်းပိုက်မှုမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း ဘင်ဂျမင် နေတန်ယာဟု အပါအဝင် အစ္စရေးအရာရှိများသည် "မဟာအစ္စရေး" (Greater Israel) ရည်မှန်းချက်ကို မကြာခဏဆိုသလို ဆက်လက်မြှင့်တင်နေကြဆဲဖြစ်သည်။ NOM

NOM
201
Repost from News Of Myanmar
"အလုပ်အကိုင်ဈေးကွက်ဟာ ငရဲခန်းပါပဲ" (ဆောင်းပါးအကျဉ်းချုပ်) ဒီဆောင်းပါးဟာ လက်ရှိအလုပ်အကိုင်ရှာဖွေရေးလောကမှာ ဖြစ်ပျက်နေတဲ့ "လူမဆ
"အလုပ်အကိုင်ဈေးကွက်ဟာ ငရဲခန်းပါပဲ" (ဆောင်းပါးအကျဉ်းချုပ်) ဒီဆောင်းပါးဟာ လက်ရှိအလုပ်အကိုင်ရှာဖွေရေးလောကမှာ ဖြစ်ပျက်နေတဲ့ "လူမဆန်တော့တဲ့ နည်းပညာပတ်လမ်း" အကြောင်းကို မီးမောင်းထိုးပြထားပါတယ်။ အဓိကအချက်ကတော့ "အလုပ်ရှာသူတွေက AI သုံးပြီး Resume တွေ ရေးကြတယ်။ အလုပ်ခန့်တဲ့ ကုမ္ပဏီ (HR) တွေကလည်း အဲဒီ Resume တွေကို စစ်ထုတ်ဖို့ AI ကိုပဲ ပြန်သုံးကြတယ်။ နောက်ဆုံးမှာတော့ ဘယ်သူမှ အလုပ်မရကြတော့ဘူး" ဆိုတဲ့အချက်ပါပဲ။ "အလုပ်လျှောက်လွှာတွေဟာ စာရင်းအင်းတွေသာဖြစ်သွားခြင်း" အရင်က အလုပ်တစ်ခုရဖို့ လူချင်းတွေ့ဆုံတာ၊ စာနာနားလည်တာတွေ ရှိခဲ့ပေမယ့် အခုခေတ်မှာတော့ အွန်လိုင်းပလက်ဖောင်းတွေကြောင့် အလုပ်လျှောက်ရတာဟာ Dating Apps တွေ (ဥပမာ Tinder/Bumble) မှာ ဘယ်ညာ ပွတ်ဆွဲနေသလို ဖြစ်လာပါတယ်။ အလုပ်ရှာသူတွေဟာ တစ်နေ့ကို လျှောက်လွှာ ရာနဲ့ချီ ပို့နေကြပြီး တစ်ဖက်ကလည်း ဘာမှ ပြန်မပြောတာတွေကို ခံစားနေရပါတယ်။ "AI နှင့် AI ထိပ်တိုက်တွေ့ဆုံမှု" လူငယ်တွေက ChatGPT သုံးပြီး လျှောက်လွှာတွေကို ပရော်ဖက်ရှင်နယ်ကျကျရေးလာကြတယ်။ HR တွေကလည်း လျှောက်လွှာတွေ ထောင်နဲ့ချီ များနေတဲ့အတွက် AI ဆော့ဖ်ဝဲ တွေကိုသုံးပြီး စစ်ထုတ်တယ်။ ရလဒ်ကတော့ စက်ရုပ်တွေ အချင်းချင်း ဆက်သွယ်နေကြသလို ဖြစ်နေပြီး လူသားတွေရဲ့ တကယ့်အရည်အချင်းနဲ့ စိတ်အားထက်သန်မှုတွေဟာ အဲဒီ "စက်ရုပ်စစ်ထုတ်စနစ်" ထဲမှာ ပျောက်ဆုံးကုန်ပါတယ်။ "အလုပ်ရှင်နှင့် အလုပ်သမားကြားက ယုံကြည်မှု ပျက်ပြားခြင်း" အလုပ်ရှင်တွေကလည်း သူတို့ဆီရောက်လာတဲ့ Resume တွေကို AI နဲ့ ရေးထားမှန်း သိတဲ့အတွက် အလုပ်လျှောက်သူရဲ့ စွမ်းဆောင်ရည်အပေါ် သံသယဝင်လာကြတယ်။ တစ်ဖက်မှာလည်း အလုပ်ရှာသူတွေက ကုမ္ပဏီတွေဟာ တကယ်အလုပ်ခန့်ဖို့ထက် ဒေတာအချက်အလက် စုဆောင်းဖို့ (ဒါမှမဟုတ်) ပုံရိပ်ကောင်းဖို့အတွက်ပဲ ကြော်ငြာတင်နေကြတာလို့ ယူဆလာကြပါတယ်။ "နှိမ့်ချခံရခြင်းနှင့် စိတ်ဓာတ်ကျခြင်း" အလုပ်တစ်ခုရဖို့ အဆင့်ဆင့်သော လူတွေ့စစ်ဆေးမှုတွေ၊ နည်းပညာစမ်းသပ်မှုတွေ လုပ်ဆောင်ရပေမယ့် နောက်ဆုံးမှာတော့ ဘာအကြောင်းပြချက်မှမရှိဘဲ ငြင်းပယ်ခံရတာ (သို့မဟုတ်) အဆက်အသွယ် ပြတ်သွားတာတွေဟာ အလုပ်ရှာသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု တစ်ခုလိုဖြစ်လာပါတယ်။ ဆောင်းပါးရှင် အန်နီလောင်ရီက လက်ရှိအလုပ်အကိုင်ဈေးကွက်ဟာ နည်းပညာတိုးတက်လာပေမယ့် ပိုပြီးခက်ခဲ၊ ပိုပြီးပင်ပန်းကာ လူသားဆန်မှု ကင်းမဲ့လာတဲ့ "ငရဲခန်း" တစ်ခုလို ဖြစ်နေကြောင်း ထောက်ပြထားတာ ဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
🔫 🇮🇷Financial Times မှ သတင်းထုတ်ပြန်ချက် - အီရန်နိုင်ငံသည် ရုရှားထံမှ လေကြောင်းရန်ကာကွယ်ရေး ပခုံးထမ်းဒုံးကျည်စနစ်များဝယ်ယူ
🔫 🇮🇷Financial Times မှ သတင်းထုတ်ပြန်ချက် - အီရန်နိုင်ငံသည် ရုရှားထံမှ လေကြောင်းရန်ကာကွယ်ရေး ပခုံးထမ်းဒုံးကျည်စနစ်များဝယ်ယူ Financial Times ၏ဖော်ပြချက်အရ အီရန်သည်ပြီးခဲ့သည့် ဒီဇင်ဘာလက ရုရှားနှင့်ယူရိုသန်း ၅၀၀ တန်ဖိုးရှိ လျှို့ဝှက်စစ်ဘက်ဆိုင်ရာ စာချုပ်တစ်ခုချုပ်ဆိုခဲ့ကြောင်း သိရသည်။ 🔫 အဆိုပါ သဘောတူညီချက်တွင် ရုရှားထံမှ ခေတ်မီလေကြောင်းရန်ကာကွယ်ရေး ပခုံးထမ်းဒုံးကျည်စနစ် ထောင်ပေါင်းများစွာကို အီရန်သို့ ပေးပို့ရန်ပါဝင်သည်။ 🔫 Financial Times က မြင်တွေ့ခဲ့ရသည့် ပေါက်ကြားလာသော ရုရှားစာရွက်စာတမ်းများအရ ဒီဇင်ဘာလက မော်စကိုတွင် ချုပ်ဆိုခဲ့သည့် ဤစာချုပ်တွင် ဗာဘာ (Verba) အမျိုးအစား ပခုံးထမ်းဒုံးလောင်ချာ ၅၀၀ နှင့် 9M336 ဒုံးကျည် ၂,၅၀၀ စင်းတို့ကို သုံးနှစ်အတွင်း ပေးပို့ရန် ပါဝင်သည်။ 🔫 ဗာဘာ စနစ်သည် ရုရှား၏ အဆင့်မြင့်ဆုံး ပခုံးထမ်းဒုံးကျည်စနစ်များထဲမှ တစ်ခုဖြစ်ပြီး ဒရုန်းများ၊ ခရုစ်ဒုံးကျည်များနှင့် အနိမ့်ပျံလေယာဉ်များကို ပစ်မှတ်ထား ချေမှုန်းနိုင်စွမ်းရှိရာ အီရန်အတွက် ကျယ်ပြန့်သော ရွှေ့လျားလေကြောင်းရန်ကာကွယ်ရေး စွမ်းဆောင်ရည်ကို ရရှိစေမည်ဖြစ်သည်။ NOM

NOM
201
Repost from NOM.World News
"ကြာသပတေးနေ့ ဆွေးနွေးပွဲတွေဟာ ထရမ့်အတွက် စမ်းသပ်ချက်တစ်ခုဖြစ်ပြီး အမေရိကန်စစ်သားတွေ ငရဲကိုသွားရမလား ဒါမှမဟုတ် အမေရိကကို ပြန်လ
"ကြာသပတေးနေ့ ဆွေးနွေးပွဲတွေဟာ ထရမ့်အတွက် စမ်းသပ်ချက်တစ်ခုဖြစ်ပြီး အမေရိကန်စစ်သားတွေ ငရဲကိုသွားရမလား ဒါမှမဟုတ် အမေရိကကို ပြန်လာရမလားဆိုတာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်" ဟု အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟမ် ရီဇာအီ (Ebrahim Rezaei) က ပြောကြားခဲ့သည်။ NOM

NOM
201
🇺🇸🤝🇮🇱 ထရမ့်၏သားဖြစ်သူ အစ္စရေးဒရုန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည် — WSJ အဲရစ်ထရမ့် (Eric Trump) သည် အစ္စရေးဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Xtend တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်တစ်ခု ရရှိလာမည်ဖြစ်ပြီး အဆိုပါအစ္စရေးကုမ္ပဏီကို ဖလိုရီဒါအခြေစိုက် ကုမ္ပဏီတစ်ခုနှင့် ပေါင်းစည်းသွားရန် မျှော်မှန်းထားသည်။ NOM

NOM
201
🚨 🇸🇦 🇦🇪ပင်လယ်ကွေ့ အင်အားကြီးနိုင်ငံများအကြား အဖုအထစ်ဖြစ်နေခြင်း - ဆော်ဒီနှင့် ယူအေအီးကြား တင်းမာမှုက ဒေသတွင်း အခင်းအကျင်
🚨 🇸🇦 🇦🇪ပင်လယ်ကွေ့ အင်အားကြီးနိုင်ငံများအကြား အဖုအထစ်ဖြစ်နေခြင်း - ဆော်ဒီနှင့် ယူအေအီးကြား တင်းမာမှုက ဒေသတွင်း အခင်းအကျင်းကို တုန်လှုပ်စေ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အတွင်း အင်အားအကြီးဆုံး နိုင်ငံနှစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) တို့အကြား တိုးပွားလာနေတဲ့ အဖုအထစ်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးထက် ကျော်လွန်ပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် ပထဝီနိုင်ငံရေးလောကမှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။ အကြောင်းရင်းများမှာ 👇 📌 မဟာမိတ်မှသည် ပြိုင်ဘက် များဆီသို့ - GCC နဲ့ OPEC အဖွဲ့တွေအတွင်း ရေရှည်လက်တွဲဖော်တွေ ဖြစ်ခဲ့ကြတဲ့ ရီယာ့ဒ်နဲ့ အဘူဒါဘီတို့ဟာ အခုအခါမှာတော့ လူသိရှင်ကြား ပဋိပက္ခတွေ ဖြစ်လာနေပါတယ်။ သံတမန်ရေးရာ ဆက်သွယ်မှုလမ်းကြောင်းတွေ အေးစက်လာသလို၊ နိုင်ငံပိုင်မီဒီယာတွေကလည်း အပြန်အလှန် ဝေဖန်ပုတ်ခတ်မှုတွေ လုပ်ဆောင်နေကြပါတယ်။ အဆင့်မြင့်အရာရှိကြီးတွေဟာလည်း တိုက်ရိုက်စကားပြောဆိုတာမျိုး မရှိသလောက် နည်းပါးလာပြီး ဒါဟာ သူတို့ရဲ့ သမိုင်းဝင်နီးကပ်ခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ သိသိသာသာ သွေဖည်သွားတာပဲ ဖြစ်ပါတယ်။ 📌ယီမင်သည် ပဋိပက္ခ၏ မီးပွားဖြစ်လာခြင်း - ယီမင်ပြည်တွင်းစစ် ဟာ အဓိက အငြင်းပွားစရာ နေရာတစ်ခု ဖြစ်လာပါတယ်။ တစ်ချိန်က အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြပေမဲ့ အခုအခါမှာတော့ မြို့တော်နှစ်ခုလုံးဟာ ပြိုင်ဘက်အဖွဲ့အစည်းတွေကို အသီးသီး ကျောထောက်နောက်ခံ ပေးနေကြပါတယ်။ ဒါဟာ ယီမင်နိုင်ငံ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေသလို ဟူသီဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ရဲ့ ညီညွတ်မှုကိုလည်း ပျက်ပြားစေပါတယ်။ 📌 စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု - ယီမင်အပြင် ဆူဒန်၊ ဆိုမာလီယာနဲ့ အခြား မတည်ငြိမ်တဲ့ နိုင်ငံတွေအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိဖို့အတွက် ပြိုင်ဆိုင် နေကြတာကလည်း သဘောထားကွဲလွဲမှုတွေကို ပိုမိုကျယ်ပြန့်စေပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနဲ့ ဒေသတွင်း စီးပွားရေးအရှိန်အဝါတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေတဲ့ ဆော်ဒီရဲ့ Vision 2030 စီမံကိန်းဟာ ယူအေအီးရဲ့ လက်ရှိ ကုန်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်အဖြစ် ရပ်တည်ချက်အပေါ် ပြိုင်ဘက်စီမံကိန်းတစ်ခုလို ရှုမြင်ခံလာရပါတယ်။ ဒါဟာ မဟာဗျူဟာမြောက် ပွတ်တိုက်မှုတွေနဲ့ ဈေးကွက်မရေရာမှုတွေကို ဖြစ်ပေါ်စေပါတယ်။ 📌စီးပွားရေးနှင့် သံတမန်ရေးရာ စိုးရိမ်ပူပန်မှုများ - ဒီပဋိပက္ခဟာ နိုင်ငံဖြတ်ကျော် စီးပွားရေးဆက်ဆံမှုတွေနဲ့ဒေသတွင်း အန္တရာယ်ရှိနိုင်မှု ဆန်းစစ်ချက်တွေကို ပုံစံပြောင်းလဲစေခဲ့ပါတယ်။ ပင်လယ်ကွေ့ဒေသရဲ့ အဓိကမဏ္ဍိုင်ကြီးနှစ်ခုကြား တင်းမာမှုတွေ ကြာရှည်နေတာဟာ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ရေးကွင်းဆက်နဲ့ ဒေသတွင်း မဟာမိတ်ဖွဲ့မှုတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကြောင့် သံတမန်တွေနဲ့ ကော်ပိုရိတ်အမှုဆောင်တွေက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ NOM

NOM
201
📊🏦🏦🇺🇸🇨🇳 နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဟာ အမေရိကန်ပြည်ထောင်စုအပေါ် အလုပ်အကျွေးပြုနေတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို
📊🏦🏦🇺🇸🇨🇳 နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဟာ အမေရိကန်ပြည်ထောင်စုအပေါ် အလုပ်အကျွေးပြုနေတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်ပြန်ပါတယ်။ IMF က တရုတ်နိုင်ငံကို ၎င်းတို့ရဲ့ စက်မှုကုန်ထုတ်လုပ်ငန်း ထောက်ပံ့ကြေးတွေကို ထက်ဝက်လျှော့ချဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်က သူတို့ရဲ့ စက်မှုကဏ္ဍကို အကြီးအကျယ် ထောက်ပံ့ပေးမယ့် CHIPS and Science Act ဥပဒေကို အတည်ပြုခဲ့စဉ်တုန်းကတော့ IMF အနေနဲ့ တစ်စုံတစ်ရာ ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။ ဒါဟာ သိသာထင်ရှားလှတဲ့ စံနှုန်းနှစ်မျိုး ကျင့်သုံးမှု (Double Standards) ပဲ ဖြစ်ပါတယ်။ IMF နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့ကို အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုကို အားကောင်းစေဖို့ တည်ထောင်ခဲ့တာဖြစ်ပြီး အမေရိကန်က ယင်းအဖွဲ့အစည်းတွေမှာ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အစုရှယ်ယာကို ပိုင်ဆိုင်ထားပါတယ်။ IMF အကြီးအကဲကို ဥရောပက ရွေးချယ်ပြီး ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကိုတော့ အမေရိကန်က ရွေးချယ်တာပါ။ ဒါ့အပြင် အမေရိကန်ဟာ IMF ရဲ့ အဓိက ဆုံးဖြတ်ချက်အားလုံးအပေါ် ဗီတိုအာဏာ သုံးနိုင်ခွင့်ရှိသလို၊ အခြား G7 နိုင်ငံတွေ၊ အီးယူတို့နဲ့ ပူးပေါင်းပြီး IMF ရဲ့ မဲပေးပိုင်ခွင့် အာဏာ ထက်ဝက်ကျော်ကိုလည်း ထိန်းချုပ်ထားပါတယ်။ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် IMF မှာ အမေရိကန်က မဲတစ်မဲ ရရှိထားချိန်မှာ အိန္ဒိယက ၂၅ ပုံ ၁ ပုံသာ ရရှိပါတယ်။ အခြားနိုင်ငံတွေရဲ့ မဲပေးပိုင်ခွင့်ကတော့ လက်တွေ့မှာ အလှပြသက်သက်သာ ဖြစ်နေပါတယ်။ ကမ္ဘာ့စီးပွားရေးကို စီမံခန့်ခွဲပါတယ်လို့ ကြွေးကြော်ထားတဲ့ အဖွဲ့အစည်းတွေကြားမှာ အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုဟာ ပုံမှန်လို ဖြစ်နေပါတယ်။ NOM

NOM
201
🇰🇵🇰🇵 မြောက်ကိုရီးယား အလုပ်သမားပါတီက ကင်ဂျုံအန်းကိုအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ NOM
+2
🇰🇵🇰🇵 မြောက်ကိုရီးယား အလုပ်သမားပါတီက ကင်ဂျုံအန်းကိုအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ NOM

NOM
201
🇺🇸📊🇨🇳"အမေရိကန်လား၊ တရုတ်လား- ကမ္ဘာ့ကုန်သွယ်ရေးပြိုင်ပွဲမှာ ဘယ်သူက အသာစီးရနေသလဲ??" အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဆိုတဲ့
🇺🇸📊🇨🇳"အမေရိကန်လား၊ တရုတ်လား- ကမ္ဘာ့ကုန်သွယ်ရေးပြိုင်ပွဲမှာ ဘယ်သူက အသာစီးရနေသလဲ??" အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဆိုတဲ့ ပုံပြင်ဟောင်းကို ခဏမေ့ထားလိုက်ပါ။ အခုအချိန်မှာ စီးပွားရေးစစ်မြေပြင်က အရင်လို ရိုးရှင်းမနေတော့ပါဘူး။ လက်ရှိတိုင်းတာချက်တွေအရ အင်အားချိန်ခွင်လျှာ အပြောင်းအလဲဖြစ်နေတာကို တွေ့ရပါတယ်။👇 📈 တရုတ်- တည်ငြိမ်တယ်၊ ယုံကြည်မှုရှိတယ်၊ ကြံ့ကြံ့ခံနိုင်တယ်။ ဖိအားတွေရှိနေပေမဲ့ တရုတ်ရဲ့ ကုန်သွယ်ရေးစက်ယန္တရားကတော့ အရှိန်အဟုန်နဲ့ လည်ပတ်နေဆဲပါ။ အမေရိကန်ရဲ့ ကုန်သွယ်ရေးအတားအဆီးတွေကြားကပဲ တရုတ်ဟာ ပို့ကုန်ပိုလျှံမှုကို မြင့်မားစွာထိန်းထားပြီး ဥရောပနဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ တည်ငြိမ်မှုကို ပြသနေပါတယ်။ 📊 အမေရိကန်- တည်ငြိမ်မှုထက် မရေရာမှုက ပိုများနေတယ်။ ထရန့်ရဲ့ ဦးဆောင်မှုအောက်မှာ အမေရိကန်ဟာ အတက်အကျရှိတဲ့ အကောက်ခွန်မူဝါဒတွေအပေါ် မှီခိုနေရတာကြောင့် ကုမ္ပဏီတွေနဲ့ ကုန်သွယ်ဖက်နိုင်ငံတွေအတွက် မရေရာမှုတွေ ဖြစ်ပေါ်စေပါတယ်။ အမေရိကန်ဟာ အင်အားကြီးမားနေဆဲဖြစ်ပေမဲ့ ခန့်မှန်းရခက်တဲ့ ကုန်သွယ်ရေးချဉ်းကပ်ပုံတွေကြောင့် ရေရှည်စီးပွားရေးဆက်ဆံရေးအတွက် ပိုမိုစွန့်စားရတဲ့ အခြေအနေဖြစ်လာစေပါတယ်။ ⚡️ ခိုင်မာတဲ့ အချက်အလက်များအရ သိရှိနိုင်သည်မှာ 🔶 အမေရိကန်သို့ တင်ပို့မှု လျော့ကျသွားသော်လည်း တရုတ်၏ နှစ်စဉ်ကုန်သွယ်ရေးပိုလျှံမှုမှာ စံချိန်တင်ပမာဏ (ဒေါ်လာ ၁.၂ ထရီလီယံခန့်) သို့ ရောက်ရှိခဲ့သည်။ ယင်းက အခြားသောစျေးကွက်များတွင် ဝယ်လိုအားခိုင်မာနေကြောင်း ပြသနေသည်။ 🔶 ဂျာမနီနိုင်ငံရှိ စီးပွားရေးခေါင်းဆောင်များသည် တရုတ်၏ကုန်သွယ်ရေးလုပ်ဆောင်ချက်များအပေါ် သတိပေးချက်များ ထုတ်ပြန်နေကြသည် — ယင်းက တရုတ်၏စီးပွားရေးဩဇာ လွှမ်းမိုးမှုကြီးထွားလာခြင်းကို သက်သေပြနေသည်။ 🔶 ပြင်းထန်သော အကောက်ခွန်မူဝါဒများရှိသော်လည်း အမေရိကန်၏ ကုန်သွယ်ရေးလိုငွေမှာ (အထူးသဖြင့် ကုန်စည်ကဏ္ဍတွင်) မြင့်မားနေဆဲဖြစ်သည် — ယင်းက အခြေခံကုန်သွယ်ရေးမညီမျှမှုများ ဆက်ရှိနေသေးကြောင်း ပြသနေသည်။ 🔶 လက်ရှိတွင် တရုတ်သည် အမေရိကန်ကို အကောက်ခွန်ဖြင့် အနိုင်ယူနေခြင်းမျိုးမဟုတ်ဘဲ ခန့်မှန်းရလွယ်ကူမှု၊ ခိုင်မာသောစျေးကွက် ဆက်ဆံရေးနှင့် မိတ်ဖက်နိုင်ငံများကို မဟာဗျူဟာကျကျ တိုးချဲ့ထားခြင်းဖြင့် ကုန်သွယ်ရေးပြိုင်ပွဲတွင် အသာစီးရနေပုံပေါ်သည်။ 👉 အမေရိကန်တွင် နည်းပညာ၊ မဟာဗျူဟာမြောက် မဟာမိတ်များနှင့် စစ်ရေးအင်အား စသည့် အားသာချက်များ ရှိနေသေးသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်တွင် ၎င်း၏ ဦးဆောင်မှုမှာမူ ဖိအားပေးခြင်း ခံနေရပါသည်။ NOM